← Chapters

တိုက်ရိုက်ထုတ်လွှင့်မှု

Vol. 15 Ch. 224

တိုက်ရိုက်ထုတ်လွှင့်မှု

Vol. 15 Ch. 224

နောက်တစ်နေ့တွင် လေပြေ၊​လေညင်းကလေးများသည် သစ်ပင်များကို ဖြည်းညင်းစွာတိုက်ခတ်လာလေသည်။

မနေ့ညက စုရီသည်အအေးမိသွားမလို့ဖြစ်သွားခဲ့သည်။ကံကောင်းထောက်မှစွာဖြင့်ဘာမှမဖြစ်ခဲ့ပေ။စုရီသည်မနေ့ကအများကြီးစားထားသောကြောင့်ကိစ္စရှင်းချင်လို့သူတဲထဲကနေတစ်ယောက်ထဲတဲထဲကနေထွက်လာခဲ့သည်။

ထိုအချိန်တွင် အရှေ့ဘက်ရှိ တောင်ပေါ်ကောင်းကင်မှ နေသည်ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ဒီအခိုက်အတန့်က်ုမြင်ပြီးနောက်စုရီ အနည်းငယ် အံ့အားသင့်မသွားအောင် မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့သည်။

သူက “မူဇောင်၊ ဇောင်ချင်းဘို၊ ထပြီး နေထွက်တာကို ကြည့်အုံး!”

သူ့ခေါ်သံကြောင့်မူဇောင်နှင့် ဇောင်ချင်းဘိုတို့က တဲထဲကနေထွက်လာခဲ့သည်။

နောက်တော့ တခြားအတန်းဖော်တွေကလည်း လိုက်ပြီး ထွက်လာခဲ့သည်။

နံနက်နေထွက်ချိန်သည် ညနေ နေဝင်ချိန်နှင့် ကွဲပြားခြားနားလေသည်။ အစပိုင်းတွင်တောင်တွေနဲ့ သစ်ပင်တွေကို မြူခိုးတွေကဖုံးကွယ်ထားသာမကနေရောင်(နေမထွက်သေးဘူး​ထွက်တော့မယ်ဆိုတဲ့အဓိပ္ပါပါ)ကိုလဲဖုံးကွယ်ထားသောကြောင့်အနည်းငယ် အုံ့ဆိုင်းနေပုံရသည်။

ထို့နောက် နေမင်းကြီးသည် ဖြည်းညှင်းစွာထွက်လာပြီး မြူခိုးများကို အဝေးသို့မောင်းထုတ်ကာတောက်ပသော အလင်းရောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဒါကိုကြည့်ပြီး အတန်းဖော်များအားလုံး သည်ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အံသြနေကြသည်။

ဆောင်ကျင်းအန်းပင်လျှင် သူမ၏ လှပသော မျက်လုံးများတွင် အံသြသောအကြည့်ကိုမဖုံးကွယ်နိုင်ပေ။

ခဏအကြာတွင်သူမ၏မျက်လုံးထဲတွင်အဝေးမှ နံနက်ခင်းနေရောင်အောက်နေပြုံးနေသည့် လင်းဖန်စီသို့ ရောက်သွားခဲ့သည်။

စုရီသည်သူရှာဖွေတွေ့ရှိမှုကိုကျောင်းသားများစွာကအံသြနေကြသည်ကို မြင်လိုက်ရတော့ သူက “မင်းတို့ဘယ်လိုလဲ၊ ဒါကကြည့်လို့ကောင်းတယ်မဟုတ်လား” ဆိုပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။

“ဟုတ်တယ်။တစ်ကယ်ကြည့်လို့ကောင်းတာ်!” မူဇောင်က လေးလေးနက်နက် ခေါင်းညိတ်ပြီးပြောလိုက်သည်။

ဇောင်ချင်းဘို က “စုရီမင်းမနေ့ညကနောက်ကျမှအိပ့်တာတောင် ဒီနေ့ စောစောနိုးတယ်ဆိုတာက မင်းအတွက် အရမ်းရှားတယ်”

“အဲဒါက..” စုရီသည် စကားတစ်ဝက်သာပြောပြီးနောက် ရုတ်တရက် ဗိုက်ကိုကိုင်ကာ “အိမ်သာ၊ အိမ်သာ၊ အိမ်သာဘယ်မှာလဲ!”

ထို့နောက် ချက်ခြင်းပင် နံနက်နေရောင်ကို နှစ်သက်သော ကျောင်းသားများအတွက်ဆိုပြီးအပုပ် ရနံ့တစ်ခု ကိုထုတ်လွင့်ပေးလိုက်သည်။

...

မနက်စာအတွက်၊ ထိပ်တန်းစားဖိုမှူးသည် ဩစတေးလျပုဇွန်ခေါက်ဆွဲ၊ ကြက်ဥဖက်ထုပ်ကြော်၊ အမဲသားထမင်းကြော်၊ လတ်ဆတ်သော အသားစွပ်ပြုတ်စသည်တို့ကိုချက်ပြုတ်ပေးထားသည်။

ဒါကိုစားပြီးနောက်လူတိုင်းက အရမ်းကျေနပ်သွားခဲ့သည်။

မနေ့က ကျောင်းသားတွေ အားလုံးက ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ထားလို့ပတ်ဝန်းကျင်ကိုရင်းနှီးနေလေသည်။

ထိုကြောင်သူတို့သွားချင်တဲ့နေရာကို ရွေးပြီး လွတ်လွတ်လပ်လပ် သွားနေလိုက်ကြသည်။

လင်းဖန်သည် သစ်သီးများခူးပြီး ပြန်လာခဲ့သည်။ သူ့မျက်​လုံး​လေး​တွေ​ကအဝေးကိုကြည့်လိုက်တော့ သူစိုက်ထားတဲ့ ကော်ဖီစေ့တွေကို မြင်လိုက်ရသည်။

ထိုအချိန်တွင်၊ ကော်ဖီစေ့များအားလုံးသည် တောင်စောင်းပေါ်တွင် ဖြူဖွေးသော ပန်းများဖြင့် ပွင့်နေတာကအလွန်လှပလေသည်။

လင်းဖန်က “မျှော်လင့်ထားသလိုပဲ၊ စနစ်ထဲကရတဲ့ကော်ဖီဆိုတဲ့အတိုင်းအကောင်းဆုံးတွေပဲရတယ်။ တစ်လအတွင်းမှာ အရမ်းကိုကြီးထွားလာခဲ့တယ်”

သူသည် တောင်စောင်းဆီသို့ လျှောက်လှမ်းရာသွားရာတွင်မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကော်ဖီပင်အချို့ လဲကျသလိုဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ထို့ကြောင့် လင်းဖန်သည် ကော်ဖီပင်ကိုပြန်ပြင်ရန်အတွက် ဂေါ်ပြားနှင့် ပေါက်တူးတစ်ချောင်းကို ယူဆောင်ရန်စုနမ် ၏ အိမ်ဆီသို့ လှည့်သွားခဲ့သည်။

...

တစ်ဖက်တွင် တောင်ရွာလေးတစ်ရွာရှိ အိမ်လေးတစ်လုံးတွင်။

အစ်ကို ချမ် သည် ကုတင်ပေါ်တွင် လဲလျောင်းပြီးအိပ့်နေသေးသည်။

ညီအစ်မဖိန် ကတော့သူမသည်လဲနေရာကနေမလှုပ်မရှားဘဲမိုဘိုင်းဖုန်းဖြင့် ကစားနေသည်။

သူမတို့ပင်ပန်းနေသည်မှာလဲအပြစ်မဆိုနိုင်ပေ။ဘာလို့ဆို မနေ့က တစ်ရက်ခရီးမှာ ကားလဲမောင်းရပြီး ပင်ပန်းနွမ်းနယ်နေပါတယ်ဆိုမှအိမ်တွေကို သန့်ရှင်းရေးလုပ်ခိုင်းသေးတယ်။

ပြီးတော့သူတို့ရဲ့ ဦးခေါင်းထက်တွင် ဒရုန်းမှာတပ်ဆင်ထားတဲ့ကင်မရာနှစ်ခုတွေ အဆက်မပြတ် ပျံဝဲနေသည်။

ထင်းရှားသည်မှာသူတို့သည်’’ပျော်ရွှင်စရာ” အစီအစဉ်သည် စတင်နေပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်း။

[တန်ဝူ- အစ်ကို ချမ်ရဲ့ အိပ်နေပုံက တကယ်ကို ရုပ်ဆိုးတယ်၊ ရည်းစားမရတာ အံ့သြစရာမဟုတ်ဘူး။ 】

[ကျောက်ခွန်: ဟုတ်တယ်!အစ်ကိုကျောက်ရည်စားမရတာလဲမပြောနဲ့။ 】

[ဝူရန်: ညီမ ဖိန်မလှုပ်ရှားပဲနဲ့​မိုဘိုင်းလ်ဖုန်းကို ကစားနေတာကအရမ်းချစ်ဖို့ကောင်းတယ်။ 】

[ဝမ်ဟောင်- ငါ့အမေသာ ငါ့ကို ဒီလို မိုဘိုင်းလ်ဖုန်းနဲ့ ဆော့နေတာ မြင်ရင် မနက်ဖြန် ငါ ဖုန်းကို သိမ်းလိုက်လိမ့်မယ်။]

...

တိုက်ရိုက်ထုတ်လွှင့်ရိုက်ကူးနေတဲ့အခန်းထဲကိုဆရာဟီက လျှောက်လာခဲ့သည်။

သူက ပြုံးပြီးပြောလိုက်သည်။”ရှောင်ချမ်၊ ရှောင်ဖိန်အိပ်ရာထဖို့ချိန်ရောက်ပြီ။

ဆရာ ဟွမ်က ငါတို့အတွက်အရသာရှိတဲ့ ဖက်ထုပ်ကြော်ပူပူနွေးနွေးနဲ့ ခေါက်ဆွဲကျော်တွေကိုလုပ်ထားတယ်!”

“ကောင်းပြီ။” ညီမ ဖိန် က အားမရှိစွာပြန်ပြောလိုက်သည်။

ထို့နောက် သူမတို့ခက်ခက်ခဲခဲထကာ သွားများကိုတိုက်ကာ မျက်နှာကို သစ်လိုက်ကြသည်။

ဒီလိုလုပ်ပြီးသည့်တိုင်အောင်သူမတို့သည်အိပ့်ချင်မှုးတူးဖြင့်စားပွဲဆီ ရောက်လာခဲ့သည်။

“အရသာရှိတဲ့ ဖက်ထုပ်ကြော်ပူပူနွေးနွေးတွေ ဒီမှာပါ!”

“အရသာရှိတဲ့ခေါက်ဆွဲကျော်လဲဒီကိုရောက်ပါပြီ!”

ဆရာဟီ နှစ်ကြိမ်ဆက်တိုက် အော်ပြောလိုက်ပြီးမနက်စာကို ထမင်း စားပွဲဆီ ယူလာပေးလိုက်သည်။

ဟင်းတွေကဘယ်လောက်ကောင်းလဲဆိုရင်ညီမ ဖိန် က နှစ်လုတ်ပဲစားလိုက်သည်။ ဆရာဟီက နို့နောက်တစ်ပုလင်းယူကာ”ဒရမ်စု ဆန်းသစ်တီထွင်မှုကို အမြဲအားပေးပြီး သီးသန့်မွေးမြူရေးခြံကနေထွက်တဲ့အရည်အသွေးမြင့်နွားနို့ကို အသုံးပြုထားသောကြောင့်လူ့ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရကို အချိန်မီဖြည့်ဆည်းပေးနိုင်ပါသည်!”

တိုက်ရ်ုက်ထူတ်လွင့်မှုအခန်း။

[ဘစ်စ်: ဒီဘဲကြော်ငြာတာကသိပ့်မမိုက်ဘူးကွာ။ 】

【ကန့်စန့် . . ညီအမဖိန်နို့​သောက်နေတဲ့ပုံကိုကြည့်ချင်လိုက်တာ​။ 】

[ကျောက်-မစ္စတာ ဟွမ်လုပ်ထားတဲ့ ဖက်ထုပ်တွေကတော်တော်ကြည့်လို့ကောင်းသည်။ 】

...

ထိုအချိန်တွင်ညီအစ်မဖိန်သည်နို့တစ်ဗူးကိုယူပြီးနောက်သူမက”ဒရမ်စု ဆန်းသစ်တီထွင်မှုကို အမြဲအားပေးပြီး သီးသန့်မွေးမြူရေးခြံကနေထွက်တဲ့အရည်အသွေးမြင့်နွားနို့ကို အသုံးပြုထားသောကြောင့်လူ့ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရကို အချိန်မီဖြည့်ဆည်းပေးနိုင်ပါသည်!”

တိုက်ရိုက်ထုတ်လွင့်သည့်အခန်း။

[အေနမ်: ဟားဟား! ညီမဖိန်ရဲ့ လှုပ်ရှားမှုလေးကအရမ်းမိုက်တယ်။】

[ကျောက်ရန်-ဟုတ်တယ်။မိုက်တယ်။ 】

[ရန်စန့်- ငါလဲထောက်ခံတယ် 】

...

အစာစားပြီးနောက် ဆရာဟီက “မင်းတို့သိလား။ ငါတို့ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပိုများလာတာက ရာသီဥတုကိုမကောင်းမှုဖြစ်စေတယ်။”

“ဒါကြောင့် သစ်ပင်စိုက်တာဟာ အထူးအရေးကြီးတယ်။”

“ဒါကြောင့်ဒီနေ့ ငါတို့သစ်ပင်စိုက်ရအောင်”

ထို့နောက် ဆရာ ဟီ၊ ဆရာဟွမ်၊ ညီအစ်မ ဖိန် နှင့် အစ်ကို ချမ် တို့သည် ပေါက်ပြား၊ ပေါက်တူးနှင့် အပင်ငယ်များနှင့်အတူ အပြင်သို့ ထွက်သွားကြသည်။

ခဏအကြာတွင် အပင်စိုက်မည့်နေရာသို့ ရောက်လာကြသည်။

ဆရာဟီ ၊ ညီမ ဖိန် နဲ့ အစ်ကိုချမ် တို့ဟာ သစ်ပင်စိုက်တာ မကျွမ်းကျင်ဘူးဆိုတာ သိသာသည်။

သူတို့သည်အချိန်အတော်ကြာ တူးပြီးသည့်​တိုင်အောင် သစ်ပင်တစ်ပင်တောင်မစိုက်နိုင်သေးပေ။

ဆရာ ဟွမ်က “သစ်ပင်စိုက်တဲ့နေရာမှာငါတစ်ယောက်ပဲကျွမ်းကျင်တယ်” ဟု ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွင့်မှုအခန်း။

[ကေအမ်: ဆရာဟွမ်ကမျှော်လင့်ထားသလိုပဲ သစ်ပင်စိုက်တဲ့နေရာမှာအရမ်းတေည်တယ်။ 】

[ဘလိုးဖန့်- ဆရာဟွမ်မသိတဲ့ဟာဒီကမ္ဘာမှာ တစ်ရှိသေးရဲ့လား။ 】

[ကော့လန့်စ်- ဆရာ ဟွမ် ၏ သစ်ပင်စိုက်ခြင်း လုပ်ဆောင်ချက်ကအလွန်လှပတယ်။ 】

...

မစ္စာဟွမ် နှင့် အခြားသူများသည်ဤနေရာ ၌ သစ်ပင်အနည်းငယ်စိုက်ပြီးနောက် သူတို့သည် ရှေ့သို့ လျှောက်သွားခဲ့ပြန်သည်။

ခဏအကြာတွင် နောက်ထပ်သစ်ပင်စိုက်ဘက်သို့ ရောက်လာကြသည်။

ထို့နောက်ဆရာ ဟွမ် နှင့် အခြားသူများ က သစ်ပင်တစ်ပင်စိုက်ပျိုးရန် လုပ်လိုက်တော့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ဒရုန်းသည် မဝေးလှသော ကော်ဖီပင်တစ်ပင်ကို မတော်တဆ ရိုက်မိခဲ့သည်။

ဒီနေ့ညမလာဖြစ်ရင်မနက်ဖြန်မနက်တင်ပေးပါ့မယ်။မျက်စိကကောင်းခါစမို့ပါ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters