← Chapters

ငါမိတ်ဆွေတွေများသားပဲ

Vol. 14 Ch. 206

ငါမိတ်ဆွေတွေများသားပဲ

Vol. 14 Ch. 206

နောက်တစ်နေ့ နံနက်စောစော။

ချင်ရှီဝမ်ဟောင်ဟိုတယ်အပေါ်ဆုံးထပ်။

နေထွက်လာသောအခါ လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ထို့နောက်သူသည်မျက်နှာအနည်းငယ်နီနေသောဟေးတီသည်ကြောင်းကလေးလိုကွေးပြီးနေ နေတာကိုကြည့်လိုက်သည်။

ဟေးတီ သည် လင်းဖန် ၏ အကြည့်ကို ရိပ်မိပုံရပြီး သူမရဲ့ရှည်လျားသော မျက်တောင်များကို လှုပ်ယမ်းကာ မျက်လုံးဖွင့်လိုက်သည်။

ဟေးတီ သည် လင်းဖန် ၏ ချောမောသော မျက်နှာကို ကြည့်လိုက်သည် ။

လင်းဖန်သည်လဲဟေးတီ၏ ပြီးပြည့်စုံသော အသွင်အပြင်ကို ကြည့်နေလိုက်သည်။

ထို့တောက်သူတို့နှစ်ယောက်သည်ထပ်ချစ်ကြပြန်သည်။

......

တစ်နာရီခန့်အကြာတွင် နှစ်ယောက်သားသည် ကုတင်ပေါ်မှ မဆင်းချင်​ဆင်းချင်ဖြစ်ဆင်းလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော်ဟေးတီသည် ယနေ့တွင် သူမသူငယ်ချင်း၏မင်္ဂလာပွဲကို တက်ရောက်မည်ဖြစ်သည်။သို့သော်အခုအချိန်တွင် သူမသည် အလွန်နောက်ကျနေပြီ​ဖြစ်သောကြောင့်ဆင်းလိုက်ရခြင်းဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ငါအဆင်ပြေပါတယ်၊ ငါမင်းနဲ့အတူလိုက်ခဲ့မယ်” လင်းဖန်က ပြောလိုက်သည်။

အရင်တုန်းကဟေးတီဟာ လင်းဖန်ကို အထင်ကြီးလေးစားခဲ့သည်။

လင်းဖန်သည် သူမကို လက်ကိုင်အိတ်တစ်လုံးပေးသောအခါ ဟေးတီသည် လင်းဖန်ကို ချစ်သွားခဲ့သည်။(လက်ကိုင်အိတ်ပေးလို့မဟုတ်ပါဘူးအချိန်ကြာတော့ချစ်သွားတာ၊လင်းဖန်လက်ကိုင်အိတ်ပေးတော့မှတစ်ကယ်ချစ်သွားတာပါ)

အခုတော့ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ဟေးတီသည် လင်းဖန်က သူမနဲ့အတူ မင်္ဂလာဆောင် လိုက်မယ်ဆိုတဲ့ အကြောင်းကြားတော့ သူမ အရမ်းပျော်နေခဲ့သည်။ထို့ကြောင့် သူမက ခေါင်းညိတ်ပြီး “ဒါ အရမ်းကောင်းတယ်!”

ထို့နောက် နှစ်ယောက်သား လက်ချင်းတွဲကာ မနက်စာစားပြီးအောက်ထပ်သို့ဆင်းလာကြသည်။

ထို့နောက် ဟေးတီ၏ BMW 530LI(ကား)ပေါ်တက်ပြီး ချင်ကောင်း ဟိုတယ်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ကောင်းဟိုတယ်သည် ချင်ရှီ ရှိ ဇိမ်ခံဟိုတယ်များထဲမှ တစ်ခုဖြစ်သည်။

ယနေ့တွင်၊ ဟိုတယ်အဝင်ဝတွင်ပင် အနီရောင် ကော်ဇောရှည်ကြီးများခင်းထားပြီးပန်းပွင့်များဖြင့်အလှဆင်ထားလေသည်။

စျေးကြီးသောအဝတ်အစားများကို၀တ်ဆင်ထားသော အမျိုးသား အမျိုးသမီးများသည် ကော်ဇောပေါ်တွင် အပြုံးများဖြင့် လျှောက်နေကြသည်။

ထိုအချိန်တွင် ချင်ကောင်းဟိုတယ် ၏ ဇိမ်ခံ ဧည့်ခန်းရှေ့တွင် ကြီးမားသော မင်္ဂလာပိုစတာတစ်ခုကို စိုက်ထူထားသည်။ ဒီနေ့ရဲ့မင်္ဂလာ ဇာတ်ကောင်​သည်ဝူခိုင်နဲ့ ကျောက်ရီတန်တို့ဖြစ်သည်။

ဟေးတီနှင့် လင်းဖန်တို့သည် ခန်းမထဲသို့ ဝင်လာသည်နှင့် မနီးမဝေးတွင် အသံတစ်ခုထွက်ပေါ်လာသည်။

“ဟေးတီ”

နှစ်ယောက်သား အသံကြားရာအရပ်ကို လှမ်းကြည့်လိုက်သည်။

အလယ်အလတ်မျက်နှာသွင်ပြင်ရှိသော အမျိုးသမီးတစ်ဦးသည် လျင်မြန်စွာ ဖြတ်လျှောက်လာသည်ကိုမြင်လိုက်သည်။

“ဇောင်လီပင်!” ဟေးတီက ပြောလိုက်သည်။

“ဟေးတီနင်သာမလာတော့ရင် ငါပျင်းလို့သေတော့မယ်” ဇောင်လီပင်က ဟေးတီရဲ့လက်မောင်းကို ကိုင်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

သူမဘေးနားတွင် လင်းဖန်ကိုတွေ့လိုက်သောအခါ သူမ၏မျက်လုံးများသည် အနည်းငယ်တောက်ပလာပြီး သူမအံ့သြသွားသည်- “ဒီကောင် ချောလေးက?”

“ကျွန်တော်က ဟေးတီ ရဲ့ ချစ်သူ လင်းဖန်ပါ။” လင်းဖန်က ပြောသည်။

ဒါကို ဟေးတီကြားလိုက်တာတော့သူ့မရဲ့နှလုံးသားချိုမြိန်သွားခဲ့သည်။

မနေ့က ခံစားချက်ကြောင့်လင်းဖန်နှင့်သူမတို့သည်အမှန်တစ်ကယ်ချစ်သူဖြစ်သွားသည်။(ဟိုဟာလုပ်လို့မဟုတ်ပါဘူး၊ခံစားချက်ကြောင့်ပါ)

သို့သော် လင်းဖန်တွင်ရည်းစားရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ချစ်သူတစ်ဦးထက်မက ရှိနေသည်ကို ဟေးတီ သိသည်။

ထို့ကြောင့် ဟေးတီ သည် လင်းဖန် ၏ ချစ်သူ ဟုတ်မဟုတ် မသိသေးပေ။

အခုနောက်ဆုံးမှာတော့လင်းဖန်ရဲ့ အသိအမှတ်ပြုချက်ကို ရရှိခဲ့သည်။

“ဟေးတီမင်းရဲ့အမြင်က တကယ်ကောင်းတယ်!” ဇောင်လီပင်က မနာလိုစွာပြောလိုက်သည်။

ဟေးတီ က ဝမ်းသာအားရနဲ့ “ငါလည်း ထင်ပါတယ်။”ပြောလိုက်သည်။

ထိုအချိန်တွင် အဝေးမှ ခြေသံများ ထွက်ပေါ်လာသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက် ရောက်လာခဲ့သည်။

သူတို့နှစ်ယောက်ကိုတွေ့တော့ဇောင်လီပင်က က “ချမ်ရှောင်၊ တူပင်း!”

“မမျှော်လင့်ထားဘူးမင်းတို့ဒီကိုလာမယ်လို့!” ဇောင်လီပင်က ဝမ်းသာအားရ ပြောလိုက်သည်။

ချမ်ရှောင်က ပြုံးပြီး “ဟုတ်တယ်၊ငါတို့လဲမမျှော်လင့်ထားဘူး”

သူက လင်းဖန်ကို လျင်မြန်စွာ သတိထားမိပြီး “သူက...”

“ငါ မင်းကို မိတ်ဆက်ပေးမယ် သူက ဟေးတီ ရဲ့ ချစ်သူ လင်းဖန်သူ့ကိုဘယ်လိုနေလဲ၊ ချောတယ်မလား” ဇောင်လီပင်က ပြောလိုက်သည်။

ချမ်ရှောင် က “တကယ်ချောတာပဲ၊ဒါပေမဲ့ ငါတို့အိမ်ခြံမြေလုပ်ငန်းက တခြားလူတွေက ဝမ်းနည်းရမှာ ကြောက်တယ်”

သူ့ဘေးတွင် စကားမပြောသောတူပင်းသည် လင်းဖန်ကိုမနာလိုသောမျက်လုံးဖြင့်ကြည့်လိုက်သည်။

သိရန်ဟေးတီ သည် အိမ်ခြံမြေလုပ်ငန်းတွင် ကျော်ကြားသော အလှလေးတစ်ယောက်ဖြစ်ပြီး တူပင်း၏ အိပ်မက်ထဲတွင်သူမသည်နတ်ဘုရားမဖြစ်သည်။

အခုတော့ သူမက တခြားသူရဲ့ ချစ်သူ ဖြစ်သွားခဲ့လေသည်။

“လင်းဖန်မင်းကအရမ်းငယ်သေးတာဆိုတော့ကျန်ပေ့မှာအလုပ်လုပ်နေတာလား “ တူပင်းက ဘာသိဘာသာနဲ့ မေးလိုက်သည်။

လင်းဖန်က “ကျွန်တော်က ချင်ရှီ ဇာတိဖြစ်ပြီး ကျန်ပေ့ မှာ အလုပ်မလုပ်ပေမယ့် ကျန်ပေ့တက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်”

ဒါကိုကြားပြီးနောက်တူပင်း ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်တစ်ခုပေါ်လာခဲ့သည်။

ကောလိပ်ဘွဲ့ရပြီးနောက် ကောလိပ်ကျောင်းသား အများအပြားသည် တစ်လလျှင် ယွမ်ထောင်ဂဏန်းသာရကြောင်း သူသိသည်။

ကောလိပ်ကျောင်းသားတစ်ယောက်ကဘာလို့ ဟေးတီရဲ့ ချစ်သူဖြစ်လာတာလဲ!

သူက ငယ်ပြီးချောလို့လား?

တူပင်းက “ဒါဆို မင်းကျန်ပေ့ မှာ ကျောင်းတက်နေတာဆိုတော့ ဒီနေ့ ဟေးတီ နောက်လိုက်တာမင်း ကံကောင်းတယ်”

“ဘာလို့လဲဆိုတော့ ဒီနေ့ မင်းဘဝမှာ မင်းဘယ်တော့မှ တွေ့ဖူးမှာမဟုတ်တဲ့လူကြီးတစ်ယောက်နဲ့ တွေ့တော်မှာမလို့ပဲ”

“မင်းကျန်ပေ့ တက္ကသိုလ်မှာ ကျောင်းတက်နေတယ်ဆိုတော့ ရှောင်ဝူးလက်ကားမြို့ကို သိတယ်မလား”

ရှောင်ဝူ လက်ကားမြို့။

ဒါကငါ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီမဟုတ်ဘူးလား။

သဘာဝကျကျသိတယ်!

လင်းဖန်သည်ရှောင်ဝူ လက်ကားမြို့ကို ရုတ်တရက်ပြောသောကြောင့်ခဏတာ အံ့ဩသွားခဲ့သည်။

ခဏကြာပြီးနောက်သူက ခေါင်းညိတ်လိုက်သည်။

တူပင်းက “ဒီနေ့ ရှောင်ဝူလက်ကားမြို့ရဲ့ ဥက္ကဌ လူကိုယ်တိုင်လာလိမ့်မယ်”

ခေတ္တနားပြီးနောက်တူပင်း က “ကျန်ပေ့ရှိ အထင်ကရနေရာအသစ်၊ အင်ပါယာဟိုတယ်ကိုသိတာယ်မလား?”

သိတာပေါ့!

ဘာလို့လဲဆိုတော့ ဒီဟိုတယ်က ငါလင်းဖန်လုံး၀ပိုင်လို့လေ။

ထို့ကြောင့် လင်းဖန်က ခေါင်းညိတ်ပြန်သည်။

တူပင်းက “ခဏနေရင်အင်ပါယာရဲ့ အထွေထွေမန်နေဂျာလည်း ရောက်လာလိမ့်မယ်!”

ပြီးနောက်သူက ဆက်ပြောသည်”ဒီနေ့လီဆေးကုမ္ပဏီသူဌေးက ဒီကို ရောက်လာလိမ့်မယ်!”

“ဒါ့အပြင် မင်းက ချင်ရှီရှိ ချင်ကောင်းဂရုကို သိတယ် မဟုတ်လား “

လင်းဖနကခေါင်းညိတ်ပြလိုက်သည်။

“ ချင်ကောင်း ရဲ့ ဥက္ကဌလည်း လာလိမ့်မယ်!”

တူပင်းသည် ဒါကိုပြောနေရင်းစိတ်လှုပ်ရှားလာခဲ့သည်။

လင်းဖန် ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခုပေါ်လာသည်။

ဒီနေ့ လာတဲ့သူတွေကသူ့ အသိအကျွမ်းတွေ အများကြီးပါတာပဲဟုတွေးလိုက်သည်။

ဇောင်လီပင်သည် ဒါကိုကြားသောအခါတွင် သူမသည် အံ့အားသင့်သော အကြည့်ဖြင့် မနေနိုင်ဘဲ “တူပင်း၊နင်ဒါက်ို ဘယ်လိုသိတာလဲ၊ သူတို့ တကယ်လာမှာလား။”

တူပင်းက ချောင်းဟန့်လိုက်ပြီး “ဧည့်စာရင်းမှာတွေ့တော့ သူတို့လာသင့်တယ်” လို့ ပြောလိုက်သည်။

ခပ်လှမ်းလှမ်းမှာ ခြေသံတွေအများကြီးထွက်ပေါ်လာသည်။

ထို့နောက် အနောက်တိုင်းဝတ်စုံနှင့် ဖိနပ်များ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး တစ်စုသည် အစုအဝေး အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။

မနက်ဖြန်၃ပိုင်းလာပါမယ်😁။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters