← Chapters

လူပုလေးအာနီ: အလုပ်ရှာနေလား?

Vol. 50 Ch. 741

လူပုလေးအာနီ: အလုပ်ရှာနေလား?

Vol. 50 Ch. 741

အချိန်ကုန်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ကုန်သွားပြန်သည်။ နိုင်ငံတွင်းကုမ္ပဏီများလည်း အားလပ်ရက်အတွက်ပြင်ဆင်နေကြသည်။ မကြာမီ တရုတ်နှစ်သစ်ကူးက နိုင်ငံခြားမှာသရုပ်ပြကြသလို ဗျောက်သံနှင့်မီးခိုးတလူလူဖြစ်တော့မည်။

ချင်းလင်စံအိမ်၊ ချင်းလင်ဓာတ်ခွဲခန်းနှင့် ချင်းလင်အစားအသောက်ကုမ္ပဏီလည်း နှစ်သစ်အတွက်ပြင်ဆင်နေသည်။ ဒီနှစ်နှစ်ကုန်အစည်းအဝေးက ပိုပြီးအသက်ဝင်ရမည်။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းတွေပိုများလာသည်။

ဒါကလည်း ပြဿနာ။ ဒီလောက်လူအများကြီးစုဝေးနိုင်မည့်နေရာမရှိ။ စီရင်စုခန်းမတောင် မဆံ့ချေ။ ထို့ကြောင့် တစ်ချိန်တည်းပွဲကျင်းပနိုင်ရန် နေရာအများကြီးရှာရသည်။

ဒီနှစ် စီရင်စုခန်းမတွင် စီမံရေးအကြီးပိုင်းနှင့်လစဉ်ထူးချွန်ဝန်ထမ်းများကိုသာထားနိုင်သည်။

လစဉ်ကုမ္ပဏီသုံးခုမှထူးချွန်ဝန်ထမ်းစုစုပေါင်းကလည်း အတော်များသည်။

ဒါက လတ်တလောအခြေအနေသာ။

စီရင်စုတွင်အသစ်ဆောက်နေသောရုံကြီးမှာ လူပေါင်းသောင်းချီဆံ့နိုင်သည်။

ပုံရိပ်လုပ်ငန်းဆန်သော်လည်း မြို့ကိုမြှင့်တင်ပေးသည်။ ထိုအဆောက်အဦးများကလည်း ငွေအင်အား၊လူအင်အားကိုမပြုန်းတီးစေဘဲ အချက်အလက်တိုးသည်။

ရုံချန်းလက်ရှိအခွန်ငွေမှာ မြို့အတော်များများအားကျရလောက်တဲ့အထိရှိခြင်းကြောင့် ဆောက်နိုင်ခြင်းပင်။

နောက်နှစ်တွင် ချင်းလင်ကုမ္ပဏီကရုံငှားပြီး ကုမ္ပဏီသုံးခုမှဝန်ထမ်းများနှင့်နှစ်ကုန်အစည်းအဝေးလုပ်နိုင်မည်။

…

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

လင်းလန်ဇီကအချက်အလက်စာရင်းကိုင်ထားပြီး ချင်လင်ကိုအစီရင်ခံနေသည်_

"ဒီနှစ်နှစ်ကုန်အစည်းအဝေးကိုဖိတ်ထားတဲ့ဧည့်သည်တွေထဲက ချင်းလင်ဆော့ကိုယ်စားလှယ်ဥက္ကဌချန်က ဟုန်ပေါင်းယွမ် ၂၀၁၀၀၀... ဥက္ကဌလီက ၂၀၁၀၀၀.... ချင်းလင်အားဖြည့်လက်ဖက်ရည်ရှန်ဟိုင်းကိုယ်စားလှယ်က ဟုန်ပေါင်းယွမ် ၂၀၁၀၀၀... ယွမ် ၂၅၀၀၀... ဟုန်ပေါင်းအများဆုံးယူလာတဲ့သူက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုယ်စားလှယ်ဥက္ကဌဝမ်ပါ... သူက ဟုန်ပေါင်းယွမ် ၂၀၅၀၀၀ နဲ့ ၅၀၁၀၀၀ ယူလာပါတယ်''

ထိုဟုန်ပေါင်းများကို နှစ်ကုန်အစည်းအဝေးတွင် ဝန်ထမ်းများအားမဲနှိုက်ပေးသည်။ မဲပေါက်သောဝန်ထမ်းက ဟုန်ပေါင်းထဲပါသောငွေကိုရသည်။ ဒါကအကျိုးအမြတ်တစ်မျိုးပင်။

ထိုကိစ္စအားလုံးတာဝန်ခံက လင်းလန်ဇီဖြစ်ပြီး နှစ်ကုန်အစည်းအဝေးစားသောက်ပွဲအတွက်အပြည့်အဝတာဝန်ယူထားသည်။

တစ်ဖက်တွင် ဝမ်ရန်က ယွမ် ၁၅၀၀၀၀ ဟုန်ပေါင်း ၇၀ ယူလာပြီး မျက်နှာတော်တော်ရသည်။

လင်းလန်ဇီကဆက်၍_

"ဒါရိုက်တာချန်နဲ့ဒါရိုက်တာမာက သူတို့ကုမ္ပဏီမှာ စားသောက်ပွဲကျင်းပနေတယ်... ဒါပေမဲ့ ဟုန်ပေါင်းပို့ပေးလိုက်တယ်... သူတို့ကကား ၁၀ စီးပါ''

"ကား?''

ချင်းလင်မအံ့ဩဘဲမနေနိုင်တော့။

သာမန်ဝန်ထမ်းများအဖို့ အတော်များသောပမာဏဆိုသော်လည်း လောင်ချန်နှင့်လောင်မာအတွက် ယွမ် ၆၀၀၀၀၀ က ပမာဏနည်းနည်းနည်းသာ။

"သူဌေး... ကျွန်မတို့ဘယ်လိုဟုန်ပေါင်းမျိုးပြင်ဆင်ထားသင့်လဲ?''

လင်းလန်ဇီကမေးပြန်သည်။

ချင်လင်ကခဏတွေးကြည့်ပြီး_

"လောင်ချန်နဲ့လောင်မာက ကား ၁၀ စီးပေးထားပြီ... ဒီလိုဆိုရင် ချင်းလင်စံအိမ် ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ ချင်းလင်ဓာတ်ခွဲခန်းမှာ ကား ၁၀ စီးစီ... ပြီးတော့ ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ချင်းလင်ဓာတ်ခွဲခန်းက နောက်ဆုံးဆုအနေနဲ့ ရုံချန်းမှာအိမ်တစ်လုံးစီထုတ်မယ်... ဒီမဲကို ထူးချွန်ဝန်ထမ်းတွေပဲနှိုက်ရမယ်''

"နောက်ပြီး ချင်းလင်စံအိမ် ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ ချင်းလင်ဓာတ်ခွဲခန်းက ဝန်ထမ်းအချိုးအစားအတိုင်း ဆုမဲလက်ဆောင်ဝယ်ဖို့ငွေစုမယ်... ဟွဝေးဖုန်း ၂၀၀.. လျှပ်စစ်ကားသေး ၄၀၀.. အိမ်အသုံးအဆောင်စတာတွေကို လုပ်ဆောင်ချက်အရအထူးဆုပေးမယ်... မဲမပေါက်တဲ့ဝန်ထမ်းတွေကိုလည်း နှစ်သိမ့်ဆုပေးမယ်''

သူဌေးကအသက်မရှူဘဲတဆက်တည်းပြောသွား၍ လင်းလန်ဇီပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဒီလိုနှင့် ဒီနှစ်နှစ်ကုန်ပွဲမှာ ငွေသားနှင့်ဟုန်ပေါင်းအပါအဝင် တိုက်ခန်းနှစ်ခန်း၊ ကားအစီး ၄၀၊ ဟွဝေးဖုန်း ၂၀၀၊ လျှပ်စစ်ကားသေး ၄၀၀ နှင့်အိမ်အသုံးအဆောင်ပစ္စည်းများရာချီပါလိမ့်မည်။

စီရင်စုငယ်လေး၏စီးပွားအတွက်လန့်လောက်စရာဖြစ်ပြီး ထိပ်တန်းကုမ္ပဏီကြီးများအတွက်တောင် အတော်များသောပမာဏပင်။

မနှစ်ကနှစ်ကုန်ပွဲအကြီးဆုံးဆုမှာ ယွမ် ၁၂၀၀၀၀ တန်ကား ၂၁ စီးသာရှိသည်။

ဝန်ထမ်းတွေသာဆုအကြောင်းသိရင် ရှူးရှူးရှဲရှဲဖြစ်ကုန်လိမ့်မည်။ အပြင်လူတွေသိသွားရင် ချင်းလင်အစားအသောက်ကုမ္ပဏီစက်ရုံအသစ်တွင်ဝန်ထမ်းအသစ်ခေါ်ပါက အပြိုင်အဆိုင်ဖြစ်ကုန်မည်။

သို့ရာတွင် လက်ရှိချင်းလင်ကုမ္ပဏီအဖို့ မပြောပလောက်။ ချင်းလင်စံအိမ်၊ ချင်းလင်ဓာတ်ခွဲခန်းနှင့် ချင်းလင်အစားအသောက်ကုမ္ပဏီစာရင်းစာအုပ်များတွင် ကိန်းဂဏန်းတွေကတသီတတန်းကြီး။

ထိုနံပါတ်များကြောင့် ယုံကြည်မှုရှိရှိပြောနိုင်သည်က_

"ငါပိုက်ဆံကိုစိတ်မဝင်စားဘူး... ဘယ်လောက်ရရ ဂရုမစိုက်ဘူး'' ဟူ၍။

ချင်လင်က နောက်ဆုံးညွှန်ကြားလိုက်သည်_

"ဟုတ်ပြီ... မဲနှိုက်တာမျှတရမယ်... ခြွင်းချက်ဘာမှမရှိရဘူး''

"စိတ်မပူပါနဲ့ သူဌေး... ကျွန်မသေချာစောင့်ကြည့်ပါမယ်''

လင်းလန်ဇီကခေါင်းညိမ့်ကတိပေးသည်။ ထို့နောက် စိတ်လှုပ်ရှားပုံနှင့် မာတီမီဒီယာဌာနထဲပြန်ရောက်လာသည်။

ဒီလောက်ကြီးတဲ့နှစ်ကုန်ပွဲမျိုးလုပ်ဖူးတာ ဒါပထမဆုံးဖြစ်သောကြောင့် တစ်ခုခုဖြစ်မှာစိုးသည်။

သို့ရာတွင် သူဌေးကသေချာမှာထား၍ သေသေသပ်သပ်လုပ်ရမည်။

ရုံးခန်းပြန်ရောက်သောအခါ မာတီမီဒီယာဌာနကိုခေါ်ပြီးညွှန်ကြားသည်_

"အားလုံးပဲ... လုပ်လက်စတွေခဏထားဦး... နှစ်ကုန်ပွဲအတွက်ပြင်ဆင်ရအောင်''

နှစ်ကုန်ပွဲအကြောင်းကြားပြီး မာတီမီဒီယာဌာနဝန်ထမ်းများစိတ်လှုပ်ရှားကုန်သည်။ ဒါဝန်ထမ်းများမျှော်လင့်စောင့်ဆိုင်းနေတဲ့အရာ။

"မန်နေဂျာလင်း... နှစ်ကုန်ပွဲဆုက ဘာတွေလဲ?''

မာတီမီဒီယာဌာနမှမိန်းကလေးတစ်ယောက်ကစပ်စုသည်။

လင်းလန်ဇီကဖုံးကွယ်မထားဘဲ_

"တိုက်ခန်း ၂ ခန်း.. ကားအစီး ၄၀.. ဟွဝေးဖုန်း ၂၀၀.. လျှပ်စစ်ကားသေး ၄၀၀.. အိမ်အသုံးအဆောင်တွေရယ် ဟုန်ပေါင်းရယ်''

ထိုစကားကြောင့် မာတီမီဒီယာဌာနဝန်ထမ်းများအံ့အားသင့်ကုန်သည်။ သူတို့အားလုံးမယုံနိုင်ဘဲ လုံးဝကြောင်နေသည်။

နှစ်ကုန်ပါတီပွဲများတွင် ကားသစ်မဲဖောက်ပေးသည်ကိုမြင်သာမြင်ဖူးသည်။ နောက်ပြီး ထိပ်တန်းအဖွဲ့အစည်းများတွင်သာ ဒီလိုအဆင့်အတန်းမျိုးရှိလေသည်။

All Chapters