← Chapters

လူပုလေးအာနီကအမြဲလူညစ်!

Vol. 50 Ch. 743

လူပုလေးအာနီကအမြဲလူညစ်!

Vol. 50 Ch. 743

လူပုလေးအာနီရုတ်တရက်ပေါ်လာ၍ ချင်လင်အံ့ဩသွားသည်။

ဒီလူရောက်လာတိုင်း မထင်ထားတာရတတ်သည်။

ဟိုးအစကျားဖြူမှကိုလာသီးအဆုံး ကိစ္စမရှိ။

နောက်ပြီး လူပုလေးအာနီကအလုပ်ရှာနေသောကြောင့် သူတစ်ခုတွေးမိသည်။ သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကို လူပုလေးအာနီပေါ်နှိပ်စေလိုက်သည်။

စကားပြောပေါ်လာသည်။

(ငါ့အဖော်တွေက သတ္တုမြို့တော်မှာအခြေကျနေပြီ... ဒါပေမဲ့ သူတို့အလုပ်ရှာနေတာ မတွေ့သေးဘူး... ကူညီပေးနိုင်မလား? အရမ်းကျေးဇူးတင်မိမှာပါ!)

ထင်တဲ့အတိုင်း လူပုလေးကအလုပ်ရှာနေပြီ။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်က တောင်ယာလယ်လုပ်ဂိမ်းဖြစ်သည်။

အစပိုင်း ကစားသူက မြင်း၊ ကြက်၊ နွားများမွေးမြူတာစိတ်ဝင်စားလိမ့်မည်။

သို့ရာတွင် ဂိမ်းဖွံ့ဖြိုးလာသည်နှင့် မြေကွက်များပိုပွင့်ပြီး တိရစ္ဆာန်များပိုများလာသည်။ ဟင်းသီးဟင်းရွက်၊ ဥနှင့် နို့များကို အချိန်ယူစုဆောင်းရသည်။

အကြိမ်ကြိမ်အခါခါလုပ်ပြီးနောက် နည်းနည်းငြီးငွေ့လာသည်။

ဘာပဲဖြစ်ဖြစ် ကစားသူက ကစားနည်းအသစ်၊အတွေ့အကြုံအသစ်လိုချင်သည်။ ဒီလိုကိစ္စတွေနဲ့အချိန်မဖြုန်းချင်။

ထို့ကြောင့် လူပုလေးများပေါ်လာသည်။

သတ္တုမြို့တော်မှလူပုလေး ၇ ယောက်ဖြစ်ပြီး အရောင်စုံအင်္ကျီများဝတ်ထားကြသည်။ Chefne၊ Naby၊ Gulidi၊ Dimitte၊ Akya၊ Tacak နှင့် Bordeaux တို့ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအမျိုးမျိုးတွင် ကစားသူက သူတို့ကိုတောင်ယာလုပ်ရန်အငှားခေါ်နိုင်သည်။ နေ့စဉ်အလုပ်ကိစ္စများရှိ၍ ကစားသူက ကစားနည်းအသစ်တွေ့နိုင်သည်။

ဂိမ်းပုံစံအဟောင်းထဲတွင် လူပုလေးကိုငှားရန် သူသဘောကျရာလက်ဆောင်တစ်ခုပေးရသည်။ ဤပုံစံအသစ်ထဲတွင် ဇာတ်ကွက်တာဝန်ဖြစ်လာသည်။

ချင်လင်ကဂိမ်းဇာတ်ကောင်အား တာဝန်လက်ခံခိုင်းမည်အပြုတွင် ကျောက်မိုချင်းအသံကြားရသည်_

"ချင်လင်... ဘာငေးနေတာလဲ?''

ဒီတော့မှ ချင်လင်ကဂိမ်းထဲမှထွက်လိုက်သည်။ သူကကားတံခါးပိတ်ပြီးထွက်လာသည်။

ကျောက်မိုချင်းလည်းရှောင်ရွှယ်ကိုပိုက်ပြီး ခရီးသည်ထိုင်ခုံမှဆင်းလာသည်။

လင်းဖန်ကအနောက်ထိုင်ခုံမှဆင်းလာရာ ဝမ်ချိုင်လိုက်လာသည်။ သူ့ကျောပေါ်တွင်က မွေးနီ။

ချင်လင်ကားထဲမှထွက်ပြီး နောက်ဖုံးဖွင့်ကာ ပစ္စည်းအားလုံးထုတ်ရန်ပြင်လိုက်သည်။

ချင်ရန်ကအရင်ဆုံးပြေးဆင်းလာပြီး နောက်ဖုံးထဲမှဟင်းသီးဟင်းရွက်များထုတ်ကူလိုက်သည်။

ချင်လင်အများကြီးယူခဲ့မှန်းသိ၍ သူဘာမှမသယ်ခဲ့။

ချင်လင်ရဲ့ဟင်းရှိမှတော့ အပြင်စာဘယ်စားမလဲ?



ချင်လင်က ဟင်းကိုကပ်တွက်မနေ။

မနှစ်က မိသားစုနှစ်စုအတူတူကျင်းပခဲ့ပြီး ဒီနှစ်လည်းအတူတူကျင်းပဦးမည်။ သူကအစားအသောက်တာဝန်ခံပင်။ ပါဝင်ပစ္စည်းများကို ဂိမ်းထဲမှသီးသန့်ထုတ်ထားပြီး အားလုံးအရည်အသွေး ၂ ရှိသည်။

သူတို့ကိုမြင်လျှင် ချင်ရွှေ့ကန်းနှင့်သူ့ဇနီးလည်းလာကူသည်။ ပစ္စည်းအားလုံးအထဲထည့်ပြီး ချင်ရွှေ့ကန်း၊ သူ့ဇနီးနှင့် လင်းဖန်က ပူဇော်ပွဲအတွက်စပြင်ဆင်သည်။ ဘဲနှင့်ဝက်ကို မကျက်တကျက်ချက်ရမည်။

ချင်လင်နှင့်ချင်ရန်က အိမ်ဟောင်းကိုပြင်ဆင်ပြီး စာများကပ်သည်။

အားလုံးပြီးစီးမှ ချင်လင်ဆင်းရသည်။ ထိုအချိန်တွင် သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်လိုက်သည်။

သူ့ဇာတ်ကောင်က လူပုလေးအာနီနှင့်စကားပြောနေဆဲ။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား လူပုလေးအာနီ၏တာဝန်ကိုလက်ခံခိုင်းလိုက်သည်။

(ကောင်းလိုက်တာ... ငါ့အဖော်တွေက သတ္တုမြို့တော်ကလူပုလေးတွေ... သူတို့ကိုအလုပ်လုပ်ဖို့ခေါ်ပေးပါ!)

(ကျေးဇူးတင်လက်ဆောင်ပေးပါမည်!)

ထိုသို့ပြောပြီး လူပုလေးအာနီက စိုက်ခင်းထဲမှမြန်မြန်ထွက်သွားသည်။

ချင်လင်ကဂိမ်းထဲမှတာဝန်ကိုကြည့်ပြီး သူ့ဂိမ်းဇာတ်ကောင်အား စိုက်ခင်းထဲမှထွက်ကာသတ္တုမြို့တော်သွားစေသည်။ မကြာမီ လူပုလေးအိမ်ကိုတွေ့သည်။

အိမ်လေးထဲဝင်လိုက်သောအခါ နားရွက်ချွန်ချွန်နှင့်ချစ်စရာလူပုလေး ၇ ယောက်က သွားလာလုပ်ကိုင်နေကြသည်။



အာနီ၏တောင်းဆိုချက်ကိုလက်ခံထားသောကြောင့် ဂိမ်းဇာတ်ကောင်က လူပုလေးရှေ့လျှောက်သွားသောအခါ စကားပြောပေါ်လာသည်။

(အလုပ်ခေါ်မှာလား? ဒါဆို အရင်ဆုံးအစားကောင်းရှာပေးမလား?)

(အသီးအရွက်ချိုချိုလေးတွေ စားချင်တယ်!)

ထင်တဲ့အတိုင်း မွေးမြူရေးခြံမှာအလုပ်မခန့်ခင် လူပုလေးများကိုအစားအသောက်ပေးရမည်။

အခုတော့ လူပုလေး ၇ ယောက်ဘာလို့အလုပ်မရှာနိုင်လဲ သူရိပ်မိပြီ။

အလုပ်ရှာတဲ့သူကအရပ်ပုလို့ သူဌေးကစိတ်ထဲမထားပေမဲ့ သူဌေးကိုအရင်အစားအသောက်ပေးခိုင်းတယ်တဲ့!

မတန်ဘူးမလား?

ဘွဲ့ရပြီးအတွေ့မကြုံမရှိသူက လစာသိန်းချီတောင်းနေသလို၊ ဘယ်သူဌေးကလိုချင်မှာလဲ?

ချင်လင်က လူပုလေးတစ်ယောက်စီနားသွားကြည့်ရာ သူတို့အားလုံးက အမျိုးမျိုးလိုချင်ကြသည်။

တချို့ပစ္စည်းများက စိုက်ပျိုးမွေးမြူရေးခြံတွင်ရှိသည်။

တချို့ကို သတ္တုမြို့တော်ဆိုင်များတွင်သွားဝယ်ရမည်။

လူပုလေးများအတွက် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံသိုလှောင်ခန်းထဲပြန်သွားစေပြီး အားလုံးသူ့ကျောပိုးအိတ်ထဲထည့်လာသည်။ ထို့နောက် သူ့ခြံတွင်မရှိသောပစ္စည်းများဝယ်ရန် သတ္တုမြို့တော်မှတခြားဆိုင်များသွားလိုက်သည်။

အားလုံးလုပ်ပြီးနောက် ချင်လင်ကလူပုလေးအိမ်ပြန်သွားပြီး သူတို့ပစ္စည်းများတစ်ခုချင်းပေးလိုက်သည်။

(ကောင်းလိုက်တာ... ငါ့အကြိုက်ဆုံးပဲ... ဒီလိုအရသာရှိတဲ့အသီးအရွက်မျိုးရှိတာမယုံနိုင်ဘူး... အဲဒီမှာလုပ်ပါရစေ!)

လူပုလေးကိုဟင်းသီးဟင်းရွက်များပေးပြီးနောက် လူပုလေးကစကားပြောသည်။

ချင်လင်က 'လက်ခံသည်'ကိုနှိပ်လိုက်သည်။ နောက်ခဏတွင် လူပုလေးကအိမ်ထဲမှထွက်ကာ စိုက်ခင်းဆီဦးတည်သွားသည်။ နောက်တစ်ယောက်က နောက်မှဆက်လိုက်သည်။

လူပုလေးများကိုပစ္စည်းများပေးပြီးနောက် အားလုံးလူပုလေးအိမ်မှတစ်ယောက်ချင်းထွက်လာကြသည်။ ရုတ်ချည်းဆိုသလို အိမ်ကတိတ်ဆိတ်သွားတော့သည်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား အိမ်လေးထဲမှထွက်စေပြီး စိုက်ခင်းပြန်ရောက်သောအခါ လူပုလေး ၇ ယောက်က လျှောက်သွားနေလေပြီ။



All Chapters