ရှယ်ယာ ၁၀% နဲ့ဓားစာခံ!
Vol. 50 Ch. 738
မနက်စောစော ချင်လင်ကပစ္စည်းများပို့ပြီး အပန်းဖြေစံအိမ်ရုံးခန်းထဲပြန်လာသည်။ သူ့ဖုန်းထုတ်၍ သန့်စင်မြက်အကြောင်းသတင်းများလျှောက်ကြည့်သည်။
ဒီရက်ပိုင်း ဖုန်းမျက်နှာပြင်တွင် သန့်စင်မြက်အကြောင်းချည်း။
အထူးသဖြင့် အခုတလော ရုံချန်းတွင်လူပိုများလာသည်။ အတော်များများက အရည်အသွေးကောင်းသောလေကိုရှူရှိုက်ရန် ရုံချန်းလာကြသည်။
တခြားဘာမှမလုပ်ဘဲ ရုံချန်းတွင်ရက်ပိုင်းခန့်နေပြီး လျှောက်သွားကြသည်။
လေအရည်အသွေးက အမှန်ပင်ကောင်းနေ၍ ရုံချန်း၏အငှားလုပ်ငန်းများအလုပ်ဖြစ်လာသည်။ အငှားတန်ဖိုးက သိသိသာသာပိုတက်လာ၏။
သို့ရာတွင် မထင်ထားသောရေပန်းစားသတင်းတစ်ပုဒ်ကို ချင်လင်တွေ့လိုက်ရသည်။
ကျန်းမျိုးရိုးနာမည်ကြီးစုံတွဲကို အဆင့်ဆင့်ခေါင်းပုံဖြတ်စျေးကွက်တွင်ပါဝင်ခြင်းကြောင့် စုံစမ်းစစ်ဆေးခံရသည်။
တကယ့်ပွဲ။
ဒီစုံတွဲကိစ္စကိုတွေ့တာကြာပြီ။ အစကတည်းက အဆင့်ဆင့်ခေါင်းပုံဖြတ်စျေးကွက်ဟုထင်သည်။
ထောင်မျိုးရိုးဆယ်လီအတွက်နှမြောစရာ။ အရင်ကသရုပ်ဆောင်ခဲ့သောနဂါးမလေးဇာတ်ရုပ်ကို သူသဘောကျနေဆဲပင်။
ချင်လင်ကဗီဒီယိုလျှောက်ကြည့်ပြီး ဖုန်းချကာ ချင်းလင်ဓာတ်ခွဲခန်းသွားလိုက်သည်။
သန့်စင်မြက်ဒုတိယအသုတ်စိုက်တော့မည်ဖြစ်၍ အခြေအနေကိုတစ်ချက်ကြည့်ရမည်။
နေ့လယ်ပိုင်းတွင် ဝန်ကြီးကျင်းရောက်လာပြန်သည်။
ချင်လင်ကဝန်ကြီးကျင်းအတွက်ချက်ပြုတ်ပြီး သူ့ရုံးခန်းထဲတွင်ဧည့်ခံသည်။
အရေးကြီးကိစ္စရှိ၍လာမှန်း သူသိသည်။
ဝန်ကြီးကျင်းလည်းစာဖိုင်ထုတ်ပြီး ချင်လင်ဆီပေးကာ_
"သူဌေးချင်... ဒီစာတစ်ချက်ကြည့်လိုက်ပါဦး... မင်းကိုတောင်းဆိုစရာရှိတယ်''
ချင်လင်လည်းအကြောင်းရင်းကိုခန့်မှန်းပြီး စာဖတ်လိုက်သည်။
သန့်စင်မြက်က ရုံချန်းကိုအသွင်ပြောင်းနိုင်ခဲ့ပြီ။ ပြီးတော့ ဝန်ကြီးကျင်းက လေထုစီမံရေးတာဝန်ခံ။ မြို့တော်လေထုအခြေအနေကလည်း သူ့ထိန်းချုပ်အောက်မှာရှိ၍ သန့်စင်မြက်ကြောင့်လာခြင်းဖြစ်မည်။
သူကစာယူပြီးဖတ်ကြည့်လိုက်ရာအမှန်ဖြစ်နေသည်။ နောက်ပြီး စီစဉ်ထားသောပမာဏကလန့်လောက်စရာ။
စုစုပေါင်း ၁၀ ဘီလီယံ!
"ဝန်ကြီးကျင်း... ဒီအော်ဒါကိုလက်ခံပါတယ်''
ချင်လင်ကပြုံးပြီး စာဖိုင်ချလိုက်သည်။
ဝင်ငွေအတွက် ဒီပူးပေါင်းမှုကိုမဖြစ်မနေလက်ခံရမည်။
လျိုမိသားစုကကမ်းလှမ်းသောငွေမည်းကစက်ဆုပ်စရာကောင်းသော်လည်း ပွင့်လင်းမြင်သာစွာရသောငွေက တရားမျှတသည်။
သို့ရာတွင် မြို့တော်အခြေအနေက ရုံချန်းနှင့်မတူ။ မြို့တော်လေထုအခြေအနေကိုလုံးဝပြောင်းလဲချင်ရင် အချိန်ယူပြီးသေချာစီစဉ်ရမည်။ နောက်ပြီး သန့်စင်မြက်နောက်တစ်သုတ်ကို နှစ်ကူးပြီးစိုက်နိုင်တော့မည်။

"ကောင်းပြီ... ပေကျင်းပြန်ရောက်ရင် ပူးပေါင်းမှုထောက်ခံချက်ပို့ပေးလိုက်မယ်''
ချင်လင်သဘောတူသောကြောင့် ဝန်ကြီးကျင်းကကျေနပ်အားရစွာထွက်လာသည်။
ရည်ရွယ်ချက်က ရည်ရွယ်ချက်။ လုပ်ငန်းကိုသူဌေးချင်လက်ခံမခံအတည်ပြုလိုခြင်းသာ။ ဒါလုပ်ရိုးလုပ်စဉ်ပင်။
ထို့ကြောင့် ပြန်သွားရင်ပူးပေါင်းမှုအတွက်ပြင်ဆင်ပြီး ချင်းလင်ဓာတ်ခွဲခန်းသို့ရုံးစာပို့ပေးရမည်။
ဝန်ကြီးကျင်းထွက်သွားပြီးနောက် ချင်လင်က ၁၀ ဘီလီယံလုပ်ငန်းစာဖိုင်ကိုကြည့်လိုက်သည်။ ဆုရွေးချယ်ခွင့်ကိစ္စဖြေရှင်းနိုင်တော့မည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းရော ချင်းလင်အစားအသောက်ကုမ္ပဏီပါဖွံ့ဖြိုးလာပြီ။
ချင်းလင်အစားအသောက်ကုမ္ပဏီ၏အားဖြည့်ဖျော်ရည်နှင့်ခရမ်းချဉ်ဆော့စျေးကွက်တိုးတက်လာတာ ပြောစရာမလိုတော့။
ချင်းလင်ဆော့ကလည်း မကြာသေးခင်က စျေးကွက်ရှယ်ယာ ၈% ကိုပိုင်ဆိုင်ထားပြီး ထိပ်တန်းဘရန်း ၁၀ ခုထဲတိုးဝင်ကာ ဆဋ္ဌမနေရာတွင်ရှိနေသည်။
ချင်းလင်အားဖြည့်ဖျော်ရည်မှာ အပြည့်အဝမဖွံ့ဖြိုးသေးခင်ကပင် ပြည်တွင်းစျေးကွက်အတော်များများကိုသိမ်းပိုက်ထားသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီက ရံပုံငွေမတည်ထောင်သောကြောင့် အစပိုင်းမြှင့်တင်ရေးနှေးကွေးနေခြင်းပင်။
သို့ရာတွင် မနှစ်ကအစပိုင်းရံပုံငွေစုပြီးနောက်ပိုင်း ချင်းလင်အစားအသောက်ကုမ္ပဏီ၏စက်ရုံအသစ်မှာ အတော်များများပြီးနေပြီ။ ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုပြည်တွင်းစျေးကွက်အနှံ့ဖြန့်နိုင်ပြီး အားဖြည့်ဖျော်ရည်၏အကြီးမားဆုံးစျေးကွက်ကိုပိုင်ဆိုင်ထားသည်။
ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်ဖရဲသီး၊ ရှန်းရွှေလက်ဆောင်ဆန်ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးခြင်းနှင့် အခုသန့်စင်မြက်ကြောင့် ဝင်ငွေအများကြီးဖန်တီးနိုင်တာပြောစရာမလို။
ဒီအခြေအနေတွင် ကုမ္ပဏီကအလွန်ကြီးလာပြီး ဆုရွေးချယ်ခွင့်ကိုထိန်းသိမ်းထားရမည်။
ကုမ္ပဏီတစ်ခုက အတိုင်းအတာတစ်ခုရောက်သောအခါ ထိပ်ပိုင်းစီမံရေးအတွေးအခေါ်ပြောင်းလဲပြီး သူတို့ဦးတည်သောရည်မှန်းချက်လည်းပြောင်းသွားမည်။
ဒီအခြေအနေတွင် ဆွဲခေါ်သည့်ပစ်မှတ်ကအထက်လူများဖြစ်တတ်သည်။
ထို့ကြောင့် အမှန်တကယ်ကြီးထွားအားကောင်းလိုသောကုမ္ပဏီများက ဒီလိုအချိန်တွင်အရည်အချင်းများထိန်းသိမ်းရန် ဆုရွေးချယ်ခွင့်ကိုအကောင်အထည်ဖော်ကြလိမ့်မည်။ မဟုတ်ရင် မြန်မြန်ဆန်ဆန်ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးလာလေလေ အရည်အချင်းရှိသူများကိုအဆွဲခံရဖို့ပိုလွယ်လေလေပင်။
ဆုရွေးချယ်ခွင့်ကိုအကောင်အထည်ဖော်ပြီးနောက် ဝန်ထမ်းများ၏စိတ်နှလုံးကိုသိမ်းကြုံးနိုင်ပြီး အလုပ်လုပ်ရန်စိတ်အားထက်သန်လာလိမ့်မည်။
သူ့လိုလက်လွတ်ခွက်ချွတ်မန်နေဂျာအနေနှင့် ကုမ္ပဏီနှစ်ခု၏ကိစ္စများကို ရှန်လီနှင့်တန့်ကွမ်းဆီအပ်ထားလိုက်မည်။ အနည်းဆုံး ဒီတာဝန်ခံနှစ်ယောက်၏ဆုရွေးချယ်ခွင့်ကိုအရင်အကောင်အထည်ဖော်ပြီးပါက သူ့ကိုဆက်ပြီးသစ္စာရှိကြလိမ့်မည်။
တခြားစီမံရေးနှင့်ဝန်ထမ်းရေးရာအတွင်းရေးဆုရွေးချယ်ခွင့်မှာ သီးသန့်အခြေအနေအပေါ်မူတည်သည်။
သူဆုရွေးချယ်ခွင့်ပေးရင်တောင် ချက်ချင်းမရနိုင်။ တခြားကန့်သတ်ချက်များနှင့်ပြန်လည်ဝယ်ယူခြင်းသဘောတူညီချက်ရှိသည်။
ဒီဆုရွေးချယ်ခွင့်ကို အလုပ်ထွက်ရင်ယူမသွားနိုင်။ ကုမ္ပဏီတွင်းရှယ်ယာအစုအမြတ်ကိုသာခံစားနိုင်သည်။
နောက်ပြီး အစ်ကိုချူအတွက် ရှယ်ယာတန်ဖိုးသဘောတူညီချက် ၁၀% လည်းရှိသည်။
ရှယ်ယာတန်ဖိုးသဘောတူညီချက် ၁၀% ကို အစ်ကိုလီအတွက်ရည်ရွယ်ထားသည်။ ဒါကိုနည်းပညာပူးပေါင်းမှုအဖြစ်ယူဆနိုင်သည်။
တခြားကြောင့်မဟုတ်။ တစ်ဖက်လူကဓားစာခံကောင်းဖြစ်ပြီး လှည့်စားရလွယ်သည်။
ပြီးတော့ သူလည်းဝမ်းသာသည်။
နောက်ပြီး ထိုနည်းပညာများအားလုံးကို ပါမောက္ခလီခိုင်ဖန်တီးထားသည်ဟုသာ အပြင်လူများကမြင်နေကြသည်။
ဒါလိုအပ်သလိုလိုပင်။
…
ချွမ်ကျင်းဥပဒေကုမ္ပဏီမှာ နိုင်ငံထဲတွင်အကျော်ကြားဆုံးဥပဒေကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ၏ခေါင်းဆောင်ရော်ဘင်က အာရှတွင်ထိပ်တန်းစီးပွားရေးရှေ့နေဖြစ်ခဲ့သည်။ သို့ရာတွင် ခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း တဖြည်းဖြည်းနှင့် အထူးဥပဒေရေးရာစီးပွားရေးတွင်ဝင်ပါခြင်းမရှိတော့။
နှစ်ကူးတော့မည်ဖြစ်၍ ဒီနေ့ချွမ်ကျင်းတွင်လည်း စီးပွားဖက်နှစ်ချုပ်အစည်းအဝေးရှိနေသည်။
ချူဖုန်းမှာ ချွမ်ကျင်းဥပဒေကုမ္ပဏီ၏တရားဝင်စီးပွားဖက်ဖြစ်နေပြီဖြစ်၍ အစည်းအဝေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။