ဝင်ပါစေ။
Vol. 8 Ch. 95
“ ဟားဟားဟား ... ဒီအမှိုက်က ပြန်လာရဲတာလား။ ”
ချန်ကျင်းလုံက လှောင်ပြောင်ရယ်မော လိုက်သည်။ လီမိုယွင်က မျက်မှောင်ကြုတ်မိ တော့၏။
စုရီကျင့်ကြံမှု ပြန်ကောင်းလာသည့် သတင်းကို ဤလူများ ကြားသိပုံ မရသေးချေ။ ရှင်းပြရန် ပျင်းလွန်းသဖြင့် တိတ်ဆိတ်စွာဖြင့် ဝိုင်သောက်နေလိုက်၏။
သို့သော် တစ်စုံတစ်ရာကို တွေးမိလာပြီး မျက်ခုံးပင့်လိုက်မိပြန်သည်။ ယွမ်ခေါင်းဆောင် ဖြစ်လျှင်ပင် သူ့ဂုဏ်သတင်းဖြင့် ဤစံအိမ်၏ အပေါ်ဆုံးထပ်ကို တက်ခွင့်ရမည်ချေ။
ထိုအတွေးက သူ့ကို ခေါင်းကိုက်စေသည်။ ခေါင်းယမ်းလျက် အတွေးများ ရှင်းထုတ်ပစ်၏။ စွန့်ပစ်ထားသော တပည့်သည် နဂါးတစ်ကောင် ဖြစ်မှန်း သိရှိသွားပါက ဂိုဏ်းရှိ အကြီးအကဲများ မည်သို့ခံစားရမည်ကို မြင်ချင်လာသည်။
“ ဖိတ်ကျသွားတဲ့ ရေတွေကို ပြန်စုဖို့ခက်တယ်။ ”
သူ့စကားကို နျန်ယွင်ချုံးက စိတ်မဝင်စားဘဲ၊
“ ဒါက ဒုက္ခိတ ပေါင်းစည်းပွဲထက် ဘာမှမပိုပါဘူး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ဒါပေမယ့် စီနီယာ အစ်ကိုနျန် ... ငါ့မိတ်တွေတစ်ယောက် ကွမ်လင်က ပြန်လာပြီး စုရီကျင့်ကြံမှု ပြန်ရခဲ့တဲ့ သတင်းကြားခဲ့တယ် သူက နဂါတံခါးမှာ ချန်ပီယံဖြစ်နေပြီ။ ”
တစ်ချိန်လုံးတိတ်ဆိတ်နေသော လူငယ်တစ်ယောက်က သူကြားသိထားသည်ကို ဝင်ရောက်မျှဝေပေးလာသဖြင့် လူတိုင်း လီမိုယွင်ထံ ကြည့်လိုက်ကြသည်။
“ မိုယွင် ... ဒါအမှန်ပဲလား။ ”
“ ငါမသိဘူး ငါ့မိသားစုနဲ့ ဒီရက်အတွင်း အဆက်အသွယ်မရဘူး ဒါကြောင့် အတည်ပြုဖို့ ခက်တယ်။ ”
လီမိုယွင်က စုရီအကြောင်း ဆွေးနွေးလိုစိတ် မရှိခဲ့ချေ။
“ မေ့လိုက်ပါ ... အဲဒီ အမှိုက်ကို စိတ်ထဲမထားပါနဲ့ ... ငါတို့ပွဲ ဆက်ကြရအောင်။ ”
“ ကျွီ ... ။ ”
ချန်ကျင်းလုံက လက်ဝှေ့ယမ်းပြီး ပြောကြားလိုက်၏။ ထိုစဉ် ငွေရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက် တံခါးဖွင့်ပြီး ထပ်မံ ဝင်ရောက်လာသည်။
“ စန်းချွီ ... ။ ”
“ ဟေး ... ငါအခုပဲ ဝိုင်သွားယူတုန်း စိတ်ဝင်စားစရာ တစ်ခုခုကို ကြားလိုက်ရတယ် ... ဘာလဲသိချင်လား ... ။ ”
“ ပြောပါဦး ဘာလဲ ... ။ ”
ချန်ကျင်းလုံမှ မေးဆတ်ပြလိုက်သည်။
“ အခုလေးတင် မိန်းကလေးစွေ့ယွင်က ကိုးထပ်ကနေ ... အပြေးဆင်လာတယ် အရမ်း မိုက်တယ် ... သူ့နောက်မှာ တာဝန်ခံရှစ်ဦးလုံး လိုက်လာတယ် ကြည့်ရတာ ဧည့်သည်တွေ ရောက်လာတာနေမယ်။ ”
“ မိန်ကလေးစွေ့ယွင်တောင် ... ထွက်ကြိုရတဲ့ ဧည့်သည်တော်လား ဘယ်သူက ဒီလောက် ကျက်သရေ ရှိတာလဲ။ ”
“ ဒါတော့ မသိခဲ့ဘူး ... အစေခံတွေ ပြောပုံအရ ခေါင်းဆောင်က အပြာဝတ် လူငယ် တစ်ယောက်ပဲ ... ငါတို့အရွယ်ပဲ။ ”
“ အစ်ကိုစန်းချွီ၊ သူတို့ထဲက ... တစ်ယောက်က ဘီးတပ်ကုလားထိုင်ပေါ်မှာ မဟုတ်လား ... နောက်တစ်ယောက်က လူရမ်းကားတစ်ယောက်ပုံစံလေ။ ”
“ မှန်တယ် ... ဂျူနီယာညီလေးယန်ချောင် မင်းသူတို့ကို သိလို့လား။ ”
ယန်ချောင်တစ်ယောက် ချက်ချင်း အေးခဲသွားလေသည်။ ထိုအဖွဲ့မှာ စုရီမှတပါး အခြားမရှိချေ။
“ ညီလေးချောင် ပြောပါ မင်းအသိတွေလား။”
လီမိုယွင်က ယန်ချောင်ကို ကြည့်ကာ ဝင်မေးလိုက်သည်။ စည်းစိမ်ချမ်းသာ စံအိမ်၏ ကိုးလွှာသို့ တတ်နိုင်သောတစ်စုံတစ်ယောက်နှင့် ရင်းနှီးခွင့်ရပါက အကောင်းဆုံးပေပင်။
ယန်ချောင်က တုန်ယင်စွာဖြင့်၊
“ အစ်ကိုလီ၊ သူ ... သူက စုရီပဲ။ ”
-ဟု ပြန်ဖြေလိုက်တော့၏။
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်သွား၏။ လူတိုင်းအချင်းချင်း ပြန်ကြည့်ကာ မယုံကြည် နိုင်ကြချေ။
“ အဓိပ္ပါယ်မရှိဘူး။ ”
ချန်ကျင်းလုံက ဦးစွာ ငြင်းဆန်သည်။
“ ငါတို့ သွားကြည့်လိုက်ရင် မှန်သလား မမှန်ဘူးလားသိရမှာပဲ ... တကယ်ဆိုရင် စုရီနဲ့ ငါတို့က ဂိုဏ်းတူညီအစ်ကိုတွေပါ ... သူ့ကို နှုတ်ဆက်တာ မမှားနိုင်ပါဘူး။ ”
နျန်ယွင်ချုံးမှ အကြံပြု၏။ သူ့စကားနှင့် ဆန်ကျင်ပြီး မျက်ဝန်းများ၌ ကောက်ကျစ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ သွားရအောင် သူတို့ ဘယ်မှာလဲ စန်းချွီ။”
“ ကိုးထပ်၊ တောင်မြစ်နန်းတော်။ ”
“ ဟမ့် ... ။ ”
စန်းချွီအဖြေကြောင့် လူတိုင်းရင်ထဲ လေးလံသွား၏။ စီရင်စုသခင်နှင့် သိကျွမ်းသော ချန်ကျင်းလုံသည်ပင် ထိုအခန်းကို မရနိုင်ချေ။
“ ညီအစ်ကိုလီ မင်းမလိုက်ဘူးလား။ ”
လီမိုယွင်တစ်ယောက် ဆက်ထိုင်နေမြဲဖြစ်သဖြင့် လူတိုင်းပြန်ကြည့် လိုက်ကြသည်။
“ ငါ့မှာ အကြံဉာဏ်တစ်ခုရှိတယ် ... ဒါကစည်းစိမ်ချမ်းသာစံအိမ်ပဲ ... စုရီကိုးထပ်ကို သွားနိုင်တာ အကြောင်းပြချက်ရှိလိမ့်မယ် ... ။ ”
“ ညီအစ်ကိုလီ၊ ငါတို့က ပြဿနာရှာဖို့ သွားတာ မဟုတ်ပါဘူး ဂိုဏ်းတူညီအစ်ကိုတွေ အချင်းချင်း သွားလည်တာပဲ ... မင်းမလိုက်လဲ ငါတို့သွားမယ်။ ”
ချန်ကျင်းလုံက နှာခေါင်းရှုံ့ပြီး အံဖွယ်ခန်းမထဲမှ လှမ်းထွက်သွားလေသည်။
“ လူမိုက်တွေ ... ။ ”
လီမိုယွင်က အေးစက်စွာ မှတ်ချက် ပေးလိုက်ပြီး သက်ပြင်းချမိသည်။ သူသည် စုရီ၏ ရန်သူမဟုတ်တော့ကြောင်း လက်မခံလိုသေးချေ။
***
“ မိတ်ဆွေတို့ ဘယ်ကိုလာတာပါလဲ။ ”
တစ်ဖက်တွင် ချန်ကျင်းလုံနှင့် အဖွဲ့ကို တာဝန်ခံတစ်ဦးက အခန်းတံခါးဝတွင် တားဆီး ထားသည်။ ဤတာဝန်ခံသည် တာဝန်ခံများ၏ ခေါင်းဆောင်ဖြစ်၏။
“ ဘာလဲ ... တာဝန်ခံ ခေါင်းဆောင်ကိုယ်တိုင် ဒီတံခါးဝကို စောင့်ပေး နေရတာလား။ ”
ချန်ကျင်းလုံက မျက်ခုံးပင့်လိုက်၏။ သူ့အဖေပင် ဤအဆောင်အယောင်မျိုးဖြင့် မထိုက်တန်ချေ။ ထို့နောက်၊
“ ငါတို့အားလုံးက ... ဒီအခန်းထဲက လူတစ်ယောက်နဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေပါ။ ”
“ ခဏစောင့်ပါ ... ။ ”
တာဝန်ခံက သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်လျက် အခန်းထဲ လှမ်းဝင်လိုက်သည်။ စုရီက သူ့ထံ မော့ကြည့်လာသဖြင့်၊
“ သခင်ငယ် ... ငါက တာဝန်ခံပါ ... အပြင်မှာသခင်ငယ်ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေလို့ ပြောတဲ့ လူအချို့ ရောက်နေပါတယ် ... ငါ မောင်းထုတ်ရမလား လာမေးတာပါ။ ”
“ ဝင်ခွင့်ပေးလိုက်ပါ။ ”
စုရီက ခေါင်းညိတ်ပြလိုက်သည်။ ဤလူများသည် ယနေ့ည မလာခဲ့လျှင်ပင် သူ သွားရမည်မှာ သဘာဝပေပင်။
ယခုမူ သူ့တံခါးကို လာခေါက်နေပြီ ဖြစ်သဖြင့် များစွာ အချိန်ကုန်သက်သာသွား တော့သည်။
စုရီက အခန်းအတွင်းမှ အစေခံများကို တစ်ချက်ကြည့်လိုက်ပြီး၊
“ မင်းတို့လည်း ထွက်သွားသင့်တယ် ... ။ ”
-ဟု အမိန့်ပေးသည်။
အစေခံများက ဦးညွှတ်ပြီး အခန်းထဲမှ ထွက်ခွာပြီး တာဝန်ခံခေါင်းဆောင်ကို ပြန်လည် ပြောကြားလိုက်သည်။
တာဝန်ခံခေါင်းဆောင်မှ ခေါင်းညိတ်လျက် လက်ဝှေ့ယမ်းကာ ၎င်းအစေခံများနှင့်အတူ ချက်ချင်း ထွက်ခွာသွားတော့၏။
“ စုရီ ... တကယ်ပဲ မင်းကိုး။ ”
ချန်ကျင်းလုံက အခန်းထဲရောက်သောအခါ စုရီထံလှမ်းကြည့်ပြီး မနာလိုစိတ်များ ဝင်ရောက် လာခဲ့၏။
“ စုရီ၊ ငါတို့ နောက်ဆုံးတွေ့တာ ... တစ်နှစ်ကျော်ရှိသွားပြီ ... မင်းဒီမှာရှိနေတယ်လို့ ယန်ချောင်သာ မပြောရင် ငါယုံမှာမဟုတ်ဘူး။ ”
သို့သော် စုရီဘေးတွင် အခြားသော ဂုဏ်သရေရှိ လူကြီးလူကောင်းများ မမြင်သဖြင့် ချန်ကျင်းလုံက အနည်းငယ် စိတ်သက်သာ ရသွား၏။
“ အဟမ်း ... အစ်ကိုစုရီ ငါတို့ကို ဘာလို့ထိုင်ခွင့်မပေးတာလဲ ဒါက ဧည့်သည်ကို လက်ခံတဲ့ ပုံစံမဟုတ်ဘူးနော်။ ”
ယန်ချောင်က ထိုင်ခုံအလွတ်များကို ကြည့်ကာ ပြောကြားလိုက်သည်။
“ ဟားဟားဟား … တံခါးဝမှာ မင်းပြောခဲ့တာတွေကို ပြန်မှတ်မိအောင် ကူညီပေးစေချင်လို့လား။ ”
ဟွမ်ချမ့်ကျွယ်က မကျေမနပ်ဖြင့် တုန့်ပြန်လိုက်တော့၏။
“ ဒါက နားလည်မှု လွဲနေတာပါ ... အဲဒါကိုထားပါ ငါစုရီနဲ့ ဖန်ရှောင်ဖုန်းကိုတွေ့ဖို့ ဒီကိုလာခဲ့တာ ... အကြာကြီးနေဖို့ အစီအစဉ်မရှိဘူး။ ”
ယန်ချောင်နှင့် ဟွမ်ချမ့်ကျွယ် စကားဝိုင်းအပေါ် စုရီကလျစ်လျူရှုလျက် လက်ထဲရှိ သိုးသားဟင်းကိုသာ ဆက်၍ စားနေခဲ့သည်။
ယင်းကြောင့် ချန်ကျင်းလုံမှ သူ့ဒေါသကို ထိန်းလိုက်ပြီး၊
“ ဂျူနီယာ ညီလေးစုက ငါတို့ကို မကြိုဆိုတဲ့အတွက် ငါတို့ ထွက်သွားတော့မယ်။ ”
-ဟု ဆိုကာ လှည့်ထွက်ဟန်ပြင်၏။
အစောပိုင်းက လီမိုယွင်၏ အကြံပြုစကားများကို နားထောင်သင့်ဟု နောင်တများ ဝင်လာတော့သည်။
“ ဟမ့် ... ဒီနေရာက မင်းဆန္ဒအတိုင်း လာချင်သလိုလာ၊ သွားချင်သလိုသွားလို့ရမဲ့ နေရာလို့ မင်းထင်နေလား။ ”
ရုတ်တရက် စုရီက ဟင်းပုဂံကို ပြန်ချလိုက်ကာ ပြောကြားလိုက်လေသည်။ ချန်ကျင်းလုံခမျာ ပြန်လှည့်ကြည့်လိုက်၏။
“ စုရီ၊ ဘာကို ဆိုလိုချင်တာလဲ။ ”
စုရီက ပြန်မဖြေချေ။ နျန်ယွင်ချုံးမှ စိတ်မရှည်တော့ဘဲ ဖန်ရှောင်ဖုန်းကို ကြည့်ပြီး၊
“ ကြည့်စမ်း၊ ဒီလိုဒုက္ခိတတစ်ယောက်က ဘယ်လိုလုပ်ပြီးများ စည်းစိမ်ချမ်းသာစံအိမ်ကို ဝင်ခွင့်ရလာတာလဲ ... ရှောင်ဖုန်း မင်း ဘေးတံခါးက ဝင်လာတာလား။ ”
-ဟု လှောင်ပြောင် မေးမြန်းလိုက်တော့၏။
ထိုစကားများက ချန်ကျင်းလုံနှင့် အခြားသူများ၏ နှလုံးသားကို သက်သာရာ ရစေသည်။
စုရီသည် ကျင့်ကြံမှု ပြန်ရပြီးနောက် တောင်မြစ်နန်းတော်၌ အနားယူခွင့်ရလျှင်ပင် ၎င်းမိတ်ဆွေများမှာ ပိုးဟပ်များသာဖြစ်၏။
ဖန်ရှောင်ဖုန်းခမျာ မျက်နှာဖြူဖျော့လျက် အံကြိတ်လိုက်သည်။ စုရီက ထိုင်နေရာမှထပြီး ချန်ကျင်းလုံထံ လျှောက်လှမ်းသွား၏။
“ မင်း ဘာလုပ်တာလဲ ... ငါ့အနားမလာနဲ့။ ”
ချန်ကျင်းလုံခမျာ ဆိုးရွားသောအန္တရာယ် နီးကပ်လာသည်ကို သတိပြုမိပြီး ဓားအလိုလို ဆွဲထုတ်ကာ စူးရီထံညွှန်ပြလျက် နောက်တစ်လှမ်းဆုတ်လိုက်သည်။
***