← Chapters

ကြီးမားသော ရင်းနှီးမြှုပ်နှံမှု

Vol. 15 Ch. 211

ကြီးမားသော ရင်းနှီးမြှုပ်နှံမှု

Vol. 15 Ch. 211

ချင်ရှီမြို့၏မြို့လယ်ဧရိယာတွင်တည်ရှိသော ချင်ရှီဟိုတယ်သည်အလှဆင်ခြင်း၊ ဟင်းပွဲများနှင့်ဝန်ဆောင်မှုများသည်အလွန်ကောင်းမွန်သည်။

ထို့ကြောင့်၊ ချင်ရှီဟိုတယ်တွင်လူများပြတ်လတ်သည့်အချိန်မရှိပေ။

ချင်ရှီဟိုတယ်မှာ စားချင်ရင်တော့ ကြိုတင်ဘိုကင်လုပ်ထားရလိမ့်မည်ဖြစ်သည်။

ယနေ့တွင် ချင်ရှီဟိုတယ်သည် ခါတိုင်းကဲ့သို့ပင်၊ လူများစည်ကားပြီး အလွန်တက်ကြွနေပါသည်။

ထိုအချိန်တွင် A00001 ယာဉ်သည် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

တံခါးနားမှာရပ်နေတဲ့ စားပွဲထိုးက ဒီကားနံပါတ်ကိုတွေ့တာနဲ့ကမန်းကတန်းကားရှေ့ရောက်လာပြီး”ခေါင်းဆောင်​ဇောင်ကြိုဆိုပါတယ် ကြိုဆိုပါတယ်!” စားပွဲထိုးက လေးလေးစားစား ပြောဆိုလိုက်သည်။

ဇောင်ချင်းကျူ က “မင်းရဲ့မန်နေဂျာကို ပိုကောင်းတဲ့အခန်းကို စီစဉ်ပေးထားပါလို့၊ ဧည့်သည်တွေကို ငါလက်ခံမလို့”

“ဟုတ်​ကဲ့ပါကျွန်​​တော်​ရဲ့ မန်နေဂျာကို ပြောလိုက်​ပါ့မယ်​” စားပွဲထိုးက ကမန်းကတန်းပြောလိုက်သည်။

ခဏအကြာတွင်ဇောင်ချင်းကျူကို မန်နေဂျာက ချင်ရှီ၏ အပေါ်ဆုံးထပ်ရှိအခန်း666 သို့ ခေါ်ဆောင်သွားခဲ့သည်။

ဤသည်မှာ ချင်ရှီဟိုတယ်၏သီးသန့်အခန်းဖြစ်ပြီး အများသူငှာ မဖွင့်ထားဘဲ အကောင်ကြီးကြီးအချို့နှင့် တွေ့ဆုံသည့်အခါမှသာ အသုံးပြုလေ့ရှိသည်။

ဇောင်ချင်းကျူသည် ထိုကဲ့သို့သော အခန်းက်ုဖွင့်နိုင်သည့်လူများထဲမှတစ်ယောက်ဖြစ်သည်။

ခဏအကြာတွင် လင်းဖန်၊ ဟွမ်ဒီ၊ စုဝမ်ဝူ၊လီကျူပန်၊ လီယွင်ဟိုင်၊ လီဝမ်နိုင်၊ ဇောင်၊ဝမ်ဖန်ရီ နှင့် အခြားသူများသည်အခန်းထဲသို့ ဝင်လာကြသည်။

“အစ်ကိုလင်း မတွေ့ရတာကြာပြီ!” ဇောင်ချင်းကျူက သဘောကျစွာ ပြုံးပြီးပြောလိုက်သည်။

ဒါကိုကြည့်ပြီးတက်ရောက်လာသူအားလုံး အံ့သြသွားကြသည်။

သူတို့အားလုံးဟာ စီးပွားရေလုပ်ငန်းရှင်ကြီးတွေဖြစ်ကြသည်နဲ့အညီမြို့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံရသည့်အချိန်များလဲဖဟ်သည်။

သို့သော် မြို့ခေါင်းဆောင်အများစုသည် သူတို့ကိုသိပ်ပြီးအလေးထားစကားမပြေပေ။

လူတွေနဲ့ အရမ်းရင်းနှီးတဲ့ မြို့ခေါင်းဆောင်ကြီးတစ်ယောက်ကို မြင်ဖူးလား။

ထို့အပြင် သူသည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးဖြစ်သည်။

လင်းဖန်ကသူတို့ထင်ထားတာထက်တောင် ပိုအံ့သြစရာကောင်းနေသည်။

လင်းဖန်က ပြုံးလိုက်ပြီး”ဟုတ်တယ် အစ်ကို ဇောင်မတွေ့ရတာကြာပြီ”

ထို့နောက်ဇောင်ချင်းကျူက “ကျွန်ုပ်တို့ရဲ့ချင်ရှီမြို့ကို ဧည့်သည်တော်အဖြစ် ရောက်လာတဲ့လုပ်ငန်းရှင်ကြီးအားလုံးကို ဒီချင်ရှီဟိုတယ်ကနေကြိုဆိုပါတယ်။ အဆင်မပြေတဲ့ဟာတွေရှိခဲ့ရင်ကျေးဇူးပြုပြီးအားမနာတမ်းပြောပေးပါ!”

“မဟုတ်တာ..”

“မြို့ခေါင်းဆောင်နဲ့ နေ့လယ်စာစားရတာ ဂုဏ်ယူစရာပါ”

လီကျူပန်၊ ဇောင်၊ ဝမ်ဖန်ရီ နှင့် အခြားသူများ တယောက်ပြီးတယောက် ပြန်ပြောလိုက်ကြသည်။

လီဝမ်နိုင် က ပြုံးပြီး “ခေါင်းဆောင်ချင်၊ ငါချင်ရှီ မှာ ဧည့်သည်တော့မဟုတ်ဘူးလေ”

ဇောင်ချင်းကျူ က “အာဟုတ်သားပဲမေ့သွားတာ!”

အတန်ကြာ စကားစမြည်ပြောပြီးနောက် လင်းဖန်သည် အားလုံးကိုဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်ကို ပြောလိုက်သည်။

“အထွေထွေမန်နေဂျာဝမ်၊ မင်းက ဟိုတယ်မှာ ကျွမ်းကျင်တဲ့သူဆိုတော့ ငါ့မွေးရပ်မြို့ချင်ရှီမှာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ယွမ် ၁ ဘီလီယံကျော်ရှိတဲ့ အဆင့်မြင့်ဟိုတယ်တစ်ခု တည်ဆောက်တာကိုမင်းဘယ်လိုထင်လဲ။” လင်းဖန်က မေးလိုက်သည်။

ဤစကားများထွက်လာသည်နှင့် တပြိုင်နက် လင်းဖန်၏ ဖိတ်ကြားခြင်း၏ ရည်ရွယ်ချက်ကို လူတိုင်း ချက်ခြင်းနားလည်သွားကြသည်။

ဝမ်ဖန်ရီ က “ချင်ရှီမြို့ မှာ လူဦးရေများပြားပြီး သာယာလှပတဲ့ပတ်ဝန်းကျင်ရှိပါတယ်။ အလယ်အလတ်တန်းစားဟိုတယ်တွေကရှားပါးမှုမရှိပေ။’’

“ဒါပေမယ့်၊ အဆင့်မြင့်အထင်ကရ ဟိုတယ်တစ်ခုမှ မရှိပါဘူး။ ချင်ရှီမှာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ယွမ် ၁ ဘီလီယံကျော်နဲ့ အဆင့်မြင့် ဟိုတယ်တစ်လုံး တည်ဆောက်ဖို့ အလားအလာ ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။”

“ချင်ရှီမြို့က သင့်တော်တဲ့ နေရာကို ပေးနိုင်ရင် ကျန်ပေ့မှာရှိတဲ့အင်ပါယာဟိုတယ်ကို အခြေခံပြီး ချင်ရှီမြို့ မှာ အထင်ကရ ဟိုတယ်တစ်ခု ဆောက်ဖို့ကိုလျှောက်ထားဖို့ ဆန္ဒရှိပါတယ်!”

ဒါကိုကြားတော့သူ့ဘေးတွင်ထိုင်နေသော စုဝမ်ဝူသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုကို ပြသလိုက်သည်။

ဒါကရင်းနှီးမြှပ့်မှုကအစပဲရှိသေးပေမဲ့၁ ဘီလီယံက်ုရောက်နေပြီဖြစ်သည့။

ဒါ... မြန်လွန်းတယ် မဟုတ်ဘူးလား။

ဇောက်ချင်းကျူကလည်း အရမ်းပျော်သွားပြီး “ချင်ရှီမြို့ရဲ့ အလယ်ဗဟိုမှာ အရမ်းကောင်းတဲ့ လစ်လပ်နေရာတွေ ရှိပါတယ်၊ လေလံတင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် မစ္စတာဝမ် က အထင်ကရ ဟိုတယ်တစ်ခု ဆောက်ဖို့ ဆန္ဒရှိနေသရွေ့ အချိန်မရွေး သွားယူလို့ရပါ်”

ဝမ်ဖန်ရီက ပြုံးလိုက်ပြီး”ဒါဆ်ုခေါင်းဆောင်ချင်ကိုပဲ ကျေးဇူးတင်ပါတယ်”

စကားပြောပြီးနောက်သူသည် ဖန်ခွက်ကို မြှောက်လိုက်ပြီး တစ်ချက်တည်း ဝိုင်ကိုသောက်လိုက်သည်။

ဇောင်ချင်းကျူကလဲ ‘’ မစ္စတာဂမ်ဘာကိုကျေးဇူးတင်တာလဲ၊ ချစ်ရှီမြို့ဆောက်လုပ်ရေးအတွက် မင်းရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်!”

ထို့ကြောင့် သူသည်လဲနောက်မှလိုက်ကာ ဝိုင်တစ်ခွက်အပြည့်သောက်လိုက်သည်။(အထပ်ကရဟိုတယ်ဆောက်ပေးလို့ကျေးဇူးတင်တဲ့အနေနဲ့သောက်တာပါ)

ထို့နောက် လင်းဖန်က “ဇောင်၊ရှောင်ဝူလက်ကားမြို့ဟာ အလယ်ပိုင်းဒေသမှာ သိုလှောင်ရုံတစ်ခု မတည်ထောင်ရသေးတာကို မှတ်မိတယ်၊မင်းချင်ရှီ ကို ဘယ်လိုထင်လဲ။”

ဤသည်မှာ လင်းဖန်၏ အကြီးဆုံးရှယ်ယာရှင်အဖြစ် ပထမဆုံးတောင်းဆိုမှုဖြစ်သောကြောင့်ဇောင်ကဘယ်လိုငြင်းနိုင်မလဲ။

ထို့အပြင် ရှောင်ဝူလက်ကားစီးတီးသည် သိုလှောင်ရုံတစ်ခု အမှန်တကယ်လိုအပ်နေသည်။

ထို့ကြောင့် ဇောင် က “ချင်ရှီမြို့သည် ကျန်ပေ့မှ ကီလိုမီတာ 100 သာကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည်။ မြေကွက်လပ်ကျယ်နေပါက၊ သိုလှောင်ရုံတစ်ခုတည်ဆောက်ရန်မှာ သေချာပေါက်ရွေးချယ်မှုကောင်းသည်။ ။”

ရှောင်ဝူလက်ကားစီးတီးသည် စျေးကွက်တန်ဖိုး ဘီလီယံပေါင်းများစွာရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်စဉ် သန်းရာနှင့်ချီအမြတ်ရှိသည့်များကို နေ့ချင်းပြန်ပို့မှုများဖြင့် ပေးပို့လျက်ရှိသည်။

သိုလှောင်ရုံ၏ အရေးကြီးပုံကို စိတ်ကူးကြည့်နိုင်သည်၊ သိုလှောင်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုမှာ အနည်းဆုံး ယွမ်တစ်ဘီလီယံ ဖြစ်နိုင်သည်။

နောက်ထပ် ဘီလီယံနှင့်ချီသော ရင်းနှီးမြှုပ်နှံမှု။

ဇောင်ချင်းကျူက “ဇောင် ကျွန်တော်တို့ ချင်ရှီမြို့အရှေ့ဘက်မှာ စက်မှုမြေ အများအပြား ရှိပါတယ်။အဲ့ဒါတွေက ကျန်ပေ့နဲ့ ပိုနီးပြီး နှစ်လမ်းသွား လေးလမ်းသွား ပထမတန်း အဝေးပြေးလမ်းမကြီးနဲ့လဲသွားလို့ရသောကြောင့်သေချာပေါက် အကောင်းဆုံး နေရာတစ်ခုပင်ဖြစ်သည်။အဲ့ဒါကိုဘယ်လိုသဘောရလဲ’’

ဇောင်က ပြုံးလိုက်ပြီး “ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဇောင်၊ ဒီလို မြေကိုပေးတဲ့အတွက်၊ ငါ မင်းကိုကျေးဇူးတင်ပါတယ်”

စကားပြောပြီးတဲ့အခါ သူက ဝိုင်တစ်ခွက်တိုက်ရိုက်သောက်လိုက်သည်။

ဇောင်ချင်းကျူကလည်း ထပ်သောက်လိုက်သည် ။

လင်းဖန်က လီကျူပန် ကို တဖန် စိုက်ကြည့်လိုက်ပြီး’’အန်ကယ်လီက တရုတ်ဆေးပညာ၊ စိုက်ပျိုးခြင်းနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမိလဲ” လို့ ပြောလိုက်သည်။

လီကျူပန် က “တရုတ်ရိုးရာဆေးပညာက ခန္ဓာကိုယ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို အာဟာရဖြစ်စေတဲ့ အာနိသင်ရှိပါတယ်။ အခုခေတ်လူတွေက တရုတ်ဆေးပညာကို ပိုပိုပြီး အာရုံစိုက်လာကြတယ်။”

“ချင်ရှီသည် လွင်ပြင်တစ်ခုတွင် တည်ရှိပြီး နေရောင်ခြည်နှင့် မိုးရွာမှု အများအပြား ရှိသည်။ ယခုတစ်ကြိမ် ကျွန်ုပ်တို့ချင်ရှီသို့ ရောက်ရှိလာရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ တရုတ်ဆေးပင် စိုက်ပျိုးရေး အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် မြေတစ်သုတ်နဲ့စာချုပ်ချုပ်ရန် ဖြစ်သည်။’’

“ဒါကိုမြို့ခေါင်းဆောင်ချင် သဘောတူလား မသိဘူး...”

ဇောင်ချင်းကျူက စိတ်လှုပ်ရှားစွာနဲ့ “ကျွန်ုပ်တို့ရဲ့ ချက်ရှီကနေလုံးဝကြိုဆိုပါတယ်၊”

လီကျူပန်က ပြုံးပြီးပြောတယ် “ဒီလိုဆိုတော့လီဆေးဝါးကုမ္ပဏီက တရုတ်ဆေးပက်စိုက်ပျိုးဖို့အတွက် မြေဧက 10,000 ကို စာချုပ်ချုပ်ဖို့ ဆန္ဒရှိပါတယ်”

မြေကွက် 10000

မြေတစ်ရာလျှင် ယွမ်ငွေ ၁၀၀၀၀၀ ကို အခြေခံ၍ တွက်ချက်မည်ဆိုပါက၊

10,000 ဆိုရင်နှစ်စဉ်ဝင်ငွေသည် ၁ ဘီလီယံကျော်ဖြစ်သည်။

နောက်ထပ် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ၁ ဘီလီယံကျော်ဖြစ်သည်။

ဇောင်ချင်းကျူက ဝိုင်ဖန်ခွက်ကို အမြန်ကောက်လိုက်ပြီး “ချင်ရှီကို အကောင်းမြင်မှုနဲ့ အားပေးကူညီမှုအတွက်မစ္စတာလီကို ကျေးဇူးတင်ပါတယ်၊ နောက်ပြီးချင်ရှီကလဲမစ္စတာလီ ကိုဘယ်တော့မှ စိတ်မပျက်စေရဘူးလို့ကတိပေးပါတယ်။”

ထို့နောက်ဇောင်ချင်းကိူသည် ဝိုင်ဖန်ခွက်ကို ကောက်ယူပြီး တိုက်ရိုက်သောက်လိုက်သည်။

လီကျူပန်ကလည်း သောက်လိုက်သည်။

လီဝမ်နိုင် က ပြုံးလိုက်ပြီး”သူဌေးတိုင်းက ငါတို့ ချင်ရှီ မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး ပံ့ပိုးပေးခဲ့ကြတယ်။ဒါကြောင့်ငါ့အိမ်ရှင်ကို ချန်ထားခဲ့လို့မရဘူး!”

“ကျွန်ုပ်တို့ ချက်ရှီသည် လူများ ဖတ်ရှုလေ့လာရန် စာကြည့်တိုက်နေရာမရှိခဲ့ပေ။ ယွမ် သန်း 500 ထက်မနည်းသော ရင်းနှီးမြုပ်နှံမှုဖြင့် စာကြည့်တိုက်ကြီးတစ်ခုကို တည်ဆောက်ရန် ကျနော်ဆုံးဖြတ်လိုက်သည်”

“ကောင်းတယ်! ဟား။ ကျေးဇူးတင်ပါတယ်!” ဇောင်ချင်းကျူ က ဝမ်းသာအားရ အော်ပြောလိုက်သည် ။

၁ ဘီလီယံကျော်ရှိသော အဆင့်မြင့်ဟိုတယ်၊ ၁ ဘီလီယံကျော်ရှိသော သိုလှောင်ရုံ၊ ၁ ဘီလီယံကျော်ရှိသော တရုတ်ဆေးပက်စိုက်စခန်းများနှင့် သန်း ၅၀၀ ကျော်ရှိသော စာကြည့်တိုက်။

နေ့လယ်စာစားရုံဖြင့် 3.5 ဘီလီယံအထိ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်ဆုံးဖြတ်ခဲ့သည်။

ဒါ.ကြောက်စရာပင်ဖြစ်သည်။

“ကလင် ကလင် ကလင်!”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်အတွင်းမှ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

ဒီနေ့တင်တာနောက်ကျသွားတယ်😁😁

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters