ကျောင်းသို့ပြန်ခြင်း
Vol. 15 Ch. 218
ဇောင်ချင်းကျူပြောသည်ကို ကြားပြီးနောက်၊ ပတ်ဝန်းကျင်ရှိရွာသားများ၏ မျက်နှာများ ကတုန်လှုပ်သွားကြသည်။
နိုင်ငံတကာ ပို့ဆောင်ရေးလေဆိပ်၊ ဟိုတယ်ကြီးကြီးတစ်ခု၊ စာကြည့်တိုက်ကြီးတစ်ခု၊ ဆေးဖက်ဝင်ပစ္စည်း အခြေစိုက်စခန်း(ဆေးပင်စိုက်စခန်း)၊ သိုလှောင်ရုံကြီးတစ်ခုစုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဘီလီယံ ၅၀ ကျော်။
(ဒါကလေဆိပ်) 50 ဘီလီယံကျော်(3.5ဘီလီယံဒါကစာကြည့်တိုက်ဟိုတယ်တွေပါ) !
အဲဒီငွေက ဘယ်လောက်တောင်ရှိလဲ။
ရွာသားတွေအမြင်မှာတော့ ၅ သန်းကသူတို့အတွက် အရမ်းအရမ်းကိုများပြားနေပြီဖြစ်သည်။
50 ဘီလီယံဆိုတာက သူတို့ စိတ်ကူးထက်လုံးဝကို ကျော်လွန်သွားပြီဖြစ်သည်။
လင်းတန် နှင့် ဒေါင်ဝေဝေတို့ နှစ်ယောက်စလုံးသည် လင်းဖန်အား အလွန်အံ့သြသော မျက်လုံးများဖြင့် ကြည့်နေလိုက်ကြသည်။
သူတို့သည်သူတို့သားလေးက တော်တယ် ဆိုတာ သိပြီးသားဖြစ်သည်။
သို့သော် 50 ဘီလီယံကြားတော့သူတို့ကိုအံ့သြနေဆဲဖြစ်သည်။
လင်းချူလီသည် ပထမဆုံး သတိပြန်ဝင်လာ့ပီးမောက်သူက “ခေါင်းဆောင်တို့တွေ ကျေးဇူးပြုပြီး ထိုင်ပြီးတော့လက်ဖက်ရည်ကြမ်းသောက်ပါအုံး။နေရာက အတော်လေးရိုးရှင်းတာကြောင့်မင်းစိတ်မကွက်ဖို့မျှော်လင့်ပါတယ်”
ဇောင်ချင်းကျူက ပြုံးပြီးပြောလိုက်သည်။ “အဘိုးလင်း၊ မင်းပြောတာက ယဉ်ကျေးနေပါပြီ။ ငါ့မွေးရပ်မြေကလဲတောင်ပေါ်မှာ မင်းမသိဘူးမလား။ ဒါကြောင့်မင်းကငါ့တို့ထက်တောင်ချမ်းသာသေးတယ်!”
“တကယ်လား ဟားဟား!” ဒါကိုကြားတော့လင်းချူလီသည် ပျော်ရွှင်၍ရယ်မောလိုက်လေသည်။
ဇောင်ချင်းကျူ သည် ချင်ရှီမြို့ ၏ခေါင်းဆောင်ဖြစ်ထိုက်သည်ဟုပြောရမည်ဖြစ်သည်။စကားလုံးအနည်းငယ်ပြောလိုက်တာနဲ့ အခင်းဖြစ်ပွားရာနေရာ၏ အငွေ့အသက်က ရွှင်လန်းသွားခဲ့သည်။
တစ်နာရီခန့်အကြာတွင် ရွာသားများ၊ ချင်ရှီ ခေါင်းဆောင်များနှင့် အခြားသူများ သည်အဘိုးလင်း၏အိမ်မှ ဖြည်းညှင်းစွာ ထွက်ခွာသွားကြသည်။
ယခုအချိန်တွင် လင်းတန်က “ခေါင်းဆောင်ကြီး ပြောတာအမှန်လားရှောင်ဖန်”
“ဟုတ်ပါတယ်” လင်းဖန် က “အဖေပြောတော့ အခြေအနေတွေသာခွင့်ပြုရင်ချင်ရှီ မှာ ပဲရင်းနှီးမြုပ်နှံဆို”
ဒါကိုလင်းတန်ကြားတော့ခေါင်းမူးသွးသလိုခံစားလိုက်ရသည်။
ဟုတ်ပါတယ်။သူအရင်ကဒီစကားကိုပြောတယ်ဆိုတာ
ဒါပေမယ့် မင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကအရမ်းများနေတယ်လေ။
50 ဘီလီယံ? !
လင်းဖန်က သူ့အဖေရဲ့ အမူအရာ အပြောင်းအလဲကို မြင်ပြီး ပြုံးပြီး “ဖေဖေ စိတ်မပူပါနဲ့၊ ဒီရင်းနှီးမြုပ်နှံမှုတွေက ငါ့အတွက် ဘာမှ မဟုတ်ပါဘူး”
လင်းဖန် ကတော့ ဒါကို ကြွားပြီးပြောတာမဟုတ်ပေ။
သိရန်လင်းဖန်သည် ယွမ် ဘီလီယံ ၅၀၀ ရှိသည့် ပန်ကူဘညLV၊ ပန်းလုံဗီလာဘာညာဘာညာ......
ယနေ့တွင် သူ၏ စုစုပေါင်းတန်ဖိုးသည် တစ်ထရီလျံကျော်သို့ ရောက်ရှီနေပြီဖြစ်သည်။
ဘီလီယံ 50ကထရီလျံနဲ့ ရင်ဆိုင်ရရင် ဒါဟာ ဘာမှမဟုတ်ပေ။
ယခုနှစ် နွေဦး(နှစ်သစ်ကူး)ပွဲတော်သည်ချင်ရှီကျေးရွာရှိ လင်းမိသားစုအတွက် အပျော်ဆုံးနှစ်ဖြစ်သည်။
နေ့တိုင်းလိုလို လူတွေက သူ့တို့ကို ဂုဏ်ပြုဖို့ လာရောက်ကြပြီး မရေမတွက်နိုင်တဲ့ လက်ဆောင်တွေက လင်းမိသားစုအိမ်ထဲမှာများပြားစွာရှိလေသည်။
ဒါကိုကြည့်ပြီးလင်းချူလီ ၏ မျက်နှာပေါ်ရှိ အပြုံးသည် ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ပေ။
ဤလိုအခြေအနေမျိုး ဆယ့်ငါးရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေသည်။
မိသားစုတွေစုပြီး ကောက်ညှင်းပေါင်းစားနေတဲ့အချိန် လင်းဖန်၏ ဆဲလ်ဖုန်းက အသံမြည်လာခဲ့သည်။
သူက ဖုန်းခေါ်တာကို တစ်ချက်ကြည့်လိုက်ပြီး ကျန်ပေ့ တက္ကသိုလ် သင်္ချာကျောင်းဌာနမှူး ဟေးချမ်ဆိုတာကိုသိတော့ကိုင်လိုက်လေသည်။
“ဟေးချမ်၊ဘာကိစ္စရှိလို့လဲ” လင်းဖန်က သံသယအချို့ဖြင့် မေးလိုက်သည်။
“အိုး..အဲဒါကကျောင်းကမကြာခင်ဖွင့်တော့မှာမလား၊မင်းအိမ်က ကျန်ပေ့ နဲ့ တော်တော်ဝေးတယ်၊ တစ်ယောက်တည်းလာတာကမလုံခြုံဘူး... ဒါကြောင့် ငါတို့ဆရာတွေကမင်းကို ကျောင်းကိုရောက်ရောင်ကိုယ်တိုင်ကိုယ်ကျလာခေါ်ပေးမယ်” ဟေးချမ် က ပြောလိုက်သည်။
ချင်ရှီကနေကျန်ပေ့မည်မျှဝေးသနည်း။
ကီလိုမီတာ 100 လောက်သာရှိသည်။
ဒါကိုကြားတော့လင်းဖန်သည် ဌာနမှူး၏ အတွေးတွေကို နားလည်လိုက်သည်။
လင်းဖန်က ပြုံးပြီး “ဟေးချမ်၊မင်းတို့လာဖို့ မလိုပါဘူး၊ နောက်မှ ကိုယ့်ဘာသာလာလိုက်မယ်” လို့ပြောလိုက်သည်။
“ကျောင်းသားတွေရဲ့ လုံခြုံရေးကငါတို့ တာဝန်လေ” ဟေးချမ် က “ဒါ့အပြင်၊ ငါတို့ ချင်ရှီ မှာရှိတဲ့မင်းအိမ်ကိုရောက်နေတယ်။ ဒါပေမယ့် မင်းအိမ်မှာမရှိဘူး”
လင်းဖန်သည် ခဏမျှ ထိတ်လန့်သွားပြီးဟေးချမ်နှင့် အခြားသူများ ချင်ရှီသို့ ရောက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ခဏအကြာတွင်၊ “ကျွန်တော်က ချင်ရှီရွာမှာ အဘိုးနဲ့အဘွားနဲ့ နှစ်သစ်ကို ဖြတ်သန်းနေတယ်” လို့ ပြောလိုက်သည်။
“ချင်ရှီ ရွာလား? ဟုတ်ပြီ၊ ငါတို့ချက်ချင်းလာခဲ့မယ်။” လို့ဟေးချမ်က ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ ဇိမ်ခံဘတ်စ်ကားတစ်စီး အဘိုးလင်းရဲ့အိမ်ရှေ့မှာ ရပ်သွားခဲ့လေသည်။
ထို့နောက် ဟေးချမ် နှင့် ပရော်ဖက်ဆာ အများအပြားသည် လက်ဆောင်များ ကိုင်ကာဝင်လာကြသည်။
“မင်းက လင်းဖန် ရဲ့အဖိုးဖြစ်မယ်ထင်တယ်။အဘိုးလင်းတို့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။”
လင်းချူလီကိုတွေ့ပြီးနောက် လက်ကို ဦးညွှတ်ဂုဏ်ပြုလိုက်သည်။
လင်းချူလီက “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!”
ပြီးတော့ သူက မေးလိုက်သည် မင်းတို့က....”
“ကျနော်က ကျန်ပေ့တက္ကသိုလ် သင်္ချာကျောင်းရဲ့ ဌာနမှူး ဟေးချမ် ပါ။။”
“ကျွန်တော်က ကျန်ပေ့တက္ကသိုလ် သင်္ချာကျောင်းရဲ့ ဒါရိုက်တာမာစစ်ချန် ပါ။”
“ကျနော်ကကျန်ပေ့တက္ကသိုလ် သင်္ချာကျောင်းကဆရာ ချင်းကျီပါ။”
လင်းချူလီ သည် လူတိုင်းမိတ်ဆက်တာကို နားထောင်ပြီး သူ၏ မျက်လုံးများ ကတောက်ပလာလေသည်။
ဒီကာလအတွင်းမှာ နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ လာရောက်ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရှိခဲ့သည်။
သို့သော်၊ ဌာနမှူးအဆင့် ၊ဒါရိုက်တာအဆင့်ရှိသော ဟေးချမ် နှင့် မာစစ်ချန် ကဲ့သို့သောလူများမရှိခဲ့ပေ။
ဤလူများသည် ကြီးမြတ်သော ပါမောက္ခများ၊ ပညာရှင်ကြီးများဖြစ်လေသည်။
လင်းချူလီသည် ဤပညာတတ်မျိုးကို အနှစ်သက်ဆုံးဖြစ်သည်။
လင်းချူလီ က စိတ်လှုပ်ရှားစွာနဲ့ “အားလုံး ကျေးဇူးပြုပြီး အထဲကို ဝင်ထိုင်ပါအုံး!”
ထို့နောက် သူက “လင်းတန်၊ ရှောင်ဖန်၊ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ထွက်လာအုံးလေ”
နှစ်သစ်ကူးမတိုင်ခင်မှာ လင်းတန်ဟာဟေး
ချမ် နဲ့ တခြားသူတွေကိုတွေ့ဆုံခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယခုပြန်တွေ့ပြီးနောက်သူသည် အရမ်းမယဉ်ကျေးတော့ပဲ “ဟေးချမ်၊ ဆရာတို့မြန်မြန်ဝင်ထိုင်ပါအုံး’’ လို့ ဝမ်းသာအားရ ပြောလိုက်သည်။
လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောရင်း အတူတူထိုင်ကြပြီး လေထုသည် အလွန်သာယာနေသည်။
လင်းဖန် က “ဟေးချမ် မင်း ငါ့ကို လာလာကြိုဖို့ မလိုပါဘူးဘူး။ငါကျန်ပေ့နက္ကသိုလ်မှာကျောင်းတက်ဖို့ စီစဉ်နေတယ်”
“ကားမောင်းရတာ ဘယ်လောက်တောင် ပင်ပန်းပြီးတော့အန္တရာယ်များတယ်။ ဒါကြောင့် ဒါရိုက်တာ မာက လင်းဖန်ကို ကားကူညီမောင်းပေးပါလား” ဟေးချမ် က ပြောသည်။
“ကောင်းပြီ။” မာစစ်ချန်က ပြန်ဖြေသည်။
ထို့နောက်လင်းတန် ၊ လင်းဖန် ၊ဟေးချမ်နှင့် အခြားသူများ အားလုံးသည် ဇိမ်ခံဘတ်စ်ကားပေါ်တွင် ထိုင်ကာ ကျန်ပေ့ တက္ကသိုလ်ဆီသို့ မောင်းသွားကြသည်။
ထိုအခိုက်တွင် ရွာသားတစ်ဦးရောက်လာပြီး “အဘိုးလင်း၊မင်းတို့အိမ်ကိုဘယ်သူထပ်လာပြန်တာလဲ” ဟု မေးလိုက်သည်။
ဤရက်များတွင် လင်းချူလီ၏အိမ်သို့ ဧည့်သည်များပြန်သွားတိုင်း ရွာသူရွာသားများကလာပြီးစကားပြောကြသည်။
ဒီအချိန်သည်လင်းချူလီအတွပ်အပျော်ဆုံးအချိန်လည်းဖြစ်သည်။
လင်းချူလီ က ဂုဏ်ယူစွာပြောလိုက်သည်။ “သူတို့တွေကကျန်ပေ့တက္ကသိုလ်ရဲ့ ဌာနမှူးနဲ့ ပါမောက္ခတွေက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောဖို့ ငါအိမ်ကို လာတယ်။ပြီးတော့ ငါ့မိသားစု ရှောင်ဖန် ကို သူတို့ကျောင်းမှာလာတက်ခိုင်းတယ်”
ထိုစကားကို ရွာသားများကြားသောအခါတွင် မနာလိုစိတ်ပေါ်လာခဲ့သည်။
ဌာနမှူးနဲ့ ပါမောက္ခက နှစ်သစ်ကူးအကြိုကို ကိုယ်တိုင်လာလည်ပြီး ရှောင်ဖန်ကို သူတို့ကျောင်းသို့တက်ရန်လာခေါ်တာ ... ဒါက ဘာလောက်ဂုဏ်ယူစရာကောင်းလ်ုက်လဲ။
လင်းချူလီ သည် ရွာသားများ၏ တုံ့ပြန်မှုကို ကြည့်အလွန်ကျေနပ်နေသည်။
...
ထိုအချိန်၌ ချင်ရှီဆေးရုံ။
ဒီရက်တွေ ကုသမှုခံယူပြီးတဲ့နောက်မှာတော့ လီယောင် ဟာ တော်တော်သက်သာလာပြီး တစ်ယောက်တည်း အိပ်ရာကနေ ထနိုင်နေပြီဖြစ်သည်။
သူအံဆွဲကိုဖွင့်ကြည့်လိုက်တော့ ဆေးရေသန့်ဘူးသေးသေးလေးကိုတွေ့တော့ “ဒါကဘာလဲ” လို့မေးလိုက်သည်။
ရီဝေကဒါကိုတွေ့တော့ သူမက “အ!ဒါက မင်းရဲ့ကျောင်းသားလင်းဖန် က ယူလာခဲ့တာ။ မင်းကိုပြောဖို့ကို မတော်တဆမေ့သွားတယ်”
လင်းဖန်အကြောင်းကြားသောအခါ လီယောင်၏မျက်နှာပေါ်တွင်ကျေးဇူးတင်သောအမူအရာပေါ်လာခဲ့သည်။
လင်းဖန်အတွက်သာမဟုတ်ရင် သူ့မရောဂါက မြန်မြန်သက်သာလာဖို့ မဖြစ်နိုင်သလို VIP အခန်းထဲဝင်ဖို့လည်း မဖြစ်နိုင်ပေ။
ထို့နောက် လီယောင်သည် မည်သည့်ဆေးဖြစ်ဖြစ်ကို ဂရုမစိုက်ဘဲသူ့မပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်သည်။
“ဂလု”
ခဏအကြာတွင်...
လီယောင်သည် ခွဲစိတ်မှုပြုလုပ်သည့်နေရာသည် အနည်းငယ် ယားယံလာပြီး ပူလာသလို ခံစားလာရသည်။ပြီးတောက်သူမသည်အိပ်ငိုက်လာသောကြောင့်ခဏအကြာတွင်အိပ့်ပျော်သွားသည်။
သူမနိုးလာသောအခါတွင် သူ့ခန္ဓာကိုယ်ရှိ ခွဲစိတ်ဒဏ်ရာများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရပြီး သူ့စိတ်ထဲမှာ တစ်ခါမှ မခံစားဖူးသော သက်သာရာရမှုကို ခံစားလိုက်ရသည်။
ဒါကိုမြင်တော့လီယောင်ကသူ့မမျက်နှာပေါ်မှာမယုံနိုင်သောအရောင်တွေနဲ့ပြည့်နေလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး