← Chapters

ရှယ်ယာ ၁၀% နဲ့ဓားစာခံ! ၂

Vol. 50 Ch. 739

ရှယ်ယာ ၁၀% နဲ့ဓားစာခံ! ၂

Vol. 50 Ch. 739

"ဒီနှစ် ကျုပ်တို့ဥပဒေကုမ္ပဏီက လုပ်ငန်းအများကြီးချဲ့ထွင်ပြီးကြိုးစားပါမယ်''

ရော်ဘင်က ချူဖုန်းကိုကြည့်ပြီး_

"ချူဖုန်း... အထူးသဖြင့် မင်းဘက်မှာပေါ့... ဒီနှစ် ချင်းလင်ကုမ္ပဏီနဲ့စာချုပ်ချုပ်ရမယ်... လိုအပ်တာရှိရင် ရှေ့နေကုမ္ပဏီကရှေ့နေအားလုံး မင်းကိုထောက်ပံ့ပေးလိမ့်မယ်''

ထိုစကားကြောင့် တခြားလုပ်ဖော်ကိုင်ဖက်များက ချူဖုန်းကိုအားကျသောအကြည့်နှင့်ကြည့်လိုက်ကြသည်။

မနှစ်က အလားအလာအရှိဆုံး၊ဖွံ့ဖြိုးမှုအမြန်ဆုံးကုမ္ပဏီမှာ ချင်းလင်ဖြစ်ကြောင်းသံသယဖြစ်ဖွယ်မရှိ။

သို့သော် ယခုနှစ်တွင် နောက်နောင်မှာချင်းလင်ကကုမ္ပဏီကြီးဖြစ်လာနိုင်ကြောင်း အားလုံးလိုလိုသိထားသောကြောင့် ဥပဒေကုမ္ပဏီများက ချင်းလင်ကုမ္ပဏီ၏ဥပဒေရေးရာကိုမျက်စိကျနေကြသည်။

ချင်းလင်ကုမ္ပဏီနောက်ကွယ်ကသူဌေးကို ချုဖုန်းရဲ့ဂျူနီယာဖြစ်နေမယ်လို့ဘယ်ထင်မလဲ?

ချင်းလင်ကုမ္ပဏီ၏ဥပဒေရေးရာကိစ္စများကြောင့် ချူဖုန်းလက်အောက်တွင်ဥပဒေကုမ္ပဏီမှလက်ထောက် ၅ ယောက်အထိရှိလာသည်။

ချင်းလင်ကုမ္ပဏီမှာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာသောကြောင့် ဥပဒေရေးရာလိုအပ်ချက်များကြီးမားလာသည်။

သူတို့စကားပြောနေစဉ် ချူဖုန်းဖုန်းသံမြည်လာသည်။ သူကနံပါတ်ကိုကြည့်ပြီး ချက်ချင်းရော်ဘင်အား_

"ဒါရိုက်တာလော့... ချင်းလင်ကုမ္ပဏီကဆက်တာ''

ရော်ဘင်ခေါင်းညိမ့်လိုက်ပြီး_

"ကိုင်လိုက်ပါ... အရေးကြီးရင် အစည်းအဝေးပြန်မတက်နဲ့တော့''

"အင်း!''

ချူဖုန်းကခေါင်းညိမ့်ပြီးအပြင်ထွက်ကာ ချင်လင်နှင့်ဖုန်းပြောလိုက်သည်။

ချင်လင်၏ရည်ရွယ်ချက်ကိုသိပြီးနောက် ချက်ချင်းရုံချန်းလေယာဉ်လက်မှတ်ဖြတ်ကာ ချင်းလင်စံအိမ်ဆီညတွင်းချင်းရောက်လာသည်။

နောက်တစ်နေ့_

ချင်လင်က စီနီယာအစ်ကိုချူထံမှ ဆုရွေးချယ်ခွင့်စာဖိုင်နှင့် အစ်ကိုလီအတွက်ရှယ်ယာစာဖိုင်လက်ခံရသည်။ စီနီယာအစ်ကိုချူကအသေးစိတ်ရှင်းပြပြီးနောက် ရှန်လီ၊တန့်ကွမ်းနှင့်အစ်ကိုလီတို့ကို အပန်းဖြေစံအိမ်တွင်ဆုံရန်ခေါ်လိုက်သည်။

အစည်းအဝေးခေါ်ခြင်းဖြစ်သော်လည်း သမားရိုးကျမဆန်။ လက်ဖက်ရည်ဝိုင်းဖွဲ့ခြင်းသာ။

တန့်ကွမ်းနှင့်ရှန်လီကနည်းနည်းဇဝေဇဝါဖြစ်နေသည်။ ရုတ်တရက်ကြီး သူတို့သူဌေးကဘာကြောင့်ခေါ်မှန်းမသိ။

"ဥက္ကဌချင်... ဘာညွှန်ကြားစရာရှိလို့လဲ?''

တန့်ကွမ်းကထိုင်ပြီး တရိုတသေမေးသည်။

သူ့သူဌေးကို သူအရမ်းလေးစားသည်။ သူဌေးမရှိရင် ဒီနေ့သူဖြစ်လာမှာမဟုတ်မှန်း သူကောင်းကောင်းသိသည်။

သူဌေးကစက်ရုံလေးကိုဝယ်ပြီး သူ့ကိုဆက်မခန့်ခဲ့ရင် တခြားစက်ရုံငယ်လေးမှာသာမန်လစာနဲ့ စက်ရုံမန်နေဂျာအဖြစ်ဆက်လုပ်ရဦးမည်။

လူတိုင်းကလေးစားသော CEO တန့်ဖြစ်လာဖို့မဖြစ်နိုင်။

ချင်းလင်အစားအသောက်ကုမ္ပဏီကြီးကြီးလာသရွေ့၊ သူပါဝင်အားထုတ်မှုကြီးသည်ဟု အပြင်လူတွေထင်ကြလိမ့်မည်။ တကယ်တော့ သူ့သူဌေးထုတ်ကုန်များ၏အရည်အသွေးကို သူကိုယ်တိုင်အသိဆုံး။

ထုတ်ကုန်များကကောင်းလွန်းသော​ကြောင့်စျေးကွက်ကိုဖောက်ထွက်နိုင်သည်။ အလွန်ဆုံး နည်းနည်းပါးပါးအလုပ်ကြိုးစားခဲ့ရုံသာရှိရင် သူနာမည်မခံရဲ။

ချင်းလင်ကုမ္ပဏီတစ်ခုလုံးမှာ ဥက္ကဌချင်သာလျှင်အခရာဟုဆိုနိုင်သည်။ ဘယ်သူမှထင်ထင်ပေါ်ပေါ်သိပ်မရှိပေ။

ထိုအချိန်တွင် ချင်လင်လည်းစာဖိုင်နှစ်ခုထုတ်ပြီး ရှန်လီနှင့်တန့်ကွမ်းအား_

"လောင်တန့် ဥက္ကဌရှန်... ဒီစာဖိုင်ကိုလည်းကြည့်ပါဦး''

တန့်ကွမ်းနှင့်ရှန်လီက စာဖိုင်ကိုဇဝေဇဝါနှင့်ယူလိုက်သည်။ အကြောင်းအရာကိုမြင်သောအခါ စိတ်မလှုပ်ရှားဘဲမနေနိုင်တော့။

တကယ်ဆုရွေးချယ်ခွင့်စာဖိုင်ပဲ။

ရှန်လီက ပုံသေဆုလာဘ်ရမည်ဟုသိထားပြီးဖြစ်သော်လည်း စာဖိုင်လက်ခံရသောအခါ စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်ချေ။

တကယ်တော့ ဥက္ကဌချင်ကိုတောင်းဆိုတာလွန်မှန်းသိသည်။ ပါမောက္ခလီခိုင်က ဒီလောက်တော်မည်ဟုသူမသိခဲ့။

ချင်းလင်ဓာတ်ခွဲခန်း၏ဖွံ့ဖြိုးမှုကလည်း သူထင်ထားတာထက်အများကြီးသာနေသည်။

သို့ရာတွင် ဥက္ကဌချင်က မူလတောင်းဆိုချက်အတိုင်း ဆုရွေးချယ်ခွင့်ပေးမည်ဟုမထင်မိပေ။



ထို့ကြောင့် သူ့စိတ်လှုပ်ရှားပြီး ကျေးဇူးတောင်တင်မိသည်။

တန့်ကွမ်းက ဆုရွေးချယ်ခွင့်အကြောင်းအရင်ကကြားဖူးသည်။ စာဖိုင်ဖတ်ကြည့်ပြီး အိပ်မက်လိုလိုဖြစ်နေသည်။

သို့သော် တစ်ချိန်တည်းမှာ သူ့သူဌေးကိုကျေးဇူးပိုတင်မိသည်။

သူ့အရည်အချင်းနဲ့ သူဌေးနဲ့သာမဆုံခဲ့ရင် ဒီလိုခံစားမှုမျိုးရနိုင်မည်မဟုတ်မှန်းသူသိသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဆုရွေးချယ်ခွင့်အကြောင်းအရာကိုမြင်ပြီး သူနှင့်မထိုက်တန်သလိုခံစားရသည်။

သို့သော် ရွေးချယ်ခွင့်ကိုမဖြစ်မနေလက်ခံရမည်။

ပထမအနေနှင့် ဒီလိုခံစားမှုမျိုးကို ဘယ်သူမှလက်လွှတ်မခံ။

ဒုတိယက သူလက်မခံရင် ရှေ့လျှောက်ကုမ္ပဏီရဲ့တခြားစီမံရေးဆုရွေးချယ်ခွင့်ကို သူဘယ်လိုလုပ်မလဲ?

ဒီတော့ ရှေ့ဆက်ပြီး သူဌေးအတွက်အလုပ်ပိုကြိုးစားရုံသာ။

ချင်လင်က တန့်ကွမ်းနှင့်ရှန်လီကိုဆုရွေးချယ်ခွင့်စာဖိုင်တွင်လက်မှတ်ထိုးခိုင်းလိုက်သည်။ လက်မှတ်ထိုးပြီး သူတို့နှစ်ဦးပိုတက်ကြွလာသည်ကိုသူခံစားမိသည်။

ချင်လင်ကဆက်ပြီး_

"ကုမ္ပဏီရဲ့အတွင်းစီမံရေးအရည်အချင်းရှိတဲ့သူတွေအတွက်ဆုရွေးချယ်ခွင့်ကို အစ်ကိုချူဆက်လိုက်လိမ့်မယ်... ခင်ဗျားတို့ သူနဲ့ပူးပေါင်းပေးပါ... နှစ်မကုန်ခင်အပြီး ပုံစံချပါ''

တန့်ကွမ်းနှင့်ရှန်လီကချက်ချင်းပင် ချူဖုန်းနှင့်ပူးပေါင်းလိုသောဆန္ဒရှိကြောင်းပြသည်။

ချင်လင်က ဝန်ကြီးကျင်း၏ယွမ် ၁၀ ဘီလီယံလုပ်ငန်းအား ရှန်လီကိုပေးပြီး_

"ဥက္ကဌရှန်... ဒါကမြို့တော်ကစာ... ပြီးရင် တရားဝင်ပူးပေါင်းကြောင်းစာပို့ပေးလိမ့်မယ်... ခင်ဗျားကဒါတွေလိုက်ရမယ့်တာဝန်ခံပဲ''

"ကောင်းပါပြီ ဥက္ကဌချင်... ကျုပ်ကိုယ်တိုင်တာဝန်ယူမယ်''

ရှန်လီကစာယူပြီး ချက်ချင်းပြောလိုက်သည်။ သူ့မျက်နှာတွင်စိတ်အားထက်သန်မှုကိုတွေ့နိုင်သည်။

ထိုအချိန်တွင် ချင်လင်က ချူဖုန်းဆီမှစာဖိုင်ကို လက်ဖက်ရည်သောက်နေသောလီခိုင်အားပေးကာ_

"အစ်ကိုလီလည်း ဒီစာဖိုင်ကိုကြည့်ပါဦး''

"ဘာလဲ ဒါက?''

လီခိုင်ကရှယ်ယာစာဖိုင်ရပြီး ကြောင်အမ်းအမ်းဖြစ်သွားသည်။ စာဖိုင်ဖွင့်ပြီးအကြောင်းအရာဖတ်လိုက်သောအခါ သူ့မျက်နှာလန့်ဖျပ်သွားပြီး_

"ညီလေးချင်... ဘာတွေလုပ်နေတာလဲ?''

ထိုစာဖိုင်က ချင်းလင်ဓာတ်ခွဲခန်း၏ရှယ်ယာ ၁၀% နှင့်ပတ်သက်ပြီးသဘောတူညီချက်ထဲကတစ်ခု၊ ပြီးတော့ သူ့အတွက်တဲ့။

ညီလေးချင်က ရှယ်ယာ ၁၀% ပေးတယ်!

ချင်လင်ကပြုံးလိုက်ပြီး_

"အစ်ကိုလီ... အဲဒါခင်ဗျားရဲ့နည်းပညာအတွက်ရှယ်ယာ ၁၀%... အခုကစပြီး ခင်ဗျားကချင်းလင်ဓာတ်ခွဲခန်းရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်သွားပြီ''



All Chapters