ပေါင်ကိုကိုင်ထားခွင့်ပြုပါ
Vol. 15 Ch. 219
နွေဦးပွဲတော် ပြီးသွားသည်နဲ့အမျှလမ်းတွေမှာ ကားတွေ ပြည့်ကြပ်နေသည်။
ဇိမ်ခံဘတ်စ်ကားသည် ကျန်ပေ့တက္ကသိုလ်သို့ရောက်အောင်3 နာရီနီးပါးကြာအောင်မောင်းနှင်ခဲ့ရသည်။
မူလက ဟေးချမ် နှင့် အခြားသူများသည် လင်းဖန်ကို ထမင်းစားရန် ဖိတ်ကြားလိုကြသည်။
သို့သော် လင်းဖန်သည် ဒီဖိတ်ကြားချက်ကိုမဆိုင်းမတွ ငြင်းဆန်ခဲ့သည်။
လင်းဖန်ငြင်းရသည့်အကြောင်းအရင်းမှာဒီလိုယောက်ျားအုပ်စုနဲ့အတူစားတာကသိပ်အဆင်မပြေပေ။ချောမောလှပတဲ့ မိန်းကလေးတွေနဲ့ တွဲစားရတာဆိုရင်တော့ချက်ချင်းခေါင်းညိတ်မည်ဖြစ်သည်။
လင်းဖန်သည် Lamborghini Bull (ကား)ကို မောင်းနှင်ပြီး ရီကေသို့ သွားလိုက်သည်။
ရီကေသို့ရောက်သည်နဲ့လင်းဖန်သည်ဓာတ်လေးကားဖြင့်တက်ကာအခန်းတစ်ခန်းရှေ့ရောက်ပြီးနောက်တံကားခေါက်လိုက်သည်။
မကြာမီတံခါးဖွင့်လိုက်သောအခါတွင်ချူစီရှင်း နှင့် ဟေးလင်း တို့၏ လှပသောခန္ဓာကိုယ်နှစ်ခုသည် လင်းဖန်၏အမြင်အားရုံထဲသို့ ပေါ်လာလေသည်။
အပြင်မှာကအပူချိန်မရှိဘဲအနည်းကယ်အေးနေလေသည်။သို့သော်လည်းအိမ်ထဲမှာတော့သာမာန်ထက်နည်းနည်းပိုပူနေသည်။
ထို့ကြောင့် ချူစီရှင်း နှင့်ဟေးလင်းတို့ သည် ပါးလွှာသောဂါဝန်ကို၀တ်ဆင်ထားသည်။သူတို့၏ပါးလွှာသောဂါဝန်ကြောင့်လင်းဖန်သည်သူမတို့၏ဖြေးဖွေးသောအသားအရေနဲ့ပြည့်တင်းနေသောယုန်ကြီးကိုကြည့်နေရင်းလင်းဖန်သည်တံတွေးတစ်လုတ်မြိုချလိုက်လေသည်။
လင်းဖန်သည် ချူစီရှင်း နှင့် ဟေးတို့မျက်နှာ ကို စိုက်ကြည့်လိုက်သည်။အပူရှိန်ကြောင့်လားရှက်လို့လားတော့မသိပေ။သူမတို့၏ချောမောလှပသောမျက်နှာများပေါ်တွင် အနီရောင်များပေါ်လာသောကြောင့်ကြည့်ရင်းကြည့်ရင်းမနေနိုင်ပဲလင်းဖန်သည်သူမတို့နှစ်ယောက်ကိုဆွဲနမ်းလိုက်ပြီးတစ်ခါးကိုဝုန်းခနဲပိတ်လိုက်လေသည်။
( ̄ε ̄)
လင်းဖန်ဘယ်လောက်ကြမ်းလဲဆိုရင်သူမတို့နှစ်ယောက်၏အော်သံကိုအထပ်တိုင်းမှာကြားနိုင်လေသည်။
ကံကောင်းထောက်မှစွာနဲ့ဒီအဆောက်အဦးက လင်းဖန်ပိုင်တာမို့တော်သေးသည်။ မဟုတ်ရင် လူတော်တော်များများ အအိပ်နိုင်မှာကို ကြောက်သည်
…………
နောက်တစ်နေ့ မနက်စောစော။
နေသည်အရှေ့အရေပ်မှထွက်လာပြီးအလင်းရောင်ကလင်းဖန်မျက်နှာပေါ်သို့ကျရောက်လေသည်။
ထို့ကြောင့်လင်းဖန်သည်မျက်လုံးဖွင့်လိုက်သည်။
ထိုအချိန်တွင် သူသည် ပျော့ပျောင်းသောကုတင်ကြီးပေါ်တွင် တစ်ဦးတည်းသာ လဲလျောင်းနေသည်။
လင်းဖန်သည် ထုံးစံအတိုင်း ဖုန်းကို ကောက်ကိုင်ပြီးဖွင့်လိုက်သည်။
“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၃,၆၅၀,၀၀၀ ကိုရရှိသည်။”
ထို့နောက် ဖုန်းကို ခဏကြာအောင် ဟိုပွတ်လိုက်၊ဒီပွတ်လိုပ်လုပ်နေပြီးနောက်အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
လင်းဖန်က “ဒီချင်ရှီမှာရှိနေတဲ့ကာလအတွင်းချင် မှာ နေ့စဉ် အကောင်ဝင်တိုင်း ယွမ် 10 သန်းပဲရတယ်။ဒီနေ့ ကျန်ပေ့မှာရောက်နေတယ်ဆိုတော့အကောင့်ဝင်ရင်အသုံးဝင်တဲ့ဟာတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်။”
“အကောင့်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ရှဂို လေကြောင်းလိုင်း၏ ရှယ်ယာ 51% ကို ရရှိသည်။ 】
ဒါကိုကြည်ပြီးလင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့သည်။
သိရန်ရှဂိုလေကြောင်းလိုင်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်ပြီး ခရီးသည်တင်လေယာဉ်အစီးရေ တစ်ရာနီးပါးရှိပြီး ၎င်း၏စျေးကွက်တန်ဖိုးမှာ ယွမ် ဘီလီယံ ၄၀ ကျော်အထိရှိနေပြီဖြစ်သည်။
ရှယ်ယာ 51%?
တစ်နည်းဖြစ်ဆိုရသော်သူသည် ဘီလျံ 20 ကျော် ရရှိခဲ့သည် ။
လင်းဖန်ကယနေ့ အကောင့်ဝင်ခြင်းသည် အမှန်ပင် မဆိုးဟုတွေးလိုက်သည်ါ
လင်းဖန်သည် အိပ်ရာမထမီ အချိန်ထိပြုံးနေလေသည်။
ထိုအချိန်တွင် ဟေးလင်း နှင့် ချူစီရှင်းတို့သည် အစားအသောက်များကို စားပွဲပေါ်သို့ ယူဆောင်လာနေကြသည်။
လင်းဖန်ကို တွေ့ပြီးနောက် နီမြန်းပြီး လှပသော သူမတို့၏မျက်နှာများသည်မနေ့ကအကြောင်းကိုတွေးမိပြီးနောက်ပိုပြီးနီမြန်းလာခဲ့သည်။
လင်းဖန်သည်သူမတို့၏ဖြစ်နေသည်ကိုမသိဘဲသူသည်ဖက်ထုပ်ကြော်ကို ကောက်ကိုင်လိုက်ပြီး “အရသာရှိလိုက်တာ!”ဟုပြောလိုက်သည်။
ဒါကိုကြားတော့သူမတို့သည်တွေးနေတာပျောက်သွားခဲ့ပြီးပျော်ရွှင်သောအပြုံးတစ်ခုပေါ်လာခဲ့သည်။
နံနက်စာစားပြီးနောက် လင်းဖန်သည်ရီကေ၌ အကြာကြီးမနေခဲ့ပေ။ ဘာလို့ဆိုဒီနေ့က ကျောင်းစတက်တဲ့နေ့ဖြစ်သောကြောင့်နောက်ကျတာကမကောင်းလို့ပင်ဖြစ်သည်။
လင်းဖန်သည် Lamborghini (ကား)ကို မောင်းနှင်ကာ ကျန်ပေ့တက္ကသိုလ်သို့ ရောက်ရန်အချိန်မကြာလိုက်ပေ။
လင်းဖန်သည် စာသင်ခန်းထဲသို့ လှမ်းဝင်လိုက်တာနဲ့အတန်း၏အနောက်တွင်ထိုင်နေသော စုရီကလက်ယက်ခေါ်လိုက်သည်။”အစ်ကိုလင်း၊ ဒီမှာ!”
ဒါကိုကြားတော့လင်းဖန်က စုရီနားသို့လာပြီးထိုင်လိုက်သည်။
ယခုအချိန်တွင် အခန်းဖော် သုံးယောက်သည် နွေဦးပွဲတော်မှာဘာတွေလုပ်ခဲ့သောဆိုတဲ့အကြောင်းကို ဆွေးနွေးနေကြသည်။
“ဟေး၊ အခုနွေးဦးပွဲတော်က အရမ်းပျင်းစရာကောင်းတယ်” စုရီကသက်ပြင်းချပြီးပြောလိုက်သည်။
“တကယ်တော့ ပျင်းစရာမဟုတ်ပါဘူး၊ ကျောင်းပိတ်ထားတယ်ဆိုတော့ မင်း မိုဘိုင်းလ်ဖုန်းနဲ့ ဂိမ်းကစားလို့ရတယ်၊ဒါမှမဟုတ်မင်းအချိန်တိုင်းအိပ့်လို့ရတယ်၊ညကျရင်တစ်ယောက်ထဲဟိုလို၊ဒီလိုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လို့ရတယ်လေမဟုတ်ဘူးလား” မူဇောင်ကပြောလိုက်သည်။
“ဇောင်ချင်းဘို မင်းက စာအုပ်ဖတ်ရတာ မကြိုက်ဘူးလား” စုရီက မေးလိုက်သည်။
ဇောင်ချင်းဘို က “မကြိုဘူးကွာ။စာဖတ်တာထက်ထက်စာရင်ညဘက်သွားမယ့် ကလပ်သွားတာပဲကောင်းတယ်”
ဒါကိုကြားတော့မူဇောင် မထိန်းနိုင်ဘဲ “ငါတို့ဒီည သွားမလို့လား?”
“ဟားဟား!”
နှစ်ယောက်သားက ရှက်ရွံ့စွာ ရယ်မောလိုက်ကြသည်။
ပြီးနောက်စုရီက “အစ်ကို လင်း၊ မင်း ဒီနွေဦးပွဲတော်ကို ဘယ်လိုဖြတ်သန်းခဲ့တာလဲ။”
“ငါနည်းနည်းပင်ပန်းနေတယ်။” လင်းဖန်က ပြောလိုက်သည်။
“ပင်ပန်းနေတာလား?” သူတို့သုံးယောက်လုံး သံသယစိတ်တွေ ပေါ်လာခဲ့သည်။
နွေဦးပွဲတော်ကိုဒီအတိုင်းအေးအေးဆေးဆေးနေရတာမဟုတ်ဘူးလား။အချိန်ဖြုန်းတာကြာတာကြောင့်ပျင်းဆိုရင်တော့လက်ခံနိုင်သေးသည်။ဒါပေမယ့် ပင်ပန်းတာနဲ့ကဘာမှမဆိုင်ဘူးလေ။
လင်းဖန် ကသူတို့ကိုကြည့်ပြီး “ဟုတ်တယ်၊ နေ့တိုင်း ကုမ္ပဏီ အသီးသီးက သူဌေးတွေရော မြို့ ခေါင်းဆောင်တွေက နှစ်သစ်ကူး အလည်အပတ် လာကြတယ်လေ။ဒါကြောင့်ငါကနေ့တိုင်း လက်ဖက်ရည် နဲ့လိုက်ဧည့်ခဲရတယ်လေ။ဒါကြောင့်ငါက ပင်ပန်းတယ်လို့ပြောတာ။ “
တိတ်ဆိတ်သွားလေသည်။
“အစ်ကို လင်း၊ မင်းပေါင်ကိုကိုင်ထားလို့ရမလား” စုရီက ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အစ်ကိုလင်းရဲ့ပေါင်ကိုကိုင်ထားခွင့်ပြုပါ!” ဇောင်ချင်းဘို နှင့်မူဇောင်တို့ကလေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။
လင်းဖန်သည် သူတို့၏ ထူးဆန်းသောအသွင်အပြင်ကို ကြည့်ကာ ခါးသီးသော အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။
“ဂျိန်း”
ထိုအချိန်တွင် ကျန်ပေ့တက္ကသိုလ်တွင် ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်စုရန်ဒေါင် က ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်လာပြီး အတန်းထဲကိုဝင်လာပြီးအတန်းထဲရှိ ကျောင်းသားတွေကို ဦးစွာ ကြည့်လိုက်သည်။
လင်းဖန်ကိုမြင်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကောင်းလာခဲ့သည်။
ပြီးနောက်သူက “အတန်းဖော်တွေ မတွေ့တာ တစ်လလောက်ရှိပြီဆိုတော့မင်းတို့ငါ့ကို လွမ်းနေတာမလား”
“မလွှမ်းပါဘူး!” ဟုအတန်းဖော်များက ရယ်မောကာ အော်ပြောလိုက်ကြသည်။
စုရန်ဒေါင်၏ နားများကအရမ်းကောင်းပုံရသည်။မလွှမ်းဘူးလို့ပြောတာကိုလွှမ်းတယ်လို့ကြားသည်။
ဒါကြောင့်သူက ပြုံးပြီး “ကောင်းလိုက်တာ၊ ငါလည်း မင်းတို့ကို လွမ်းပါတယ်!”
“နည်းနည်းတောင်မလွှမ်းဘူး!” အတန်းဖော်ကျောင်းသားများသည် လျှာထုတ်ကာ ကျယ်လောင်စွာ ရယ်မောပြီးပြောကြသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်သည် တင်းမာမှုမရှိဘဲ ကျောင်းသားများအားလုံးကို သူ၏သူငယ်ချင်းကဲ့သို့ပြောနေလေသည်။
ခဏအကြာတွင်စုရန်ဒေါင်က ချောင်းဟန့်လိုက်ပြီး “ကောင်းပြီ၊ အခု နာမည်အရင်ခေါ်ကြရအောင်” လို့ပြောလိုက်သည်။
ထို့နောက် လူစာရင်းကို ကောက်ကိုင်လိုက်ပြီး “လင်းဖန်” ဟုခေါ်လိုက်သည်။
“ရှိ”
“ဆောင်ကျင်းအန်း!”
“ရှိ”
…………
စာသင်ခန်းထဲတွင် တယောက်ပြီးတယောက် ကျယ်လောင်စွာပြန်ဖြေလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်၊ ခေါ်ဆိုမှုပြီးဆုံးသွားခဲ့သည်။
“ပန်ချန်ကလွဲရင် အားလုံးရှိတာဘဲ” စုရန်ဒေါင် က ကျေနပ်စွာနဲ့ “စကားမစပ်၊ အတန်းဖော် ပန်ချန် က အထူးအကြောင်းပြချက်တွေကြောင့် ကျောင်းကို ခေတ္တဆိုင်းငံ့ဖို့ ရွေးချယ်ခဲ့တယ်”
“ဒါနဲ့ အတိအကျပြောရရင် ငါတို့ အတန်းထဲက ကျောင်းသားတွေ အားလုံးကဒီနေ့ ဒီကိုပြန်ရောက်လာတာကပေိာ်စရာကောင်းတယ်”
ဒီစကားထွက်လာတာနဲ့ တပြိုင်နက် တစ်တန်းလုံးက စိတ်အားထက်သန်စွာ အားပေးသံတွေ ထွက်လာလေသည်။
“ကောင်းလိုက်တာ!”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး