မစ္စတာလင်း။
Vol. 14 Ch. 207
ခန်းမထဲရှိ လူတော်တော်များများရဲ့ မျက်လုံးတွေကဒီလူအုပ်စုရဲ့ စိတ်နေစိတ်ထားကြောင့် ဆွဲဆောင်သွားခဲ့သည်။
“ရှေ့က ရှပ်အင်္ကျီအဖြူဝတ်ထားတဲ့လူက ရှောင်ဝူလက်ကားမြို့ရဲ့ ဥက္ကဌ ဇောင် ဖြစ်ပုံရတယ်။”
“သူ့ဘေးက ငွေရောင်မျက်မှန်တပ်ထားတဲ့သူက... အင်ပါယာဟိုတယ် ရဲ့မန်နေဂျာ ဝမ်ဖန်ရီ ပဲ”
“လက်ယာဘက်စွန်းက လီကျူပန် က လီဆေးကုမ္မဏီရဲ့ သူဌေးဖြစ်ပုံရတယ်!”
“အလယ်မှာက ငါတို့ ချင်ကောင်းဂရုရဲ့ဥက္ကဌ လီဝမ်နိုင်ပဲ”
အာမေဋိတ်များနှင့် ဆွေးနွေးမှုများသည် ခန်းမထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြသည်။
သူတို့အားလုံးကဒီလူအုပ်စုကိုတောက်ပသောမျက်လုံးဖြင့်ကြည့်နေလေသည်။
သူတို့မျက်လုံးထဲမှာတော့ ဒီလူတွေက အတောက်ပဆုံး ကြယ်တွေပင်ဖြစ်သည်။
ယနေ့မင်္ဂလာပွဲကျင်းပသောဝူမန် သည် အမြန်နှုတ်ဆက်လိုက်သည်။
“ ငါ့သားရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ဖို့ သူဌေးတွေအားလုံး ကြိုဆိုပါတယ်” ဝူမန်၏ မျက်နှာသည် နီရဲနေပြီးဝမ်းသာအားရ ပြောလိုက်သည်။
“မစ္စတာဝူမင်းကယဉ်ကျေးနေပြီ”
သူဌေးများအားလုံး ကပြန်ပြောလိုက်သည်။
တူပင်းက “ဒီမှာရပ်မနေနဲ့လေ၊ ထိုင်ခုံမှာ အရင်ထိုင်ကြရအောင်”
ထိုအချိန်တွင် အုပ်စုများ၏ လူအုပ်ကြားတွင် အံ့အားသင့်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။
“အစ်ကို လင်း!”
ထို့နောက် လီယွင်ဟိုင်သည် အမြန်လမ်းလျှောက်လာပြီး “အစ်ကိုလင်းတကယ်ပဲမင်းကို။ ဟား။ အစ်ကိုလင်းကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး!”
လင်းဖန် က ပြုံးပြီး “ငါလည်း မမျှော်လင့်ထားဘူး” လို့ပြောလိုက်သည်။
လီဆေးကုမ္ပဏီ၏ သူဌေးလီကျူပန်လည်း ရောက်နေသည်။
သူ့သားကိုသူကောင်းကောင်းသိတယ်၊ သူ့ကိုမသိသူတွေဆိုရင်အရမ်းသဘောကောင်းတယ်လို့ထင်လိမ့်မည်ဖြစ်သည်။
တကယ်တန်းမှာတော့ လီယွင်ဟိုင်သည်အလွန်မာနကြီးလေသည်။
သာမာန်လူများသည် သူ့မျက်လုံးထဲသို့ ဝင်ရန်မဖြစ်နိုင်ပေ။
ငါ့သားကဖော်ရွေစွာ ဆက်ဆံပြီး ‘အစ်ကို’ ဟုခေါ်သော လူအရေအတွက်မှာအလွန်ရှားပါသည်။
ထို့ကြောင့်လီကျူပန် က “ယွင်ဟိုင် သူက...” လို့ မေးလိုက်သည်။
“ဖေဖေ၊ သူက လင်းဖန်၊ အစ်ကိုလင်း” လီယွင်ဟိုင်က မိတ်ဆက်ပေးလိုက်သည်။
လင်းဖန်။
လီကျူပန်သည် ဤအမည်ကို သဘာဝကျကျ သိသည်။
လီယွင်ဟိုင်သည်လင်းဖန်ဇောင်မိသားစု၏အကြအကဲဇောင်တန် ၏ အသက်ကို ကယ်တင်ခဲ့ကြောင်း လီယွင်ဟိုင်က ပထမဆုံးအကြိမ် ပြောကြားလေသည်။
ဇောင်မိသားစု သည် တရုတ်ပြည်ရဲ့ ထိပ်တန်းမိသားစုတွေထဲက တစ်ခုဖြစ်သည်။
ထိုအချိန်တွင်လီမိသားစုသည်လင်းဖန် နှင့် ကောင်းမွန်သောဆက်ဆံရေးရရှိရန် ဆုံးဖြတ်ခဲ့သည်။
လီယွင်ဟိုင်ကလင်းဖန် သည် စတော့ရှယ်ယာဈေးကွက်အတွင်းမှ အချက်အလက်များကို သိရှိပြီး လီမိသားစုနှင့် အတူတကွ ရင်းနှီးမြုပ်နှံရန် လိုအပ်ကြောင်းကို ဒုတိယအကြိမ်မြောက် ပြောကြားခဲ့သည်။
စတော့ရှယ်ယာဈေးကွက်အတွင်းသတင်း?
တစ်စုံတစ်ယောက်က ဒီလိုပြောရင် လီမိသားစုက ပြောတဲ့သူကိုစောင့်ခွက်ရိုက်မှာသေချာသည်။
သို့သော်ယခုပြောသူသည် လင်းဖန်ဖြစ်သည်။
လင်းဖန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်ဖို့အတွက် လီ မိသားစုက ယွမ်ငွေ သန်း 600 ရင်းနှီးမြှုပ်နှံခဲ့သည်
လီမိသားစု၏အမြင်အရ သူတို့သည် လင်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေသရွေ့ တစ်ဘီလီယံ သို့မဟုတ် နှစ်ဘီလီယံ ဆုံးရှုံးသွားသော်လည်း ၎င်းသည် ဘာမှမဟုတ်ပေ။
သို့သော်လည်း လင်းဖန် သည် 3 ရက်အတွင်း သူတို့ပေးသည့်ငွေရောအမြတ်ရောကိုပါပြန်ပေးလေသည်။
လီကျူပန် သည် စတော့အရောင်းအ၀ယ်မှတ်တမ်းများနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ နောက်ဆုံးရလာဒ်ကို မြင်သောအခါတွင် သူ အိပ်မက်မက်နေသလို ခံစားရသည်။
မယုံနိုင်စရာပင်ဖြစ်သည်။
လင်းဖန်နှင့် ကောင်းမွန်သောဆက်ဆံရေးထူထောင်ရန် လီမိသားစု၏ယုံကြည်ချက်ကို ဤအဖြစ်အပျက်ကြောင့်ပို၍ခိုင်မာစေခဲ့သည်။
“အဲဒါဆိုလင်းဖန် ပဲ၊ ဟားဟား။ ယွင်ဟိုင်စီက မင်းအကြောင်းကိုခဏခဏကြားရတယ်။ပြီးတော့မငက အရည်အချင်းရှိတဲ့သူ တစ်ယောက်လဲဖြစ်တယ်။” လီကျူပန် ကပြောလိုက်သည် ။
ဧည့်ခန်းထဲသို့ လျှောက်သွားနေသော သူဌေးများသည် လီကျူပန်၊ လီယွင်ဟိုင် နှင့် လီယွင်ဟိုင်တို့၏ အသံများကို ကြားရသောကြောင့်သူတို့ ခေါင်းကို လှည့်ပြီး ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် ရှောင်ဝူ လက်ကားမြို့ဥက္ကဋ္ဌ ဇောင်၊ အင်ပါယာဟိုတယ်၏အထွေထွေမန်နေဂျာဝမ်ဖန်ရီ နှင့် ချင်ကောင်းဂရု ဥက္ကဋ္ဌ လီဝမ်နိုင် တို့က တစ်ချိန်တည်းတွင် အော်ပြောလိုက်ကြသည်။
“မစ္စတာလင်း!”
“မစ္စတာလင်း!”
“မစ္စတာလင်း!”
ထို့နောက် လူတိုင်း၏ နားမလည်နိုင်သော အကြည့်အောက်တွင် လင်းဖန်ထံသို့ ကမန်းကတန်း သွားလိုက်ကြသည်။
ချင်ကောင်းဂရု၏ ဥက္ကဌ လီဝမ်နိုင် က “မစ္စတာလင်း၊ ဒီနေ့ တွေ့ရတာ အရမ်းကောင်းတယ်။ ချင်ကောင်းဂရုရဲ့ အမှုဆောင်တွေအားလုံးက ဒီနှစ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို လက်ခံကျင်းပဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ အမြတ်ဝေစုပမာဏကို လဲအတည်ပြုပေးပါအုံး”
သူ့ဘေးနားရှိ ရှောင်ဝူလက်ကားစီးတီး၏ဥက္ကဌ ဇောင်ကလဲ “မစ္စတာလင်း၊ ကျွန်ုပ်တို့၏ ရှောင်ဝူလက်ကားမြို့သည်လဲ နှစ်ပတ်လည်အစည်းအဝေးကို လက်ခံကျင်းပရန်နှင့် ကုမ္ပဏီ၏အဓိကပြဿနာများကို ဖြေရှင်းရန် သင့်ကိုဖိတ်ကြားလိုပါသည်။”
အင်ပါယာ၏ မန်နေဂျာ ဝမ်ဖန်ရီ ကလည်း “မစ္စတာလင်း၊ အင်ပါယာဟိုတယ် မှ ဝန်ထမ်းများအားလုံးသည်နှစ်ပတ်လည်အစည်းအဝေးကို လက်ခံကျင်းပရန် သင့်အား စောင့်မျှော်နေပါသည်။”
လင်းဖန် က “နှစ်ပတ်လည် အစည်းအဝေးကို ကျွန်တော် လက်ခံကျင်းပမှာ မဟုတ်ဘူး။ ကုမ္ပဏီတစ်ခုစီရဲ့ အဓိက ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ပုံမှန်အတိုင်း မင်းတို့ဘာသာကိုင်တွယ်ပါ”
“အမြတ်ခွဲဝေမှုအရ အရင်နှစ်တွေနဲ့ အတူတူပါပဲ၊ ပြီးတော့ ကျွန်တော့်ရဲ့ ရှယ်ယာရဲ့အမြတ်တွေကို ကျွန်တော့်ကတ်ထဲကို တိုက်ရိုက်ထည့်လိုက်ပါ”
နှစ်ပတ်လည်အစည်းအဝေးကို လက်ခံကျင်းပရန် သူတို့ပြောသည့်အတိုင်းဆိုလျှင် အရေးကြီးသည့်ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းရပေတော့မည်။
ဒါတွေကအရမ်းအလုပ်ရှုပ်သည်။
ဒါကလင်းဖန်လိုချင်တဲ့ဘဝမဟုတ်ျပ။
ချင်ကောင်းဂရု ၏ ဥက္ကဌ လီဝမ်နိုင် ၊ရှောင်ဝူလက်ကားမြို့ ဥက္ကဌ ဇောင် နှင့် အင်ပါယာဟိုတယ်၏ မန်နေဂျာဝမ်ဖန်းရီတို့သည် အားကိုးရာမဲ့ ပုံစံဖြစ်သွားကြသည်။
ဒီမြင်ကွင်းကို နေရာရှိလူတိုင်းရဲ့မျက်လုံးထဲမှာ မြင်လိုက်ရသည်။
အဆင့်မြင့် သူဌေး သုံးယောက် သည် လူငယ်လေး တစ်ဦး ကို လွန်စွာ လေးစား ကြပြီး နှစ်ပတ်လည် အစည်းအဝေး ကို လက်ခံကျင်းပ ရန်နှင့် ကုမ္ပဏီ ၏ အရေးကြီး ကိစ္စ များကို ကိုင်တွယ် ရန်ပင်ဖိတ်ခေါ်နေသည်။
ဒီလူငယ်လေးရဲ့ လက္ခဏာက ဘာလဲ။
နောက်ဆုံးတွင် သူ့ဘေးတွင် ရပ်နေသော ဝူမန်က “သူက…” လို့ မေးလိုက်သည်။
“မစ္စတာလင်းသည် ကျွန်ုပ်တို့ လျင်ကောင်းဂရု၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်!” လီဝမ်နိုင် က ပြောသည်။
“ကျွန်ုပ်တို့၏ ရှောင်ဝူလက်ကားစီးတီး၏ အကြီးဆုံးရှယ်ယာရှင်လည်းဖြစ်သည်။” ဇောင် က ပြောလိုက်သည်။
“မစ္စတာလင်းက ငါတို့ရဲ့အင်ပါယာဟိုတယ်ရဲ့ ပိုင်ရှင်ပါ” ဝမ်ဖန်းရီက ပြောလိုက်သည်။
တိတ်တိတ်!
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည် ။
အားလုံးက လင်းဖန်ကို အလွန်ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သိရန်ချင်ကောင်းဂရု သည် ဝန်ထမ်းထောင်ပေါင်းများစွာရှိသော ချင်ရှီ ရှိ ကြယ်ပွင့်ကုမ္ပဏီတစ်ခုဖြစ်သည်။
ရှောင်ဝူ လက်ကားစီးတီး(မြို့)သည် စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိသော စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည်။
အင်ပါယာဟိုတယ်သည် ကျန်ပေ့ရှိ အထင်ကရ အဆောက်အဦးတစ်ခုဖြစ်သည်။
ရလဒ်ကတော့ဒါတွေအားလုံးက လင်းဖန်ပိုင်တာလား။
ဒါ
ဒါ
လင်းဖန်သည် အလွန်ချမ်းသာကြောင်းကိုဟေးတီက သိထားသည်။
သို့သော် ယခုအချိန်တွင် ဟေးတီသည်လဲ ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့သည်။
သူတို့ဘေးမှာ ရပ်နေတဲ့ဇောင်လီပင် နဲ့ ချမ်ရှောင်တို့က ပိုလို့တောင် အံသြနေသည်။
တူပင်းကတော့ သူ့ဦးခေါင်းကို နိမ့်နိမ့်ထားပြီး အပေါက်တစ်ပေါက်ကိုတူးပြီးဝင်ဖို့မစောင့်နိုင်ပေ။
လင်းဖန်က ကံကောင်းပြီး သူ့တစ်သက်မှာ တစ်ခါမှမတွေ့ဖူးတဲ့ အကြီးကြီးနဲ့ တွေ့မယ်လို့ သူပြောခဲ့သည်။
ရလဒ်အနေနဲ့တော့ ဤလူကြီးများသည် လင်းဖန်၏ လက်အောက်ငယ်သားများဖြစ်သည်။
ငါ့ကဘယ်လို မိုက်မဲတဲ့စကားမျိုးသွားပြောလိုက်တာလဲ။
ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်နေသောဝူမန် သည် နောက်ဆုံးတွင် ပြန်လည်သက်သာလာခဲ့သည်။
“မစ္စတာလင်း မင်းကို အချိန်မီ မကြိုဆိုခဲ့တဲ့အတွက်တောင်းပန်ပါတယ်”
လင်းဖန် က “မင်းရဲ့သားရဲ့မင်္ဂလာပွဲတက်ဖို့ ငါ့ရည်းစားနဲ့အတူလာခဲ့တာ။ မင်းအရင်ကမသိခဲ့တာကပုံမှန်ပါပဲ။ “
“မစ္စတာလင်း ကျေးဇူးပြုပြီး အထဲကို လာခဲ့ပေးပါ” ဝူမန်က ပြောလိုက်သည်။
လင်းဖန်သည် ဟေးတီ၏ သွယ်လျသောခါးကို ကိုင်ကာ ခေါင်းညိတ်ပြီး လူတိုင်း၏အကြည့်အောက်တွင် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
2ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး