ဖိတ်ကြားချက်
Vol. 14 Ch. 210
စုဝမ်ဝူ သည် လင်းဖန် နှင့်တစ်ကြိမ်သာတွေ့ဆုံဖူးသည်။
တစ်ခါပဲတွေ့ဖူးသည့်တိုင်အောင်သူသည်လင်းဖန်မည်သည့်အခါမျှ မေ့မရနိုင်ခဲ့ပေ။
လင်းဖန်အဘိုးမွေ့နေ့ကိုလာသောလူများထဲတွင်သူတစ်ယောက်လဲအပါအဝင်ဖြစ်သည်။
စုဝမ်ဝူကအဲ့မွေးနေ့ပွဲကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ထိုအချိန်တွင်၊ ချင်ရှီရှိအဆင့်မြင့်အဆင့်အတန်းရှိသောလူများအားလုံးနီးပါး၊ ကျန်ပေ့ရှိအဆင့်မြင့်အဆင့်အတန်းရှိသောလူများ၊ ချန် ပြည်နယ်ရှိအဆင့်မြင့်အတနမြင့်သောလူများနှင့်ချန်ပြည်နယ်ခေါင်းဆောင်ကျူဝမ်မင်ကိုတိုင်ကလဲလင်းဖန်အဘိုးမွေးနေ့ကိုလာပြီးဆုတောင်းပေးသည်။
ဒါတွေကိုကြည့်ခြင်းဖြင့်လင်းဖန်ရဲ့အဆင့်အတန်းကဘယ်လောက်မြင့်တယ်ဆိုတာကိုသိနိုင်သည်။
စုဝမ်ဝူ က လင်းဖန်ကို တွေ့ချင်ပေမဲ့သူသည်ဒါဟာအိမ်မက်မက်နေတာပဲဆိုတာကိုနားလည်သည်။
အစပိုင်းတွင်လင်းဖန်ကကြောင်သွားခဲ့ပေမဲ့ခဏအကြာတွင်စုဝမ်ဝူကိုအလွယ်တကူ မှတ်မိလိုက်သည်။
ထိုအချိန်တွင် လင်းဖန်သည် စုဝမ်ဝူက သူ့ကိုအရိုအသေပေးသည့်အမူအရာကိုတွေ့တော့သူကယဉ်ကျေးစွာဖြင့်သူ့ရဲ့ညာလက်ကို ဆန့်ကာ “ကပ္ပတိန်စုဟုတ်တယ်မလားဟဲလို” ဟု ဆိုလိုက်လေသည်။
စုဝမ်ဝူကလင်းဖန်လက်ဆန့်ပေးသည်ကိုတွေ့တော့သူကချက်ချင်းနှုတ်ဆက်လိုက်ပြီး အရမ်းစိတ်လှုပ်ရှားတဲ့လေသံနဲ့ ‘’မစ္စတာလင်း ကျွန်တော့်ကိုရှောင်စုလို့ ခေါ်လို့ရပါတယ်”
သူတို့၏ စကားဝိုင်းများကို အခန်းအတွင်ရှိလူအားလုံး၏ နားထဲတွင် ကြားလိုက်ရပြီး လူတိုင်း၏ မျက်နှာများတွင် ပဟေဠိနှင့် ထိတ်လန့်မှုများ ဖြင့်ပြည့်နှက်နေသည်။
သိရန်စုဝမ်ဝူသည် ဘဏ္ဍာရေးအဖွဲ့၏ ကပ္ပတိန်ဖြစ်သည်။ သူရဲ့ဝိသေသလက္ခဏာက ဘယ်လောက် အဆင့်မြင့်လိုက်သလဲ။
တစ်ယောက်ယောက်ကို လေးလေးစားစားနဲ့ ဆက်ဆံတာလား။
ထို့အပြင်၊ သူပြောသည့်လူသည်အသက်နှစ်ဆယ်ကျော်ခန့်သာရှိသော လူငယ်တစ်ဦးဖြစ်နေသည်။
အဲဒါကမယုံနိုင်စရာပင်ဖြစ်သည်။
လင်းဖန်က ပြုံးလိုက်ပြီး”ရှောင်စုလို့ခေါ်ရတာတစ်မျိုးကြီးဖြစ်လို့နာမည်ပဲခေါ်တော့မယ်”
“ကောင်းပြီ” စုဝမ်ဝူ ဝမ်းသာအားရ ပြောလိုက်သည်။
ထို့နောက် လင်းဖန်ကဟွမ်ဒီကို လက်ညှိုးထိုးပြပြီး “ဒါက ကျွန်တော့ရဲ့ သူငယ်ချင်းဟွမ်ဒီပါ။ သူကဒီမှာ အလုပ်လုပ်နေတယ်။ပြီးတော့သူ့မှာ အရည်အချင်းတွေ ရှိတယ်”
စုဝမ်ဝူက “ဟွမ်ဒီ လုံ့လဝီရိယရှိသူပါ။ ကျွန်တော် သူ့အကြောင်း ကြားဖူးတာကြာပါပြီ။ မမျှော်လင့်ထားဘူး၊သူက မစ္စတာလင်းရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်တယ်ဆိုတာ’’
စုဝမ်ဝူ ရဲ့ စကားပြောစွမ်းရည်က တကယ်ကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။
တကယ်တော့?
စုဝမ်ဝူဟာဟွမ်ဒီနဲ့ တွေ့ဖူးပေမယ့် သူ့နာမည်တောင် မသိခဲ့ပေ။
လင်းဖန်ကသိသော်လဲဘာမှမပြောဘဲက”ဟွမ်ဒီက ဒီမှာကလူဦးရေအရမ်းများပေမဲ့အလုပ်လုပ်မယံနေရာမရှိဘူး။ပြီးတော့အလုပ်ယုံတွေကလဲဝေါင်းနေပြီ.”
“သူပြောခဲ့တာတွေက အရမ်းကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော်ထင်တယ်၊ ဒါကြောင့် ဟွမ်ဒီကိုရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီအုပ်စုကို ကူညီရှာဖွေပေးမယ်လို့ ကတိပေးခဲ့တယ်။”
ထို့နောက် ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး “အခုအချိန်က သိပ်မစောတော့ဘူး၊ စုဝမ်ဝူ၊ မင်းက မစ္စတာဇောင်ချင်းကျူကို ဖိတ်ပါ၊ ငါ လီဆေးဝါးကုမ္ပဏီဥက္ကဋ္ဌ လီကျူပန် နဲ့ ချင်ကောင်း ဥက္ကဋ္ဌ လီဝမ်နိုင်၊၊ ရှောင်ဝူလက်ကားမြို့ ဥက္ကဋ္ဌ ဇောင်၊ အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာဝမ်ဖန်ရီနှင့် အခြားသူများကိုနေ့လယ်စာအတူတကွ စားသောက်ဖို့ဖိတ်လိုက်မယ်။ မင်းအဲ့ဒါက်ုဘယ်လိုထင်လဲ။”
လီဆေးကုမ္ပဏီ၊ ချင်ကောင်းဂရု၊ ရှောင်ဝူလက်ကားမြို့၊ အင်ပါယာ ဟိုတယ်... ဒါတွေဟာ ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ ကုမ္ပဏီကြီးတွပါ။
အကယ်၍ အဆိုပါကုမ္ပဏီများ၏ CEO များကို နေ့လယ်စာအတူစားရန် ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ပါက၊ ၎င်းသည် သိမ်းရာနှင့်ချီသော ရင်းနှီးမြှုပ်နှံမှု၊မီလီယန်ပေါင်းများစွာ သို့မဟုတ် ဘီလီယံပေါင်းများစွာပင် ဖြစ်နိုင်သည်။
အဲဒါကို တွေးကြည့်ရုံနဲ့ စုဝမ်ဝူ သည်လည်ချောင်းတွေ ခြောက်သွားသလို ခံစားလိုက်ရသည်။
“အဆင်ပြေတာပေါ့၊ကျနော်ကခေါင်းဆောင်ကို ဆက်သွယ်လိုက်မယ်” ဟု ကမန်းကတန်းပြောလိုက်သည်။
စကားပြောပြီးနောက် စုဝမ်ဝူ သည် သူ့ဆဲလ်ဖုန်းကို အမြန်ထုတ်ကာ ဇောင်ချင်းကျူကို ခေါ်ဆိုလိုက်သည်။
လင်းဖန်သည်ဒီလူတွေကိုဖုန်းမဆက်ရသေးပေမဲ့စုဝမ်ဝူသည် ဤလူများကို ခေါ်နိုင်မည်ဟု ယုံကြည်ထားပြီးဖြစ်သည်။ဘာလို့ဆိုသူကလင်းဖန်ဖြစ်နေလို့ပင်ဖြစ်သည်။
ခဏအကြာတွင်၊ ခေါ်ဆိုမှုချိတ်ဆက်သွားခဲ့သည်။
“ဟယ်လို?” ဖုန်းထဲတွင် ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ခေါင်းဆောင်ဇောင်၊ ငါက စုဝမ်ဝူပါ” စုဝမ်ဝူက ပြောလိုက်သည်။
“စုဝမ်ဝူ မင်းဘာကိစ္စရှိလို့ဖုန်းဆက်တာလဲ” ဟုမေးလိုက်သည်။
စုဝမ်ဝူ က “မစ္စတာကလင်းဖန်က လီးဆေးကုမ္ပဏီ ဥက္ကဌ လီကျူပန်၊ ချင်ကောင်းဂရု ဥက္ကဌ လီဝမ်နိုင်၊ ရှောင်ဝူလက်ကားစီးတီးဥက္ကဌဇောင် နဲ့ အင်ပါယာဟိုတယ်ရဲ့အထွေထွေမန်နေဂျာဂမ်ဖန်ရီ တို့ကို ဖိတ်ကြားထားပါတယ်၊ခေါင်းဆောင်အဲ့ဒါနေ့လည်စာ စားဖို့အားလားမသိဘူး “
“အိုး?” ဇောင်ချင်းကျူ၏ လေသံသည် ချက်ချင်းပင် အလွန်ပြင်းထန်လာပြီး “ ကျေးဇူးပြုပြီး မစ္စတာလင်းကို ပြောပေးပါ။ ကျွန်တော်အားပါတယ်။ ဟိုတယ်က မဆုံးဖြတ်ရသေးရင်ချင်ရှီဟိုတယ်ကို စီစဉ်ပေးထားပါ့မယ်”
ထို့နောက် စုဂမ်ဝူက ဖုန်းကို ဘေးဖယ်ထားလိုက်ပြီး “မစ္စတာလင်း၊ ခေါင်းဆောင်က မင်းဟိုတယ်ကြိုတင်မှာထားလားလို့ မေးတယ် မပါရငေးရင်သူကချင်ရှီဟိုတယ်ကို သွားဖို့ စီစဉ်ပေးထားမယ်တဲ့”
လင်းဖန်က “ကောင်းပြီ ဒါဆို ငါက ခေါင်းဆောင်ကို နှောင့်ယှက်ပေးမိပြီလို့ပြေပေးပါ”
စုဝမ်ဝူသည် လင်းဖန်၏ စကားကိုဇောက်ချင်းကျူထံ ပြန်ပြောလိုက်သည်။
ထို့နောက်လင်းဖန်သည် သူ၏ဆဲလ်ဖုန်းကို ထုတ်ကာ လီယွင်ဟိုင်၏နံပါတ်ကို ဦးစွာခေါ်ဆိုလိုက်သည်။ခဏအကြာတွင်ဖုန်းကချိတ်ဆက်သွားလေသည်။
ယွင်ဟိုင်၊ မင်းနဲ့ မင်းအဖေ ချင်ရှီမှာရှိသေးလား” လင်းဖန်က မေးလိုက်သည်။
“အခုရှိသေးတယ်၊ ဒီနေ့လည်ပိုင်းကျရင်ကျန်ပေ့ကိုပြန်တော့မယ်။ အစ်ကိုလင်း ဘာဖြစ်လို့လဲ”
လီယွင်ဟိုင်သည် လင်းဖန်၏ လေသံထဲတွင်လေးနက်မှု အရိပ်အယောင်ကို ကြားလိုက်ရသောကြောင့် သူပြောသောအခါ ခါတိုင်းကဲ့သို့ မဟုတ်ပဲတည်တည်ညိမ်ညိမ်ပြောလိုက်သည်။
လင်းဖန်က “ငါကမင်းတို့ကိုနေ့လည်စာ အတူတူစားဖို့ ဖိတ်ချင်တယ်...”
“ကောင်းပြီ၊ ငါ့အဖေနဲ့ ငါ အဲဒီကို အချိန်မှန်ရောက်လာခဲ့မယ်။”လီယွင်ဟိုင်က ချက်ချင်းပြောလိုက်သည်။
အမှန်တော့၊ သူတို့သည် နေ့လယ်တွင်ချင်ရှီ ရှိ ဆေးဖက်ဝင်ပစ္စည်းအရောင်းကိုယ်စားလှယ်နှင့် ထမင်းစားရန် ချိန်းထားသည်။
ထို့ကြောင့် နေ့လည်ပိုင်းတွင် ကျန်ပေ့သို့ ပြန်လိုခဲ့သည်။(အရောင်းကိုယ်စားလှယ်ကကျန်ပေ့ရောက်နေလို့ပါ)
သို့သော် သေးငယ်သော ဆေးဖက်ဝင်ပစ္စည်း ကိုယ်စားလှယ်သည်လင်းဖန်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
သူသည်ဒီအကြောင်းကိုတွေးတောင် မတွေးဘဲ လင်းဖန်ကို တိုက်ရိုက် သဘောတူလိုက်သည်။
ထို့နောက် လင်းဖန်သည်ချင်ကောင်း ဥက္ကဌ လီဝမ်နိုင် ၊ ရှောင်ဝူလက်ကားမြို့ ဥက္ကဌ
ဇောင်နှင့် အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီတို့ကို ဖုန်းခေါ်ဆိုခဲ့သည်။
လီယွင်ဟိုင်ကဲ့သို့ပင်သူတို့သုံးဦးကလဲမဆိုင်းမတွပင် တိုက်ရိုက်သဘောတူခဲ့ကြသည်။
လင်းဖန် က သူတို့ရဲ့သူဌေးပါ။
ဘော့စ်က သူနဲ့နေ့လယ်စာလာစားဖို့ ဖိတ်တာတောင်မသွားတဲ့ကောင်ကရှူးနေလို့ပင်ဖြစ်သည်။
ထို့နောက်လင်းဖန် က “ကောင်းပြီ၊ အားလုံးချိန်းပြီးသွားပြီ”
ဖုန်းလေးကြိမ်ခေါ်ဆိုပြီးနောက် ဘီလီယံနှင့်ချီသော CEO လေးဦးကိုလွယ်ကူစွာဖိတ်ခေါ်နိုင်ခဲ့သည်။
စုဝမ်ဝူ၏နှလုံးသားထဲတွင် လင်းဖန်၏ အနေအထားသည် သိသိသာသာ တိုးမြင့်လာခဲ့သည်။
လင်းဖန်သည် ဤငည်ကို လျစ်လျူရှုကာ “အချိန်နီးနေပြီ၊ စုဂမ်ဝူ သွားကြရအောင်” ဟုပြောလိုက်သည်။
“Ok...Ok..” စုဝမ်ဝူကချက်ချင်းပြောလိုက်သည်။
လင်ဖန်းသည် ရှေ့နှစ်လှမ်းသာ လျှောက်လိုက်ပြီးနောက်သူသည်ဟွမ်ဒီကိုကြည့်ပြီး “
ဟွမ်ဒီ မင်းက ဘာလို့ မသွားသေးတာလဲ” လို့ ပြောလိုက်သည်။
“အ? ငါလည်း လိုက်ခဲ့ရမှာလား။” ဟွမ်ဒီက မေးလိုက်သည်။
“ဒီလုပ်ငန်းရှင်ကြီးတွေက မင်းနဲ့အတူရင်းနှီးမြှအ်နှံမလို့ကိုမင်းမလိုက်ရင်ဘယ်ငူလိုက်မှာလဲ” လင်းဖန်က ပြုံးပြိးပြောလိုက်သည်။
ဒီစကားထွက်လာတာနဲ့ စုဝမ်ဝူအပါအဝင် အားလုံးက ဟွမ်ဒီ ကို မနာလိုစိတ်နဲ့ ကြည့်လိုက်ကြသည်။
နေ့လယ်ထမင်းစားချိန်၌ သန်းရာနှင့်ချီသော ရင်းနှီးမြုပ်နှံမှု သို့မဟုတ် တစ်ဘီလီယံကျော်သော ရင်းနှီးမြုပ်နှံမှုတစ်ခု အောင်မြင်ခဲ့ပါက.....
ဆက်မတွေးရဲစရာပင်ဖြစ်သည်။
ဒါကိုကြားပြီးနောက်ဟွမ်ဒီသည်အပြင်သို့ထွက်ခွာသွားခဲ့သည်။