Chapters

ရှယ်ယာ ၁၀% နဲ့ဓားစာခံ! ၃

Vol. 50 Ch. 740

ရှယ်ယာ ၁၀% နဲ့ဓားစာခံ! ၃

Vol. 50 Ch. 740

"ညီလေးချင်... ငါ့မှာရှယ်ယာယူခွင့်မရှိပါဘူး''

သူ့အရည်အချင်းလို့ပြောနေကြတာတွေအကုန်လုံးကို လီခိုင်ကောင်းကောင်းသိသည်။ အားလုံးကအထူးမြေကြီးကြောင့်ပင်။

"အစ်ကိုလီ... ခင်ဗျားလုပ်နိုင်တာ အားလုံးအသိပဲ... ဘာလို့ယူခွင့်မရှိရမှာလဲ? ပြီးတော့ ခင်ဗျားကကျွန်တော်ယုံကြည်ရတဲ့တစ်ယောက်တည်းသောသူ... ဒေါက်တာထန်ကလည်း ကိုယ်ဝန်ကြီးနဲ့... ရှေ့လျှောက် ကလေးအတွက်ချန်ထားရမယ်''

ထန်ရှိုးဝမ်နှင့်ကလေးက လီခိုင်ကိုအတွေးဝင်စေသည်။

ချင်လင်ကအချိန်ယူပြီး ဖြောင်းဖျသည်_

"အစ်ကိုလီ... အဲဒီအတွက်တော့ မပူပါနဲ့... ခင်ဗျားကကျွန်တော့်ဓာတ်ခွဲခန်းမှာမရှိမဖြစ်ပဲ... နောက် ကျွန်တော့်ဆီကထွက်ပြေးလို့မရဘူး''

ဒီအကောင်းဆုံးဓားစာခံကို သူ့နားမှာမဖြစ်မနေထားရမည်။

အမှန်အတိုင်းဆိုရရင် တခြားလူသာဆို သူယုံမည်မဟုတ်။

အထူးမြေကြီးရဲ့အာနိသင်ကိုသိပြီး ချင်းလင်ဓာတ်ခွဲခန်းရဲ့ထုတ်ကုန်၊အကျိုးအမြတ်တွေကိုလိုချင်ရင် သူတို့ဒုက္ခလှလှတွေ့နိုင်သည်။

ဒုက္ခရောက်မှာ သူအစိုးရိမ်ဆုံး။

"ညီလေးချင်... ဒါဆို ငါ့အသွေးအသားအားလုံးမင်းကိုရောင်းလိုက်ပြီ''

လီခိုင်ကနောက်ဆုံးခေါင်းညိမ့်လိုက်သည်။ သူစိတ်ဆုံးဖြတ်ထားပြီ။ ညီလေးချင်ကသစ္စာရှိမှတော့ သူစိတ်ပျက်သွားလို့မဖြစ်။

ဆုရွေးချယ်ခွင့်နှင့်ရှယ်ယာအကြောင်းပြောပြီးနောက် ချင်လင်ကဆက်ခေါ်မထားတော့။ ထို့နောက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုဖုန်းဆက်လိုက်သည်။

သူတို့နှစ်ဦးက ချင်းလင်ဓာတ်ခွဲခန်းရဲ့ရှယ်ယာရှင်တွေ။ သူ့မှာဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရှိသော်လည်း သူတို့ကိုအသိပေးရဦးမည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ချင်လင်၏ဆုံးဖြတ်ချက်ကိုမငြင်းကြ။

သူတို့နှစ်ဦးမှာ ချင်းလင်ဓာတ်ခွဲခန်း၏ရှယ်ယာ ၁၀% ရရန် သန်း ၂၀၀ ရင်းနှီးမြှုပ်နှံပြီး လုပ်ခဲ့သမျှရင်းနှီးမြှုပ်နှံမှုထဲတွင်အအောင်မြင်ဆုံးဖြစ်နေပြီ။

မင်မြို့တော်လူချမ်းသာများက သူတို့ရင်းနှီးမြှုပ်နှံမှုကိုအားကျနေကြသည်။

ချင်းလင်ကုမ္ပဏီက ကြောက်စရာကောင်းလောက်အောင်အလားအလာရှိနေသည်။ ဒီရှယ်ယာ ၁၀% တန်ဖိုးက သူတို့အဖွဲ့ရှယ်ယာတန်ဖိုးကိုမကြာခင်ကျော်တက်သွားလိမ့်မည်။

တစ်ဖက်တွင် သူတို့ဇနီးများကမီးဖွားထားသောကြောင့် နှစ်သစ်မတိုင်ခင်အထိ ချင်းအပန်းဖြေစံအိမ်တွင်အားဖြည့်ရန်နေရာယူထားသည်။

ချင်လင်ကလက်ခံပြီး အစီအစဉ်များဆွဲပေးရသည်။

လီခိုင်ပြန်သွားသောအခါ ထန်ရှိုးဝမ်ကိုစာဖိုင်အကြောင်းတန်းပြောပြသည်။ ထန်ရှိုးဝမ်အံ့ဩသွားသည်။ ချင်းလင်ဓာတ်ခွဲခန်းရှယ်ယာ ၁၀% တန်ဖိုးကို သူမသိသည်။

သူဌေးက စီနီယာအစ်ကိုလီကို ရှယ်ယာ ၁၀% ပေးမည်ဟု မထင်ထားမိ။

ထို့နောက် လီခိုင်ကအဘိုးကြီးလီကိုဖုန်းဆက်သည်။ ဘာပဲဖြစ်ဖြစ် ရှယ်ယာ ၁၀% အကြောင်း သူ့မိသားစုကိုအသိပေးရဦးမည်။ လိုအပ်ရင် သူ့မိသားစုက အထက်လူများကိုအစီရင်ခံရမည်။

မင်မြို့တော်_

လျိုမိသားစု_

အခုတလော အဘိုးကြီးလီက သူ့သားအကြီးဆုံးလီကျန်းကိစ္စအတည်ပြုပြီး အတော်ဝမ်းသာနေသည်။ သူ့သားအကြီးဆုံးမှာဖြည်းဖြည်းချင်းအဆင့်တက်ပြီး ရှေ့ရေးဖြောင့်ဖြူးနေလေပြီ။

သူ့သားငယ်၏ချင်းလင်ဓာတ်ခွဲခန်းမှသိပ္ပံသုတေသနနှင့်လှူဒါန်းမှုကလည်း သားကြီးကိုအထောက်အပံ့ဖြစ်သည်။

လတ်တလော သန့်စင်မြက်ကြောင့် သူ့သားငယ်ကမျက်နှာရပြန်သည်။ လီမိသားစုကိုအမှန်ပင်ဂုဏ်တက်စေသည်။

သူ့သားမှာဒီလိုအရည်အချင်းမျိုးရှိမှန်းသိရင် အိမ်မှာခိုင်းမည့်အစား သိပ္ပံသုတေသနလုပ်ခွင့်ပေးခဲ့လိမ့်မည်။

အဘိုးကြီးလီဖုန်းမြည်လာသည်။ သူ့သားအငယ်ဆုံးဖြစ်နေ၍ချက်ချင်းကောက်ကိုင်ပြီး ပြုံးပြုံးနှင့်_

"ဘာဖြစ်လို့လဲ ကောင်လေး?''

လီခိုင်ပြောသောချင်းလင်ဓာတ်ခွဲခန်းရှယ်ယာ ၁၀% အကြောင်းကြားပြီး သူအံ့ဩသွားသည်။

အရင်ကသူဌေးချင်မှာ လီမိသားစု၏ဂုဏ်နှင့်အာဏာကိုအားကိုးခဲ့ရသော်လည်း အခုလုံးဝမလိုတော့။ ချင်းလင်ဓာတ်ခွဲခန်းကိုအထက်လူများကမျက်မှန်းတန်းနေပြီဖြစ်၍ သူတို့လက်ကိုင်မထားရဲ။

အခုသူဌေးချင်က သူ့သားငယ်ကိုရှယ်ယာ ၁၀% တောင်ပေးနေပြီ။ ဒါမိတ်ဆွေဖြစ်မှုကိုအလေးထားခြင်းပင်။

အရင်ကသာ သားငယ်ကရှယ်ယာ ၁၀% ယူခဲ့ရင် လီမိသားစုကိုသေချာပေါက်ဒုက္ခရောက်စေလိမ့်မည်။ သို့သော် အခုလုံးဝကိစ္စမရှိ။

သားငယ်ကိုလည်းအထက်လူတွေကမျက်မှန်းတန်းမိနေပြီ။ အစီရင်ခံပြီး သားငယ်ရှယ်ယာယူသည့်ကိစ္စကိုလီမိသားစုထဲသယ်မလာရဲ။

"ရှေ့လျှောက် ချင်းလင်ဓာတ်ခွဲခန်းမှာ ကောင်းကောင်းလုပ်ပါ''

အဘိုးကြီးလီလည်းမှာလိုက်သည်။

အခုသူ့သားငယ်က ချင်းလင်ဓာတ်ခွဲခန်းမှာလုံးလုံးအခြေကျနေပြီမှန်း သူသိသည်။