မည်သည့်နိုင်ငံခြားကုမ္ပဏီကိုမှကိုယ်စားလှယ်မပေး!
Vol. 50 Ch. 736
အီဗန်က ပွားထားသောသန့်စင်မြက်ပင်များကိုကြည့်ရင်း စွန်းချီဆီဝမ်းသာအားရသွားပြီး_
"စွန်းချီ... ကြည့်ရတာ အပင်ခွဲတာအေင်မြင်တယ်ထင်တယ်... ဘယ်တော့မျိုးစေ့ရမလဲ?''
စွန်းချီကမျက်နှာသိပ်မကောင်း_
"မစ္စတာအီဗန်... အဲလောက်မလွယ်မှာစိုးတယ်... ဒီသုတေသနလုပ်နေတဲ့အတွင်းမှာ သန့်စင်မြက်ပင်သုံးပင်ကိုစမ်းသပ်ကြည့်တာ ဝတ်မှုန်ကူးပြီးမျိုးစေ့မဖြစ်နိုင်ဘူး''
ထိုစကားကြောင့် အီဗန်မျက်နှာတည်သွားပြီး ချက်ချင်းမေးသည်_
"ဒါဆို အပင်ခွဲတာကရော? ဒီနည်းနဲ့ကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်လား?''
စွန်းချီကမျက်မှောင်ပိုကြုတ်သွားပြီး_
"မစ္စတာအီဗန်... အပင်ခွဲမရမှာလည်းစိုးတယ်''
"ဘာ?''
အီဗန်ကအလောတကြီးမေးသည်_
"အခု ၁၀ ပင်ကျော်ခွဲထားပြီမလား?''
"မစ္စတာအီဗန်''
စွန်းချီက သက်ပြင်းချပြီး_
"ဒီမှာ ၁၀ ပင်ကျော်ရှိတယ်... လေအရည်အသွေးလုံးဝကောင်းမလာတာ သတိမထားမိဘူးလား?''
ထိုစကားကြောင့် အီဗန်ကြောင်သွားသည်။ လေအရည်အသွေးက မြို့ထဲကပုံမှန်လေအရည်အသွေးလိုအခြေအနေဆိုးနေသည်။
မဖြစ်သင့်။
ဒီမှာသန့်စင်မြက် ၁၀ ပင်ကျော်ရှိတာ လေအရည်အသွေးက ဂဏန်းတစ်လုံးတည်းရှိသင့်တာပေါ့။
အီဗန်ကမယုံနိုင်ဘဲ AQI စမ်းသပ်စက်ထုတ်ပြီး စမ်းသပ်လိုက်ရာ လေအရည်အသွေးတန်ဖိုးက: ၇၈။
ထို့ကြောင့် အီဗန်ကချက်ချင်းမေးသည်_
"ဘယ်လိုဖြစ်တာလဲ?''
"အသေးစိတ်တော့သေချာမသိဘူး''
စွန်းချီကရှင်းပြသည်_
"သန့်စင်မြက်အိုးစိုက်ပင်သုံးပင်ကိုခွဲပြီး လေသန့်စင်တဲ့အာနိသင်မရှိတော့တာပဲ''
ဂိမ်းထုတ်ကုန်အရည်အသွေး ၂ က လက်တွေ့ဘဝမှာ အရည်အသွေး ၁ မျိုးစေ့ဖြစ်လာသည်။ အပင်ခွဲရင် မျိုးစိတ်ပြောင်းသွားမည်။
ဘယ်လိုလုပ်မူလအရည်အသွေးကိုထိန်းထားနိုင်ပါ့မလဲ?
စမ်းသပ်မှုမရှိဘဲ ချင်းလင်ဓာတ်ခွဲခန်းကအလွယ်တကူရောင်းပေးမည်မဟုတ်။
စွန်းချီနှင့်အီဗန်က ဒီအကြောင်းမသိချေ။
သို့ရာတွင် အီဗန်နည်းနည်းစိတ်ပူသွားသည်။
သူဝယ်ထားသောသန့်စက်မြက်သုံးပြီး မျိုးစေ့ပျိုးထောင်ကာ ပြန်ယူသွားနိုင်မည်ဟုထင်ခဲ့သည်။ အခုတော့ လွယ်လွယ်လေးတွေးမိခဲ့ပြီထင်သည်။
အီဗန်ကချက်ချင်း မစ္စတာလျိုကိုရှာကာ မျက်မှောင်ကြုတ်ပြီးပြောသည်_
"မစ္စတာလျို... ခင်ဗျားအကူအညီလိုပြန်ပြီ... ဟိုဘက်က သန့်စင်မြက်ကိုတစ်ခုခုလုပ်ထားတယ်... သန့်စင်မြက်မျိုးစေ့မရဘူး... အပင်ခွဲရွှေ့စိုက်ရင်တောင် လေသန့်စင်နိုင်တဲ့အာနိသင်မရှိတော့ဘူး''
"မစ္စတာအီဗန်... ခင်ဗျားကဘာလုပ်ပေးစေချင်တာလဲ?''
မစ္စတာလျိုကအံ့ဩသွားသော်လည်း ပါမောက္ခလီခိုင်အကြောင်းကောလာဟလများကိုတွေးမိပြီး သူ့အရည်အချင်းနှင့်ကြိုတင်ကာကွယ်ထားတာ ထူးဆန်းသည်မထင်တော့။
"မစ္စတာလျို... ချင်းလင်ဓာတ်ခွဲခန်းက ဒီသန့်စင်မြက်နဲ့ဝင်ငွေရှာဖို့ ဖန်တီးခဲ့တာဖြစ်မယ်''
အီဗန်ကတန်းပြောသည်_
"ခင်ဗျားကို ချင်းလင်ဓာတ်ခွဲခန်းရဲ့ကိုယ်စားလှယ်လုပ်ခွင့်ရမရ စမ်းကြည့်စေချင်တယ်''
ထိုစကားကြောင့် မစ္စတာလျိုကမျက်မှောင်ကြုတ်လိုက်ပြီးမှ_
"မစ္စတာအီဗန်... အရင်ချင်းလင်ကုမ္ပဏီက ချင်းလင်အားဖြည့်လက်ဖက်ရည်ကို အနောက်နိုင်ငံတွေဆီချမပေးဘူး... ကိုယ်စားလှယ်ရဖို့မလွယ်လောက်ဘူး''
"ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းကိုစမ်းလျှောက်ကြည့်မယ်... ဘာပဲဖြစ်ဖြစ် သူဌေးဝါဒီတွေပဲ... ပိုက်ဆံမလိုချင်တဲ့သူမရှိဘူး... ကျုပ်တို့ဘယ်လောက်ပေးနိုင်လဲ... သူ့စိတ်ကိုဘယ်လိုကိုင်လှုပ်နိုင်မလဲအပေါ်မှာပဲမူတည်တယ်''
မစ္စတာလျိုလည်း ယုံကြည်ချက်ရှိနေသည်။ ဘာပဲဖြစ်ဖြစ် ဟိုအရင်လျိုမိသားစုက နိုင်ငံရဲ့ဘရန်းဒေါက်တိုင်။ ချင်းလင်ကုမ္ပဏီလို သူတို့လည်းအနောက်တိုင်းမြို့တော်ကိုသရော်ခဲ့သည်။
သို့ရာတွင် တစ်ဖက်ကသူ့ကိုအများကြီးပေးလာသည်။
အရင်းရှင်ပေါများနေတဲ့ခေတ်မှာ လျိုမိသားစုမငြင်းနိုင်ပေ။
ထို့ကြောင့် တစ်ဖက်လူကိုဒီအတိုင်းပဲဟုယုံကြည်ထားသည်။ အားလုံးပုံပေးလိုက်ရင် နောက်ဆုံးစိတ်ပျော့သွားလိမ့်မည်။
"မစ္စတာလျို... ပိုက်ဆံကကိစ္စမရှိပါဘူး''
အီဗန်ကချက်ချင်းပြောသည်_
"အဓိကက ပစ္စည်းရဖို့ပဲ''
"ဒါဆို ကြိုးစားကြည့်ဖို့စီစဉ်လိုက်ဦးမယ်''
မစ္စတာလျိုကပြောပြောဆိုဆိုဖုန်းထုတ်ပြီး စီစဉ်သည်။

…
ချင်းလင်ဓာတ်ခွဲခန်း_
ချင်လင်နှင့်ချန်လီက ဓာတ်ခွဲခန်းထဲတွင် သန့်စင်မြက်နှင့်အလုပ်ရှုပ်နေသောလီခိုင်နှင့်သုတေသနသမားများကိုကြည့်နေသည်။
သန့်စင်မြက်နှင့်ရုံချန်းကိုအသွင်ပြောင်းပြီး ရုံချန်းလေထုအရည်အသွေးအများကြီးတိုးတက်စေသည်။
သို့ရာတွင် များမကြာမီ ပြဿနာပေါင်းသောင်းခြောက်ထောင်တက်လာတော့သည်။ အခု ပြင်ပကိုအတော်များများရောက်သွားပြီဖြစ်၍ တချို့ကဒီအကြောင်းတွေးနေကြပြီ။
ခြံစည်းရိုးများ၊ အဆင့်မြင့်ကင်မရာများ နေရာတကာတပ်ဆင်ထားသော်လည်း တချို့ကရှောင်နိုင်သည်ဟုထင်နေဆဲပင်။
မနေ့ညကသူခိုးခိုးပြီး ကင်မရာထဲတွင်တွေ့ရ၍ မနက်ပိုင်းသူခိုးမိသည်။
တစ်နှစ်ပတ်လုံးမလွတ်နိုင်။
သို့ရာတွင် ဒီလိုကိစ္စမျိုးကိုအဆုံးသတ်ရမည်။ စီရင်စုကလေ့လာပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းကိုအကူအညီတောင်းသည်။
HD ကင်မရာက သူခိုးမြန်မြန်မိအောင် ရဲကိုကူညီနိုင်သော်လည်း ဝယ်သူဖြစ်လျှင် ရဲရဲတင်းတင်းခိုးကြလိမ့်မည်။
ထို့ကြောင့် သူခိုးခိုးပြီးမရောင်းအောင် ဒါမှမဟုတ် တခြားသူမဝယ်ချင်အောင် နည်းလမ်းရှာရမည်။
ဒါဆို ပြဿနာဖြေရှင်းနိုင်ပြီ။
တစ်ဖက်တွင် ရှန်လီက မြို့တော်အသွင်ပြောင်းရေးအတွက်သန့်စင်မြက်ကို အမှတ်စဉ်ပေးရန် နည်းလမ်းစဉ်းစားသည်။
သန့်စက်မြက်ကကြီးနေပြီဖြစ်၍ ထပ်မကြီးတော့။ နံပါတ်တပ်ထားရင် အပင်ကြီးလာရုံနှင့်နံပါတ်ပျောက်မသွား။
အခု သုတေသနသမားများက သန့်စင်မြက်ရှင်သန်မှုအပေါ်ထိခိုက်မှုမရှိစေဘဲ နံပါတ်ဘယ်လောက်နက်နက်၊ကြီးကြီးတပ်မလဲ စမ်းသပ်နေကြသည်။
နောက်ပြီး အပင်ဖြစ်၍ တခြားပစ္စည်းများလိုအမှတ်စဉ်နုတ်ယူလို့မရ။ ယူလျှင် သန့်စင်မြက်ကိုသတ်သလိုဖြစ်ပြီး မလိုလားအပ်တာပိုဖြစ်လာမည်။
ထိုအမှတ်စဉ်ကြောင့် ခိုးသူ၊ရောင်းသူဘယ်သူဖြစ်ဖြစ် အောက်တန်းကျသည်။ အောက်တန်းကျမှန်းသိရက်ဝယ်ရင် ပိုဆိုးမည်။
သိသိရက်ဖုံးထားသူ၊ ဖုံးကွယ်သူ၊ ခိုးရာပါပစ္စည်းဝယ်ယူသူအား ထောင်ဒဏ် ၃ နှစ်၊ ပြစ်မှုဆိုင်ရာထိန်းသိမ်းခံရခြင်း သို့မဟုတ် ကြီးကြပ်စစ်ဆေးခြင်းကိုခံရမည်။ ပြင်းထန်သောအမှုတွင် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်နှင့် ဒဏ်ကြေးပေးဆောင်ရမည်။