လေဆိပ်သွားခြင်း
Vol. 15 Ch. 221
စနေနေ့သည်အတန်းချိန်မရှိသောကြောင့် ကျောင်းသားများသည်နောက်ကျမှထလေ့ရှိသည်။
သို့သော် ယနေ့မှာတော့မိုးမလင်းမီတွင် ကျောင်းသားအုပ်စုတစ်စုသည် ကျောင်းတံခါးမှထွက်လာခဲ့ကြသည်။
စောစောထရသောကြောင့် သူတို့မျက်နှာတွင်တွန့်ဆုတ်မှုမရှိပေ။
ဆန့်ကျင်ဘက်အဖြစ်လူတိုင်း၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများနဲ့သာပြည့်နှက်နေသည်။
ဘာကြောင့်လဲဆိုတော့ ဒီနေ့က ခရီးသွားမဲ့နေ့မို့လို့ပင်ဖြစ်သည်။
သူတို့သွားမယ့်နေရာကတောင်ပိုင်းပြည်နယ်၏လှပသော လီရှီမြို့ပင်ဖြစ်သည်။
ထိုအချိန်တွင် ဇိမ်ခံဘတ်စ်ကားသည် ကျောင်းသားများရှေ့တွင် ရပ်တန့်သွားခဲ့သည်။
စုရီ က “လင်းဖန်ကလေဆိပ်ကိုသူ့ဘာသာသူလာလိမ့်မယ်။ငါက လေဆိပ်ကိုသွားမည့်သူတွေရဲ့နာမည်ကိုခေါ်မယ်။”
“မူဇောင်!”
“ရှိ”
…………
“ဇောင်ချင်းဘို!”
“ရှိ!”
…………
စုရီသည် နာမည်တစ်ခုခေါ်လိုက်တိုင်း ခေါ်ခံရသောသူကပြန်ထူးလေသည်။
ခရီးသွားမဲ့ထဲမှာစုရန်ဒေါင်တော့မပါဝင်ပေ။
ခဏကြာတော့ လိုက်မယ့်သူအားလုံးရဲ့နနာမည်တွေ ကိုခေါ်လို့ပြီးသွားပြီဖြစ်သည်။
စုရီက “ကောင်းပြီ၊ အားလုံးကားပေါ်တက်ရအောင်!”
လူတိုင်းသည် အလွန်စိတ်လှုပ်ရှားသောစိတ်ဖြင့်ဇိမ်ခံဘတ်စ်ကားပေါ်သို့တက်လိုက်ကြသည်။
ကားပေါ်မှာထိုင်ပြီးနောက် အတန်းဖော်များကတစ်ယောက်နဲ့တဟ်ယောက် စိတ်လှုပ်ရှားစွာ စကားစမြည်ပြောနေကြသည်။
စနေနေ့ မနက်စောစောဆိုတော့ လမ်းမှာကားတွေသိပ်မရှိပေ။
နာရီဝက်လောက်ကြာတော့ ဇိမ်ခံဘတ်စ်ကား သည်လေဆိပ်ကို ရောက်ရှိပြီဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်သည်လည်း Pagani Fengshen (ကား)ကို ကားရပ်နားရာသို့ မောင်းသွားခဲ့သည်။
အတန်းဖော်များကိုတွေ့ပြီးနောက် သူက ပြုံးပြီး နှုတ်ဆက်လိုက်သည်။”အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ! အားလုံးရောက်နေကြပြီလား?”
“ဂေါင်လီကျူ နဲ့ ချမ်လီဂျန်တို့ကလေဆိပ်ကိုနောက်မှလာမယ်လို့ငါကိုပြောထားတယ် ၊ “ စုရီ က ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ဒါဆို အထဲမှာ ခဏထိုင်ပြီး အနားယူရအောင်” လို့ပြောလိုက်သည်။
ထို့နောက် လင်းဖန်သည် အားလုံးကို VIP ဧည့်ခန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်။
ဒီနေရာက်ုဆောင်ကျင်းအန်း ကဲ့သို့သော လူအနည်းငယ်မှလွဲ၍ အများစုမှာ VIPဧည့်ခန်းသို့ မရောက်ဖူးကြပေ။
လေယာဉ်မစီးဖူးတဲ့သူတွေတောင် ပါသည်။
ထိုအချိန်တွင် သူတို့သည် VIP ဧည့်ခန်း ရှိ အဆင့်မြင့် အလှဆင်မှုများကို ကြည့်ကာ အံ့သြသွားကြသည်။
လင်းဖန် က “မင်းတို့မနက်စာ မစားရသေးဘူးမလား။ဒါကြောင့် မင်းတို့ဒီမှာ ကြိုက်သလို စားလို့ရတယ်”
သူတို့သည်VIP ဧည့်ခန်းသို့ရောက်တာနဲ့အလှဆင်မှုအပြင်လက်ရာမြောက်သော အစားအသောက်နှင့် တန်ဖိုးကြီးအချိုရည်များကို သတိပြုမိကြပြီး တိတ်တဆိတ် မျိုချနေကြသည်။
ယခုအချိန်တွင် လင်းဖန်၏စကားကိုကြားပြီးနောက် သူတို့သည် မထိုင်နိုင်တော့ဘဲ ဗန်းကိုယူကာ အစားအသောက်များကို စတင်ယူဆောင်တော့သည်။
လူတိုင်းသည်ပါးစပ်ထဲသို့သူတို့ယူလာသောအစားအစာများကိုကျေနပ်စွာစားနေကြသည်။
“အရသာရှိလွန်းတယ်!”
“ဒါက ငါစားဖူးသမျှထဲမှာအရသာအရှိဆုံးပဲ”
“ငါရောပဲ!”
“ဂေါင်လီကျူနဲ့ ချမ်လီဂျန်တို့ ဒီကို ဘာလို့မလာသေးတာလဲကွာ9:30 လေယာဉ်ချိန်မဟုတ်ဘူးလား။ ထွက်ဖို့အချိန်နီးနေပြီ!”
“ဟုတ်တယ်”
“ငါသူတို့ကိုဖုန်းဆက်ပြီးပြောလိုက်မယ်။”
တစ်ယောက်ယောက်က သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်သည်။
ဂေါင်လီကျူကဖုန်းထဲတွင်လေဆိပ်ကိုလာနေပြီဟုပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ ဂေါင်လီကျူသည် လည်း VIP ဧည့်ခန်းကို ရောက်ရှိလာခဲ့သည်။
သို့သော် ချမ်လီဂျန်ကတော့ဖုန်းမကိုင်ပေ။
9:30 နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် ကျောင်းသားအားလုံးသည် မနေနိုင်ပဲစိတ်ပူပင်လာတော့သည်။
လင်းဖန်က ပေါ့ပါးသောလေသံဖြင့်”အဆင်ပြေပါတယ်၊ လေယာဉ်ကငါတို့ခဏစောင့်ပါလိမ့်မယ်”
“လေယာဉ်က ငါတို့ကို စောင့်မှာလား။” အတန်းဖော်တစ်ယောက်က အံ့သြပြီးပြောလိုက်သည်။
“ဒါဖြစ်သင့်တာပဲသလား၊ ငါတို့သွားမယ့်လူတွေကအများကြီးပဲလေ။” သူ့ဘေးက ကျောင်းသားက ပြောလိုက်သည်။
ထိုအချိန်တွင် နေကာမျက်မှန်တပ်ထားသော အမျိုးသားအများအပြားနှင့် ဦးထုပ်ဆောင်းထားသည့် အမျိုးသမီးတစ်ဦးသည် VIP ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။
သူတို့အထဲမှာ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက “မင်းတို့ ကျောင်းသားတွေ အားလုံး အတူတူ ခရီးထွက်ကြတာလား။ မင်းတို့ကို ဘုံတစ်ခု ပြောပြပါရစေ၊ လေယာဉ်က လူတစ်ဦး ဒါမှမဟုတ် လူတစ်စုကို စောင့်နေမှာမဟုတ်ဘူးအချိန်တန်ရင်သွားမယ်ပဲ” လို့ ပြောလိုက်သည်။
“ဒါကြောင့်မင်းတို့ လေယာဉ်ပေါ်တက်ဖို့ အမြန်တက်သင့်ပါတယ်။မဟုတ်ရင် လက်မှတ်တွေကိုဖြုန်းတီးသလိုဖြစ်မယ်’’
ဒီလိုပြောတယ်ဆိုတာကလဲအတန်းဖော်များ၏ စကားဝိုင်းကို သူကြားလိုက်ရလို့ပင်သည်။
ထို့ကြောင့် သူက ကြင်နာစွာ သတိပေးရခြင်းလဲဖြစ်သည်။
သူသည် ယခင်ကလည်း ကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းဖော်များစွာနှင့်အတူတကွခရီးသွားရန်မှာမည်မျှရှားပါးကြောင်း သူကောင်းကောင်းသိသည်။
ထိုအချိန်တွင် အတန်းဖော်တစ်ဦးက ရုတ်တရက် အံ့အားသင့်သွားကာ “မင်းက... ဆရာကြီးဟီလား?”
သူ့ကို အသိအမှတ်ပြုတာကိုမြင်တော့ မစ္စတာ ဆိုတဲ့သူက ဆက်ပြီး ဖုံးကွယ်မနေဘဲ နေကာမျက်မှန်ကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်
“အ တကယ်ပါ ဆရာဟီပဲ!”
“အရှင်ဘုရား၊ ငါမင်းရဲ့ “တောက်တမှု” ကို အနှစ်သက်ဆုံးပဲ’’
နောက်တော့ အတန်းဖော် နောက်တစ်ယောက်က ဆရာ့ဟီဘေးက လူလတ်ပိုင်းအရွယ်ကို ကြည့်လိုက်သည်။
“မင်းက...ဆရာဟွမ်မလား”
“ဟုတ်ပါတယ်။” ဆရာဟွမ်က နေကာမျက်မှန်ကို ချွတိပြပြီးပြောလိုက်သည်။
“အိုဘုရားရေ!” အတန်းဖော်က ချက်ချင်းအော်လိုက်လေသည်။
“မင်းက ညီမ ဖိန်မလား” အတန်းဖော်တစ်ယောက်က ပိန်ပိန်ပါးပါး အမျိုးသမီးကို ကြည့်ပြီးပြောလိုက်သည်။
“ဟုတ်ပါတယ်” ညီမဖိန်က သူ့ဦးထုပ်ကို ချွတ်ပြီးပြောလိုက်သည်။
“ဒါဆို မင်းက အစ်ကိုချမ်မလား” အတန်းဖော်တစ်ယောက်က နေကာမျက်မှန်တပ်ထားတဲ့ နောက်ဆုံးလူကို ကြည့်ပြီးပြောလိုက်သည်။
“မှန်ပါတယ်။” အစ်ကိုချမ်က လည်း သူ့နေကာမျက်မှန်ကို ချွတ်ပြီးပြောလိုက်သည်။
ရုတ်တရက် VIP ဧည့်ခန်းတစ်ခုလုံး အော်ဟစ်သံနဲ့ပြည့်နေလေငည်။
“အင်း! ဒီနေ့ ကံကောင်းတဲ့နေ့ပဲ”
“ဆရာ၊ ကျေးဇူးပြုပြီးကျနော့်ကို လက်မှတ်ထိုးပေးပါ”
“ဆရာဟွမ်၊ ငါ မင်းနဲ့ အတူဓာတ်ပုံရိုက်လို့ရမလား”
“ညီမ ဖိန်၊ မင်းငါ့ကိုလက်မှတ်တစ်ခုလောက်ထိုးပေးလို့ရမလား’’
“အစ်ကို ချမ်၊ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ!”
အတန်းဖော်တွေကတယောက်ပြီး တယောက် ဝိုင်းပြောလိုက်ကြသည်။
ဒီအချိန်မှာ အပြင်ဘက်ကနေခြေသံများထွက်ပေါ်လာသည်။
ထို့နောက် ချမ်လီဂျန်က ချွေးတွေသုတ်လိုက်ပြီး “တောင်းပန်ပါတယ် ငါနောက်ကျသွားတယ်” လို့ပြောလိုက်သည်။
ကျောင်းသားအားလုံးက သူ့ကိုမြင်ပြီးနောက်မှာနှုတ်ဆက်ပြီးနောက်ဆရာကြီးတို့နဲ့အတူစကားပြောနေကြသည်။
ကျောင်းသားအနည်းငယ်သည် ၎င်းတို့၏ လက်ကိုင်ဖုန်းကို အမြန်ထုတ်ကာ “သွားပြီ၊ ကိုးနာရီလေးဆယ်ရှိနေပြီ၊ လေယာဉ်က ထွက်သွားပြီထင််တယ်”
“အ? ငါတို့ ဘာလုပ်ရမလဲ?”
“ငါတို့ လီရှီကို မသွားနိုင်တော့ဘူးလား။”
ပြောရမယ်ဆိုရင် ကျောင်းသားတွေ ကျောင်းကနေစထက်တုန်းက ဘယ်လောက် စိတ်လှုပ်ရှားခဲ့လိုက့သလဲ။
ဒီအချိန်မှာ သူတို့သည် စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီဖြစ်သည်။
ဒါကိုတွေ့တော့လင်းဖန်က ပြုံးပြီး “စိတ်မပူပါနဲ့၊ လေယာဉ်က မထွက်ခွာသေးပါဘူး၊ ငါတို့ကို စောင့်နေပါတယ်!”
ထိုအချိန်တွင် လေယာဉ်အမှုထမ်းနှစ်ဦး ရောက်လာခဲ့သည်။
သူတို့အထဲမှာ အရပ်ရှည်တဲ့ လူက “မစ္စတာလင်း၊ မင်းနဲ့မင်းရဲ့ အတန်းဖော်တွေဒီမှာရှိလား”
ဒိနေ့တစ်ပိုင်းနဲ့တစ်ဝက်ပြီးတာနဲ့မျက်စိကအဆင်မပြေဖြစ်လာလို့တစ်ပိုင်းပဲတင်ပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး