ကားနှစ်စီးဝယ်ခြင်း
Vol. 14 Ch. 208
ဝူမန် ၏ဖိတ်ကြားချက်အရ လင်းဖန်နှင့် ဟေးတီတို့သည် စားပွဲ ၁ တွင် ထိုင်လိုက်ကြသည်။
ဒီနေ့သည်မင်္ဂလာပွဲဖြစ်ပြီးအဓိက ဇာတ်လိုက်ကတော့ သတို့သားဝူခိုင်ပင်ဖြစ်သည်။
ဒါပေမယ့် ဒီနေ့အားလုံးပြောနေကြသည့်အကြောင်းမှာလင်းဖန်အကြောင်းပင်ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ဝးမန်နှင့်သူမ၏သားဖြစ်သူဝူခိုင်တို့သည် စိတ်မဆိုးရုံသာမက ပျော်ရွှင် နေကြသည်။
ဤမင်္ဂလာပွဲသည် သုံးနာရီကြာပြီးနောက် ဖြည်းဖြည်းချင်း ပြီးဆုံးသွားခဲ့သည်။
မူလက ဟေးတီ သည်ချင်ရှီတွင်လင်းဖန်နှင့်အတူနေလိုခဲ့သည်။
သို့သော် လင်းကျင်းဌာနချုပ်မှ သူမအား
ကျန်ပေ့သို့ အမြန်ဆုံးပြန်သွားရန် အကြိမ်ကြိမ် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ကြောင်းဟေးတီနဲ့လင်းဖန်တို့သည် တစ်ယောက်ကိုတစ်ယောက် လမ်းခွဲရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ထိုအချိန်တွင် လင်းဖန်သည် လမ်းဘေးတွင် ရပ်ကာ တက္ကစီကို စောင့်နေသည်။
သို့သော် မိနစ်အတော်ကြာပြီးသည့်တိုင်အောင်တက္ကစီကိုမတွေ့ခဲ့ရပေ။
အဝေးကို လှမ်းကြည့်လိုက်တော့ သူ့ရှေ့မှာ 4Sကားအရောင်းဆိုင်ကို တွေ့လိုက်ရသည်။
“ဒီရက်ပိုင်းမှာ ကားမရှိလို့သွားလာရတာ အဆင်မပြေဘူး။ဒါကြောင့်ငါငါးတစ်စီးလောက်သွားဝယ်လိုက်မယ်”
ထို့နောက်လင်းဖန်သည် 4S ကားအရောင်းဆိုင်သို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
“ 4S ကားအရောင်းဆိုင်မှ ကြိုဆိုပါတယ်!” တံခါးနားမှာ ရပ်နေတဲ့ အရောင်းဝန်ထမ်း အမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။
ထို့နောက်သူမ “ကျွန်မကိုအကူအညီတောင်းစရာ တစ်ခုခုရှိလို့လား” ဟု ဆက်ပြောလိုက်သည်။
“ငါ ဒီကိုကားဝယ်ဖို့ လာနေတာ မင်းမှာ ဘာ ကားတွေ ရှိလဲ” လင်းဖန်က မေးသည်။
“ရှိပြီးသားကားတွေကတော့ C စီးရီးက၊ E စီးရီးက၊ SUV နဲ့ GLC မော်ဒယ်တွေ ရှိတယ်” လို့ အရောင်းဝန်ထမ်းမက အရောင်းဆိုင်ထဲရှိကတွေကိုပြပြီးပြောလိုက်သည်။
လင်းဖန်ကက တစ်ချက်ကြည့်လိုက်ပြီး “ဒါဆို ငါ GLC ဝယ်မယ်” လို့ပြောလိုက်သည်။
သူသည် စူပါကားများစွာကို မောင်းနှင်ခဲ့ပြီး စြဖ်သောကြောင့်ယခုအခါ ကားနိမ့်ကားများကို မြင်တွေ့ရတော့ပင်ပန်းသလိုခံစားရသည်။
ထို့ကြောင့်၊ သူသည် စျေးကြွးသော GLC ကို တိုက်ရိုက်ရွေးချယ်ခဲ့သည်။
အရောင်းဝန်ထမ်းက “ဒါက GLC300L၊ ကိုယ်ထည်...”
သို့သော်လည်း သူမမိတ်ဆက်ခြင်းမပြီးမီတွင် လင်းဖန်က ဘဏ်ကတ်တစ်ခုကို တိုက်ရိုက်ထုတ်ပေးပြီး “ကတ်ကိုယူပြီးငွေချေလိုက်ပါ”
“ဟမ်” အရောင်းဝန်ထမ်းမလက အနည်းငယ် အံ့အားသင့်သွားသည်။
အခြေအနေ ဘယ်လိုလဲ။
ကားကိုတောင်မမိတ်ဆက်ရသေးဘူးလေ။
ပြီးတော့ကားစျေးနှုန်းလဲမပြောရသေးဘူးလေ။
ခဏကြာတော့ အရောင်းဝန်ထမ်းမက သူမသတီပြန်ဝင်လာပြီး “ဒါ... ဒီကားရဲ့စျေးနှုန်းက 450,000 ပါ၊အခွန်နဲ့ အာမခံရောပါစုစုပေါင်း 520,000ကျတယ်” လို့ပြောလိုက်သည်။
“ကောင်းပြီ။” လင်းဖန်က ခေါင်းညိတ်လိုက်သည်။
ကောင်းတယ်?
စကားလေးတစ်ခွန်းပဲ ?
သူတကယ် စျေးဆစ်တာမျိုးမလုပ်ဘူးလား။
အရောင်းဝန်ထမ်းမသည် ဘဏ်ကတ်ကို ကိုင်ဆောင်ကာ ငွေချေစက်သို့လှည့်သွားခဲ့သည်။
ထိုအချိန်တွင် လင်းဖန်က “ခဏလနေပါအုံး”
အရောင်းဝန်ထမ်း အမျိုးသမီးက ဝမ်းသာသွားတယ်- နောက်ဆုံးတော့စျေးဆစ်တော့မှာလား။
လင်းဖ် က “ငါ နှစ်စီးလိုချင်တယ်!”
လင်းဖန်သည်သူ့မိဘတွေကိုပိုက်ဆံပေးထားပြီးသားဖြစ်သည်။
သို့သော် သူတို့သည် အရင်ကချွေတာသောဘဝဖြင့်သာနေထိုင်ခဲ့သောကြောင့်ယခုလိုကားမျိုးကိုဝယ်မည်ကိုအမြဲတွန့်ဆုတ်နေခဲ့သည်။
သူ့အဖေတွင်ပျက်စီးနေသော ကုန်ပစ္စည်းများကို သယ်ယူသောဗင်(လိုက်ထွက်ကား)ကားတစ်စင်းသာ ရှိသည်။
အဲဒါကြောင့်သူကကားအသစ်တစ်စီး ဝယ်ပေးလိုက်တာဖြစ်သည်။
သို့သော်၊ Mercedes-Benz GLC (ကား)သည်အလွန်စျေးသက်သာသည်။
ဒါပေမယ့် မကောင်းတဲ့နေတဲ့ ဗင်ကားထက် အနည်းဆုံးတော့ ပိုကောင်းတာပေါ့၊
အရောင်းဝန်ထမ်း အမျိုးသမီး......
“ဒီ”
ပြတ်သားသောအသံဖြင့် POS စက်ပေါ်တွင် ဘဏ်ကတ်ကို ပွတ်ဆွဲလိုက်သောအခါ 1.04 သန်း ဘေလ်စာရွက်ပေါ်လာခဲ့သည်။
လင်းဖန်က “မင်းကို နောက်ထပ် ယွမ် 20,000 ပေးမယ်။ လိုင်စင်ရဖို့နဲ့ အာမခံကိစ္စတို့ကိုလုပ်ပြီးငါ့အိမ်ကို ပို့ပေးပါ”
လင်းဖန်သည်4S အရောင်းဆိုင်မှ ထွက်သွားပြီးနောက် အရောင်းဝန်ထမ်း အမျိုးသမီးသည် ထိုနေရာတွင် ကြောင်ရပ်နေခဲ့သည်။
လင်းဖန် သည် စတိုးဆိုင်ထဲသို့ ဝင်သွားချိန်မှ ထွက်သွားရန် သူ့ကတ်ကို ပွတ်ဆွဲပြသည့်အချိန်ထိ စုစုပေါင်း 3 မိနစ်ရှိသေးသည်။
3 မိနစ်အတွက်း 1.04 သန်းသုံးပြီး GLC 2 ခု တိုက်ရိုက်ဝယ်တာလား။
အရောင်းဝန်ထမ်းအမျိုးသမီးက အိပ်မက်မက်နေသလို ခံစားရသည်။
ထိုအချိန်တွင်၊ လုပ်ဖော်ကိုင်ဖက်များစွာက ဝိုင်းပြီး “ချင်ရှောင်၊ GLC 2 စီး ရောင်းရတဲ့အတွက်ဂုဏ်ယူပါတယ်။ ဒီည ငါ့တို့ကိုမုန့်လိုက်ကျွေး”
“ဟုတ်တယ်!”
“သေချာပေါက်ကျွေးရမယ်!”
…………
လင်းဖန်သည်4S ကားအရောင်းဆိုင်မှ ထွက်လာပြီးနောက် တက္ကစီတစ်စီးကို တားလိုက်သည်။သို့သော်သူသည်ဘာသွားရမယ်မှန်းမသိဖြစ်နေသည်။
ခဏလောက်စဉ်းစားပြီးနောက်သူက “ချင်ရှီဆေးရုံကို သွားပါ” လို့ ပြောလိုက်သည်။ခဏအကြာတွင်လင်းဖန်သည်ဆေးရုံသို့ရောက်သွားခဲ့သည်။
“လင်းဖန် မင်းဒီမှာလား။” ရိဝေက ဝမ်းသာအားရပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဆရာမ ဘယ်လိုနေသေးလဲ”
“သူ အခု ပိုကောင်းလာပြီ။ ကျေးဇူးတင်ပါတယ်လင်းဖန်!” ရီဝေက ပြောသည်။
ဒီစကားလုံးတွေကရီဝေရဲ့ နှလုံးသားထဲက လာသောစကားဖြစ်သည်။
လင်းဖန်သာ မရှိရင် ဒါရိုက်တာလင်းကျူ ဟာ လီယောင်ကို ခွဲစိတ်ကုသဖို့ရောက်လာမှာ မဟုတ်ပေ
ပြီးတော့လီယောင်ကိုလဲVIP အခန်းတွင်နေထိုင်စေပြီး အကောင်းဆုံးစောင့်ရှောက်မှုကိုခံယူရန်မှာလည်း မဖြစ်နိုင်ပေ။
လင်းဖန်သည် ဆေးရုံကုတင်ဆီသို့ လှမ်းကြည့်လိုက်ရာ လီယောင်၏အမူအရာမှာ အလွန်ကောင်းမွန်လာပြီး အနည်းငယ် သက်တောင့်သက်သာရှိလာသည့်ပုံစံဖြစ်နေသည်ကိုတွေ့လိုက်သည်။
နှစ်ယောက်သား ခဏတာ အသံတိုးတိုးဖြင့် စကားစမြည်ပြောကြပြီး နောက်လင်းဖန်သည် ဆေးရေတစ်ဘူးဝယ်ယူရန် ယွမ် ၁၀ သန်း သုံးစွဲခဲ့သည်။
“ဒါက ပိုကောင်းတဲ့ဆေးပါ။ ဆရာမက ဒီထက်ကောင်းလာတဲ့အခါ သောက်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေလိမ့်မယ်။” လင်းဖန်က ပြောလိုက်သည်။
“ကောင်းပြီ လင်းဖန် ကျေးဇူးတင်ပါတယ်” ရီဝေက ပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် လှည့်ကာ ထွက်သွားတော့မည်။
ထိုအချိန်တွင် တစ်ခါမှစကားမပြောသောလီယွင်(လီယောင်သမီး)က “အစ်ကိုလင်း၊ မင်း ကျန်ပေ့တက္ကသိုလ် မှာ ကျောင်းတက်နေတယ် မဟုတ်လား”
လင်းဖန်က “ဟုတ်တယ်။”
လီယွင်မျက်လုံးများက လင်းဖန်ကို အနီးကပ်ကြည့်ပြီ “ငါလည်း နောင်တစ်ချိန်ကျရင် ကျန်ပေ့တက္ကသိုလ်ကိုလာတက်မယ်” ဟု လေးလေးနက်နက် ပြောလိုက်သည်။
လင်းဖန် က ပြုံးပြီး “ကောင်းပြီ ဒါဆို ကျန်ပေ့တက္ကသိုလ်မှာ မင်းကိုစောင့်နေမယ်” လို့ပြောလိုက်သည်။
ပြောပြီးတာနဲ့ အပြင်ဘက်ကို လှည့်ထွက်ပြန်သွားခဲ့သည်။
လင်းဖန် အိမ်ပြန်ရောက်သောအခါ သူ့မိဘများကပြန်မလာသေးပေ။
ထို့ကြောင့် လင်းဖန်သည် ဆိုဖာပေါ်တွင် အေးအေးဆေးဆေး အိပ်ကာ သူ့လက်ကိုင်ဖုန်းဖြင့် ကစားနေလိုက်သည်။ခဏအကြာတွင်လင်းဖန်သည်မစ်ရှင်ပြီး၍ရထားသောငွေရောင်စာအိတ်ကိုသတိရလိုက်မိသည်။
ထို့ကြောငအ့လင်းဖန်ကချက်ချင်းထ ထိုင်လိုက်ပြီး “ငွေရောင်စာအိတ် ၅ စောင်ကိုဖွင့်ရင်ဘာရမလဲ ကြည့်ရအောင်”
“ငွေရောင်စာအိတ်ဖွင့်မယ်် ‘’
【ဒင်း! ဂုဏ်ယူပါတယ်ယွမ် 800,000 ရရှိခဲ့သည်။】
【ဒင်း! ဂုဏ်ယူပါတယ် မင်းက ယွမ် 1 သန်းရခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ်၊ ၁ ယွမ် ကတ်တစ်ကတ်ကို ရရှိသည်။ 1 ယွမ်သုံးပြီးနောက် ယွမ်သန်း 100 ရနိုင်သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 100,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း 400,000 ယွမ်ကို လက်ခံရရှိခဲ့သည်။】
လင်းဖန်က သက်ပြင်းချလိုက်ပြီး “ဒါက အသုံးမဝင်တဲ့ဟာတွေပဲ”ဟုပြောလိုက်သည်။
ထို့နောက် သူသည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“အကောင့်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ် ၁၀သန်းရရှိခဲ့သည်။ 】
“ဘာလို့ ဒါက ငါ့အတွက်လဲ။” လင်းဖန်က ခေါင်းခါပြီးပြောလိုက်သည်။
ဒီနေ့ကနျစ်ပိုင်းပဲဖစ်သွားတယ်။မနက်ဖြန်သုံးပိုင်းသေချာပေါက်လာပါမယ်😁
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး