← Chapters

လေယာဉ်စင်းလုံးငှားပြီးသွားခြင်း

Vol. 15 Ch. 222

လေယာဉ်စင်းလုံးငှားပြီးသွားခြင်း

Vol. 15 Ch. 222

လေယာဉ်ဝန်ထမ်း၏ စကားများသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

လင်းဖန်၏အမူအရာသည် ပုံမှန်သာဖြစ်ပြီး ခေါင်းညိတ်ကာ “ရှိပါတယ်။ဒါကအကုန်ပါပဲ” ဟုပြောလိုက်သည်။

လေယာဉ်ဝန်ထမ်းက ပြုံးပြီး “ဒါဆို အခုအနားယူ​အုံးမလား ဒါမှမဟုတ် အခု လေယာဉ်ပေါ်တက်တော့မှာလား?”

“လေယာဉ်ပေါ်ပဲတက်မယ်။” လင်းဖန်က ပြောလိုက်သည်။

“ကောင်းပြီ၊ ဒီဘက်ကိုကြွပါ။” လေယာဉ်ဝန်ထမ်းက အနည်းငယ် ငုံ့ကာပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြပြီး အတန်းဖော်များဘက်သို့ လှည့်ကာ “လေယာဉ်ပေါ်တက်ရအောင်”

“အိုး...အေ...”

သံသယတွေရှိပေမယ့်လည်း သူတို့သည်ရှေ့ကို ဆက်လျှောက်သွားကြသည်။

လင်းဖန်နှင့် အခြားသူများ လုံးဝထွက်ခွာသွားပြီးနောက် ဆရာဟီက ကြောင်တက်တက်ဖြင့် “သူတို့... သွားကြပြီလား?”ပြောလိုက်သည်။

“သွားတာသိသာတာကိုမမြင်ဘူးလား။” ဆရာဟွမ်က ပြောသည်။

“ဒါပေမယ့် လေယာဉ်က ၉း၃၀ လို့ ပြောတာမဟုတ်ဘူးလား။ လေယာဉ်က စီးမဲ့လူတွေကို တကယ်စောင့်နေပြီလား” ဆရာကြီးဟီက ပြောလိုက်သည်။

ဆရာဟွမ်က ပခုံးတွန့်ကာ သူလည်းမသိကြောင်း ပြောလိုက်သည်။

ထိုအချိန်တွင် VIP ဧည့်ခန်းမှ သတိပေးအသံတစ်ခုထွက်ပေါ်လာသည်။

“လေယာဉ် C1118 ၏ခရီးသည်များ၊လီရှီကိုသွားမယ့်လေယာဉ်ရောက်ရှိပြီ၊ ကျေးဇူးပြု၍ ဂိတ် B25 သို့သွားပေးပါ။”

ဆရာ ဟွမ်က “ငါတို့လေယာဉ် ဒီကိုရောက်ပြီ၊ လေယာဉ်ပေါ်တက်ကြရအောင်”

ဆရာဟီခေါင်းငုံ့ပြီး သံသယတွေအပြည့်နဲ့ ရှေ့ကို လျှောက်သွားခဲ့ငည်။

လေယာဉ်မယ်နဲ့တွေ့တဲ့အခါ ဆရာဟီက သိချင်တာကိုမထိန်းနိုင်ဘဲ “ဟဲလို လေယာဉ်အမှုထမ်း၊ လေယာဉ်ရောက်ပြီးရင်တောင်လူတွေကို စောင့်ပေးလို့ရလား?”

ဆရာဟီသည် ပြဿနာကြုံလာရင် တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းတတ်တဲ့ အလေ့အကျင့်တစ်ခုရှိသည်။

မဟုတ်ရင် လည်ချောင်းထဲမှာ စူးနေတဲ့ငါးရိုးလို၊နေရာနာအဆင်မပြေပေ။ထို့ကြောင့်မေးလိုက်ခြင်းဖြစ်သည်။

လေယာဉ်မယ်က ဆရာဟီကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။

ဒီလိုနာမည်ကြီးလူကလေယာဉ်ကိုမကြာခဏစီးသင့်နယ့။ဒါတောင်မဟုတ်တာတွေကိုလာမေးနေတယ်။

သို့သော် လေယာဉ်မယ်သည် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်သော သူတစ်ယောက်ဖြစ်သည်။ ခဏတာ ထူးဆန်းသောအမူအရာတစ်ခုပြအပြီးတွင် သူမသည် ကျွမ်းကျင်စွာ ပြုံးကာ “ကျွန်မတို့၏ လေယာဉ်ထွက်ခွာချိန်ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပါတယ်။ထွက်မယ့်အချိန်ကျရင် တစ်စုံတစ်ဦးကို စောင့်မနေနိုင်ပါဘူး” ဟု ပြောကြားလိုက်သည်။

“မင်းရဲ့ ဆွေမျိုးတွေ၊သူငယ်ချင်း တွေ လေဆိပ်ကို မရောက်သေးရင် အမြန်ဆုံး လာဖို့ တောင်းဆိုလိုက်ပါ”

အဘယ့်ကြောင့်ဆိုသော်လေယာဉ်မယ်၏ အမူအရာသည်ခဏပြောင်းလွဲသွားသည်ကိုမြင်သော်လည်းသူသည်လုံးဝ ဂရုမစိုက်ဘဲ “ဒါဆိုကျောင်းသားတစ်စုကိုဘာလို့လေယာဉ်ကစောင့်နေတာလဲ” လို့ ပြောလိုက်သည်။

ဒါကိုလေယာဉ်အမှုထမ်းက “အိုး၊ မင်းပြောနေတာ မစ္စတာလင်းကိုလား။ ဒီလေယာဉ်ကရှဂို လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်ကြီးဖြစ်ပြီးမစ္စတာလင်းဖန်ကနစ်စီးလုံးက်ုငှားထားတာပါ’’

ဆရာ ဟီ၊ ဆရာ ဟွမ်၊ ညီအစ်မဖိန်၊ အစ်ကို ချမ်တို့ကလုံးဝကိုအံသြ သွားသောကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

...

ထိုအချိန်တွင် လင်းဖန် နှင့် အခြားသူများ သည် လေယာဉ်ပေါ် ရောက်ရှိလာပြီး မိမိတို့နှစ်သက်ရာ နေရာကို ရွေးချယ်ကြသည်။

အတန်းဖော်တချို့သည်လေယာဉ်စီးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့ အရမ်းစိတ်လှုပ်ရှားသွားကြသည်။ သူတို့ သည်ဟိုကြည့်ဒီကြည့်လုပ်ပြီးနောက် မနေနိုင်ဘဲ ဓာတ်ပုံရိုက်ကြတော့သည်။

ထိုအခိုက်တွင် လေယာဉ်ဝန်ထမ်းသည် ဖြည်းညှင်းစွာ လျှောက်လာပြီး ပြုံးကာ “မစ္စတာလင်း၊ မင်းရဲ့ အတန်းဖော်တွေ ဒီမှာအကုန်ရှိလား”

လင်းဖန်က ခေါင်းညိတ်ပြီး “ဒီမှာအကုန်ဘဲ” ဟုပြန်ပြောလိုက်သည်။

“ဒါဆိုလေယာဉ်သွားတော့မလို့အဆင်သင့်ဖြစ်ပြီလား” ဟုလေယာဉ်မယ်(လေယာဉ်ဝန်ထမ်း)က ထပ်မေးလိုက်သည်။

“ဟုတ်။အဆင်သင့်ဖြစ်ပါပြီ” လင်းဖန်က ပြောလိုက်သည်။

လေယာဉ်မယ် ထွက်သွားပြီးနောက် သူ့ဘေးရှိဇောင်ချင်းဘိုက “လေယာဉ်မယ်က အရမ်းလှတယ်!”

စုရီကလဲ သဘောတူသောလေသံဖြင့်”ဟုတ်တယ်!”ဟုထောက်ခံလိုက်သည်။

လေယာဉ်အင်ဂျင်ဟောက်သံအပြီးတွင်၊ လေယာဉ်ငည်အရှိန်အဟုန်ဖြင့် မြင့်မားသောတိမ်တိုက်များကို တခဏချင်းဖြတ်သွားကာ အပြာရောင်ကောင်းကင်အောက်တွင် ပျံသန်းသွားခဲ့သည်။

ဒီမြင်ကွင်းကြောင့်လေယာဉ်နဲ့မသွားဖူးသော ကျောင်းသားအားလုံး တအံ့တသြဖြစ်သွားခဲ့ရသည်။

တစ်နာရီကျော်ကြာပြီးနောက် လေယာဉ်သည် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

လေယာဉ်ဆင်းသက်ပြီးနောက် အတန်းဖော်များသည် အပြင်သို့ တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်ထွက်ခဲ့ကြသည်။

“ဒါ လီရှီလား။ လေက အရမ်းကောင်းတာပဲ”

“ကောင်းကင်ကြီးကလဲပြာနေတာပဲ!”

...

လင်းဖန်နှင့် သူ့အတန်းဖော်များ လေယာဉ်ပေါ်မှ ဆင်းလာသောအခါ ဆရာ ဝီ၊ ဆရာ ဟွမ်၊ ညီမဖိန်နှင့် အစ်ကိုချမ်တို့က နေကာမျက်မှန်နှင့် ဦးထုပ်များ ဝတ်ဆင်ကာ ခရီးသည်များ လေယာဉ်ပေါ်မှ ဆင်းပြီးသည့်အထိ စောင့်ကာ တိတ်တဆိတ် ဆင်းလာခဲ့ကြသည်။

ညီအစ်ကို ချမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး “ကြယ်တစ်ပွင့်ဖြစ်ရတာ ဒုက္ခပါပဲကွာ ၊ဘယ်အချိန်မှာ လွတ်လွတ်လပ်လပ် ဆင်းနိုင်မှာလဲ”

ဆရာ ဟွမ် က “လွတ်လွတ်လပ်လပ်ဆင်းချင်ရင် အရမ်းရိုးရှင်းပါတယ်။”

“တစ်ကယ်လား?” အစ်ကို ချမ် နဲ့ ညီမ ဖိန်နှစ်ယောက်စလုံးဟာ စူးစမ်းလိုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလိုက်ကြသည်။

ဆရာဟွမ်က “ငါပြေညချင်တာက ကွာခုနပကျောင်းသားအဖွဲ့လို လေယာဉ်တစ်စီးလုံးကိုငှားလိုက်လေသည်။အဲ့အခါကျရင်မင်းတို့ဟာမင်းတို့အေးဆေးဆင်းလို့ရပြီ၊ အေးအေးဆေးဆေးမဆင်းချင်ရင်လေယာဉ်ပေါ်ကကနေခုန်ပြီးဆင်းလို့ရသလိုခုန်ပြီးတက်ဖို့ဆိုတာက ကိစ္စမရှိဘူး။”

ဒီစကားကိုကြားပြီးနောက်ညီအစ်ကိုချမ်နှင့် ညီအစ်မဖိတ်တို့နှစ်ယောက်စလုံးသည် ဆရာ ဟီကို အလွန်တောင့်တသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ဒါကိုတွေ့တော့ဆရာဟီက ချောင်းအနည်းငယ်ဆိုးကာ”ဒီလိုစင်းလုံးငှားဖို့က လောလောဆယ် မဖြစ်နိုင်သးဘူး... ဒါပေမယ့် ဇိမ်ခံကားတစ်စီး ငှားစီးဖို့တော့ ဖြစ်နိုင်ပါသေးတယ်”

ထို့နောက် မဝေးလှသော GL8(ကား) ကို ညွှန်ပြပြီး “ကြည့်စမ်း၊ ငါတို့ ဇိမ်ခံကားက ဒီမှာ!”

ဤအခိုက်အတန့်တွင် အဆင့်မြင့် Mercedes-Benz ဘတ်စ်ကားတစ်စီးသည် အဝေးမှ မောင်းနှင်လာခဲ့သည်။

ဇိမ်ခံဘတ်စ်ကားသည် လင်းဖန်နှင့်လေယာဉ်မှ ဆင်းလာသော အတန်းဖော်များရှေ့တွင်ရပ်လိုက်သည်။

ထို့နောက် လင်းဖန် နှင့် အခြားသူတို့သည် အဆင့်မြင့် Mercedes-Benz ဘတ်စ်ကားပေါ် အတူတူတက်သွားလိုက်ကြသည်။

ဒါကိုတွေ့ပြီးဆရာ ဟွမ် ၊ အစ်ကို ချမ်နှင့် ညီမ ဖိန်တို့သည် ဆရာ့ဟီအား အလွန်ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး သူတို့ရှေ့တွင်ရှိGL8 ကို ကြည့်လိုက်သည်။

သူတို့၏ ကြည့်ထဲတွင်- ဒါက ဇိမ်ခံကားလို့ ပြောလိုက်တာလားဟု​ဖြစ်ပါသည်။

ဆရာဟီသည်သူတို့၏အကြည့်ကိုနားလည်ငေါ်လည်းအခုအချိန်တွင်သူသည်ဘာပြောရမယ်မှန်းမသိဖြစ်နေသည်။

........

ယခုအချိန်တွင် Mercedes-Benz ဘတ်စ်ကားပေါ်တွင် ထိုင်နေသောကျောင်းသားများသည်လင်းဖန်နဲ့အတူမရပ်မနား စကားပြောနေကြသည်။

နှစ်နာရီခန့်အကြာတွင် ဘတ်စ်ကားသည် ကွေ့ကောက်သော တောင်တက်လမ်းကိုဖြတ်ကာ နောက်ဆုံးတွင် လိုရာခရီးသို့ ရောက်ရှိလို့လာခဲ့သည်။

လင်းဖန်နှင့် အခြားအတန်းဖော်များသည် ဘတ်စ်ကားပေါ်မှ ဆင်းသောအခါ စုနမ်ကိုတွေ့လိုက်ကြသည်

ဒီနေ့ စုနမ်သည်အပြာရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ဖြူစင်သောအသားအရည်နှင့် လှပသောမျက်နှာအသွင်အပြင်သည် နေရောင်အောက်တွင် လှပကာကျောက်စိမ်းကဲ့သို့ ကြည်လင်လာပြီး အနက်ရောင်မျက်လုံးများသည် ကျောက်မျက်ရတနာများကဲ့သို့ ပြိုးပြိုးပြက်ပြက်လင်းနေလေသည်။

လေညင်းလေးတွေတိုက်ခတ်သောအခါတွင် သူမ၏ လှပသော ရေတံခွန်နှင့်တူသော ဆံနွယ်များသည် ညင်သာစွာ လွင့်ပျံလို့နေသည်။

ဒါကိုကြည့်ပြီးလင်းဖန်အပါအဝင် အားလုံးက အံသြသွားကြသည်။

ဤအချိန်တွင် တစ်စုံတစ်ဦးသည် ဤကမ္ဘာတွင် နတ်သမီးများ ရှိလားဟုလာမေးလာရင် သူတို့သည် မဆိုင်းမတွ၊ခေါင်းညိတ်မည်ဖြစ်သည်။

ထိုအချိန်တွင် စုနမ် သည်လည်းလင်းဖန်တို့ကို မြင်လိုက်သည်။

လင်းဖန်ကိုတွေ့ပြီးနောက်သူမရဲ့ လှပတဲ့ မျက်နှာလေးဟာ သဘာဝကျကျပြုံးပြလိုက်သည်။

ဒီခဏမှာလူတိုင်းသည် သူတို့၏နှလုံးသားတစ်ခုလုံး ချက်ချင်း အရည်ပျော်သွားကြတော့သည်။

လူတိုင်း၏အကြည့်အောက်တွင် စုနမ် သည် လင်းဖန်ထံသို့ လျှောက်သွားပြီး “အစ်ကိုလင်း၊ မင်းဒီကိုရောက်ပြီပဲ” လို့ ချိုသာစွာ ပြောလိုက်သည်။

“ဖက်”

ဒီစကားထွက်လာတာနဲ့ တပြိုင်နက် လူတိုင်းရဲ့ နှလုံးသားတွေအားလုံးဟာ ကွဲကြေသွားကြပါတော့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters