← Chapters

စျေးနှုန်းအတိုင်းလျော်ကြေးပေးပါ

Vol. 15 Ch. 216

စျေးနှုန်းအတိုင်းလျော်ကြေးပေးပါ

Vol. 15 Ch. 216

အဝတ်ဖြူဝတ်ထားသောအမျိုးသမီးနှင့် အမျိုးသားတို့သည် ယနေ့တွင် သီချင်းဆိုရန် သူငယ်ချင်းတစ်စုကို ခေါ်ဆောင်လာခဲ့ကြသည်။

ရလဒ်အနေနဲ့ သရေစာမုန့်တွေ အများကြီးဝယ်ခဲ့ပေမယ့် မလုံလောက်ခဲ့ပေ။

ဒါကြောင့်သူတို့သည်စူပါမားကတ်ကို ထပ်ရောက်လာပြန်သည်။

အမျိုးသမီးငယ်သည် ဝိုင်ထားရာနေရာကို ရောက်သောအခါလူစီ XIII ပုလင်းတစ်လုံးကို တွေ့လိုက်ရသည်။

ထို့ကြောင့် ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ယေဘုယျအားဖြင့် ၎င်းသည် ရုပ်ရှင်များနှင့် တီဗီရှိုးများတွင်သာ မြင်တွေ့နိုင်သော နာမည်ကြီးဝိုင်တစ်ခုဖြစ်သည်။

သို့သော် အမျိုးသမီးသည် ဝိုင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ပုလင်းကွဲသွားကာ ဝိုင်များ ကြမ်းပြင်အနှံ့စီးကျလာသည်။

ဒါကိုကြည့်ပြီး မိန်းကလေးရော ယောက်ျားရောကဂရုမစိုက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော်၎င်းသည် ဝိုင်အတုတစ်ခုသာဖြစ်ကြောင်း ၎င်းတို့သိသောကြောင့် ဖြစ်သည်။ပြုတ်ကျပြီးကွဲသွားပါက ဒီဝိုင်အတွက် ငွေပေးချေရန်မလိုအပ်ပါ။

ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက်သည်အမြန်လျှောက်လာခဲ့သည်။

ကွဲနေသော လူစီ XIII ကို မြေပြင်ပေါ်တွင် မြင်လိုက်ရသောကြောင့်သူက ပါးစပ်ဟကာ “ကျွန်ုပ်တို့ဆိုင်၏စည်းမျဥ်းစည်းကမ်းများအရ ကိုယ့်ကြောင့်ပစ္စည်းတစ်ခုခုပျက်စီးသွားခဲ့ရင်အဲ့အစ္စည်းတန်ဖိုးကိုပေးချေရမည်ဖြစ်သည်။”

“ဒီ လူစီXIII ပုလင်းက ယွမ် ၂၈,၈၈၈ပါ၊ဒီကလူနှစ်ယောက်ကျေးဇူးပြုပြီး လျော်ကြေးပေးပါ။”

စကားပြောပြီးနောက်ဝန်ထမ်းကအဝေးမှာရှိတဲ့ဝန်ထမ်းနှစ်ယောကိုလှမ်းခေါ်လိုက်သောကြောင့်ဝန်ထမ်းနှစ်ယောက်ကရောက်လာကြသည်။

လျော်ကြေးပေးရန် ငြင်းဆိုလိုက်ရင် ပြဿနာများဖြစ်စေမည်ကို ကြောက်ရွံ့နေကြသည်မှာ ထင်ရှားသည်။

အမျိုးသမီးငယ်က “ဒါက ဝိုင်အတုလေ။ ၂၈၈၈၈ ယွမ် ပေးရမှာလား။ ငါတို့ကိုနင်တို့ကတုံးတုံးအအလို့ထင်နေတာလား။’’

ဝန်ထမ်းက အေးစက်စွာဖြင့်ပြောလိုက်သည်။”ဝိုင်အတုလား။ ဒါက ဝိုင်အတုလို့ ဘယ်ကောင်ကပြောတာလဲ။ ငါတို့မှာ ဝိုင်စာရင်းရှိတယ်”

ထို့နောက် သူသည် ငွေတောင်းခံလွှာများကို တိုက်ရိုက်ထုတ်ယူလိုက်သည်။

ဒါကိုကြည့်ပြီးယောက်ျားနှင့် မိန်းကလေးတို့၏ မျက်နှာများသည် အနည်းငယ် တောင့်တင်းသွားပြီး၊ ဤအရာသည် ဝိုင်အစစ်လား။

ဒါဆိုငါတို့က28888 ယွမ် ပေးရမှာ မဟုတ်ဘူးလား။

သို့သော်လည်း အမျိုးသမီးက လှောင်ပြောင်သောလေသံဖြင့် “ဒါက မင်းရဲ့ ပြေစာအတုဆိုတာကိုဘယ်သူသိမှာလဲ”

“အတုဟုတ်လားမဟုတ်လားဆိုတာကိုသိချင်ရင်မင်းပုလင်းထဲကဝိုင်ကိုယူပြီး လူတွေကို စိတ်ကြိုက် စမ်းသပ်ခွင့်ပေးတယ်။ ဒါပေမယ့် အခု မင်းလျော်ကြေးပေးရမယ်။” လို့ဝန်ထမ်းက လေးနက်စွာပြောလိုက်သည်။

ထိုအချိန်တွင် လင်းဖန်နှင့် အခြားသူများသည် စူပါမားကတ်အဝင်ပေါက်ကို ဖြတ်သွားခဲ့ကြသည်။

အမျိုးသမီးက “ဒါဆို ခုနက ကွဲသွားတာကိုဘာလို့ ပေးစရာ မလိုတာလဲ” ဟု အော်ဟစ်ပြောလိုက်သည်။

မန်နေဂျာရှီဆောင်က လင်းဖန်သည်သူတို့၏ သူဌေးအသစ်ဖြစ်ကြောင်းကိုဝန်ထမ်းအား ပြောထားပြီးသားဖြစ်သည်။

ဒီတော့ ဝန်ထမ်းက သူ့စိတ်ထဲမှာလှောင်ရယ်နေလိုက်သည်။’’မစ္စတာလင်းနဲ့ မင်းတို့ကယှဉ်လို့ရလို့လား။ မစ္စတာလင်းကဒီနေရာမှာရှိတဲ့ပစ္စည်းတွေကိုဖျက်စီးရင်တောင်ကိစ္စမရှိပေ’’

ဆံပင်တိုတဲ့မိန်းကလေး၊လင်းရှောင်ရီ၊ မြင်းမြီးဆံပင်စည်းထားရှိတဲ့ မိန်းကလေး၊ ဇူကျန် နဲ့ တခြားသူတွေလည်း စူပါမားကတ်မှာ ဖြစ်ပျက်ခဲ့တာကို တွေ့လိုက်ကြပြီး အားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။

ဒီမှာ ဘာတွေဖြစ်နေတာလဲ။

စူပါမားကတ်ထဲရှိလူစီXIII သည်ဝိုင်အတုမဟုတ်ဘူးလား။

ဝန်ထမ်းက ဘာမှမပြောပဲအမျိုးသမီးကို “စျေးနှုန်းအတိုင်း လျော်ကြေးပေးပါ” လို့ ပြောလ်ုက်သည်။

စကားပြောနေစဉ်တွင် ဝန်ထမ်းအများအပြားသည် ကောင်မလေးနှင့်အမျိုးသားတို့ကို တိုက်ရိုက်ဝန်းရံထားလိုက်သည်။

…………

လင်းရှောင်ရီ နှင့် အခြားသူများသည် စူပါမားကတ်အတွင်းမှ အခြေအနေကို သံသယအချို့ဖြင့် တစ်ချက်ကြည့်လိုက်ပြီးသူတို့နဲ့မဆိုင်သောကြောင့်ရှေ့သို့ ဆက်လျှောက်သွားကြသည်။

ထွက်ပေါက်စီသို့ရောက်သောအခါတွင်မန်နေဂျာရှီသည်ဝန်ထမ်းများစွာဖြင့် ထွက်ပေါက်တွင်နှစ်တန်းစီထားပြီးနောက်သူတို့ကလင်းဖန်တို့ကိုဦးညွတ်ကာ အလွန်ရိုသေသောလေသံဖြင့် “နောက်တစ်ကြိမ်ပြန်လာလည်ဖို့ ကြိုဆိုပါတယ်!”ဟုပြောလိုက်သည်။

ဆံပင်တိုမိန်းကလေး ၊လင်းရှောင်ရီ၊ မြင်းမြီးဆံပင်စည်းထားသည့်မိန်းကလေး တို့ကအံသြသွားပြပြီးသူတို့က “မျှော်လင့်ထားသလိုပဲ၊ ဒါက တောက်ပရှိဝန်ဆောင်မှုက တကယ်ကောင်းတယ်။”

ဇူကျန် သည် ငွေပေးချေဖို့ကြောင့်သူသည် ဝန်ဆောင်မှုကောင်တာဆီသို့ သွားလိုက်သည်။

သို့သော်လည်း ငွေကိုင်ဝန်ထမ်းက “ဒီသုံးထားတဲ့ဟာတွေကိုမင်းတို့အပေါင်းအဖော်များစိတ်အနှောင့်အယှက်ဖြစ်မှုနှင့် ထိခိုက်ဒဏ်ရာရမှုများကြောင့်၊ဒီတစ်အကြိမ်သုံးထားသမျှအားလုံးသည် အခမဲ့ဖြစ်သည်” ဟု ပြောကြားလိုက်သည်။

အားလုံးက စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ခေါင်းယမ်းဖြည်းညှင်းစွာ ထွက်လာကြသည်။

“အစ်ကို၊ မင်းထူးဆန်းတကိုသတိမထားမိဘူးလညး၊ လူစီXIII ကို ငါတို့ ကြောင့်ကွဲသွားပေမဲ့ငါတို့က ပေးစရာ မလိုဘူး။ အဲ့ဒီအင်္ကျီအဖြူဝတ်ထားတဲ့မိန်းမကျတော့ ၂၈၈၈၈ ယွမ် ပေးခိုင်းတယ်။” လင်းရှောင်ရီက ပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး “ဒါက ဘာဆန်းလို့လဲ၊ မင်း ကိုယ့်အိမ်မှာ တစ်ခုခု ကိုယ်လုပ်လုပ်လို့ လျော်ကြေးတောင်းတာကိုကြားဖူးလား”

“ဟမ်?” လင်းရှောင်ရီ သည် ဒါက်ုကြားပြီးကြောင်သွားခဲ့သည်။

လင်းဖန်က ပြုံးပြီး “ညီမလေးဒီဆိုင်က ငါ့ဆိုင်ပဲ” လို့ ပြောလိုက်သည်။

တိတ်တိတ်!နေရာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

ဆံပင်တိုမိန်းကလေး၊လင်းရှောင်ရီ၊ မြင်းမြီးဆံပင်စည်းထားတဲ့ ကောင်မလေးနဲ့ တခြားသူတွေ အားလုံးက လင်းဖန်ကို တောက်ပသောမျက်လုံးဖြင့်ကြည့်နေကြသည်။

“အစ်ကို... မင်းဆိုလိုတာက...” လင်းရှောင်ရီအထစ်ထစ်ဖြစ်ပြောနေသောကြောင့် လင်းဖန်”ဟုတ်တယ်။ငါတောက်ပBrilliance ကိုအရင်ကဝယ်ခဲ့တာ” လို့ ပြောလိုက်သည်။

အခုအချိန်တွင်……

ဆံပင်တိုမိန်းကလေး ​ကြောင့်လူစီ XIII ဟာ ကွဲသွားခဲ့ပေမဲ့လျော်ကြေးငွေ မပေးအပ်ရုံသာမက မန်နေဂျာကလည်း အရသာရှိတဲ့ အစားအသောက်တွေ ဘာလို့အများကြီးပေးခဲ့တယ် ဆိုတာကို လူတိုင်း နားလည်သွားကြသည်။

ထွက်ပေါက်ရောက်တဲ့အခါ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေက တန်းစီပြီး အပြင်ထွက်ပြီးနှုဆက်တာကိုလည်းနားလည်လိုက်သည်။

နောက်ဆုံးဇူကျန် က ဘေလ်ပေးတဲ့အခါ ငွေကိုင်က ဘေလ်က အလကားပဲလို့ ဘာလို့ပြောတာလဲဆိုတာကိုလဲနားလည်လိုက်သည်။

လင်းရှောင်ရီ က စိတ်လှုပ်ရှားစွာနဲ့ “အစ်ကို၊ ငါ မင်းကို အရမ်းချစ်တယ်!”

လင်းဖန် က “ငါတို့ကမောင်နှမ တွေလေဘညသတိလေးပါလေးကပ်အုံး”

လင်းရှောင်ရီနဲ့ တခြားသူတွေကမနက်ဖန် အတန်းတက်ရမည်ဖြစ်သောကြောင့်လမ်းဆုံတစ်ခုကို ရောက်တဲ့အခါလင်းဖန်ကသူတို့နဲ့အတူခွဲသွားလေသည်။

…………

နောက်တစ်နေ့။

လင်းဖန်သည် အိပ်ရာထပြီးနောက်တွင် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ စာသားမက်ဆေ့ချ်တစ်ခု မြင်လိုက်သည်။

“၀ နာရီ၊ တရုတ်ဘဏ်ကနေ ယွမ် ၃,၆၇၀,၀၀၀ ရရှိသည်။”

လင်းဖန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ဆဲလ်ဖုန်းနှင့် ခဏတာ ဆော့ကစားနေလိုက်သည်။

“ဒီနေ့ အကောင့်ဝင်တာဘာရလဲကည့်ရအောင်။” လို့ လင်းဖန်က ညည်းညူပြောလိုက်သည်။

“အကောင့်ဝင်မယ်”

【ဒင်း! အကောင့်ဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် သက်ယွမ် 10 သန်း ရရှိသည်။ 】

“ဒီနေ့ကံမကောင်းဘူးပဲ”

လင်းဖန်သည် သက်ပြင်းတစ်ချက်ချပြီးပြောကာဖြည်းညှင်းစွာထပြီး ရေချိုးလိုက်လေသည်။

“ကလင်...ကလင်...ကလင်”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ 4S ကားအရောင်းဆိုင်မှ ဖုန်းခေါ်ဆိုမှုကိုသိတော့ကိုင်လိုက်လေသည်။

“မင်္ဂလာပါ မစ္စတာလင်း၊ မင်းရဲ့ ယာဉ်လိုင်စင် နံပါတ်ပြားနဲ့ အာမခံတွေလုပ် ပြီးသွားပါပြီ။ ဒီကားကိုဘယ်ကို ပို့ရမလဲ မေးလို့ ရမလား။” အရောင်းစာရေးမလေး၏ ချိုမြိန်သော အသံသည် ဖုန်းထဲကနေထွက်လာသည်။

လင်းဖန်က “မင်းလေးလမ်းကို သိလား”

“ လေးလမ်းလား။” အရောင်းဝန်ထမ်းက မေးလိုက်သည်။

“ဟုတ်တယ်၊ မင်းလေးလမ်းမှာရှိတဲ့ သာမန်အ၀တ်အထည်ဆိုင်ကို ကားနှစ်စီး တိုက်ရိုက်မောင်းပို့ပေးလို့ရတယ်။” လင်းဖန်က ပြောလိုက်သည်။

“ကောင်းပြီ။” အရောင်းဝန်ထမ်းမက ပြောသည်။

ဖုန်းချပြီးနောက် လင်းဖန်သည် ပင်ဖန်းအဝတ်အစားဆိုင်သို့ မသွားမီ အနီးနားတွင် နံနက်စာစားခဲ့သည်။

ယခုအချိန်တွင် အနီရောင်ပန်းပွင့်ကြီးများဖြင့် အသစ်စက်စက် GLC နှစ်ခုသည် အထည်ဆိုင်တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။

အဲဒါကိုမြင်ပြီးတာနဲ့ အနီးနားက လူတော်တော်များများက စကားစပြောနေကြသည်။

“နှစ်စီးလား!”

“ဒါ့အပြင်၊ ဒါက GLCကြီး”

“လင်းမိသားစုစီကို ဖောက်သည်ကြီးတစ်ယောက်ရောက်လာပြီပဲ!”

ဆိုင်ထဲမှာ အဝတ်အစားတွေ စီနေတဲ့လင်းတန်ကဒါကိုမြင်သောကြောင့် သူ့မျက်နှာကို မျှော်လင့်နေတဲ့ အကြည့်တွေနဲ့ ခေါင်းညိတ်ပြပြီးဆိုင်ပြင်ထွက်လာလိုက်သည်။

ထိုအချိန်တွင် ပရော်ဖက်ရှင်နယ် ၀တ်စုံဖြင့် အရောင်းဝန်ထမ်း အမျိုးသမီး နှစ်ဦးသည်GLC မှ ထွက်လာခဲ့သည်။

သို့သော် သူတို့သည် အဝတ်အစားဝယ်ရန် စတိုးဆိုင်ထဲသို့ သွားရန်မရည်ရွယ်ဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသလိုမျိုး တံခါးဝတွင် ငြိမ်သက်စွာ ရပ်ပြီးစောင့်နေခဲ့သည်။

လင်းတန်ကသူတို့ကိုကြည့်ပြီး “မင်းတို့ဘာလုပ်နေတာလဲ။”

အရောင်းဝန်ထမ်းအမျိုးသမီးသည်လင်းတန်ကသူဆိုင်ရှေ့မှာကားလာရပ်လို့စိတ်ဆိုးနေတယ်ထင်သောကြောင့်သူမက “ငါတို့ တစ်စုံတစ်ယောက်ကို စောင့်နေတာပါ။ ​​ခဏနေကျရင်ကားကို မောင်းထုတ်ပေးပါ့မယ်” ဟု အမျိုးသမီး အရောင်းဝန်ထမ်းက ရှင်းပြလိုက်သည်။

“မင်းတို့ဒီမှာလား?” လင်းဖန်သည် အဝေးမှ နေလှမ်း၍ ပြောလိုက်သည်။

“မစ္စတာလင်း!” အမျိုးသမီး အရောင်းဝန်ထမ်းကဝမ်းသာအားရဖြင့် “အသွင်အပြင်နဲ့ ပုံစံကို စစ်ဆေးနိုင်ပါတယ်၊ ပြဿနာမရှိရင် မင်းနာမည်ကို ဒီမှာ လက်မှတ်ထိုးပေးပါ”

လင်းဖန်သည် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီးနောက် ဘောပင်နှင့် စာရွက်ကို ကောက်ကိုင်လိုက်ပြီး နာမည်ကို အမြန်ရေးထိုးကာ “မင်းတို့ရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်သည်။

“မဟုတ်တာ ဒါ ငါတို့လုပ်သင့်တာကိုလုပ်တာပါ” အရောင်းဝန်ထမ်း အမျိုးသမီးက ပြောသည်။

အကြာကြီး စကားမပြောဘဲ အနားတွင်ရပ်နေသော လင်းတမ် က “သား၊ ဒါက..” လို့ မေးလိုက်သည်။

“အို၊ လွန်ခဲ့တဲ့ နှစ်ရက်က 4S ကားအရောင်းဆိုင်ကို ဖြတ်သွားတုန်းက ကားတစ်စီးဝယ်ခဲ့တာ၊ပြီးတော့ အဖေ့အတွက်လဲတစ်စီးဝယ်ခဲ့တယ်” လင်းဖန်က ပြောလိုက်သည်။

“ငါ့အတွက်​ တစ်​ခုဝယ်​ခဲ့တာလား?” လင်းတန်သည် မျက်လုံးများ ပြူးကျယ်သွားသော်လည်းသူသည်GLCကားပေါ်သို့ လှမ်းကာ ကိုင်လိုက်သည်။

ချိဖတို့ရေဒီနေ့တစ်ပိုင်းထဲပါ။ချိဖတို့ကိုလဲအားနာပါတယ်။မျက်စိကနာသလို ဘာလိုလိုနဲ့ကြည့်ရတာအဆငမ်ပြေလို့ပါချိဖတို့🤗🤗🤗😞။မနက်ဖြန်တစ်ကယ်သေချာတင်ပေးပါ့မယ်။သိပ်မသက်သာပေမဲ့ရအောင်နင်ပေးပါ့မယ်ဗျ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters