ပေးရန်မလိုအပ်ပါ။
Vol. 15 Ch. 214
အဆာပြေ ၊ အဖျော်ယမကာ ၊ သစ်သီးများ . . . အရာအားလုံး အပါအဝင် ကြီးမားသော အပြင်အဆင်နှင့် စူပါမားကတ် တစ်ခု။
လင်းဖန်၊ လင်းရှောင်ရီနဲ့ တခြားလူတွေက လှည်းလေးကိုကိုင်ပြီး ပျော်ရွှင်စွာလိုက်ရွေးနေလေသည်။
ထိုအချိန်တွင် မြင်းမြီးလိုဆံပင်စည်းထားသော မိန်းကလေးက လူစီ XIII ပုလင်းကို ညွှန်ပြပြီး “ဒီဝိုင်ပုလင်းကို ကြည့်ပါအုံး၊သူရဲ့ ထုပ်ပိုးမှုက အရမ်းထူးခြားတယ်!”
“ဝိုး!ဒါကိုငါ့အိုင်ဒေါက တီဗီစီးရီးတစ်ခုမှာ ဒီလိုဝိုင်မျိုး သောက်ခဲ့တယ်!” ဆံပင်တို မိန်းကလေး နောက်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
စကားပြောနေစဉ်တွင် သူမသည်လူစီ XIII ကို စင်ပေါ်မှ လှမ်းဆွဲကာ ယူလိုက်သည်။
သို့သော် သူမသည်ဝိုင်ကိုယူသောအခါတွင်လက်ချော်သွားသောကြောင့်မြေပေါ်သို့မတော်တဆကျသွားခဲ့သည်။
“ဗွမ်း!”
ရုတ်တရက် ဝိုင်များသည် နေရာအနှံ့အပြားသို့ ပျံ့လာပြီး ကြွယ်ဝသောဝိုင်၏ရနံ့သည် စူပါမားကတ်တွင် ဆက်လက်ပျံ့နှံ့သွားလေသည်။
အဖြူရောင်အဝတ်အစားဝတ် အမျိုးသမီးငယ်တစ်ဦးသည် ၎င်းကိုမြင်သောအခါသူမက “ဒီဝိုင်ပုလင်းကို ကြည့်ရတာ စျေးမကြီးပါဘူး၊ ငါပေးချေပေးလိုက်ရင်ကောင်းမလား”
“ဒါက လူစီ XIII ပါ။ ဒီပုလင်းက အနည်းဆုံး 20,000 ကနေ 30,000 အထိ ကုန်ကျမှာကို ငါကြောက်တယ်။” သူ့ဘေးကလူက အံသြတစ် ကြီးပြောလိုက်သည်။
ဆံပင်တိုမိန်းကလေးက ဒီစကားကြားတော့ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။
နှစ်သောင်းကနေ သုံးသောင်းလား?
မူလက သူမသည် ဝိုင်ကို မတော်တဆ ပြုတ်ကျမိသောကြောင့် သူမ အလွန် စိတ်ရှုပ်သွားခဲ့သည်။
နှစ်ယောက်သား စကားပြောသံကို ကြားလိုက်ရတော့ သူမထိတ်လန့်သွားသည်။
ငါဘယ်မှာဒီလောက်ပိုက်ဆံအများကြီးရှိနိုင်မှာလဲ
ထိုအချိန်တွင် စားပွဲထိုးတစ်ဦးလည်း ဆူညံသံကြားသဖြင့် အမြန်လျှောက်လာခဲ့သည်။
ကွဲနေသော ပုလင်းနှင့်ဝိုင်ကို မြေပြင်ပေါ်တွင် မြင်သောအခါ ဆံပင်တိုသော မိန်းကလေးကို ချက်ခြင်း စိုက်ကြည့်လိုက်သည်။
ထို့နောက် သူ့ဘေးတွင်ရပ်နေသော ဆိုင်းဘုတ်ကို ညွှန်ပြလိုက်သည်။’ပျက်စီးလိုက်သောအရာများကို ပေးချေပါ’။
“ဒါကလူစီ XIII ပါ။ ဈေးနှုန်းက ယွမ် ၂၈၈၈၈” လို့ပြောလိုက်သည်
ထိုစကားကိုကြားပြီးနောက် ဆံပင်တိုကောင်မလေး၏ မျက်နှာသည် ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
၂၈၈၈၈ ယွမ်?
သူမလုံးဝမတတ်နိုင်ပေ!
သူမပုံစံကို မြင်ပြီးနောက် အဝေးက မလှမ်းမကမ်းမှာရှိနေတဲ့ယောက်ျားနှင့်မိန်းမတွေက ရယ်မောတဲ့ အမူအရာတွေ ပြလိုက်ကြသည်။
“ဒီမိန်းကလေးက ကျောင်းသူဖြစ်သင့်တယ်။ အခုအခြေအနေကကြည့်ဖို့ကောင်းမယ့်ပုံပဲ” မိန်းမက ပြောလိုက်သည်။
စားပွဲထိုးသည် မိန်းကလေး၏ အထောက်အထားကို မြင်လိုက်ပုံရပြီး “မြန်မြန်မင်းမိဘတွေကို ပိုက်ဆံယူလာခိုင်းလိုက်” လို့ ပြောလိုက်သည်။
မိဘကိုခေါ်မှာလား။
ဒါက ၂၈၈၈၈ ယှမျပါ။
အဖေနဲ့အမေကသူ့မကိုသတ်မှာ သေချာတယ်။
ဆံပင်တိုတိုနဲ့ ကောင်မလေးရဲ့ မျက်လုံးထဲကနေမျက်ရည်တွေ တလိမ့်လိမ့်ကျလာသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာခဲ့သည်။
အနောက်တိုင်း၀တ်စုံနဲ့ လည်စည်းဝတ်ထားတဲ့ မန်နေဂျာ ရှီဆောင်က လည်း ဆူညံသံကို ကြားပြီးတော့ လမ်းလျှောက်လာခဲ့တာပင်ဖြစ်သည်။
ဖြတ်သွားသော စားပွဲထိုးများက တယောက်ပြီး တယောက် လေးလေးစားစား အော်ပြောကြသည့။ “မင်္ဂလာပါ မန်နေဂျာရှီ”
ရှီဆောင်က ခေါင်းညိတ်ကာပြန်ပြီး နှုတ်ဆက်လိုက်လေသည်။
စူပါမားကတ်ရှိ ဝန်ထမ်းက “မန်နေဂျာရှီ၊ ဒီမိန်းကလေးက ငါတို့ လူစီ XIII ကို ဖျက်စီးလိုက်လို့လျော်ကြေးတောင်းနေတာပါ”
ဒါကိုကြားတော့ရှီဆောင် က နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်..။
သို့သော်ဒီအချိန်မှာသူ့မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လင်းဖန်သည် ကောင်မလေးဘေးတွင် အမှန်တကယ်ရပ်နေသည်ကို ရုတ်တရက်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
လင်းဖန်အမည်ရှိ လူတစ်ဦးထံ တောက်ပကို လွှဲပြောင်းပေးခဲ့ကြောင်း ရှီဆောင် က ယမန်နေ့တွင် သိရှိခဲ့သည်။
ထိုညက ရှီဆောင်သည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ သူဌေးအသစ်က ဘယ်လိုလူလဲ၊ သူကကောင်းကောင်း ပေါင်းသင်းနိုင်လားဆိုတာ မသိလို့ပင်ဖြစ်သည်။
သူဌေးအသစ်က သူ့ကိုယ်ရုတ်တရက် အလုပ်ထုတ်ပစ်မှာလား။
ထို့ကြောင့် ရှီဆောင်သည် သူဌေးအသစ်နှင့်တွေ့ဆုံပြီး သူ့ကို ကျေနပ်အောင် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားနေခဲ့သည်။
ရှီဆောင် သည် ယနေ့တွင်သူဌေးအသစ်ကို တွေ့ရန် မမျှော်လင့်ခဲ့ပေ။
ရှီဆောင်သည်လင်းဖန်ထံသို့ အလျင်အမြန်ရောက်လာကာ အလွန်လေးစားသောလေသံဖြင့် “မင်္ဂလာပါ မစ္စနာလင်း”
လင်းဖန်က “မင်္ဂလာပါမစ္စတာ ရှီ”
ခေတ္တနားပြီးနောက် ဆံပင်တိုတိုနှင့် မိန်းကလေးကို လက်ညှိုးထိုးပြပြီး “ဒါက စတိုးဆိုင်ရှိ ဝိုင်ပုလင်းကို မတော်တဆ ကျကွဲသွားတဲ့ ငါ့ညီမရဲ့ အတန်းဖော်ပါ” လို့ ပြောလိုက်သည်။
စတိုးဆိုင်မှာ ဝိုင်ပုလင်းကို ကျကွဲခဲ့တာလား။
ကြည့်ရတာ... သူဌေးက သူ့ကိုယ်သူ မဖော်ထုတ်ချင်သေးဘူးထင်တယ်။
ရှီဆောင် ၏ မျက်လုံးများသည် ဆံပင်တို ကောင်မလေးကိုကြည့်လိုက်သည်။
ထို့နောက် စိုးရိမ်သောလေသံဖြင့် သူက “အတန်းဖော်၊ အဆင်ပြေရဲ့လား”
“ဒါက ငါတို့ဆိုင်မှာရှိတဲ့ ဝိုင်ပုလင်းအတုပါ၊ တကယ့် လူစီXIII မဟုတ်ဘူး။ တန်ဖိုးမရှိလို့ပိုက်ဆံပေးစရာ မလိုပါဘူး။”
“ဝိုင်ပုလင်းရဲ့အကွဲတွေကြောင့် မင်းကိုမထိခိုက်ဘူးလား”
ရှီဆောင်က စကားပြောနေချိန်မှာ သူ့မျက်လုံးတွေက လင်းဖန်ကို တိတ်တဆိတ်ကြည့်နေလိုက်သည်။ လင်းဖန်ကအနည်းငယ် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါရှီဆောင်ကပျော်သွားခဲ့သည်။
ငါ့ရဲ့ ကိုင်တွယ်ပုံက တကယ့်ကို မှန်တာပဲ။
ဆံပင်တိုမိန်းကလေးက ရှီဆောင် ရဲ့စကားကိုကြားတဲ့အခါ သူမရဲ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
သို့သော် သူမသည်အနည်းငယ် စိတ်ရှုပ်နေသောကြောင့်သူမက “တကယ်လား... တကယ်ကို ပေးစရာ မလိုဘူးလား?”
စကားပြောနေစဉ်တွင် သူမက ဝန်ထမ်းကို သတိထားပြီး ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝန်ထမ်းသည်လဲရှီဆောင်၏ စကားကြောင့် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
ဒီလူစီ XIII ကအတုတစ်ခုလား။
အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ !
ဒါပေမယ့် မန်နေဂျာက ဘာကြောင့် ဒီလိုပြောတာလဲ။
ရှီဆောင်က သူ့စိတ်ထဲမှာ သံသယတွေကို လုံးဝ ဂရုမစိုက်ဘဲ တင်းမာတဲ့အမူအရာနဲ့ ပြောတယ် “ဒါက ဝိုင်အတု မဟုတ်ဘူးလား”
ဝန်ထမ်းက အရမ်းကြောက်သွားပြီး”ဟုတ်ပါတယ်၊ဒါကြောင့်ပိုက်ဆံပေးစရာ မလိုပါဘူး” ဟု ကမန်းကတန်းပြောလိုက်သည်။
ထို့နောက်ရှီဆောင် သည် ဆံပင်တို မိန်းကလေးအား အလွန်တည်ငြိမ်သောလေသံဖြင့် “ကြားတယ်မဟုတ်ဘူးလား?”
ဆံပင်တို ကောင်မလေးက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး သူမတစ်ကိုယ်လုံး တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
သူ့ဘေးနားက အဝတ်ဖြူဝတ် အမျိုးသမီးငယ်က နှုတ်ခမ်းစူပြီး “ဘာ! ဒါတွေကဝိုင်အတုတွေလား။!”
“ဟေး၊ ဒါကကြည့်လို့မကောင်းဘူး’’လို့သူမဘေးကယောက်ျားကပြောလိုက်သည်။
သူတို့ နှစ်ယောက် စကား ပြောပြီးတဲ့အခါ သူတို့ ဝယ် ထားတဲ့ ဟာတွေ ကို ယူ ပြီး အပြင် ကို ထွက်သွားခဲ့သည်။
မြင်းမြီးဆံပင်စည်းထားသောမိန်းကလေး၊ ဇောင်ကျန် ၊ လင်းရှောင်ရီနှင့် အခြားသူများကလည်း အဲ့ဒါမှသက်ပြင်းတစ်ချက်ချလိုက်ကြသည်။
အခန်းထဲပြန်ရောက်တော့ စကားစပြောနေလိုက်သည်။
“ငါ ခုနကတကယ်ကြောက်သွားတာ။” မြင်းမြီးဆံပင်စည်းထားသော မိန်းကလေးက ပြောလိုက်သည်။
“ငါရောပဲ!” ကောင်လေးတစ်ယောက်ကပြောလိုက်သည်။
“ဝိုင်တစ်ပုလင်းက ၂၈၈၈၈ ယွမ်တောင်ရှိတာလား” ဇူကျန် က ပြောလိုက်သည်။
“ကံကောင်းတာက၊ အဲဒါက အတုမို့လို့မဟုတ်ရင် ဒီနေ့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” ဆံပင်တို ကောင်မလေးက ပြောလိုက်သည်။
“ဒါပေမယ့်၊ ဒီမန်နေဂျာက တော်တော်သဘောကောင်းတယ်။ “ မြင်းမြီးဆံပင်စီးထားသော မိန်းကလေးက ပြောလိုက်သည်။
“ဟုတ်တယ်၊ ငါတို့ခုနက ကံမကောင်းဘူးဆိုတော့ငါတို့သီချင်းဆိုချင်ရင် ငါတို့ ကံပြန်ကောင်းလိမ့်မယ်” ကောင်လေးတစ်ယောက်က အကြံပေးလိုက်သည်။
လင်းရှောင်ရီ က “ဒါဆိုလဲသီချင်းဆိုကြရအောင်”
ပြောပြီးတာနဲ့လင်းရှောင်ရီ က သီချင်းတစ်ပုဒ်ကို နှိပ်လိုက်ပြီး ဆံပင်တိုမိန်းကလေးနဲ့အတူ ကျယ်လောင်စွာ သီဆိုကြလေသည်။
လင်းဖန်သည် သူတို့၏သီချင်းများကို နားထောင်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
မှတ်ချက်ပေးဖို့သူ့ကိုပြောရင်သူကတစ္ဆေများနှင့် ဝံပုလွေများတို့ကဝူးတူးဝါးတားဆိုနေသည်ဟုပြောမည်ဖြစ်သည်။
အခန်းတစ်ခုလုံး၏ လေထုသည် အလွန်နွေးထွေးနေသည်။
လူတိုင်းသည် ဖန်သားပြင်ပေါ်သို့ သွားကာ သူတို့ စိတ်ကြိုက်သီချင်းများကို စတင်ရွေးချယ်ကာ သီဆိုရန် ပြင်ဆင်ကြသည်။
“ဗွမ်းဗွမ်း!”
ထိုအချိန်တွင် တံခါးခေါက်သံကိုသူတို့ကြားလိုက်ရသည်။
ခဏအကြာတွင် ရှီဆောင်သည် အခန်းတံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
မြင်းမြီးဆံပင်စည်းထားသောမိန်းကလေးနှင့် ဆံပင်တိုတိုနှင့် ကောင်မလေးက သူ့ကို နောက်တစ်ကြိမ်တွေ့သောအခါတွင် သူ့မတို့နှလုံးသားများသည်တစ်ဖန်တင်းကျပ်လာပြန်သည်။
သူမတို့စိတ်ထဲမှာတော့ဒီလိုပြောနေသည်။ဒီမန်နေဂျာကနောင်တရပြီး ကွဲသွားတဲ့ဝိုင်တွေကအတုမဟုတ်ဘူးလို့ လာပြောတာ ဖြစ်နိုင်မလား။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး