နောက်ထပ် သီချင်းတစ်ပုဒ်
Vol. 15 Ch. 215
ရှီဆောင်ကအားလုံးကိုကြည့်ပြီး “မင်းတို့သီချင်းဆိုတောကိုအနှောင့်အယှက်ဖြစ်စေမိပြီ”
“ခုနကလူစီ XIII ပုလင်းကွဲသွားတာကြောင့်မင်းတို့ကိုထိတ်လန့်တုန်လှုပ်မှုဖြစ်စေတဲ့အတွက် လျော်ကြေးအဖြစ် ငါအရာတစ်ခုကို ပြင်ဆင်ထားပါတယ်။ မင်းတို့ကြိုက်ဖို့ငါမျှော်လင့်ပါတယ်။”
ထို့နောက် စားပွဲထိုးနှစ်ယောက်သည် အစားအသောက်လှည်းကြီးနှစ်စီးဖြင့် ဝင်လာကြသည်။
အဲဒီအထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ သရေစာတွေ၊ အရသာရှိတဲ့ အချိုရည်တွေ.....
ခဏကြာတွင်အခန်းထဲရှိစားပွဲပေါ်တွင်စားစရာတွေနဲ့ ပြည့်သွားလေသည်။
ရှီဆောင်က “တောက်ပ မှာ လူတိုင်း ပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး မင်းတို့မှာ တခြားလိုအပ်ချက်တွေရှိရင် အချိန်မရွေး လာပြောပြနိုင်ပါတယ်”
စကားပြောပြီးနောက် သူနှင့် စားပွဲထိုးနှစ်ယောက်သည် အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်သွားကြလေသည်။
အခန်းထဲရှိလူတွေက စားပွဲပေါ် ရှိသောအဆာပြေတွေကို ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
နောက်အခိုက်အတန့်တွင် စိတ်အားထက်သန်သောအသံများထွက်ပေါ်လာသည်။
“အိုဘုရားရေ!”
“အစားအသောက်တွေ အများကြီးပဲ!”
“ပြီးတော့အသီးလဲအများကြီး!”
“ကြည့်စမ်း၊ ချယ်ရီသီးတွေလဲရှိတယ်၊အဲ့ဒါက အရမ်းချိုတယ်!”
“အမဲသားကိုကြည့်ပါအုံးဘအရောင်တောက်နေတာပဲ၊ ဒါက အရသာအရမ်းကောင်းမယ်ထင်တယ်!”
“ပြီးတော့လည်း!”
…………
အဆာပြေ နှင့် သစ်သီးများကို စားရင်း လူတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုနေကြပြီးအခန်းတစ်ခုလုံးရှိ လေထုသည် အလွန်နွေးထွေးနေပါသည်။
ဤအရသာရှိသော အစားအစာများရရှိခြင်းကို ဂုဏ်ပြုရန်အတွက် သူတို့ကသီချင်းကိုကျယ်လောင်သောအသံဖြင့် သီဆိုခဲ့ကြသည်။
လင်းဖန်အတွက်ကတော့ဒီအသံတွေကသရဲတစ္ဆေနှင့် ဝံပုလွေတို့၏ အော်သံကဲ့သို့ပင်ဖြစ်သည်။
ထိုအချိန်တွင်လင်းဖန်သည် သီချင်းမဆိုသည်ကိုလင်းရှောင်ရီကသိလိုက်ပြီးသူမက “အစ်ကို၊ နင်လည်း သီချင်းလာဆိုပေးပါဦး!”
“သီချင်းဆိုတာ မကောင်းမှာစိုးလို့ ရှက်နေတာမဟုတ်လား”
လင်းဖန်က က “မဟုတ်ဘူးငါတစ်ကယ့်ကို သီချင်းဆိုဖို့ စိတ်ကူးမရှိလို့ပါ” လို့ ပြောလိုက်သည် ။
လင်းဖန်ရဲ့သီဆိုမှုက အရမ်းကောင်းတာမို့ လက်ရှိသူတိုင်းနဲ့ သိသိသာသာ အသံကွဲလွဲနိုင်ပါတယ်။ သူတို့ပြန်ပြီး သီချင်းဆိုလိုက်ရင်သူတို့အသံကိုသူတို့နားထောင်ရင်းစိတ်ပျက်သွားမှာကြောက်သည်။
“အစ်ကိုနင်ဆိုတာမကောင်းမှာကိုစိတ်မပူပါနဲ့၊ ငါတို့ရဲ့ နားတွေက ခံနိုင်ရည်ရှိပါတယ်၊ ဒါကြောင့်ဆိုပါနော်။” လင်းရှောင်ရီပြုံးပြီးပြောလိုက်သည်။
ဒါကိုကြားတော့လင်းဖန်က ပြုံးပြီး ခေါင်းခါလိုက်သည်။
ထိုအချိန်တွင် ဂီတသံများထပ်မံထွက်ပေါ်လာသည်။
လင်းရှောင်ရီ သည် မိုက်ကိုယူ၍ လင်းဖန်အား ပေးအပ်လိုက်ကာ”အစ်ကို၊ နင် ဒီသီချင်းကို သေချာပေါက်ဆိုနိုင်ပါတယ်” လို့ ပြောလိုက်သည်။
လင်းရှောင်ရီ ပြောသည့်အတိုင်း လင်းဖန် သည် အမှန်တကယ် သီချင်းဆိုနိုင်သည်။သို့သော်သူကမဆိုချင်ပေ။
လင်းဖန်သည်လင်းရှောင်ရီ၏ တောက်ပသောမျက်လုံးများကို ကြည့်ပြီး ပြုံးကာ မိုက်ကို ယူလိုက်သည်။
ထို့နောက် ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ပြီးသီဆိုလေသည်။
“ဇူလိုင်လမှာနေတွေပူ၊တိမ်ထူလာတော့မိုးကရွာ......”
“မိုးရွာတော့ဆရာမ သင်တာမကြားတော့..ပျော်တာပေါ့..ပျော်တာပေါ့....”
လင်းဖန်၏ နူးညံသောအသံကြောင့်မူလက အဆာပြေစား၊ ဝိုင်ကိုသောက်လိုက်ကာ ရယ်မောပြီး စကားစမြည်ပြောနေသေးတဲ့ လူအနည်းငယ်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်လိုက်ပြီး လင်းဖန်ကို အလွန်အစွဲလန်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ကြသည်။
အဆက်မပြတ် အတန်းတက်ရသောကြောင့် သူတို့ကိုမောပန်းစေသည်။သူတို့အတွက်ကျောင်းသည် မြင့်မားသော ကျောင်းဝင်းနံရံများသည် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို ချုပ်နှောင်ထားသော ထောင်လှောင်အိမ်များနှင့် တူသည်။
သို့သော် လင်းဖန်၏သီဆိုသံကိုကြားပြီးနောက်သူတို့သည်စိတ်လပ်ပေါ့ပါးပြီးဘာအပူအပင်မှမရှိသလိုခံစားလိုက်ရလေသည်။
“နွေရာသီလေကြောင့်ငါ့ရဲ့ဆံပင်နဲ့နားရွက်ကို ဖြတ်သွားတယ်”
“ငါ့နွေကိုအရမ်းရမ်းကို......ကြိုက်....တယ်.....”
နောက်ဆုံးတော့ သီချင်းက ပြီးသွားခဲ့လေသည်။
ပထမတော့ အခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီးခဏအကြာမှာအားပေးတဲ့အသံတွေ ရုတ်ချည်း ထွက်ပေါ်လာကြသည်။
“အံ့သြစရာပဲ!”
“အစ်ကိုလင်း၊ မင်း သီချင်းဆိုတာအရမ်းကောင်းတယ်”
“ဒီအသံကအရမ်းအံ့သြဖို့ကောင်းတာပဲ!”
“အစ်ကို၊ မင်း ဘယ်တုန်းက သီချင်းဆိုတာကောင်းသွားတာလဲ” လင်းရှောင်ရီ က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လင်းဖန် က “ငါကနဂိုကတည်းကသီချင်းဆို တာအရမ်းကောင်းတယ်၊ မင်းမှသတိမထားမိတာ”
လင်းရှောင်ရီ အနည်းငယ် စိတ်ရှုပ်သွားပြီး “တကယ်လား?”
ထိုအချိန်တွင်၊ နောက်ထပ်သီချင်းအသံသည်အခန်းအတွင်းသို့ထပ်မံပျံနှံ့သွားလေသည်။
“ဖန်တီးပဲ၊ ဒါငါ့အကြိုက်ဆုံးသီချင်းပဲ၊အစ်ကိုဒီသီချင်းကို မြန်မြန် သီဆိုပါ’’ လင်းရှောင်ရီက အော်ပြောလိုက်သည်။
အခြားသူများကလည်း ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်ကြသည်။
လင်းဖန်သည်သူမတို့၏တောင်းဆိုမှုများကြောင့်သူကသီခိင်းဆိုလေသည်။
“ဘယ်လောက်ပဲကြာကြာ မေ့ထားလိုက်၊ မင်းရဲ့ အကြိုက်ဆုံးဇာတ်လမ်းလေးကိုပြောပြပေးပါ”
“မင်းအကြောင်းအကြာကြီး တွေးပြီး ထိတ်လန့်သွားတော့တစ်ခုခု ထပ်လုပ်မိပြန်ပြီ.....”
မူလက ဆူဆူညံညံအသံအချို့ရှိသော်လည်း လင်းဖန်က သီချင်းဆိုပြီးနောက် ချက်ခြင်းငြိမ်သွားလေသည်။
လင်းဖန်၏ ပြတ်သားပြီးငါယာသော သီဆိုသံကသည်အခန်းတစ်ခုလုံးကိုပျံနှံသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လူတိုင်း၏ ခန္ဓာကိုယ်များသည် သီချင်းတီးလုံး၏ စည်းချက်နှင့်အညီ အဆက်မပြတ် ဟိုရွှေ့ဒီရွှေ့လုပ်နေလေသည်။
လူတိုင်း၏အမြင်တွင်၊ သူတို့သည် အခန်းတွင် လုံးဝမရှိပဲခမ်းနားသော ရှိုးပွဲတစ်ခုတွင် ရှိနေပုံရသည်။
လင်းဖန်သည် သီချင်းဆိုရန် ဆိုဖာပေါ်တွင် ထိုင်မနေပေ။ ယင်းအစား သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသော စန္ဒယားတေးဂီတကို တီးခတ်နေပြီးအဆင့်မြင့်ထိုင်ခုံတွင်ထိုင်နေခဲ့သည်။
တောက်ပသော စင်မြင့်မှ အလင်းတန်းတစ်ခုသည် လင်းဖန်အပေါ် ကျရောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် လင်းဖန်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသောအလင်းဖြစ်ပုံရသည်။
“မင်းယုံရမယ်ဘညငါတို့က ဒဏ္ဍာရီပုံပြင်ထဲကလို ပျော်ရွှင်မှုနဲ့ ပဲနိဂုံးချုပ်လ်ုက်ကြရအောင်။”
သီချင်းပြီးသွားသောအခါ လူတိုင်းကအံ့ဩသွားကြသည်။
မြင်းမြီးဆံပင်စည်းထားသေညသော ကောင်မလေးများနှင့် ဆံပင်တိုသော မိန်းကလေးတို့သည် လင်းဖန်ကိုတောက်ပသောမျက်လုံးများဖြင့်ကြည့်နေကြသည်။
လင်းရှောင်ရီက အရင်အော်ပြောလိုက်လေသည်။
“အစ်ကို ငါနင့်ကိုအရမ်းအရမ်းချစ်တယ်!”
စကားများပြောပြီးသောအခါတွင်သူမသည် လင်းဖန်၏ရင်ခွင်ထဲသို့ တိုက်ရိုက်ပြေးဝင်သွားတော့သည်။
ဒါကိုကြားတော့သူ က “ငါတို့ကမောင်နှမတွေလေ”
စကားပြောနေစဉ်တွင်သူသည်ဖက်ထားသောလင်းရှောင်ရီကို ဘေးသို့ တွန်းထုတ်ပစ်လိုက်သည့။
သို့သော်လည်း လင်းရှောင်ရီသည် လင်းဖန်အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသောကြောင့်လုံးဝမတွန်းထုတ်နိုင်ခဲ့ပေ။
“အစ်ကို၊ ဆက်ပြီးဆိုပေးပါ” လင်းရှောင်ရီအော်ပြောလိုက်သည်။
လင်းဖန်က “ငါသီချင်းနှစ်ပုဒ် ဆက်တိုက် သီဆိုခဲ့ပြီးပါပြီ၊ အခု မင်းနဲ့ မင်းရဲ့ အတန်းဖော်တွေ အလှည့်ပဲ”
လင်းဖန်သည် သီချင်းမဆိုပါခဲ့ပါကသူတို့လက်ခံမည်ဖြစ်သည်။သို့သော်သူတို့ကလင်းဖန်သီဆိုသံကိုကြားပြီးနောက်သူတို့သဘာဝအတိုင်းလက်ခံမည်အဟုတ်ပေ။
“အစ်ကိုလင်း၊ ဆက်ဆိုပေးပါဦး”
“နောက်ထပ်သီချင်းတစ်ပုဒ်!”
…………
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ငါအခုအသံက မကောင်းတော့ဘူးငါအနားယူရမယ်၊ မင်းတို့တွေပဲသီချင်းဆိုတော့။”
နောက်ဆုံးတော့၊ ဒါကလင်းရှောင်ရီ နဲ့ သူ့အတန်းဖော်တွေရဲ့ စုဝေးပွဲပါ။။ သီချင်းနှစ်ပုဒ်ပဲ ဆိုတာကတော်သေးသည်။ဆက်ဆိုနေရင်တော့ မသင့်တော်တော့ပေ။
လင်းရှောင်ရီနဲ့ တခြားသူတွေကဒါကိုကြားတော့ မိုက်ကို ကောက်ကိုင်လိုက်ပြီး ကျယ်လောင်စွာ အော်ဆိုလိုက်ကြပြန်သည်။
…………
သီချင်းကို၃ နာရီခန့်ကြာမြင့်အောင်ဆိုပြီး နောက်အားလုံးက ဗိုက်ပြည့်လိုက်ကြပြီး မျက်နှာများပေါ်တွင် အပြုံးများဖြင့် အပြင်သို့ ထွက်လာကြသည်။
အတွင်းပိုင်း စူပါမားကတ် ဖြတ်သွားသောအခါ တွင်
“ဗွမ်း!”
အဝတ်ဖြူဝတ် အမျိုးသမီးငယ်သည် လူစီ XIII ပုလင်းတစ်လုံးကို ကိုင်ဆောင်ကာ မြေပြင်ပေါ်သို့ မတော်တဆကျသွားလေသည်။
ဝိုင်ပုလင်းသည် ချက်ခြင်းကွဲကြေသွားကာ ဝိုင်၏ရနံ့သည် ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားလေသည်။
ချိဖတို့ရေဒီနေ့လဲနှစ်ပိုင်းထဲပါ။မျက်လုံးကအရမ်းညောင်းနေလို့ပါ။မနက်ဖြန်ကျတစ်ကယ်လေးပိုင်းပါဗျ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး