အတန်းခေါင်းဆောင်
Vol. 15 Ch. 220
အရင်တစ်ခါတုန်းကအတန်းပါတီပွဲမှာဖြစ်တဲ့ကိစ္စကြောင့်ပန်ချန်ကိုပေါင်းသမားတစ်ယောက်မှမရှိတော့ပေ။ပြီးတော့သူတို့သည်ကပ်ဖားလုပ်နေသောပန်ချန်ကိုအဲ့အချိန်ကတည်းကကြည့်လို့မရခဲ့ပေ။
ယခုတော့ပန်ချန်က ကျောင်းထွက်တယ်လို့အတိုင်ပင်ခံဆရာပြောသောအခါကျောင်းသားအားလုံးအတွက် သေချာပေါက် သတင်းကောင်းဖြစ်သောကြောင့် အားလုံးက ကျယ်လောင်စွာအော်ဟစ်နေကြသည်။
စုရန်ဒေါင်သည်ဒီဟော်ဟစ်သံများကိုဂရုမစိုက်ဘဲသူသည်လည်ချောင်းကို ရှင်းလိုက်ပြီး “တိုင်းပြည်မှာမင်းမရှိလို့မဖြစ်သလိုအတန်းထဲမှာလဲအတန်းခေါင်းဆောင်မရှိလို့မဖြစ်ဘူး”
“ပန်ချန်က ငါတို့အတန်းရဲ့ စအတန်းခေါင်းဆောင်ဖြစ်ခဲ့တယ်။ အခုသူမရှိတော့ဘူးဆိုတော့ ငါတို့အတန်းမှာအတန်းခေါင်းဆောင်ကို ပြန်ရွေးရမယ်။”
စုရန်ဒေါင်ကဒါကိုလေးလေးနက်နက်ပြောလိုက်သည်။
တစ်ယောက်ယောက်သာမသိရင်နိုင်ငံခေါင်းဆောင်ကို ရွေးမယ်လို့ ထင်မှာ ကြောက်သည်။
စုရန်ဒေါင်သည် အတန်းထဲရှိကျောင်းသားများကိုကြည့်ကာ “မင်းတို့မှာ အကြံပေးစရာ တစ်ယောက်ယောက်ရှိလား”
“လင်းဖန်!”
“ငါ လင်းဖန် ကိုရွေးတယ်!”
“အစ်ကို လင်း!”
စုရန်ဒေါင်ပြောပြီးတာတာနဲ့အတန်းထဲရှိကျောင်းသာတွေရဲ့အသံထွက်လာခဲ့သည်။ အတန်းဖော်တွေရဲ့ ကျယ်လောင်တဲ့ အသံတွေ အတန်းထဲမှာ ချက်ချင်း ထွက်လာခဲ့သည်။
စုရန်ဒေါင်သည်လင်းဖန်နာမည်ကိုကြားသောအခါအလွန်ကျေနပ်နေသည်။
သူက ခေါင်းညိတ်ပြီး “ကောင်းပြီ ဒါဆို ငါတို့အတန်းရဲ့ အတန်းခေါင်းဆောင်အသစ်က လင်းဖန်ပဲ”
ဒါကိုကြားနေည့လင်းဖန်သည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
အခြေအနေဘယ်လိုတွေဖြစ်သွားတာလဲ။
နေ့တိုင်း အတန်းထဲမှာ အိပ်တယ်။အတန်းပျက်တတ်တယ်ဒါတောင် အတန်းခေါင်းဆောင် ဖြစ်သေးတာလား။
ဘာပြဿနာမရှိဘူးဆိုတာ သေချာရဲ့သလား။
စုရီ၊ မူဇောင်နှင့် ဇောင်ချင်းဘို တို့သည် လင်းဖန်၏ သံသယများကို မြင်သောလည်းသူတို့လဲဘာမှမသိသောမျက်လုံးဖြင့်လင်းဖန်ကို ဂုဏ်ပြုပေးနေကြသည်။
“အစ်ကို လင်း၊ အတန်းခေါင်းဆောင်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်” မူဇောင်ကပြောလိုက်သည်။
“အရင်ကတော့ ဘွဲ့ရပြီးမှ မင်းရဲ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်ပေမယ့် အခုကစပြီး မင်းပေါင်ကို ပွေ့ဖက်ထားတော့မယ်” စုရီကလင်းဖန်ကိုပြောလိုက်သည်။
ဇောင်ချင်းဘို ကလဲ နောက်ကလိုက်ပြီး “အစ်ကိုလင်းမင်းပေါင်ကိုကိုင်ခွင့်ပြုပါ “ လို့ပြောလိုက်လေသည်။
လင်းဖန်သည်သူတို့၏ ထူးဆန်းသောအသွင်အပြင်ကို ကြည့်ရင်း မရယ်ပဲမနေနိုင်ပေ။
ဒီအချိန်မှာ စုရန်ဒေါင်က “နွေဦးပွဲတော်မှာ တစ်လပိတ်ထားတယ်ဆိုတော့မင်းတို့ထဲက တစ်ချို့က မပျော်ခဲ့ကြရဘူးမလား။ တစ်ချို့တွေဆိုတစ်ယောက်နဲ့နစ်ယောက် ပြောစရာတွေ အများကြီးရှိနေတယ်ဆိုတာကို ငါသိတယ်...”
“ဒါဆို မင်းတို့နွေဦးရာသီမှာ နှစ်ရက်လောက်အပန်းဖြေခရီးထွက်ပြီးစကားပြောရအောင်၊ ဘယ်လိုလဲ”ဟုစုရန်ဒေါင်ကပြောလိုက်သည်။
အတန်းဖော်တွေက ချက်ချင်းပဲ “ကောင်းပြီ!”
“သဘောတူတယ်!”
“ကောင်းတယ်!”
စုရန်ဒေါင်ကဒါကိုကြားတော့ ပြုံးပြီး ခေါင်းညိတ်ပြပြီး “ဒါဆို ဒီခရီးကိုငါတို့ရဲ့အတန်းခေါင်းဆောင်အသစ် လင်းဖန်ကစီစဉ်ပေးလိမ့်မယ်”
အတန်းပြီးသောအခါ ကျောင်းသားများစွာသည် လင်းဖန်၏အနားသို့ ရောက်လာကြသည်။
“အစ်ကို လင်း၊ အတ်းခေါင်းဆောင်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။”
“နွေဦးခရီးစဉ်ကို ဘယ်ကိုသွားမလို့စီစဉ်ထားလဲ”
“ ဟောင်ကောင်ဆို ဘယ်လိုလဲ။”
“ဟုတ်တယ်ဒီနေရာက မဆိုးဘူး!”
...
လူများစွာသည် ၎င်းတို့၏ကိုယ်ပိုင်အကြံပြုချက်များကိုပြောတော့သည်။
ခဏအကြာတွင်ခေါင်းလောင်းထိုးပြီးတစ်ခြားအချိန်ကိုပြောင်းသွားလေသည်။
ဤအချိန်သည် ပါမောက္ခဟောင်း၏ အတန်းဖြစ်သည်။
ပါမောက္ခဟောင်းကအတိုင်ပင်ခံပုဂ္ဂိုလ်လောက် ရယ်စရာကောင်းပေ။ သူသည် နွေဦးပွဲတော်အတွင်း ကြုံရာကျပန်း စကားများပြောကာ ကျောင်းစာအုပ်ကို ကောက်ယူကာ သင်တန်းအသစ်အကြောင်းကိုစတင် ပြောပြတော့သည်။
မနေ့က လင်းဖန်တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ဒါကြောင့်သူကနဂိုကတည်းကအိပ်ငိုက်နေသည်။ ပါမောက္ခဟောင်းပြောတာကို နားထောင်ရင်း နောက်ဆုံးမှာစားပွဲပေါ်တွင် အိပ်ပျော်သွားလေသည်။
ပရော်ဖက်ဆာဟောင်းက ဒါကိုမြင်တော့ သူ့သည်တိတ်တဆိတ် ချီးမွှမ်းလိုက်သည်။- လင်းဖန်က မျှော်လင့်ထားသလိုပဲ ဒီနေ့ကျောင်းစတက်ပေမဲ့ မနေ့ညက တညလုံး စာကျက်ခဲ့လို့အခုလိုအိပ်ပျော်တာနေမယ်။
လင်းဖန်သည် ပရော်ဖက်ဆာဟောင်းပြောတာကို သဘာဝကျကျ မသိပေ။ မျက်လုံးပြန်ဖွင့်လိုက်တော့ နေ့လယ်ကျောင်းခေါင်းလောင်းသံက မြည်နေပြီဖြစ်သည်။
ထို့နောက် စုရီနှင့် အခြားသူများနှင့်အတူ ကော်ဖီဆိုင်ဆီသို့ လျှောက်သွားခဲ့သည်။
ကော်ဖီဆိုင်ရှေ့ရှိလူတန်းရှည်ကြီးကို ကြည့်ပြီးလင်းဖန် သက်ပြင်းချလိုက်သည်။
“ဒင်!”
ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက ဖုန်းသည် အနည်းငယ်လှုပ်ယမ်းသွားခဲ့သည် ။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာသည်။
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့ သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်။”
...
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 166 ယွမ် ရခဲ့သည်။”
“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်း ယွမ် ၂၈၈၈၈ရရှိသည်။”
“ဒင်း ဂုဏ်ယူပါတယ် မင်း 66 ယွမ်ရသည်။”
...
ယနေ့တွင် စာအိတ်နီဖွင့်ရာတွင်စုစုပေါင်း ယွမ်ငွေ 41,211 ရရှိခဲ့သည်။
ဒါကိုလင်းဖန်သည် သက်ပြင်းချကာ သည်းမခံနိုင်တော့ဘဲ “ဒီနေ့ကံ မကောင်းဘူးပဲ။”ဟုရေရွတ်လိုက်သည်။
စာအိတ်အနီကို ဖွင့်ပြီးနောက် ဝိုက်ချက် တွင် မဖတ်ရသေးသော မက်ဆေ့ချ်များ ရှိနေသည်ကို တွေ့ရှိလိုက်သည်။ထို့ကြောင့်သူသည်ဘယ်သူကဘာပို့ထားလဲဆိုတာကိုကြည့်ကြည့်ဝိုက်ချက်ထဲသို့ဝင်လိုက်သည်။
စုနမ်- မင်းစိုက်ထားတဲ့ ကော်ဖီစေ့တွေနောက်ဆုံးတော့ ပွင့်လာပြီ၊ သူတို့တွေကအရမ်းလှတယ်။
စုနမ်ကပွင့်လန်းနေငေါကော်ဖီပင်ကိုဓာတ်ပုံရိုက်ပြီးပို့လိုက်သည်။
လင်းဖန်သည် နှင်းဖြူရောင်ပန်းပွင့်ကြီးများကို မြင်လိုက်သောအခါ သူအံ့အားသင့်သွားသည်။
“ကလင်...ကလင်..ကလင်!”
ဒီအချိန်မှာ သူ့လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
လင်းဖန်သည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာ မရင်းနှီးသောနံပါတ်တစ်ခုဖြစ်သည်။သို့သော်သူက ကိုင်လိုက်သည်။
“မစ္စတာလင်းလား” ရိုသေလေးစားသော အသံတစ်သံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
လင်းဖန်က “ဟုတ်ပါတယ်။ဘယ်သူလဲဗျ?”
“မင်္ဂလာပါ မစ္စတာလင်း၊ ငါကရှဂို လေကြောင်းလိုင်းရဲ့ ဥက္ကဌ ကျောက်ရီပိုင် ပါ...” ဖုန်းထဲကနေအသံထွက်လာခဲ့သည်။
ကျောက်ရီပိုင်ဖုန်းဆက်တာကိုလင်းဖန်က သိပ်မအံ့သြပေ။
ထို့ကြောင့် သူသည်”အိုး၊ကျောက်ရီပိုင်၊ မင်းခေါ်တာ ဘာကိစ္စရှိလို့လဲ”
“မစ္စတာလင်း၊ ဒီလိုပါပဲ... ငါတို့ ရှဂို လေကြောင်းလိုင်းက ဝန်ထမ်းတွေ အစည်းအဝေးကျင်းပဖို့ စီစဉ်နေပါတယ်၊ မင်းမှာ လာပြီးကျင်းပပေးဖို့ အချိန်ရှိလား မသိဘူး။ပြီးတော့ရီဂိုလေကြောင်းလိုင်းရဲ့ အနာဂတ်အတွက် ဦးတည်ချက်ကို ထောက်ပြပေးပါအုံး..”ကျေက်ရီပိုင် သတိကြီးကြီးနဲ့ မေးလိုက်သည်။
လင်းဖန်က “ကျွန်တော် ကဒါကိုလက်ခံကျင်းပပေးမှာ မဟုတ်ပါဘူး၊ ဒါတွေကို ကျနော်နားမလည်ဘူး၊ဒါကြောင့်ကျနော်ကအမြတ်ဝေစုပဲ ယူမယ်”
ဒီနေ့မှာတော့ကျေက်ရီပိုင်ဟာ သူ့ကုမ္ပဏီရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို လူတစ်ဦးကဝယ်ယူလိုက်ကြောင်း ရုတ်တရက် သိလိုက်ရပြီးနောက်သူသည် စိတ်ပူသောကြောင့် မငြိမ်မသက် ဖြစ်နေခဲ့သည်။
ဒါက သူတည်ထောင်တဲ့ ကုမ္ပဏီပါ။
တစ်ဖက်လူက ဘယ်လိုလူလဲဆိုတာ သူမသိခဲ့သလို ရှဂို လေကြောင်းလိုင်းကိုသိမ်းကျုံးယူဖို့အမိန့်ပေးမှာလား၊အဲ့ဒါဆိုရင်ရှဂိုလေကြောင်းလိုင်းက တဖြည်းဖြည်း ကျဆင်းလာမှာကိုသူမလိုချင်ပေ။
ဤအချိန်တွင်၊ ကျောက်ရီပိုင် သည် လင်းဖန်၏အဖြေကိုကြားတော့ သူအလွန်ပျော်ရွှင်သွားသည်။
သို့သော် သူ့စိတ်ထဲတွင် ပျော်ရွှင်မှုကို ထိန်းထားဆဲဖြစ်ပြီး လင်းဖန်နှင့်ဖုန်းမချမီ စကားအနည်းငယ်ပြောခဲ့သည်။
သူ့ဘေးနားရှိ စုရီက လင်းဖန် ကိုကြည့်ပြီး”အစ်ကိုလင်း၊ ငါတို့ နွေဦးရာသီမှာဘယ်သွားသင့်တယ်လို့ ထင်လဲ”
“ငါပြောပါရစေ၊ အားလုံးကို ကလပ်ကိုခေါ်သွားပြီး တစ်ရက်လောက် ကစားလိုက်ရအောင်၊ ဒါ အကောင်းဆုံးပဲ၊ မူဇောင်ဟုတ်တယ်မဟုတ်လား “ ဇောင်ချင်းဘို က ပြောလိုက်သည်။
မူဇောင်က တွန့်ဆုတ်နေသောအသံဖြင့် “ဒါ... ဒါ ကမကောင်းဘူးလေ။ငါတို့ နွေဦးခရီးဖြစ်တာကြောင့်အပြင်အတူသွားသင့်တယ်...”
နွေဦး အပြင်သွားမလား?
လင်းဖန်သည် ဖုန်း၏ ဝိုက်ချက် တွင် စုနမ်ထံမှ မက်ဆေ့ချ်ကို ထပ်မံကြည့်ရှုလိုက်သည်။
ထို့မောက်သူက ပြုံးလိုက်ပြီး “နွေဦးရာသီဘယ်သွားမလဲဆိုတာကိုငါဆုံးဖြတ်ပြီးပြီ”
“ဘယ်ကိုလဲ?” စုရီက မေးသည်။
“ဒါက ကလပ် လား?” ဇောင်ချင်းဘို ချက်ချင်းမေးလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး