← Chapters

မည်သည့်နိုင်ငံခြားကုမ္ပဏီကိုမှကိုယ်စားလှယ်မပေး! ၂

Vol. 50 Ch. 737

မည်သည့်နိုင်ငံခြားကုမ္ပဏီကိုမှကိုယ်စားလှယ်မပေး! ၂

Vol. 50 Ch. 737

ဘာပဲဖြစ်​ဖြစ် ယွမ် ၃၀၀ နဲ့မတန်။

ဒါမျိုးမဖြစ်အောင်အတတ်နိုင်ဆုံးလျှော့ချရမည်။

ဦးနှောက်မရှိသူ၊ကံထူးသူများရှိလျှင် ဥပမာပေးရမည်။

ခဏအကြာ သုတေသနသမားတစ်ယောက်အပြေးလာပြီး အကျဉ်းချုပ်အစီရင်ခံသည်။ သန့်စင်မြက်ကိုမထိခိုက်စေဘဲ ဘယ်လောက်နက်နက်ထွင်းရမလဲသူသိလိုက်သည်။

ကောက်ချက်ချပြီးသောအခါ ကျန်ကိစ္စများကိုရှန်လီဆီလွှဲပေးလိုက်သည်။ ဤသည်ကို ရောင်းပြီးဝန်ဆောင်မှုဟုဆိုနိုင်သည်။

စီရင်စုနှင့်ဆက်သွယ်ပြီး ရုံချန်းသန့်စင်မြက်ကိုနံပါတ်စဉ်တပ်ရန်လူလွှတ်လိုက်သည်။ ထို့နောက် ရုံချန်းရဲအရေးအချက်အလက်များထဲထည့်သွင်းသည်။

ဒါကလည်း ဓာတ်ခွဲခန်းအတွက်အတွေ့အကြုံတစ်ခုပင်။ ရှေ့လျှောက် ဒီလိုကျေးလက်အသွင်ပြောင်းခြင်းမျိုးတွင် အရင်ဆုံးသန့်စင်မြက်ကိုနံပါတ်တပ်ရမည်။

ချန်လီကိုလိုက်ပို့ပြီးနောက် ချင်လင်လည်း ဓာတ်ခွဲခန်းလုံခြုံရေးခေါင်းဆောင်ယွင်ဖေးကိုရှာပြီး လုံခြုံရေးအခြေအနေမေးမြန်းလိုက်သည်။

အခု သန့်စင်မြက်ကိုလူတိုင်းသိနေပြီဖြစ်၍ လုံခြုံရေးကိုအတတ်နိုင်ဆုံးဆောင်ရွက်ရမည်။ နောက်ပြီး လုံခြုံရေးက ငွေကုန်ကြေးကျများသည်။

ဘာပဲဖြစ်ဖြစ် သန့်စင်မြက်ကိုမျက်စိကျသူတွေအများကြီးရှိလာမှာအသေအချာပင်။

ပစ်မှတ်ထားခံရမယ်မှန်းသိရင် အပြင်ထုတ်ကြော်ငြာမယ့်အစား သူများမသိအောင်ဝှက်ထားသင့်သည်ဟု တချို့ကလည်းပြောလာလိမ့်မည်။

အကြံကောင်းဖြစ်သော်လည်း အင်တာနက်အချက်အလက်ခေတ်ဖြစ်ကြောင်းမမေ့သင့်။

အသုံးချကြော်ငြာနေသရွေ့ သန့်စင်မြက်၏အံ့ဩစရာအာနိသင်အကြောင်း အင်တာနက်တစ်ခုလုံးသိလာမှာမလွဲမသွေပင်။

အသုံးမချရင် ဝှက်ထားပြီးဘာလုပ်ရမလဲ?

ချင်းလင်ဓာတ်ခွဲခန်းက လစာနှင့်နည်းပညာမြင့်ပစ္စည်းများဖြည့်ဆည်းပေးသောကြောင့် ယွင်ဖေး၏လုံခြုံရေးက အလွန်အားကောင်းလာသည်။ လုံခြုံရေးနည်းလမ်းအားလုံးက စစ်တပ်အတိုင်းပင်။

ချင်လင်နှင့်ယွင်ဖေးက လုံခြုံရေးအတွက်အကြမ်းဖျင်းစိတ်ကူးရပြီး အပန်းဖြေစံအိမ်ပြန်ကာစီစဉ်သည်။

ထိုအချိန်တွင် ရှန်လီအလောတကြီးရောက်လာပြီး_

"ဥက္ကဌချင်... အရေးကြီးပြောစရာရှိပါတယ်''

"ဘာဖြစ်လို့လဲ?''

ချင်လင်က ရှန်လီစိတ်လောနေပုံကိုကြည့်ရင်း ဇဝေဇဝါနှင့်မေးလိုက်သည်။

ရှန်လီကတင်ပြသည်_

"ဥက္ကဌချင်... သန့်စင်မြက်ကိုယ်စားလှယ်လုပ်ဖို့လျှောက်ချင်တဲ့သူရှိပါတယ်... လုံးဝထင်မထားတဲ့သူပါ... လျိုမိသားစုကတဲ့''

"လျိုမိသားစု? ဘယ်လျိုမိသားစုလဲ?''

ချင်လင်ကြောင်သွားသည်။

သန့်စင်မြက်ကိုစကြော်ငြာချင်း ကိုယ်စားလှယ်လုပ်ဖို့စိတ်ကူးပေါက်ကြမည်ဟု သူမထင်မိ။ သို့သော် ချင်းလင်ဓာတ်ခွဲခန်းက ကိုယ်စားလှယ်ပေးဖို့မရည်ရွယ်ထား။

ဒီပစ္စည်းတန်ဖိုးအကြောင်း သူတို့အားလုံးသိသည်။ ကိုယ်စားလှယ်လုပ်ခွင့်ပေးဖို့မ​ဖြစ်နိုင်။

ရှန်လီကရှင်းပြသည်_

"လျိုမိသားစုက ကွန်ပျူတာဖြန့်ဝေခွင့်ပေးချင်တယ်တဲ့''

"ဘယ်လို?''

ထိုစကားကြောင့် ချင်လင်ကြောင်သွားပြီး_

"လျိုမိသားစုက ဦးနှောက်ကြောင်နေတာလား ဒါမှမဟုတ် ကျွန်တော့်ကိုကြောင်နေတယ်ထင်နေတာလား? တကယ်သန့်စင်မြက်ရောင်းစေချင်တယ်ပေါ့?''

လျိုမိသားစုအခြေအနေဘယ်လောက်ဆိုးလဲ ဘယ်သူမသိလို့လဲ?

အရင်တစ်ခါ တစ်ဖက်လူကအသိစိတ်ကိုလွန်ဆန်ပြီးဝင်ငွေရှာတော့ သူတောင်ဝန်ကြီးလုကိုကူညီပြီး ဒေါက်တာ Dott ရဲ့ BUG မှာ ဦးနှောက်သွေးကြောပေါက်အတွက်လျှို့ဝှက်နည်းရှာပေးခဲ့သေးသည်။

အသက် ၇၀ အရွယ်ဥက္ကဌလျိုကလေဖြတ်ပြီးဆေးရုံတက်ရသည်ဟုကြားသည်။

လျိုမိသားစုကဘာလို့ဒုက္ခပေးချင်နေသေးတာလဲ?

သူကအရူးမဟုတ်။ လျိုမိသားစုက လေထုသန့်စင်ရေးလုပ်ငန်းလုံးဝမလုပ်ဘဲ ရုတ်တရက်ကြီးကိုယ်စားလှယ်လုပ်ခွင့်ရချင်တာ သူတို့အဖေအတွက်အလုပ်လုပ်ပေးနေကြောင်း ရှင်းနေပြီ။

ရှန်လီကပြုံးပြီး_

"ကိုယ်စားလှယ်လုပ်ခွင့်ပေးရင် တန်ဖိုးကပြဿနာမရှိဘူးလို့တောင်အရိပ်အမြွက်ပြောထားသေးတယ်... ကွန်ပျူတာကုမ္ပဏီရှယ်ယာကိုလည်းပေးချင်ပါတယ်တဲ့... သူတို့က ငွေနဲ့ကိုင်ပေါက်နေတာ''

"သော*က်... သူတို့ကွန်ပျူတာကုမ္ပဏီရှယ်ယာက တော်တော်တန်တယ်များထင်နေလား?''

ထိုစကားကြားပြီး ချင်လင်မဆဲဘဲမနေနိုင်တော့။ သူကရှန်လီဘက်လှည့်ကာ_

"ကြေညာချက်ထုတ်ပြန်လိုက်ပါ... ပြင်ပကိုကိုယ်စားလှယ်လုပ်ခွင့်မပေးတဲ့အကြောင်း... နိုင်ငံခြားကိုသန့်စင်မြက်မရောင်းတဲ့အကြောင်း... ရှေ့လျှောက် မဟာမိတ်နိုင်ငံတွေကိုပဲကိုယ်စားလှယ်ပေးဖို့စဉ်းစားမယ့်အကြောင်း...''

"ကောင်းပါပြီ ဥက္ကဌချင်''

ရှန်လီကပြုံးပြီးပြန်ဖြေသည်။

တကယ်တော့ ဒီအကြောင်းပြောရင် ဒီလိုဖြစ်မယ်မှန်းသူသိသည်။ သူ့သူဌေးလုပ်ပုံကိုင်ပုံကို သူသေချာသိသည်။

လျိုမိသားစုက ပြဿနာမီးခွက်ထွန်းရှာနေတာမလား?

ရှန်လီရုံးခန်းပြန်ရောက်သောအခါ ကြော်ငြာတာဝန်ခံကိုခေါ်ပြီးညွှန်ကြားလိုက်သည်။

တစ်ဖက်တွင်_

ပေကျင်း_



မစ္စတာလျိုက အီဗန်ကိုအစီရင်ခံနေသည်_

"မစ္စတာအီဗန်... ဟိုဖက်ကိုစာပို့လိုက်ပြီ... အလုံအလောက်ပေးထားတယ်... ကျုပ်တို့ကုမ္ပဏီရှယ်ယာတွေတောင်ပေးချင်ပေးမှာ''

အီဗန်ခေါင်းညိမ့်လိုက်သည်။

သူယုံကြည်ထားဆဲ။ ဘာပဲဖြစ်ဖြစ် သူ့ရှေ့ကလူကအကောင်းဆုံးဥပမာပင်။ ကမ္ဘာမှာရင်းနှီးမြှုပ်နှံမှုကြောင့်စိတ်မလှုပ်ရှားသူက ခပ်ရှားရှားရယ်။

သူတို့နှစ်ဦးက သူတို့ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတာ နှမြောစရာ။

ဒီကမ္ဘာမှာ အရင်းရှင်ဝါဒကိုစက်ဆုပ်သူတွေရှိတတ်စမြဲ။

သူတို့နှစ်ဦးက ချင်းလင်ဓာတ်ခွဲခန်းမှပြန်စာစောင့်နေစဉ် သက်လတ်ပိုင်းလူတစ်ဦးကပြေးလာပြီး မစ္စတာလျိုနားတိုးတိုးကပ်ပြောသည်။

"ဘာ?''

မစ္စတာလျိုက ချက်ချင်းထအော်သည်။ သူကဖုန်းအမြန်ထုတ်ပြီး လိုင်းပေါ်တက်ကြည့်သည်။ ရေပန်းစားဗီဒီယိုတစ်ပုဒ်တွေ့ရပြန်သည်။

"မစ္စတာလျို... ဘာဖြစ်တာလဲ?''

အီဗန်ကမျက်မှောင်ကြုတ်မေးသည်။

"မစ္စတာအီဗန်... ထင်ထားတာနဲ့တလွဲတွေဖြစ်ကုန်ပြီ... ဒါချင်းလင်ဓာတ်ခွဲခန်းရဲ့နောက်ဆုံးကြေညာချက်''

မစ္စတာလျိုက မျက်စိမျက်နှာပျက်ပျက်နှင့် အီဗန်ဆီဖုန်းပေးပြီး ဗီဒီယိုတစ်ပုဒ်ပြလိုက်သည်။

"သန့်စင်မြက်နည်းပညာနဲ့ပတ်သက်ပြီး မည်သည့်နိုင်ငံခြားကိုယ်စားလှယ်ကိုမှ ကိုယ်လှယ်လုပ်ခွင့် သို့မဟုတ် ဖိအားပေးခွင့်မပြုကြောင်း ဤဓာတ်ခွဲခန်းမှထုတ်ပြန်လိုက်သည်... နောက်ပြီး မည်သည့်နိုင်ငံကိုမှသန့်စက်မြက်ရောင်းမည်မဟုတ်... ရှေ့လျှောက် မိတ်ဖက်နိုင်ငံများကိုရောင်းချပေးရန်ထည့်သွင်းစဉ်းစားပါမည်!''

ချင်းလင်ဓာတ်ခွဲခန်း၏ကြေညာချက်ကတိုတိုတုတ်တုတ်နှင့် အလွန်ရိုးရှင်းပြီးနားလည်ရလွယ်သည်။

အီဗန်ကကြေညာချက်ကိုမြင်ပြီး ချက်ချင်းမျက်လုံးပြူးသွားသည်။ သူ့အကြည့်တို့မှာ ဒေါသလျှံထွက်ပြီး ပေါက်ကွဲတော့မတတ်နှင့်_

"သော*က်! ငါတို့ကိုတားမြစ်တာ?! သူတို့ကဘာလုပ်ပိုင်ခွင့်နဲ့လဲ? ဘယ်သူ့အားကိုးနဲ့လဲ?''

မစ္စတာလျိုလည်း ဒေါသထွက်နေသောအီဗန်ကိုမျက်နှာပျက်ပျက်နှင့်ကြည့်လိုက်သည်။ ရင်းနှီးမြှုပ်နှံမှုကိုဂရုမစိုက်ဘဲ သူတို့ကိုရောကုမ္ပဏီရှယ်ယာများကိုပါချေသူရှိလိမ့်မည်ဟုမထင်မိ။

သူတို့ကုမ္ပဏီကလည်း အရင်းရှင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသုံးခုကိုထိန်းချုပ်ပြီး နယ်ပယ်အမျိုးမျိုးတွင်ရင်းနှီးမြှုပ်နှံဖို့အခွင့်အရေးရှိမှန်းသိကြသည်။

ဒီရှယ်ယာတွေ ဘယ်လောက်တန်ကြေးရှိလဲသိရဲ့လား?

အီဗန်ဒေါသထွက်နေစဉ် ချင်းလင်ဓာတ်ခွဲခန်း၏ကြေညာချက်ကြောင့် အင်တာနက်ပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်နေသည်။ သတင်းထွက်ထွက်ချင်း မှတ်ချက်များပလူပျံသွားသည်။

"၆၆၆၆... ချင်းလင်ကုမ္ပဏီဆိုတဲ့အတိုင်းပဲ!''

"ဒီလိုတားမြစ်တာကြုံဖူးတယ်... ဝမ်းသာလိုက်တာ... အရင်က ချင်းလင်အားဖြည့်လက်ဖက်ရည်... အခုသန့်စင်မြက်!''

"အရင်က ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတားမြစ်ဖို့လုပ်လို့ ချင်းလင်ကုမ္ပဏီကလက်စားပြန်ချေတာ... အဲဒီကိစ္စကိုအခဲမကျေလို့ သန့်စင်မြက်နဲ့ပြန်ချေမယ်ဆိုတာ မထင်မိဘူး''

"ချင်းလင်ကုမ္ပဏီသူဌေးက အမှတ်သညှာကြီးတာလား? ဒါပေမဲ့ အကွက်လှတယ်နော်''

"ချင်းလင်ကုမ္ပဏီသူဌေးက ရည်ရွယ်ချက်ရှိတယ်လို့ပဲပြောတော့မယ်... ချင်းလင်အားဖြည့်လက်ဖက်ရည်ဖြစ်ဖြစ် သန့်စင်မြက်ဖြစ်ဖြစ် နိုင်ငံတကာစျေးကွက်မှာ အရမ်းမြတ်မယ့်ကိစ္စ... သူကငြင်းပစ်လိုက်တာပဲ''

"ဒီတားမြစ်ချက်နဲ့တင် သန့်​စင်မြက် ၁၀ ပင်ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီ... ဘယ်မှာဝယ်ရမလဲ ဘယ်သူသိလဲ?''

"အပေါ်ကလူကိုထောက်ခံတယ်... ငါလည်းဝယ်ချင်တယ်!''

"ထောက်ခံတယ်+!''

“……”

ချင်းလင်ဓာတ်ခွဲခန်း၏ထိုကြေညာချက်ကို လူတွေကောင်းကောင်းလက်ခံကြသည်ဟုဆိုနိုင်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘယ်ကုမ္ပဏီမှ ဒီလိုလုပ်မည်မဟုတ်။

အခု ထိုထိုကုမ္ပဏီများ၊ အထူးသဖြင့် ကုမ္ပဏီကြီးများတောင် နိုင်ငံတကာစျေးကွက်ကိုအာရုံစိုက်နေကြသည်။ ဒီစျေးကွက်ကို ဘယ်သူမှလက်မလျှော့ချင်။

နိုင်ငံတကာစျေးကွက်မှာဝင်ငွေရမရ မသေချာရင်တောင် ဒီစျေးကွက်ထဲဝင်ချင်သောကုမ္ပဏီများစွာရှိနေဆဲပင်။

သို့သော် ချင်းလင်အားဖြည့်လက်ဖက်ရည်ဖြစ်စေ၊ သန့်စင်မြက်ဖြစ်စေ၊ ချင်းလင်ကုမ္ပဏီ၏ထုတ်ကုန်များအားလုံး နိုင်ငံတကာမှာဝင်ငွေဖန်တီးနိုင်ဖို့အာမခံချက်ရှိသည်။

သို့ရာတွင် သူတို့ကလက်လျှော့ရုံသာမက နိုင်ငံတကာစျေးကွက်တွင် ခွင့်ပြုမိန့်နှင့်ပိတ်ဆို့မှုများလည်း သတ်မှတ်ပြဋ္ဌာန်းထားသည်။

လွှမ်းမိုးနိုင်လိုက်တာ!

ဒါ နိုင်ငံထဲကဘယ်ကုမ္ပဏီမှလုပ်နိုင်တာမျိုးမဟုတ်။

ပေကျင်း_

ဝန်ကြီးကျင်းက အထူးဌာနနှင့်စကားပြောနေစဉ် ထိုသတင်းရသည်။ သူကသူဌေးချင်ကို သန့်စင်မြက်အထူးကန့်သတ်ချက်အကြောင်းဘယ်လိုပြောရမလဲ စဉ်းစားနေသည်။

သူဌေးချင်က ဒီလိုကိုယ်ပိုင်ကန့်သတ်ချက်ထားမယ်လို့ဘယ်ထင်မလဲ? သူဌေးချင်ကိုနားချစရာမလိုတော့။

ဝန်ကြီးကျင်းကတွေးကြည့်ပြီး အထူးဌာနမှလူကိုနည်းနည်းပါးပါးမေးမြန်းကာ ပြန်ပို့လိုက်သည်။

အထူးဌာနမှလူက အလွန်ထူးသည်။ ဘယ်လိုထူးသလဲ မပြောပြတတ်။

အခုသန့်စင်မြက်ကိုလူတိုင်းသိနေပြီဖြစ်၍ ရယူဖို့ကြိုးစားသူတွေရှိနိုင်သည်။ သူဌေးချင်ရဲ့လုံခြုံရေးက ပုံမှန်နည်းလမ်းနှင့်ပြဿနာဖြေရှင်းနိုင်မည်ဟုယုံကြည်ထားသော်လည်း ပုံမှန်မဟုတ်သောနည်းလမ်းတချို့နှင့် အထူးဌာနကဖယ်ရှားရဦးမည်။

သန့်စင်မြက်ကိုအထူးကန့်သတ်ထားမှတော့ သူကြိုတင်ပြင်ဆင်ထားရမည်။

ဝန်ကြီးကျင်းက ရုံးခန်းထိုင်ခုံပြန်လာပြီး ဖုန်းထပ်ဆက်သည်_

"ချင်းလင်ဓာတ်ခွဲခန်းနဲ့ပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်ဆွေးနွေးဖို့ အားလုံးကိုအစည်းအဝေးခေါ်လိုက်ပါ''

ဒီနှစ်ပေကျင်းလေထုအရည်အသွေးစီမံရေးအတွက် အထက်လူများက ယွမ် ၁၀ ဘီလီယံခွဲဝေချထားပေးသည်။ ဒါကိုကောင်းကောင်းအသုံးချရမည်။

သန့်စင်မြက်က ဓားသွားတစ်လက်။



All Chapters