သီချင်းဆိုလိုက်ပါ
Vol. 15 Ch. 213
ဟွမ်ဒီနှင့်ပတ်သက်သောသတင်းသည်ချင်ရှီတစ်မြို့လုံး သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကိုကြားပြီးနောက်ဝမ်ဟိုင်ရီသည် အလွန်ထိတ်လန့်သွားခဲ့သည်။
ထို့နောက် သူ့လက်လုပ်နေတဲ့ဟာတွေကိုအလျင်စလိုချကာ သူ့သမီး ဝမ်ရှီဆီသို့ အလျင်အမြန်ရောက်လာပြီး “ရှီရှီ မင်းနဲ့ဟွမ်ဒီတို့ကချစ်သူတွေဖြစ်နေပြီလား။”
ဝမ်ရှီသည် သူ့မဖခင်သည်ဟွမ်ဒီနဲ့သူမတို့တွဲနေခြင်းကိုသိရင်ချပ်ချင်လမ်းခွဲခိုင်းမည်ကိုသိသည်။အရင်ရက်တွေကဆိုရင်မဟုတ်ဘူးလို့ဖြေမည်ဖြစ်သည်။သို့သော်ယနေ့တွင်မူသူမက
“ဟုတ်တယ်၊ ဟွမ်ဒီနဲ့သမီးတို့ကချစ်သူတွေဖြစ်နေကြပြီ” လို့ပြောလိုက်လေသည်။
“ဖေဖေ၊ မင်းငါတို့ကိုလမ်းခွဲလို့မရဘူး၊ငါ့တို့ကတစ်ယောက်ကိုတစ်ယောက်တစ်ကယ်ချစ်ကြတာပါ။ပြီးတော့ငါကသးနဲ့အတူဆိုရင်အရမ်းပျော်တယ်။ပြီးတော့......”
ဝမ်ရှီ သည် သူမဖခင်ကိုပြောမည့်စကားများစွာကို ပြင်ဆင်ထားပြီးဖြစ်သည်။ ဟွမ်ဒီနှင့် သူမတို့၏ဆက်ဆံရေးသည်ကိုနားလည်နိုင်စေရန်ဖြစ်သည်။ပြီးတော့သူမသည်သူမ၏ဖခင်အား စည်းရုံးချင်ခဲ့သည်။
သို့သော် သူမစကားမဆုံးခင်ဝမ်ဟိုင်ရီက ဝမ်းသာအားရ အော်ရယ်လိုက်တော့သည်။
“ကောင်းပြီ ဟားဟားဟား! ကောင်းတယ်!”
“အမ်?” ဝမ်ရှီသည် သူမ၏အဖေအပြုမူကြောင့်ပြောမည့်ဟာတွေပျောက်ရှသွားလေတော့သည်။
ပြီးတော့သူမသည်ပြုံးနေသော ဖခင်၏ မျက်နှာကို ကြည့်ကာဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်တော့ပေ။
ဒါ…
အခု...အခြေအနေကဘယ်လိုလဲ။
ဖြစ်နိုင်မလားအဖေကဟွမ်ဒီနဲ့ငါတွဲနေတာကိုသိလို့ရူးနေတာလား။
ဒါကိုစဉ်းစားရင်း ဝမ်ရှီက အနည်းငယ်စိုးရိမ်သွားပြီး “ဖေဖေ၊ မင်းအဆင်ပြေရဲ့လား”
ဝမ်ဟိုင်ရီက ဝမ်းသာအားရနဲ့ “စိတ်မပူပါနဲ့ ငါနေကောင်းပါတယ် ဟား....ဟာဟား!”
ဝမ်ရှီက သူ့မစိတ်ထဲမှာ “ပုံမှန်ဆို အဖေ ဒီအကြောင်းကိုသိရင်ဒေါသထွက်သင့်တာမဟုတ်ဘူးလား။ဒါပေမယ့်ဘာလို့ အခုဒီလောက်ပျော်နေတာလဲ။’’ဟုရေရွတ်လိုက်သည်။
ဝမ်ဟိုင်ရီက သူ့သမီးလေး တွေးနေတာတွေကို နားလည်လိုက်ပြီး “သမီး သိလား ဟွမ်ဒီက ဒီနေ့မှာ ဘီလီယံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေကိုလုပ်အောင်ဆွဲဆောင်နိုင်ခဲ့ပြီး အဲ့ထဲမှာယွမ် 50 ဘီလီယံကျော် တန်ကြေးရှိတဲ့ နိုင်ငံတကာ ပို့ဆောင်ရေး လေဆိပ်တစ်ခုတောင် ပါသေးတယ် “
ဒါကိုပြောရင်းဝမ်ဟိုင်ရီရဲ့ လေသံက စိတ်လှုပ်ရှားလာခဲ့သည်။
ဝမ်ရှီသည် ထိုစကားကိုကြားသောအခါ သူ့မရဲ့မျက်လုံးတွေဟာပြူးကျယ်သွားပြီးတော့သူ့မရဲ့မျက်နှာမှာ အံ့သြမှုအပြည့်တွေအပြည့်နဲ့ဖြစ်သည်။
ဝမ်ရှီသည်အထူးသဖြင့် ယွမ် ၅၀ ဘီလီယံကျော်ရှိသော နိုင်ငံတကာ ပို့ဆောင်ရေးလေဆိပ်သည် ဤမျှကြီးမားသော ပရောဂျက်များမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရခြင်း၏ အဓိပ္ပါယ်ကို သူမကောင်းကောင်းသိပါသည်။(ရင်းနှီးမြှပ်နှံမှုဆိုတာကဒီပရောဂျက်မှာမြှပ်နှံတဲ့သူတွေကိုပြောတာပါ)
ဒါဟာ လုံးဝ... လူတစ်ယောက်ရဲ့ဘဝကို လုံးဝပြောင်းလဲသွားစေနိုင်တဲ့ ဟာတစ်ခုပင်ဖြစ်သည်။
ဝမ်ဟိုင်ရီက ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး “ဟွမ်ဒီ၊ ဒီကလေးက အရမ်းကောင်းတယ်၊ သမီး နင်ရည်းစားကောင်း ရှာတွေ့တာပဲ။နင့်ရဲ့အမြင်ကငါနဲ့တူလို့ကောင်းတာ ။”
ဒါကိုကြားတော့ဝမ်ရှီ၏ လှပသော မျက်နှာသည် မှုန်ကုပ်ကုပ် အပြုံးကို မပြပဲမနေနိုင်ပေ။သူမ၏အမူအရာမှတစ်ဆင့်အဖသမီး၏ အမြင်အာရုံသည် အမြဲတမ်း ကောင်းမွန်နေပါတယ်နော်။
ထိုအချိန်တွင် ဝမ်ဟိုင်ရီက ဘေးတွေကိုလှည့်ပတ်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ “သမီးနင်နဲ့ ဟွမ်ဒီတို့ဟိုဟာလုပ်ပြီးပြီလား...”
ဝမ်ရှီသည် မယ်သီလရှင်လုပ်မည့် ကလေးမလေးမဟုတ်တာကြောင့်သူမ ဖေဖေပြောတဲ့ဟာကို သူမ သဘာဝကျကျ နားလည်သည်။ဒါကြောင့် သူမရဲ့ လှပတဲ့ မျက်နှာလေးက နီရဲသွားပြီး သူမခေါင်းကို ငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်”အဖေ...”
ဝမ်ဟိုင်ရီ က ချောင်းအနည်းငယ်ဆိုးလိုက်ပြီး’’ဟွမ်ဒီကို ညနေ ညစာစားဖို့ အိမ်ကိုဖိတ်လိုက်ပါ”
“ဟုတ်.” ဝမ်ရှီကတိုးတိုးလေးပြန်ပြောလိုက်လေသည်။
…………
လင်းဖန်သည် ဒါကိုမသိပေ။သိရအောင်လဲသူ့အလုပ်မဟုတ်သောကြောင့်သိရင်တောင်ဝါးဟားဟားရေခဲမုန့်လို့ပဲပြောမည်ဖြစ်သည်။
ထိုအချိန်တွင် သူသည် အကွေ့အကောက်များသောလမ်းအတိုင်း လျှောက်လှမ်းနေဆဲဖြစ်သည်။(ရုတ်တရက်လင်းဖန်၏လက်ကိုင်ဖုန်းသည်တုန်ခါလာတော့သည်။လင်းဖန်ယနေ့စာအိတ်နီဖွင့်ရာတွင်ယွမ်128904သာရရှိပြီးတောင်ပဆိုတဲ့ဆိုင်တစ်ဆိုင်ကိုလဲရရှိခဲ့သည်။အဲ့တာကနေ့လယ်စာစားနေရင်းရခဲ့တာပါအခုညနေရောက်နေပြီဖြစ်ပြီးမှောင်နေပြီလဲဖြစ်သည်။😁)
ခဏတာလမ်းလျှောက်ပြီးနောက်လမ်းဆုံတစ်ခုကို ကွေ့လိုက်ချိန်မှာတော့ ကျောင်းသားတစ်စုသည်သူ့အနားကိုရောက်လာခဲ့သည်။
အဲဒီအထဲမှာ ငယ်ရွယ်၊နုပျို၊လှပ၊တင့်တယ်တဲ့ အပြုံးလေးနဲ့ မိန်းကလေးတစ်ယောက်ရှိပါသည်။သူမကတော့ဇာတ်လိုက်ရဲ့ညီမလင်းရှောင်ရီပင်ဖြစ်သည်။
“ရှောင်ရီ?” လင်းဖန်က ခေါ်လိုက်သည်။
“အစ်ကို!” လင်းရှောင်ရီက ဝမ်းသာအားရ ခေါ့လိုက်သည်။
ထို့နောက် သူမဘေးနားက ယောက်ျား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက်ကို ကြည့်ပြီး“မိတ်ဆက်ပေးရပါစေ ဒါက ငါ့အစ်ကိုပါ”
“အစ်ကို၊ သူတို့အားလုံးက ငါ့အတန်းဖော်တွေပဲ!”
“ဒီနေ့ ကိုယ်တိုင်စာလေ့လာဖို့ မချိန်မရှိဘူးလေ။ ဒါကြောင့်ဇူကျန် က ငါတို့ကို သီချင်းဆိုဖို့ ဖိတ်ခေါ်နေတာ။ အစ်ကို၊ မင်းလည်း ငါတို့နဲ့အတူတူ သွားသင့်တယ်!”
သီချင်းဆိုတာလား?
ညီမလေးနဲ့ သူ့အတန်းဖော်တွေနဲ့ အတူလား?
လင်းဖန်သည် ဒါကိုလုံးဝစိတ်မဝင်စားပေ။
ထို့ကြောင့် ခေါင်းယမ်းကာ “မင်းရဲ့ အတန်းဖော်တွေနဲ့ပဲသွားတာ ပိုကောင်းတယ်၊ ငါ မလိုက်တော့ဘူး”
လင်းရှောင်ရီက လင်းဖန်၏လက်ကို ပွေ့ဖက်လိုက်ပြီး “အစ်ကို၊ အတူတူသွားကြရအောင်။ အရမ်းနောက်ကျနေပြီလေ၊မင်းရဲ့ချစ်စရာကောင်းတဲ့ညီမကို အန္တရာယ်ဖြစ်မှာမကြောက်ဘူးလား”
လင်းဖန်က လင်းရှောင်ရီ၏ပါးနှစ်ဖက်ကိုဆွဲပြီး “မင်းမျက်နှာကအရမ်းရုပ်ဆိုးနေတာဆိုတော့အန္တရာယ် မရှိဘူး” လို့ပြောလိုက်သည်။
“အစ်ကို!” လင်းရှောင်ရီက အော်ဟစ်လိုက်သည်။
လင်းဖန်က ပြုံးပြီး “ကောင်းပြီ၊ ငါ မင်းနဲ့အတူလိုက်ခဲ့မယ်” လို့ပြောလိုက်သည်။
“ဝေး...” လက်းရှောင်ရီကချက်ချင်းရွှင်လန်းသွားတော့သည်။
ရလဒ်အနေဖြင့် မူလကလူ 6 ဦးသာရှိသောအဖွဲ့တွင် လင်းဖန်တစ်ဦး ထပ်မံရောက်ရှိလာသည်။
များမကြာမီတွင်၊ ရောင်စုံမီးများဖြင့် ထွန်းလင်းတောက်ပနေသော အလွန်ခေတ်ဆန်ပြီး တန်ဖိုးကြီးအဆောက်အအုံတစ်ခုသည် လူတိုင်း၏မျက်လုံးထဲတွင် ပေါ်လာလေသည်။
လင်းဖန်သည် အထက်တွင် တိုက်ရိုက်ရေးထားသော ‘တောက်ပသော’ စာလုံးကြီးများကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်ကိုမဖော်ပြပဲမနေနိုင်ပေ။
တောက်ပ?
ဒါက ငါရတဲ့ဆိုင်မဟုတ်ဘူးလား
ကိုယ့်ဆိုင်မှာ သီချင်းဆိုတာလား။
လင်ဖန်းကကြောင်ပြီးကြည့်နေသည်ကို မြင်တော့ လင်းရှောင်ရီဟာ ခမ်းနားထည်ဝါတဲ့ အဆောက်အဦးကြောင့် တုန်လှုပ်သွားသည်လို့ ထင်ကာ “အစ်ကို၊ ဘယ်လိုလဲ၊ ဒါက ကျန်ပေ့ထက် မနိမ့်ကျဘူးမဟုတ်လား။”
ဒါက သူ့ကိုယ့်ချီးကျူးနေတာမဟုတ်လား။
လင်းဖန်က ပြုံးကာ ခေါင်းညိတ်ကာ “မဆိုးပါဘူး” ဟု ပြောလိုက်သည်။
လင်းရှောင်ရီ သည် ထိုစကားကိုကြားပြီးနောက် မပျော်နိုင်တော့ပေ။
လူတစ်စု တောက်ပ ထဲသို့ လျှောက်သွားသောအခါတွင် သင်းပျံ့သောရနံ့တစ်ခု ထွက်ပေါ်လာပြီး လူများကိုသက်တောင့်သက်သာဖြစ်စေသည်။
အနက်ရောင်မျက်မှန်တပ်ထားသည့် ဇူကျန်က “ဒီနေ့ မင်းတို့ကိုဖိတ်တာဆိုတော့ငါပဲပေးမယ်”
လင်းဖန် က “မင်း ဒီနေ့ ပိုက်ဆံပေးစရာ မလိုဘူး”
ကိုယ်ပိုင်ဆိုင်မှာသီချင်းဆိုဖို့ ပိုက်ဆံဘယ်မှာလိုအပ်လို့လဲ။
သို့သော်လည်း ဇူကျန် သည် လင်းဖန်ကသူကိုစာသင်ကြားနေတဲ့ကျောင်းသားမလို့ပြောနေတာလို့ထင်သွားသည်။
ဒါကြောင့်သူက ပါးစပ်ကိုဖွင့်ပြီးပြောလိုက်သည် “အစ်ကိုလင်း၊ ဒီတစ်ခါတော့ကျနော်ဖိတ်တဲ့အတွက်ငွေပေးချေပါရစေ”
ဒါက်ုကြားတော့လင်းဖန်က စကားမပြောဘဲ ပြုံးလိုက်သည်။
ခဏကြာတော့ စားပွဲထိုးတစ်ယောက်က သူတို့ကို လာနှုတ်ဆက်လေသည်။
“တောက်ပကနေကြိုဆိုပါတယ်၊ သီးသန့်အ
ခန်းကြိုမှာထားတာရှိပါသလား”
ဇူကျန်- “ကျွန်တော်တို့မှာ ကြိုတင်မှာထားတာ မရှိဘူး၊ ငါတို့အတွက် သီးသန့်အခန်းတစ်ခုဖွင့်ပေးပါ။”
စားပွဲထိုးက တောင်းပန်တဲ့လေသံနဲ့ “ဆောရီးပါ ငါတို့ရဲ့သီးသန့်ခန်းက ပြည့်သွားပြီ”
“သာမန်အလယ်အလတ်ခန်းကရော ရှိသေးလား” ဇူကျန်က မေးလိုက်ရာစားပွဲထိုးက’’အလယ်အလတ်အခန်းတစ်ခန်းပဲရှိတော့တယ် “ ပြန်ဖြေလိုက်သည်။
ဇူကျန်က “ကောင်းပြီ ဒါဆို ငါတို့အဲ့ဒီ သာမန်အလယ်အလတ်အခန်းပဲယူတော့မယ်”
တောက်ပ သည် ချင်ရှီတွင် အကောင်းဆုံးဖြစ်သည်မှာထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။
သာမန်အလယ်အလတ်အခန်းထဲတွင် ပျော့ပျောင်းသောဆိုဖာနှင့် အတွင်းခန်းအလှဆင်မှုများသည် အလွန်ကောင်းမွန်သည်။
ဒါကိုကြည့်ပြီးလင်းဖန်သည် မကူညီနိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
စားပွဲထိုးက “ကျွန်ုပ်တို့ရဲ့ အိမ်တွင်းစူပါမားကတ်မှာ ယွမ် ၄၀၀ ကျော်ဝယ်ရင် သာမန်အလယ်အလတ်အခန်းမှာ ၃ နာရီ အခမဲ့ သီချင်းဆိုနိုင်ပါတယ်”
မူလ အခန်းခက တစ်သိန်း နှစ်သိန်းလောက် ကုန်ကျမည်ဖြစ်ပြီးသီချင်းဆိုဖို့ အစားအသောက်နဲ့ သောက်စရာတွေ ကလဲလိုသေးသည်။
ယခုသူတို့တွေကဒါကိုဝယ်ယူရုံဖြင့် သုံးနာရီအခမဲ့ သီချင်းဆိုနိုင်သည်။
ဒါကြောင့် ဇူကျန်က ချက်ချင်းပဲ “တစ်ခုခုဝယ်ဖို့ စူပါမားကတ်ကို သွားရအောင်”
ဒီနေ့နျစ်ပိုင်းထဲပါ။မနက်ဖြန်လေးပိုင်းလာပါမယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး