← Chapters

စကားတစ်ခွန်း။

Vol. 8 Ch. 88

စကားတစ်ခွန်း။

Vol. 8 Ch. 88

ခရမ်းရောင်ဝတ် လူငယ်မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှု၊ ရှက်ရွံ့မှု၊ အဆင်မပြေမှု တို့ကို မရပ်မနား တလှည့်စီ ဖြစ်ပေါ်နေသည်။

တစ်ခုခု ပြောချင်သော် ပြောစရာ စကားလုံးများ ‌ပျောက်ဆုံးနေသဖြင့် စိုက်ကြည့် နေမိခဲ့၏။ ယင်းကြောင့် စုရီမှ စိတ်မသက်မသာ ဖြစ်လာပြီး မျက်မှောင်ကြုတ်လျက်၊

“ တောင်းပန်ချင်ရင် မလိုပါဘူး ... အခုလုပ်သင့်တဲ့အရာက မင်းကိုလုပ်ကြံဖို့ ဒီလူတွေကို ဘယ်သူ စေလွှတ်လိုက်တာလဲ ဆိုတာကို စဉ်းစားပါ ... တိမ်မြစ်စီရင်စု မရောက်ခင် အဖြေတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

ခရမ်းရောင်၀တ် လူငယ်က၊

“ စိတ်အေးအေး အနားယူပါ ... ငါဒါကို သေချာပေါက် လုပ်နိုင်ပါတယ်။ ”

-ဟု ပြန်လည် ကတိပေးလာ၏။

“ ငါအတွက် ... ဒီအဖြစ်အပျက်နဲ့ ရောထွေးသွားမှာကို မကြောက်ပေမယ့် ဒီနေ့ည ဖြစ်ပျက်ခဲ့တာတွေက တခြားလူတွေအပေါ် ထိခိုက်စေဖို့ အလားအလာများတယ် ... ဒါကိုလည်း မင်းဖြေရှင်းသင့်တယ်။ ”

ဤတစ်ကြိမ်တွင် ခရမ်းရောင်၀တ် လူငယ်ခမျာ အသက်ပြင်းပြင်းရှူပြီး ခေါင်းညိတ် ပြလာ၏။

“ ဒါက သဘာဝပဲလေ ... ဒီည အဖြစ်အပျက်တွေက ငါ့ကြောင့်မို့ အပြစ်မဲ့တဲ့ လူတွေကို ထိခိုက်နစ်နာအောင် လုပ်ခွင့်မပြုပါဘူး။ ”

ယွမ်လောရှီက သူတို့စကားဝိုင်းကို ဘေးမှနားထောင်ပြီး နှလုံးသား တဆက်ဆက် ခုန်နေ၏။

ဤသည်မှာ ဆဋ္ဌမမင်းသားဖြစ်ပြီး ကွမ်လင်မှလာသော တစ်စုံတစ်ယောက်သည် ၎င်းကိုတာဝန်ယူရန် စေခိုင်းနေချေပြီ။

ဆရာစုသည် အမှန်ပင် မြေကြီးအဆင့် ကျွမ်းကျင်သူ ဖြစ်နိုင်၏။ အစောပိုင်းက ဒုက္ခကို ရှောင်ချင်ခဲ့သော်လည်း အမှန်တကယ် ကြုံလာ ပြီးနောက် တည်ငြိမ်လွန်းချေသည်။

အဆုံးတွင် ယနေ့ည ဖြစ်ပျက်ခဲ့သည်များ သိရှိပြီးနောက် လုပ်ကြံသတ်ဖြတ်သူများထံမှ ရူးသွပ်စွာ တုံ့ပြန်လာမည်မှာ သေချာ၏။

စုရီအတွက်မူ ထိုအချင်းအရာများကို စိုးရိမ်ခြင်းမရှိဘဲ ယွမ်လောရှီနှင့် ဟွမ်ချမ့်ကျွယ် အပေါ်သာ တွက်ဆနေခြင်းဖြစ်သည်။

“ သူ့ဆီမှာ သဲလွန်စ ရနိုင်သလောက်ရှာပါ။ ”

စုရီက မဟာသခင်၏ အလောင်းထံ မေးဆက်ပြကာ ဟွမ်ချမ့်ကျွယ်ကို အမိန့်ပေး လိုက်သည်။ ခဏအကြာတွင် အနက်ရောင် လှံပုစိန်ကိုထမ်းပြီး ပြန်ရောက်လာ၏။

“ အစ်ကိုစု ... ဒီလူက မဟာသခင် တစ်ပါးဖြစ်ပြီး ဆင်းရဲလိုက်တာ လက်နက်က လွဲလို့ ဘာမှမရှိဘူး။ ”

“ ဒါကပုံမှန်ပါပဲ ... သူ ဒီကိုလာပြီး သေဖို့ဆုံးဖြတ်ထားတဲ့အတွက် အခြားအရာတွေ ရှိမနေတာပါ ... ဒါကြောင့် စောစောက တားမြစ်နည်းစနစ်ကို သုံးခဲ့တာ ...

... အခုလည်း မဆိုးပါဘူး ... ဒီလှံပုစိန်ရဲ့ လက်ရာက နည်းနည်း ညံဖျင်းပေမယ့် ... ပါဝင် ပစ္စည်းတွေက ကောင်းမွန်တယ် ...

... ဖော့စဖိတ်နဲ့ ငွေကျောက်စိမ်း ... အပါအဝင် ဝိညာဉ်ရေးပစ္စည်း ဆယ်မျိုးကျော် ပေါင်းစပ်ထားတယ်၊ သူ့ကို အရည်ဖျော်ပြီး ​အဆင့်နိမ့် ဝိညာဉ်ရေးဓားတစ်လက်တော့ ပြန်သွန်းလို့ရတယ်။ ”

စုရီက အကျဉ်းချုံး စစ်ဆေးပြီးနောက် ကျောက်စိမ်းဆွဲသီးအတွင်း သိမ်းဆည်းလိုက် တော့သည်။

မရဏအစွယ်သည် ဝိညာဉ်ရေးရာ အရိပ်အယောင် အနည်းငယ်မျှသာ ရှိသည့် ​သေမျိုးအဆင့်ဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲဝင်စွမ်းအားသည် အကန့်အသတ်ရှိချေ၏။ ချီသန့်စင်ခြင်းအဆင့် ရောက်ပါက အသုံးဝင်တော့မည် မဟုတ်ချေ။

“ ပြဿနာတွေ ဒီထက်မကြုံခင် ထွက်သွားသင့်တယ် မင်းဒီမှာနေခဲ့ချင်လား။ ”

စုရီက ယွမ်လောရှီနှင့် ဟွမ်ချန့်ကျွယ်ကို မေးလိုက်သည်။

“ မဟုတ်ဘူး ပြန်လိုက်မယ်။ ”

“ ကောင်းပြီ သွားကြရအောင်။ ”

ထို့နောက် သုံးယောက်သား ထထွက်လာခဲ့သည်။ ခရမ်းရောင်ဝတ် လူငယ် အနားမှ အဖြတ်တွင် ရပ်တန့်ပြီး၊

“ နောက်ထပ် အကြံပြုချက် ကြားချင်လား။”

-ဟု မေးမြန်းလိုက်၏။

ခရမ်းရောင်ဝတ် လူငယ်က လက်သီးကို အမြန်ယှက်ကိုင်လျက်၊

“ ကျေးဇူးပြုပြီး ... မြင်သမျှ ပြောနိုင်ပါတယ်။ ”

-ဟု တောင်းဆိုတော့သည်။

“ မင်းလူတွေ ရောက်လာရင် ... ချက်ချင်းအခန်းကိုပြန်ပါ စီရင်စုမြို့တော်ကို မရောက်ခင် အဲဒီချာကျင်းဆိုတဲ့ မိန်းကလေးနဲ့ ထပ်မတွေ့နဲ့။ ”

ခရမ်းရောင်ဝတ် လူငယ်ခမျာ အံ့အားသင့်သွားပြီး စုရီကို ပြန်မော့ကြည့် လာ၏။

“ မတွေးနဲ့ ... သူ့မှာ မင်းအတွက် အကြံအစည်တွေ ရှိနေတယ် ဒီလောက်ပဲ။ ”

ဤသည်မှာ နောက်ဆက်တွဲ လုပ်ကြံ သတ်ဖြတ်မှုများ မကြုံရစေရန် သတိပေးခြင်း ဖြစ်သည်။ တစ်ဖက်လူသည် တစ်စုံတစ်ရာကို သိနေပုံရ၏။

အတွေးများပြန်ရုတ်လျက် ကျေးဇူးတင်စကား ပြောတော့မည့်အချိန်တွင် စုရီသည် လှေကားထစ်များမှ ဆင်းနေပြီ ဖြစ်သည်။

“ မင်းရဲ့ သိုင်းအဒေါ်ကို ... ဒီည သဘောတူခဲ့တဲ့ အပေးအယူအတွက် မမေ့ဖို့ သတိပေးလိုက်ပါ။ ”

ထို့နောက် စုရီအဖွဲ့မှာ လုံးဝပျောက်ကွယ် သွားတော့၏။ လှေကားမှ ဆင်းလိုက်သည်နှင့် တိုက်ပွဲမြင်ကွင်းက စီးကြိုနေသည်။

သင်္ဘောအနှံ့ ဝိညာဉ်သားရဲများ၏ အလောင်းများ ပြန့်ကျဲနေပြီး အရွယ်အစားနှင့် အရောင်အသွေး စုံလင်စွာပါဝင်၏။

အနိမ့်ဆုံး အဆင့်တစ်မှသည် အဆင့်သုံးအထိရှိသည်။ အသန်မာဆုံးသားရဲမှာ သွေးသန့်စင်ခြင်း အထွတ်အထိပ် ကျွမ်းကျင်သူ အဆင့်ဖြင့်သာ တူညီ၏။

၎င်းတို့ကို ရှောင်ကွင်းလျက် တည်းခိုရာအလွှာသို့ ပြန်ရောက်သောအခါ စုရီက သူ့အခန်းထံသို့ ဦးတည်သွားသည်။

ယနေ့တိုက်ပွဲသည် ဝိညာဉ်ကို ပင်ပန်းနွမ်းနယ်စေ၏။ ကျင့်ကြံခြင်းလမ်းသည် အထီးကျန်မှုနှင့် ပျင်းရိခြင်းကို ဖြတ်ကျော်ရချေပြီ။

သို့မှသာ ထာဝရတည်မြဲနေနိုင်၏။ ဆိုလိုသည်မှာ လောကီရေးရာကို လျစ်လျူရှူ နိုင်သော်လည်း ကျင့်ကြံခြင်းကို ထိုသို့ မလုပ်နိုင်ချေ။

တိုက်ပွဲပြီးဆုံးချိန်၌ ညည့်နက်နေချေပြီ။ ရလာဒ်အနေဖြင့် ကျန်းရီရန်တွင်ဒဏ်ရာရရှိခဲ့ပြီး လက်အောက်ငယ်သား (၁၁)ဦး ကျရှုံးသွား၏။ ကျန်လူများသည်လည်း ဒဏ်ရာမကင်းလှချေ။

သားရဲရှစ်ရာအနက် တစ်ရာကျော် သေဆုံးသွားကာ အချို့သည် မြစ်ထဲသို့ ခုန်ဆင်း ထွက်ပြေးသွား၏။

အကောင် ငါးရာသာ ဖမ်းမိပြီး လှောင်အိမ်ထဲ ပြန်ထည့်နိုင်သည်။ တစ်ဖက်တွင် လုပ်ကြံသတ်ဖြတ်သူ ငါးဦးသေဆုံးသွားကာ သုံးဦးကို အရှင်ဖမ်းမိခဲ့၏။

ကျန်ခြောက်ဦးသည် မြစ်ထဲခုန်ချ လွတ်မြောက်ကုန်သည်။ အဆုံးတွင် သင်္ဘောကို ပြင်းစွာတုန်လှုပ်စေသည့် အကြောင်းရင်း ရှာဖွေတွေ့ရှိခဲ့သည်။

လုပ်ကြံသူများသည် မြစ်ပြင်‌အောက်၌ သံကြိုးကြီးများကို ကြိုးတန်းသဖွယ် သွယ်တန်း ထားကြလေသည်။

အခြေအနေအားလုံး ငြိမ်သက်သွား ပြီးနောက် အထူးနန်းတော်အတွင်း မှိန်ပျပျ မီးအိမ်အချို့ ထွန်းညှိထား၏။

ချင်ကျင်းက ဆံပင်ရှည်များကို ဖြန့်ချထားခဲ့ပြီး ကုသရေးဆေးလုံးသောက်ကာ တရားထိုင်နေသည်။

မလှမ်းမကမ်းတွင် ခရမ်းရောင်ဝတ် လူငယ်က သူ့သက်တော်စောင့်ကျန်းသော်၏ အစီရင်ခံစာကို နားထောင်နေသည်။

အဆုံးတွင် မျက်လုံးများ၌ အေးစက်သော အလင်းရောင်ဖြင့် သတ်ဖြတ်လိုသော ဆန္ဓများ တောက်ပလာခဲ့ပြီး၊

“ ငါတို့ဖမ်းထားတဲ့ လူသတ်သမား သုံးယောက်ကို သေခွင့်မပြုနဲ့ အသက်ထက် ငွေကို ပိုတန်ဖိုးထားတဲ့ လူတွေ ဖြစ်နေရင်တောင်မှ ...

... ပါးစပ်ဖွင့်ခိုင်းပြီး ဘယ်သူအတွက် အလုပ်လုပ်နေတယ်ဆိုတာကို အဖြေရှာဖို့ ကြိုးစားပါ။ ”

“ နားလည်ပါပြီ။ ”

ကျန်းသော်က လေးနက်စွာ ခေါင်းညိတ်သည်။

“ လီမိုကို ချာကျင်းနောက်ခံအကြောင်း စုံစမ်းခိုင်းလိုက် လောလောဆယ်တော့ သူမကို ငါတို့သံသယဝင်နေတာ မသိစေနဲ့ဦး အရာအားလုံး လျှို့ဝှက်ထားပါ။ ”

ကျန်းသော်က မျက်မှောင်ကြုတ် လိုက်သော်လည်း အနည်းငယ် စိတ်ရှုပ်သွား၏။ ခရမ်းရောင်ဝတ်လူငယ်က ခေတ္တမျှ တွေးတော ဆင်ခြင်လိုက်ပြီး၊

“ ရက်ရောတဲ့ လက်ဆောင်ကို ပြင်ဆင်ထားပါ ... ငါမနက်ဖြန် သူတို့ဆီ သွားလည်ရမယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

ကျန်းသော်က ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။ ခရမ်းရောင်ဝတ် လူငယ်က ကုလားထိုင်ပေါ် လှဲချလိုက်ကာ အသက်ရှူ ထုတ်လိုက်လေသည်။

စိတ်ဖြေလျှော့လိုက်သဖြင့် ပင်ပန်း နွမ်းနယ်မှုများ ချက်ချင်း ဝင်ရောက်လာခဲ့၏။ သို့သော် အသက်ဘေးနှင့် နီးကပ်ခဲ့သည်ကို ပြန်သတိရလာပြီးနောက် ဒေါသများ ထွက်ပေါ်လာတော့သည်။

“ တစ်ယောက်ယောက်ကို သံသယရှိနေပြီ မဟုတ်လား။ ”

ရုတ်တရက် ချင်ကျင်းက မျက်လုံးများ ဖွင့်ကာမေးသည်။ ခရမ်းရောင်ဝတ် လူငယ်က ခေါင်းညိတ်ပြလိုက်၏။

“ ဒီခရီးစဉ်ကို သူတစ်ယောက်ပဲ သိတယ်။ ”

“ ငါ့အမြင်မှာတော့ ... သူနဲ့မင်းက အမြဲတမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တာပဲ။ ”

ခရမ်းရောင်ဝတ် လူငယ်မှ သက်ပြင်း ချလျက်၊

“ ငါတို့နှစ်ယောက်လုံးက ... ထီးနန်းဆက်ခံဖို့အတွက် အရည်အချင်းရှိတဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေပဲ။ ”

-ဟု ပြန်ဖြေသည်။

“ အဟက် ... တန်ခိုးအာဏာဆိုတာ တိမ်တိုက်တွေလိုပဲ ဘယ်သူမှ ဖမ်းဆုပ်ထားလို့ မရဘူး ... ဒါကို ဖမ်းဆုပ်ဖို့ ကြိုးစားသူတိုင်းက ဘယ်တော့မှ နာမလည်နိုင်တာ ... စိတ်မကောင်းစရာပါ။ ”

ချင်ကျင်းက လှောင်ပြောင် မှတ်ချက်ပေးလိုက်သည်။ထို့နောက် အဝေးကို ငေးလိုက်ပြီး၊

“ ဒီစစ်ဆင်ရေးပြီးတာနဲ့ ငါ့ဂိုဏ်းကို ချက်ချင်းပြန်တော့မယ်။ ”

-ဟု အသိပေးလာ၏။

ထိုစကားကြောင့် ခရမ်းရောင်ဝတ် လူငယ်ခမျာ မျက်နှာပျက်ယွင်းသွားလေသည်။ အဆုံးတွင် လှောင်ပြောင်ရယ်မောလျက်၊

“ အဟား ... ငါသိတယ်၊ မင်းရဲ့ စိတ်နေစိတ်ထားမျိုးနဲ့ ငါ့အနားမှာ အကြာကြီး ရှိနေနိုင်မှာ မဟုတ်ဘူးလို့ ... ခန့်မှန်းပြီးတာ ကြာပါပြီ။ ”

“ ငါက တာအိုကို ရှာနေတာ ... လောကီကိစ္စတွေကို စိတ်မဝင်စားဘူး ... မင်းရဲ့ အဆင့်အတန်းအရ မဟာသခင်တွေကို လွယ်လွယ်ခေါ်ယူနိုင်ပါလိမ့်မယ်။ ”

ထိုစကားကို ခရမ်းရောင်ဝတ်လူငယ်မှ တုန်ပြန်ခြင်း မပြုတော့ဘဲ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး၊

“ သိုင်းအဒေါ် ... ဒီနေ့မင်းပြောခဲ့တာတွေကို မမေ့ဖို့ စုရီက မှာသွားတယ်။ ”

“ ဟမ့် ... ။ ”

ချင်ကျင်းတစ်ယောက် အေးခဲသွား၏။ ထို့နောက် စူးရှသောမျက်ဝန်းများ မှေးစင်းပြီး အတွေးပွားနေမိသည်။

“ ဒီကောင်လေး … ငါ့ကို လိုချင်နေတယ်လို့ မပြောနဲ့။ ”

***

All Chapters