← Chapters

လူပုလေးအာနီကအမြဲလူညစ်! ၂

Vol. 50 Ch. 744

လူပုလေးအာနီကအမြဲလူညစ်! ၂

Vol. 50 Ch. 744

စာရင်းပြန်ဖွင့်လိုက်သောအခါ လူပုလေးများအတွက်လုပ်ဆောင်ချက်စနစ်ကိုတွေ့ရသည်။ အထွေထွေလုပ်ဆောင်ချက်များဖြစ်သော ရေလောင်း၊ ပေါင်းသင်၊ အပင်စိုက်၊ သီးနှံရိတ်သိမ်းခြင်းနှင့် မွေးမြူရေးခြံထုတ်ကုန်များလုပ်ခြင်းတို့ကို လူပုလေးများအတွက်စီစဉ်ပေးနိုင်သည်။

ဘာပဲဖြစ်ဖြစ် စိုက်ခင်းတွင်ဂိမ်းဇာတ်ကောင်များလုပ်နိုင်သောအလုပ်ကို လူပုလေးများလုပ်နိုင်သည်။

တစ်နည်းဆိုသော် ရှေ့လျှောက် စိုက်ခင်းမှအစစအရာရာကို လူပုလေးများဆီလွှဲပေးနိုင်သည်။ သူကအလုပ်လက်မဲ့သူဌေးဖြစ်လာမည်။ ငါးမျှားခြင်းနှင့်တောင်တန်းထွက်ကုန်ရှာခြင်းလောက်သာ သူတာဝန်ယူရမည်။

တခြားပစ္စည်းများသူလိုချင်ရင် သိုလှောင်ခန်းထဲသွားယူလိုက်ရုံပင်။ လူပုလေးများကိုပြောလိုက်တာနှင့် ကောင်းကောင်းလုပ်ကြလိမ့်မည်။

တစ်နည်းပြောရရင် ဂိမ်းကိစ္စအတော်များများမှာ လက်လွတ်ခွက်ချွတ်မန်နေဂျာဖြစ်တော့မည်။

ချင်လင်ကလူပုလေးများကိုတာဝန်လွှဲပေးပြီးနောက် ရုတ်တရက်အလုပ်ရှုပ်ကုန်သောလူပုလေးများကိုစိတ်ဝင်စားနေသည်။

အိမ်ဟောင်းသန့်စင်ခန်းထဲဝင်ပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

သူဝင်ဝင်ချင်း သက်ပြင်းချသံကြားရသည်။ အနီရောင်ဝတ်ထားသောလူပုလေးက နားကြပ်တပ်ပြီးအမည်မသိသီချင်းတစ်ပုဒ်ကိုညည်းနေ၏။ အတော်လေးကောင်းသည်။

အနီရောင်လူပုလေးက Chefne ဖြစ်ပြီး လောလောလတ်လတ်အဆင့် ၃ ​မြေကွက်တွင် သီးနှံတစ်မျိုးစိုက်နေသည်။

အပြင်မှာတွေ့မှ လူပုလေးက 2D ပုံလိုချစ်စရာမကောင်းဘဲ အူကြောင်ကြောင်ရုပ်ပေါက်နေသည်။

ဝတ်ပုံစားပုံနှင့်အရပ်အတိုအရှည်က အားလုံးတညီတည်းပင်။

"သူဌေး... ကျုပ်စိုက်တဲ့အပင်ဘယ်လိုလဲ?''

Chefne က ချင်လင်ကိုမြင်လျှင် ရတနာအကြောင်းပြောနေသလိုမေးသည်။

စနစ်ကြောင့်ပင်။

Chefne က ဂိမ်းဇာတ်ကောင်ကိုသိသောကြောင့် သူ့ကိုသိနေခြင်းဖြစ်သည်။

"အင်း... ကောင်းတယ်!''

ချင်လင်က Chefne ဆီလျှောက်သွားပြီး ချီးကျူးလိုက်သည်။ သူကငုတ်တုပ်ထိုင်ချပြီး သူ့ခေါင်းပေါ်လက်တင်လိုက်၏။

လူပုလေးကပုလွန်းပြီး သူ့သခင်ကိုမလေးစားရင် ခေါင်းတောင်အကိုင်ခံမည်မဟုတ်။

လူပုလေးကိုအပြင်ခေါ်ဖို့ဖြစ်နိုင်မဖြစ်နိုင် သူစဉ်းစားလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒါတကယ့်လူပုလေးတွေ။ လက်တွေ့လောကမှာလို လူစဉ်မမီဖြစ်နေသူတွေမဟုတ်။

လက်တွေ့ဘဝကိုလူပုလေးအစစ်ခေါ်သွားရင် ရုတ်ရုတ်သဲသဲဖြစ်မည်ဆိုသော်လည်း စမ်းကြည့်ချင်သေးသည်။

သို့ရာတွင် သူတွေးတောနေစဉ် စနစ်အသိပေးသံမြည်လာသည်။

(လက်ရှိဇာတ်ကောင်က အလုပ်ရှင်-အလုပ်သမားဆက်ဆံရေး။ အပြင်ခေါ်ထုတ်လို့မရ!)

"ဘာဖြစ်လို့လဲ သူဌေး?''

Chefne ကသူ့ခေါင်းလာကိုင်သောချင်လင်ကို ဇဝေဇဝါနှင့်ကြည့်သည်။

"အဆင်ပြေတယ်... အလုပ်လုပ်ကြစို့!''

ချင်လင်ကအောင့်သက်သက်ပြုံးလိုက်သည်။

ကြည့်ရတာ အကန့်အသတ်ရှိပုံပဲ။

တခြားလူပုလေးများကိုလိုက်စမ်းကြည့်ရာ ဒီအတိုင်းပင်။

နောက်ဆုံး ဂိမ်းထဲမှထွက်ပြီး ဂိမ်းဖန်သားပြင်ပြန်ကြည့်ကာ အချိန်ခဏစောင့်လိုက်သည်။

လူပုလေးအာနီကိုစောင့်နေသော်လည်း ပေါ်မလာ။

နည်းလမ်းတကျဆိုရလျှင် စိုက်ခင်းတွင်အလုပ်လုပ်ရန် လူပုလေးများကိုခန့်ပြီးဖြစ်၍ အာနီ၏ဇာတ်ကွက်တာဝန်ကပြီးမြောက်သွားပြီ။ သို့သော် အာနီကိုလုံးဝမမြင်ရချေ။

ခဏစောင့်ကြည့်ပြီး အာနီကိုမတွေ့တော့မှ ချင်လင်ကမီးဖိုချောင်ထဲသွားပြီး ညစာချက်လိုက်သည်။

သူ့လက်ရာကိုအားလုံးသိထား၍ ဒီအလုပ်ကသူပြေးမလွတ်နိုင်။

မီးဖိုချောင်ရောက်သောအခါ ကျောက်မိုချင်းနှင့်လင်းဖန်က ချင်ရန်သမီးနှင့်ဆော့နေသည်ကို ချင်လင်တွေ့ရသည်။

ကလေးကအဓိကဇာတ်ဆောင်ဖြစ်လာပုံရသည်။ လူတိုင်းကဝိုင်းပြီး ကလူကျီစယ်ကြ၏။

ချင်လင်ကိုမြင်လျှင် ချင်ရွှေ့ကန်းကရှေ့တိုးလာပြီး_

"ရှောင်လင်... ဒီညဘာချက်မှာလဲ? ရှောင်ရန်နဲ့ငါကူပေးမယ်''

"ဦးလေးရွှေ့ကန်း... ဒါဆို ဦးလေးနဲ့တရန်က ကျွန်တော့်ကိုအသီးအရွက်တွေဆေးပေးပါ''

ချင်လင်ကပြုံးပြီးပြောလိုက်သည်။

တကယ်တော့ ချက်ပြုတ်တာသိပ်ကူစရာမလို။ နှစ်ကူးကာလအတွင်း စည်စည်ကားကားဖြစ်ဖို့သာလိုသည်။

အားလုံးအတူတူလုပ်ကြရင် သိပ်အကူအညီမဖြစ်လည်း စည်ကားတာကောင်းသည်။

ချင်လင်အဖို့ အချက်အပြုတ်က ငှက်ပျောသီးအခွံနွှာရသလိုပင်။ လက်ရှိသူ့မှာ ငါးချက်နည်း၊ အခွံမာချက်နည်း၊ ဘဲဥထမင်းကြော်နည်းနှင့် ဆေးစွပ်ပြုတ်နည်းများရှိသည်။

ဂိမ်းပါဝင်ပစ္စည်းများနှင့် စားကောင်းသောက်ကောင်းတစ်ဝိုင်းဖန်တီးနိုင်သည်။

အရည်အသွေး ၃ ငါး၊ အရည်အသွေး ၃ ရှန်းရွှေလက်ဆောင်ဆန်ဘဲဥထမင်းကြော်ကြောင့် ချင်ရန်နှင့်ချင်ရွှေ့ကန်းက ချီးကျူးမဆုံးတော့။

ချင်ရန်ကစားပြီး မဟားတရားအသံနှင့်_

"လင်ဇီ... မင်းလက်ရာကပိုကောင်းကောင်းလာတာပဲ''

ချင်ရွှေ့ကန်းလည်း လေးစားသံနှင့်ဆိုသည်_

"ရှောင်လင်က ငယ်ငယ်ကတည်းက ဉာဏ်အရမ်းကောင်းတာ... သင်ယူတာမြန်တယ်... မင်းလိုမဟုတ်ဘူး... မင်းကိုအမြဲတမ်းဘောင်းဘီချွတ်ရိုက်ရတာ''

"ဝူး ဝူး!''

ချင်ရန်ချက်ချင်း မျက်နှာရှုံ့မဲ့သွားသည်။

ကလေးတုန်းကရှက်စရာတွေ ဘာလို့ပြန်ပြောနေတာလဲ?

ညစာစားပြီး မိသားစုနှစ်စုက သူတို့မိဘများအကြောင်းတစ်ညလုံးပြောကြသည်။ ညမိုးချုပ်မှ ကိုယ့်အခန်းကိုယ်ပြန်ကြသည်။

"ရှောင်လင်... ရှောင်ရန်သမီးက အရမ်းချစ်စရာကောင်းတာ... ရွှေ့ကန်းမှာ ဒီလိုမြေးမလေးရှိတာအားကျလိုက်တာကွယ်''

လင်းဖန်ကအခန်းမပြန်ခင် ချင်လင်ကိုတမင်ပြောလိုက်သည်။

ထိုအဓိပ္ပါယ်ကရှင်းနေသဖြင့် ချင်လင်မျက်နှာကိုးရိုးကားရားဖြစ်သွားပြီး ကျောက်မိုချင်းမျက်နှာလှလှလေးလည်းရှက်သွေးဖြာသွားသည်။

လင်းဖန်ကသူမအခန်းပြန်ပြီး ရုတ်တရက်ပြန်ထွက်လာပြန်သည်။ သူမရှောင်ရွှယ်၊ ဝမ်ချိုင်နှင့် မွေးနီကိုကြည့်ပြီးအော်လိုက်သည်_

"မင်းတို့ကောင်တွေဘာလုပ်နေတာလဲ? ငါ့အခန်းထဲသွားမယ်''

သူမကပြောရင်းဆိုရင်း ရှောင်ရွှယ်ကိုအခန်းထဲပွေ့သွားသည်။ ဝမ်ချိုင်လည်း ရှေ့ကပြေးသည်။ မွေးနီကသူ့အဖော်နှစ်ကောင်ကိုကြည့်ပြီး နောက်ကလိုက်ရတော့သည်။

အဓိပ္ပါယ်ကပိုရှင်းသွားပြီ။

ထို့ကြောင့် ချင်လင်က ကျောက်မိုချင်းကိုအခန်းထဲပြန်ခေါ်သွားပြီး တံခါးပိတ်ပိတ်ချင်း သူမကိုတံခါးတွင်ဖိကပ်ထားကာ စလိုက်သည်_

"အမေပြောတာ ဘာအဓိပ္ပါယ်လဲ?''

"အာ... သိသိရက်နဲ့မေးနေတယ်''

ကျောက်မိုချင်းက ချင်လင်ကိုမျက်စောင်းထိုးကြည့်သည်။ သူသိတာကောင်းသော်လည်း သူမရှက်အောင်တမင်မေးနေသည်။

ချင်လင်ကသူ့အမေသဘောကိုသိသော်လည်း ကျောက်မိုချင်းကိုစချင်သေးသည်_

"ဘယ်လိုထင်လဲ?''

"လျောင်လီနဲ့ချင်ရန်သမီးက တကယ်ချစ်စရာကောင်းတယ်!''

ကျောက်မိုချင်းကမေးခွန်းကိုမဖြေ။

ချင်လင်ကသဘောပေါက်ပြီး ကျောက်မိုချင်းနားထဲတိုးတိုးကပ်ပြောလိုက်သည်_

"ကိုယ်သိပြီ... ဒါဆိုဒီည ဘာအကာအကွယ်မှမယူတော့ဘူး''

"ဟမ့်!''

ကျောက်မိုချင်ကအရင်စပြီး သူ့လည်ပင်းကိုသိုင်းချိတ်လာသည်။ သူ့ကိုယ်ပေါ်တွင်ခြေထောက်များခိုပြီး ကိုအာလာဝက်ဝံလိုကပ်နေ၏။



မကြာမီ_

အခန်းထဲတွင် တကျွတ်ကျွတ်သံထွက်လာသည်။

အိမ်ဟောင်းထဲရှိပရိဘောဂဟောင်းများမှာ သိပ်မခိုင်ခံ့သောကြောင့် ထူးထူးဆန်းဆန်းအသံများကြားရသည်။

သို့ရာတွင် ထိုအသံက တချို့လူများအတွက်အရသာတစ်မျိုးဖြစ်ပုံရပြီး လေ့ကျင့်ခန်းလုပ်ရန်တေးသံတောင်ဖြစ်နေသည်။

ချင်လင်မှာ ဒီလိုခံစားချက်မျိုးရှိလေသည်။

……

နောက်တစ်နေ့_

ချင်လင်က ကျောက်မိုချင်းကိုပြုံးပြီးကြည့်နေသည်။ တမင်သက်သက် ပြတင်းပေါက်ဘောင်ကိုဖိပြီးလှုပ်ခါ၍ တကျွတ်ကျွတ်အသံမကြားကြားအောင်လုပ်လိုက်သည်။

မနေ့ညက ဒီပြတင်းပေါက်သစ်သားတန်းမှာ သိပ်ခိုင်ခံ့ပုံမပေါက်တော့။

ကျောက်မိုချင်းကမျက်စောင်းထိုးကြည့်သည်။

သူတို့နှစ်ဦးက အချိန်ခဏဖြုန်းပြီးမှ အိပ်ရာထလာသည်။ မျက်နှာသစ်သန့်စင်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။

လင်းဖန်နှင့်ချင်ရွှေ့ကန်းတို့စုံတွဲက မနက်စာပြင်ဆင်ထားသည်။ လူကြီးများက အမြဲစောစောနိုးကြသည်။

မနက်စာစားပြီးနောက် ချင်လင်အကြည့်က သူ့စိတ်ထဲမှဖန်သားပြင်ဆီပြန်ရောက်သွားသည်။ လူပုလေးအာနီပေါ်လာပြီ။

(ဆုံပြန်ပြီနော်... ငါတိတ်တိတ်လေးကြည့်နေတာ... ငါ့အဖော်တွေက မင်းစိုက်ခင်းမှာလုပ်ရတာ ပျော်တဲ့ပုံပဲ... အဲဒါကြောင့် ကျေးဇူးတင်လက်ဆောင်ပေးခဲ့မယ်... ကိုယ့်ဘာသာဖွင့်ကြည့်ပါ!)

လူပုလေးအာနီက ချင်လင်ဆီအိတ်လေးပစ်ပေးပြီး ထွက်ပြေးသွားသည်။

သူ့ဂိမ်းဇာတ်ကောင်အိတ်ထဲတွင် မီးခိုးရောင်အိတ်လေးပေါ်လာသည်။

ချင်လင်ကချက်ချင်း လူမရှိသောနေရာရှာပြီး ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် အိတ်ကိုကြည့်လိုက်ရာ အထဲတွင် ဘာအက္ခရာများထွင်းထားမှန်းမသိသောကျောက်တုံးအနက်တစ်တုံးကိုတွေ့သည်။

တစ်ချိန်တည်းမှာ ချင်လင်လည်း ကျောက်တုံးနက်၏မှတ်ချက်ကိုကြည့်လိုက်သည်:

(အမည်မသိကျောက်တုံး: အမည်မသိ!)

(မည်သို့အသုံးပြုရမှန်းမသိသောကျောက်တုံးဖြစ်သည်။ ကျောက်တုံးတွင်အချက်အလက်တချို့ပါပုံရသည်။ နတ်ဘုရားမတောင်မှ လူပုလေးကောက်လာသောပစ္စည်းဖြစ်သည်။ သတ္တုမြို့တော် ဒေါက်တာ Dott ဆီသွားကြည့်နိုင်သည်!)

ချင်လင်ကမှတ်ချက်ဖတ်ပြီး အမှတ်တမဲ့တွေးမိသည်_

"ထင်တဲ့အတိုင်း အဲဒီလူပုလေးအာနီက အမြဲတမ်းညစ်"

အရင်လူပုလေးအာနီရဲ့ဇာတ်ကွက်တွေအရ မွေးနီကိုဖြစ်ဖြစ်၊ ရှောင်ရွှယ်ကိုဖြစ်ဖြစ်၊ သူကဇာတ်ဆောင်လိုသဘောထားခဲ့သည်။ တစ်ဖက်ကမလိုချင်၍ပေးသည်ဆိုသော်လည်း သူ့ကိုဆုအဖြစ်ပေးသည်တဲ့။

ဒီတစ်ခေါက်က များသွားပြီ။

နတ်ဘုရားမတောင်က ကောက်လာတဲ့ကျောက်တုံး!

သို့ရာတွင် မှတ်ချက်ဖတ်ပြီးနောက် ဒီကျောက်တုံးကတစ်ခုခုအသုံးတည့်ပုံရသည်။ ဒေါက်တာ Dott ကိုရှာဖို့တောင်အကြံပြုထားသည်။

မထင်ထားတဲ့အံ့ဩစရာများရှိနေမလား?



All Chapters