ထူးထူးခြားခြားအာနိသင်: ဆံပင်ပေါက်၊ ဦးရေအားဖြည့်!
Vol. 50 Ch. 745
ချင်လင်က အမည်အသိကျောက်တုံးကိုဘာအတွက်မှန်းမသိသော်လည်း ဆေးနှင့်ဆက်စပ်ရမည်ဟုထင်သည်။
နောက်ပြီး လူပုလေးအာနီက နတ်ဘုရားတောင်သွားပြီး ဒီလိုပစ္စည်းတွေဘယ်လိုကောက်ကောက်လာလဲ သူအရမ်းသိချင်နေသည်။ ကိုလာသီးမျိုးစေ့ပြီးတော့ ဒီအမည်မသိကျောက်တုံး။
သူနတ်ဘုရားမတောင်ကိုနေ့တိုင်းသွားသော်လည်း ဒီလိုပစ္စည်းမျိုးမတွေ့။
ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မှဒေါက်တာ Dott ဆီသွားစေလိုက်သည်။
ခဏအကြာ ဂိမ်းဇာတ်ကောင်က ဒေါက်တာ Dott ရှေ့ရောက်လာသည်။
ဒေါက်တာ Dott ကိုနှိပ်လိုက်ရာ စကားပြောပေါ်လာသည်။
(ပါဠိစာထွင်းထားတဲ့ကျောက်တုံးထင်တယ်... တစ်ချက်ကြည့်လို့ရမလား? လျှို့ဝှက်နည်းပါပုံရတယ်!)
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် နတ်ဘုရားများက အထူးစွမ်းရည်ရှိသောစိတ်ကူးယဉ် NPC များဖြစ်သည်။
လူပုလေးအာနီ နတ်ဘုရားမတောင်မှကောက်လာသောကျောက်တုံးက နတ်ဘုရားများနှင့်ဆက်စပ်နေမည်ဟုမထင်မိ။
ချင်လင်က 'ရသည်'ကိုရွေးလိုက်သည်။
သူကအမည်မသိကျောက်တုံးကို ဒေါက်တာ Dott ဆီပေးလိုက်သည်။
ထို့နောက် စနစ်အသိပေးသံထွက်လာသည်။
(ဒေါက်တာ Dott ဆန်းစစ်နေပါသည်။)
အချိန်တစ်ခုကြာပြီးနောက် ဒေါက်တာ Dott စကားပြောပေါ်လာသည်။
(ဝှက်စာဖော်ပြီးပါပြီ။ ရှေးဟောင်းဆေးနည်းဖြစ်မည်။ ရေပူစမ်းများတွင်စိမ်သောနည်းဖြစ်ပုံရသည်။ ထူးထူးခြားခြားအာနိသင်ရှိသည်။ သင့်အတွက်ပြန်ရေးပေးထားပါသည်!)
ဒေါက်တာ Dott စကားပြောပြီးပြီးချင်း သူ့ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် ဆေးနည်းပေါ်လာသည်။
ချင်လင်မျက်လုံးများဝင်းလက်သွား၏။ တကယ်တစ်ခုခုပဲ။
နောက်ထပ်ဆေးနည်း!
လူပုလေးအာနီကလူညစ်ဆိုပေမဲ့ ဘယ်တော့မှစိတ်မပျက်ရ။
ဒါပေမဲ့ ရေပူစမ်းမှာစိမ်တဲ့ဆေးက နတ်ဘုရားနဲ့ဘာဆိုင်လို့လဲ?
သူသေချာစဉ်းစားကြည့်သည်။
ဂိမ်းထဲတွင် ဂမ္ဘီရစမ်းချောင်းဘေးရှိသောရေပူစမ်းမှာ နတ်ဘုရားပေါ်မည်ထင်သည်။
ဒီတော့ ဒါကအကြောင်းရင်းလား?
ချင်လင်ကဆေးနည်းရပြီး ဂိမ်းဇာတ်ကောင်ကိုစိုက်ခင်းထဲပြန်စေသည်။ ထို့နောက် ဂိမ်းထဲပြန်ဝင်ပြီး ဆေးနည်းမှတ်ချက်ကိုကြည့်လိုက်သည်:
(ရေပူစမ်းဆေးနည်း ၀၃: အရည်အသွေး ၁)
(ရှေးကတော်ဝင်မျိုးနွယ်များကိုဖြည့်ဆည်းပေးသောအထူးဆေးနည်းဖြစ်သည်။ အပူချိန် ၃၀-၄၀ ဒီဂရီရှိသောရေထဲထည့်လျှင် အထူးအာနိသင်ရှိသည်။
ကျန်းမာရေးအာနိသင် +၁၊ ဦးရေကောင်းစေခြင်း +၁၊ ဆံပင်ပေါက်ခြင်း +၁!)
(အသုံးပြုပြီးလျှင် တိတိကျကျဆေးနည်းရမည်။)
ချင်လင်ကဆေးနည်းမှတ်ချက်ဖတ်ပြီး နည်းနည်းကြောင်သွားကာ အမှတ်တမဲ့သူ့ခေါင်းသူကိုင်လိုက်သည်။
တော်သေးလို့။ သူဒါမလိုဘူး။
ဒီလိုထူးထူးဆန်းဆန်းဆေးမျိုးရဖူးတာ ဒါပထမဆုံးပင်။
သူ့အာနိသင်ကထူးဆန်းသည်။ ဒီရေပူစမ်းဆေးနည်း ၀၃ က အရမ်းအံ့ဩစရာကောင်းတာပဲ။
ကျန်းမာရေးအာနိသင်အပြင် ဦးရေပြားကောင်းပြီး ဆံပင်ပြန်ပေါက်နိုင်တာ လုံးဝအံ့ဩစရာ။
ဒီနေ့လူ့အဖွဲ့အစည်းမှာ ဒီပြဿနာကြောင့် အမျိုးသားတွေဘယ်လောက်ဒုက္ခရောက်လိုက်လဲ?
အရွယ်ရလာသည်နှင့် အသက် ၃၀ ကျော်အမျိုးသားအားလုံးလိုလို ထိပ်ပြောင်လာသောပြဿနာကိုရင်ဆိုင်ရသည်။
အမျိုးသားတင်မဟုတ်။ အမျိုးသမီးများတောင် ဆံစပ်ကျွတ်သည့်ပြဿနာရှိသည်။
ရန်မင်းကိုကြည့်။ ငယ်တုန်းက ဘယ်လောက်လှလိုက်သလဲ? အခု သူမဆံစပ်ကအပေါ်ပိုရောက်သွားပြီး မျက်နှာကျကျလာသည်။
ဒီပစ္စည်းမျိုးရောင်းရင် အတော်များများဒုက္ခကိုသက်သာစေပြီး အရူးအမူးဖြစ်ကုန်လိမ့်မည်။
အပန်းဖြေစံအိမ်တွင်လာအားဖြည့်သောတော်ဝင်ပညာရှင်ဟောင်လည်း ထိပ်ပြောင်နေသည်ကို သူသတိရသည်။ အခုနှစ်သစ်ကူးပြီဖြစ်၍ နှစ်သစ်ပြန်လာအားဖြည့်လျှင် စမ်းကြည့်နိုင်သည်။
နောက်ပြီး ဒီရေပူစမ်းဆေးနည်းကြောင့် တော်ဝင်ဆေးစွပ်ပြုတ်(အခန်း ၂၂၀)ကိုတွေးမိသည်။
တော်ဝင်ဆေးစွပ်ပြုတ်က အသက်ရှည်နိုင်တဲ့အာနိသင်ရှိတော့ ဒီဆေးနည်းနဲ့မလိုက်ဘူးလား?
ဒီပစ္စည်းနှစ်မျိုးကြာရှည်သုံးစွဲသူတိုင်း အသက်ရှည်ရုံသာမက ဆံစပ်ကိုလည်း အချိန်ပြည့်ထိန်းသိမ်းထားနိုင်သည်။
(ဆေးနည်းသုံးလိုပါသလား?)
"သုံးမယ်!''
ချင်လင်ကပြတ်ပြတ်သားသားရွေးလိုက်သည်။
သူ့လက်ထဲမှဆေးနည်းမှာ ချက်ချင်းအလင်းရောင်များထွက်ပြီး သူ့စိတ်ထဲရောက်လာသည်။ တစ်ချိန်တည်းတွင် ဆေးနည်းအချက်အလက်များက သူ့စိတ်ထဲပေါ်လာ၏။
ဆေးနည်းတစ်မျိုးစီအတွက်လိုအပ်သောဆေးပင်အချက်အလက်များ သူ့စိတ်တွင်စွဲထင်လာသည်။
ဆေးနည်း၏တိတိကျကျအချက်အလက်ကိုရပြီးနောက် ချင်လင်လည်းဂိမ်းထဲမှထွက်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုပြန်ကြည့်၍ ဂိမ်းဇာတ်ကောင်အား မျိုးစေ့ဆိုင်သွားစေသည်။
အရင်ကတော်ဝင်ဆေးစွပ်ပြုတ်အတွေ့အကြုံရှိထားသည်။ ဒီလိုဆေးနည်းမျိုးမှာ ပါဝင်သောဆေးပစ္စည်းအာနိသင်ကောင်းရင်ကောင်းသလို ဆေးနည်းအာနိသင်ကပိုကောင်းသည်။
ဥပမာ တော်ဝင်ဆေးစွပ်ပြုတ်ပင်။ ဂိမ်းထုတ်ကုန်အရည်အသွေးမြင့်ဆေးပင်များသုံးထားသဖြင့် အသက်ရှည်ခြင်း +၃ ဖြစ်သွားသည်။
ဝန်ကြီးလု တော်ဝင်ဆေးစွပ်ပြုတ်ကိုမြို့တော်ပြန်ယူသွားစဉ်က မြို့တော်မှာအကောင်းဆုံးဆေးပစ္စည်းသုံးတာတောင် ဆေးစွပ်ပြုတ်အရည်အသွေးက အလွန်ဆုံး ၁ သာရှိလိမ့်မည်။
ထို့ကြောင့် ဂိမ်းထဲတွင်ရေပူစမ်းဆေးနည်းအတွက်လိုအပ်သောဆေးပင်များကိုလည်းစိုက်နိုင်သည်။ ရုံချန်းပြန်ရောက်သောအခါ ဆေးနည်းဖော်စပ်ရန် အပြင်ထုတ်ယူနိုင်သည်။
မျိုးစေ့ဆိုင်စာရင်းကိုကြည့်ပြီးနောက် ဆေးနည်းအတွက်လိုအပ်သောဆေးပင်များကို အဆင့် ၂ ဆေးဥယျာဉ်တွင်စိုက်ပျိုးနိုင်ကြောင်း ချင်လင်သိလိုက်သည်။
ဒီလိုပဲမလား?
ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား မျိုးစေ့များဝယ်စေပြီး ဆေးဥယျာဉ်တွင်ဆေးပင်တစ်မျိုးစိုက်စေသည်။
အားလုံးပြီးသောအခါ ချင်လင်၏အိမ်ဟောင်းသို့လူတွေအများကြီးရောက်လာသည်။ ခေါင်းဆောင်သူက ရွာသူကြီးအသစ်ချင်ဟွေ့ပင်။ ရွာသူကြီးအဟောင်းက စက်ဘီးစီးရင်းချောက်ထဲကျကာ ခြေထောက်ကျိုးသွားသောကြောင့် ရွာသူကြီးဆက်မလုပ်နိုင်တော့ဟုကြားရသည်။
ချင်ဟွေ့နောက်တွင် ရွာသားတချို့ပါလာသည်။
ချင်လင်က ချင်ဟွေ့တို့ကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။ ဒီလူတွေဘာကြောင့်လာမှန်းမသိ။
ဘာပဲဖြစ်ဖြစ် သူ့အဖေနေမကောင်းတုန်းကနေစိမ့်သူတွေကိုသိပ်မပတ်သက်ချင်၍ သိပ်အဆက်အသွယ်မရှိခဲ့။