ဟွမ်ဒီနဲ့တွေ့ဆုံခြင်း
Vol. 14 Ch. 209
နောက်တစ်နေ့ မနက်စောစော။
လင်းဖန် နိုးလာပြီးနောက် ထုံးစံအတိုင်း ဖုန်းကိုဖွင့်ပြီးကြည့်လိုက်သည်။
“၀ နာရီ၊ တရုတ်ဘဏ်ကနေယွမ် ၃,၅၇၀,၀၀၀ ရရှိသည်။”
ထို့နောက် လင်းဖန်က သူ့ဖုန်းကို ခဏလောက် အမှတ်တမဲ့ သုံးလိုက်ပြီး “မနေ့က အကောင့်ဝင်တာအသုံးမဝင်တဲ့ဟာရတယ်။ ဒီနေ့ ဘာရနိုင်မလဲ ကြည့်ရအောင်။”
“အကောင့်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ရှမ်းရှမ်း
အိပ့်စ်ပီ၏ ရှယ်ယာ 51% ကို ရရှိခဲ့သည်ာယ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။
သိရန်ရှမ်းရှမ်းအိပ့်စ်ပီသည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။ ၎င်း၏ အမြန်နှုန်းနှင့် ဝန်ဆောင်မှုကြောင့် ၎င်း၏စျေးကွက်တန်ဖိုးသည် ဘီလီယံ 300 ကျော်အထိ ရောက်ရှိခဲ့သည်။
ရှယ်ယာ 51%?
တစ်နည်းဆိုရသော် ယနေ့ သူသည် ဘီလီယံ ၁၅၀ ကျော်ကို တိုက်ရိုက်ရရှိနေပြီဖြစ်သည်။
လင်းဖန်သည် အိပ်ယာပေါ်၌ သူ၏ လက်ကိုင်ဖုန်းနှင့် ခဏတာ ကစားပြီးနောက် ထကာ ရေချိုးလိုက်လေသည်။
သူအောက်ဆင်းတာနဲ့သူမိဘတွေမရှိတော့ဘူးဆိုတာကိုသိလိုက်သည်။ထို့ကြောင့်လင်းဖန်က သူ့ဘာသာသူထွက်သွားပြီး ဖက်ထုပ်ပေါင်းတစ်ပန်ကန်နဲ့ အမဲသားခေါက်ဆွဲတစ်ပန်းကန်ကိုမှာစားလိုက်သည်။
ထို့နောက်သူသည် ပဲနို့တစ်ခွက်ဝယ်ရန် နောက်ထပ် ၁ ယွမ် သုံးစွဲခဲ့သည်။
ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! 1 ယွမ် ကုန်ကျသည် ၊ 1 ယွမ် ကတ်ကိုသုံးမည်လား။ 】
“ဟုတ်တယ်!” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ လင်းဖန်ရဲ့ အိတ်ကပ်ထဲက ဖုန်းက အနည်းငယ် တုန်ခါသွားခဲ့သည်။
[တရုတ်ဘဏ်ကနေ ယွမ် သန်း ၁၀၀ကိုလက်ခံရရှိသည်။ 】
လင်းဖန်သည် ယခုအချိန်တွင် ငွေကြေးကို စိတ်ဝင်စားခြင်းမရှိပေ။
သို့သော် ယွမ်သန်း 100 တိုက်ရိုက်ရထားသည်ကို မြင်လိုက်ရသဖြင့်အနည်းငယ်ပြုံးလိုက်သည်။
စားသောက်ပြီးနောက် လင်းဖန်သည်လမ်း လျှောက်ပြီးသွားနေလေသည်။
“လင်းဖန်!”
အဝေးက Volkswagen ကားတစ်စီးသည်သူ့ဘေးတွင် ရုတ်တရက် ရပ်သွားပြီး ဟွမ်ဒီကသူ့ခေါင်းကိုကားပြတင်းပေါက်ကနေထုတ်လိုက်သည်။
ဟွမ်ဒီကိုလင်းဖန်သည် ခံစားချက်ကောင်းများ ရှိသည်။
ပထမတစ်ချက်ကသူတို့ကျောင်းတက်တုန်းမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်ကောင်းလို့ပင်ဖြစ်သည်။
ဒုတိယအနေနဲ့ဟွမ်ဒီက နေမကောင်းတဲ့ဆရာမအကြောင်းကိုပြောပြခဲ့သည်။
ဆရာ့ကို လေးစားတတ်သူဟာ မိတ်ဖွဲ့ထိုက်သူဖြစ်သည်။
ထို့ကြောင့် လင်းဖန်က “ဟွမ်ဒီ၊ မင်း အလုပ်သွားမလို့လား။”
“ဟုတ်တယ်လင်းဖန်၊မင်းကျောင်းမှာ အားလပ်ရက် ရှိသေးလား။ ငါအလုပ်လုပ်တဲ့ နေရာကို ပြချင်တယ် ၊ နေ့လယ်ကျရင် မင်းကို ငါ့ရည်ရည်းစားနဲ့မိတ်ဆက်ပေးပြီးထမင်းလိုက်ကျွေးမယ်” ဟွမ်ဒီ က ပြောလိုက်သည်။
လင်းဖန်သည်ဟွမ်ဒီကဟူရှီရုံးမှာအလုပ်လုပ်သည်ကိုသတိရပြီး ထိုနေရာကိုသူမရောက်ဖူးပေ။
ထို့အပြင် လင်းဖန်သည် ဟွမ်ဒီ၏ ချစ်သူအကြောင်းကိုလဲအနည်းငယ် သိချင်နေခဲ့သည်။
ဒီတော့ သူက “ကောင်းပြီ”
ထို့နောက် လင်းဖန်သည်ကားထဲကိုဝင်ပြီးထိုင်လိုက်လေသည်။
သူတို့နှစ်ယောက်သည်ဟူရှီရုံးသို့ရောက်ရန်အချိန်သိပ်မကြာလိုက်ပေ။
ဟူရှီရုံးခန်းအဆောက်အအုံများသည် အတော်လေးဟောင်းနေပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့်ကွန်ပျူတာများ၊ စားပွဲများ၊ ဗီဒိုများ အစရှိသည်တို့ကို တွေ့ရပြီး ၎င်းတို့ကို သန့်ရှင်းပြီး သပ်ရပ်အောင် ပြုလုပ်ထားပေးသည်။
ဟွမ်ဒီက လင်းဖန်ကို လက်ဖက်ရည်တစ်ခွက် နဲ့လင်းဖန်ဖတ်လို့ရအောင်သတင်းစာနဲ့ မဂ္ဂဇင်းတွေ အများကြီး ယူလာပေးပြီး”လင်ဖန် မင်းဒီမှာ ခဏထိုင်နေအုံး၊ငါ အလုပ်သွားလုပ်ဦးမယ်။”
“ကောင်းပြီ မင်းအလုပ်ကိုပဲသွားလုပ်ပါ” လင်းဖန်က ပြောလိုက်သည်။
အစပိုင်းတွင်လင်းဖန်နှင့် စကားစမြည်အနည်းငယ်ပြောရုံမှလွဲ၍ ဟွမ်ဒီ သည် ကွန်ပျူတာရှေ့တွင်ထိုင်ကာလေးနက်သောအမူအရာဖြင့်အလုပ်လုပ်နေလေသည်။
ထို့ကြောင့် ဟွမ်ဒီ သည်လင်းဖန်နားလာဖို့အချိန်မရှိပေ။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နာရီကြာသွားခဲ့လေသည်။
ထိုအခိုက်တွင် ဖရဲစေ့ပုံစံမျက်နှာ၊ အသားအရေ ချောမောကာ အမှတ် ၈၀ ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးသည် စာရွက်စာတမ်းများနှင့်အတူ ရောက်ရှိလာသည်။
သူမကဟွမ်ဒီအတွက် ရေတစ်ခွက်ကို ဦးစွာလောင်းပြီးနောက် “ခေါင်းဆောင်က မနေ့က အစည်းအဝေးရဲ့ အကျဉ်းချုပ်ကို ရေးခိုင်းလိုက်တယ်” လို့ ပြောသည်။
သူမကိုတွေ့ပြီးနောက်ဟွမ်ဒီသည် ပင်ပန်းနွမ်းနယ်မှုမှ ပျောက်ကွယ်သွားပုံရပြီး “ကောင်းပြီ” လို့ ဝမ်းသာအားရ ပြောလိုက်သည်။
ထို့နောက် သူက”လင်းဖန်၊ ဒါက ငါ့ရည်းစား
ဝမ်ရှီ” နဲ့ မိတ်ဆက်ပေးလိုက်သည်။
လင်းဖန်က မတ်တပ်ထရပ်ပြီး “ဟွမ်ဒီရဲ့ရည်စားကအရမ်းလှတာပဲ၊ ငါကဟွမ်ဒီ ရဲ့ အထက်တန်းကျောင်းသူ အတန်းဖော်ပါ”
ဝမ်ရှီက အရမ်းပျော်နေပြီး “ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ခဏလေးစောင့်ပေးပါ၊ ဟွမ်ဒီ နဲ့ နေ့လည်စာစားဖို့ သွရအောင်”
“ကောင်းပြီ။” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် ခြေသံများ ထွက်လာသည်။
ထို့နောက် ငွေရောင်မျက်မှန်တပ်ထားသည့် ဝမ်ဟိုင်ရီ သည် လမ်းလျှောက်လာပြီး “ဝမ်ရှီ၊ အဖွဲ့ခေါင်းဆောင် လီမှာ ဒေတာပြဿနာရှိနေတယ်၊ ကျေးဇူးပြုပြီးသူ့စီသွားပြီး ကူညီဖြေရှင်းပေးပါ။’’
ဒါကို ဝမ်ရှီကြားတော့ သမူ့မျက်နှာမှာ တွန့်ဆုတ်နေတဲ့ အကြည့်တွေ ပေါ်လာပြီး “ဖေဖေ၊ တခြားသူတွေကို ခိုင်းလို့မရဘူးလား”
“မရဘူး၊မင်းဘာလုပ်နေတာလဲ မြန်မြန်သွား!” ဝမ်ဟိုင်ရီ က တင်းမာသောမျက်နှာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။” ဝမ်ရှီက မကျေမနပ်နဲ့ပြောလိုက်သည်။
ဝမ်ရှီထွက်သွားသောအခါဝမ်ဟိုင်ရီ သည်
ဟွမ်ဒီ ကို အလွန်တင်းမာသောအကြည့်ဖြင့် ကြည့်ကာ “ဟွမ်ဒီ၊ မင်းက ငါ့သမီးကိုကြိုက်တာသိပါတယ်၊ ဒါပေမယ့် မင်းနဲ့ သူမနဲ့ မသင့်တော်ဘူးလို့ မထင်ဘူးလား”
ဟွမ်ဒီ က “ခေါင်းဆောင် ဝမ်၊ ရှီရှီနဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တာပါ”
ဝမ်ဟိုင်ရှီသည် မျက်ခုံးပင့်လိုက်ပြီး “ချစ်တယ်ထားပါအုံးမင်းသူလိုချင်တာကိုပေးနိုင် လား။ မင်း အခုကဝန်ထမ်းလေး တစ်ယောက်ပဲ !”
“ငါ…” ဟွမ်ဒီ က ချေပလို၍ ပါးစပ်ကို ဖွင့်လိုက်သည်။
သို့သော် သူ့၏အသံသည် လည်ချောင်းထဲတွင် ကပ်နေပုံရပြီး သူဘာမှမပြောနိုင်ပေ။
ဟုတ်တယ်။
သူသည်ဝန်ထမ်းလေးပဲလေ။
တစ်လလျှင် ယွမ် ၃၀၀၀ ကျော်သာရရှိရှိသည်။
ဒါကြောင့်ငါကဝမ်ရှီပျော်ရွှင်မှုကို ဘယ်လိုပေးနိုင်မှာလဲ။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ရုတ်တရက်ထွက်ပေါ်လာသည်။
ထို့နောက် တစ်ယောက်ယောက်က “ဟဲလို ကပ္ပတိန်စု!”
ဒါကိုဝမ်ဟိုင်ရီကြားတော့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
ရှပ်အင်္ကျီဖြူဝတ်ထားသော အမျိုးသားအများအပြားကိုသူတွေ့လိုက်သည်။သို့သော်သူသည် ရှေ့ဆုံးရှီထိပ်ပြောင်လူကို မြင်သောအခါတွင် သူ့မျက်လုံးသည် ကျုံသွားခဲ့သည်။
ချင်ရှီမြို့ဘဏ္ဍာရေးအဖွဲ့၏ ကပ္ပတိန် စုဝမ်ဝူ။
ဝမ်ဟိုင်ရီက အလွန်လေးစားသောလေသံဖြင့် “ဟယ်လို ကပ္ပတိန်စု!”
စုဝမ်ဝူအသံကြားပြီးနောက်တွင် သူက ပြုံးပြီး “ခေါင်းဆောင်ဝမ်၊ မင်းအလုပ်တွေ ကိုနှောင့်ယှက်မိပြီလား။”
“မဟုတ်တာ၊မင်း ရုံးကို လာတာကငါတို့အတွက်ဂုဏ်ယူစရာပါ” ဝမ်ဟိုင်ရီက ကမန်းကတန်းပြောလိုက်သည်။
စုဝမ်ဝူက ခေါင်းညိတ်ပြပြီး စကားပြန်ပြောတော့မလို့လုပ်လိုက်သည်။
နောက်အခိုက်အတန့်တွင်သူသည်လူတစ်ယောက်ကိုတွေ့လိုက်သည်။
ထိုလူသည်လင်းဖန်ပင်ဖြစ်သည်။
ထို့နောက် အရှိန်ပြင်းပြင်းနှင့် ရှေ့သို့ လျှောက်လာခဲ့သည်။
ဝမ်ဟိုင်ရီ သည် စုဝမ်ဝူကသူ့ဆီသို့ လူကိုယ်တိုင် လျှောက်လာနေသည်ကို တွေ့လိုက်ရသောအခါ တုန်လှုပ်သွားခဲ့သည်။
သို့သော်ဝမ်ဟိုင်ရီသည် သူ့ရှေ့ရှိလူကိုလူကိုယ်တိုင် လျှောက်သွားခွင့်ကို အမှန်တကယ်ပင် မပြုဝံ့ခဲ့ပေ။
ထို့ကြောင့် သူက က ကမန်းကတန်း စုဝမ်ဝူစီသို့လမ်းကိုအမြန်လျှောက်လိုက်သည်။
စုဝမ်ရီစီရောက်ခါနီးတွင်ဝမ်ဟိုင်ရီက သူ့လက်ကို ဆန့်တန်းပြီးစုဝမ်ဝူနဲ့ လက်ဆွဲနှုတ်ဆက်တော့မယ့်အချိန်မှာ စုဝမ်ဝူကသူ့ကိုလျစ်လျူရှုပြီးလက်းဖန်စီကိုသွားလိုက်သည်။
စုဝမ်ဝူသည် လင်းဖန်၏ရှေ့သို့ရောက်ရှိလာပြီးနောက်သူ၏လက်များကိုကွေးညွတ်လိုက်ပြီး(အရိုအသေပေးတာ)အလွန်စိတ်လှုပ်ရှားကာ လေးစားသောလေသံဖြင့် “မင်္ဂလာပါ၊မစ္စတာလင်း”ဟုနှုတ်ဆက်လိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး