← Chapters

ထူးထူးခြားခြားအာနိသင်: ဆံပင်ပေါက်၊ ဦးရေအားဖြည့်! ၂

Vol. 50 Ch. 746

ထူးထူးခြားခြားအာနိသင်: ဆံပင်ပေါက်၊ ဦးရေအားဖြည့်! ၂

Vol. 50 Ch. 746

သူ့သဘောထားကို ရွာသားတွေနားလည်လိမ့်မည်။ နှစ်သစ်မှာ ပြဿနာလာရှာတာလား?

ချင်ဟွေ့က ရွာထဲမှအခြေအနေနှင့် ချင်လင်အကြောင်းသိသည်။

ချင်လင်ကအင်အားရှိသူဖြစ်သော်လည်း အရင်ကဖန်းမိသားစုကိုကူညီဖူးသောရွာသားများနှင့်သာ အဆက်အဆံလုပ်သည်။

နောက်ပြီး အရင်ကချင်လင်မိသားစုကိုကူညီခဲ့သူများမှာ အခုအဆင်ပြေနေကြ၍ ရွာသားတိုင်းအားကျပြီး နောင်တတောင်ရနေကြသည်။

သူလည်း အရင်ကပွဲကြည့်ပရိသတ်တစ်ဦးပင်။

လင်းဖန်ကိုပိုက်ဆံမချေးဖူးခဲ့။

ဘာပဲဖြစ်ဖြစ် တစ်ဖက်ကမတတ်နိုင်သောအခြေအနေဖြစ်သည်။ သူကူညီခဲ့ရင်တောင် ဘယ်အချိန်မှပြန်ဆပ်မည်မှန်းမသိ၍ မချေးခဲ့ခြင်းပင်။

အခု သူအနည်းနဲ့အများဆိုသလိုနောင်တရမိသည်။

ချင်လင်ဒီလောက်အောင်မြင်လာမယ်လို့ဘယ်ထင်မလဲ?

ချင်းလင်ကုမ္ပဏီကဘယ်သူမှန်း တခြားလူတွေမသိသော်လည်း ရွာသားများက ချင်လင်မှန်းသိကြသည်။

ဒီလောကမှာ နောင်တအတွက်ဆေးမရှိပေ။

နောက်ပြီး ဒီနေ့တစ်ရွာလုံးနှင့်ဆိုင်သောပွဲကြီးရှိ၍ သူ့လူများကို မဖြစ်မနေတံခါးပေါက်အရောက်ခေါ်လာရသည်။

ချင်ဟွေ့ကရှေ့တိုးပြီး ချင်လင်အား ကိုးရိုးကားရားနှင့်_

"ချင်လင်... မင်းကိုပြောစရာရှိတယ်... အခုရွာတွေအားလုံးမှာ ဘိုးဘေးခန်းမရှိနေပြီ... တို့ရွာမှာလည်းဘိုးဘေးခန်းမဆောက်ရမယ်ဆိုတော့ မင်းဘယ်လိုထင်လဲမေးချင်လို့!''

ဘိုးဘေးခန်းမဆောက်လုပ်ရေးက ရွာတွင်အဓိကကျသောကိစ္စဖြစ်သည်။ ပုံမှန်အတိုင်းဆို ဘိုးဘေးခန်းမဆောက်ပြီးနောက် နာမည်စာရင်းလည်းရှိသည်။

စာရင်းခေါင်းစဉ်နှစ်ခုပါလေ့ရှိသည်။

တစ်ခုက ပြုပြင်လှူဒါန်းသူစာရင်း။

နောက်တစ်ခုက ဂုဏ်ပုဒ်စာရင်းဖြစ်သည်။

လှူဒါန်းမှုများလေလေ ဂုဏ်မြင့်လေလေပင်။

ယေဘူယျအားဖြင့် ရွာထဲတွင်ဂုဏ်အမြင့်ဆုံးသူက လှူဒါန်းမှုအများဆုံးလည်းဖြစ်သည်။ ထို့ကြောင့် တချို့ရွာများတွင် ဘိုးဘေးခန်းမစာရင်းတစ်ခုသာရှိသည်။

ဘာပဲဖြစ်ဖြစ် ဂုဏ်အမြင့်ဆုံးသူ၏ကျော်ကြားမှုကို ဘယ်သူမှခိုးမယူနိုင်။

လက်ရှိရွာထဲတွင် ချင်လင်ကအရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သောကြောင့် သူ့ကိုဒီအကြောင်းအသိပေးပြီး သူ့အမြင်ကိုလည်းမေးရမည်။

တစ်ခွန်းမှမဟခြင်းက တစ်ဖက်သားကိုမလေးစားရာကျသည်။ သူစိတ်ဆိုးပြီး ရွာကိုဖရဲသီးစိုက်ခွင့်မပေးရင် အားလုံးငိုပွဲနွှဲရလိမ့်မည်။

ဒီလိုအောက်တန်းကျသောလုပ်ရပ်မျိုး ချင်လင်မလုပ်သော်လည်း ဘိုးဘေးခန်းမကိုလျစ်လျူရှုမထားနိုင်။ သူတို့တစ်ရွာလုံးမျိုးရိုးအတူတူထား၍ လူတိုင်းချင်မျိုးနွယ်ဖြစ်နေသည်။

ထို့ကြောင့် ရွာထဲတွင် ဘိုးဘေးခန်းမတစ်ခုသာရှိမည်။ နှစ်သစ်ကူးချိန်တွင် လူတိုင်းဘိုးဘေးခန်းမသွားပြီး ဝတ်ပြုရမည်။

ဘိုးဘေးခန်းမက ပေါ့သေးသေးကိစ္စမဟုတ်။

ထို့ကြောင့် ဘိုးဘေးခန်းမအတွက်လာသောချင်ဟွေ့တို့ကိုမြင်ပြီး ချင်လင်လည်းသဘောထားနည်းနည်းနူးညံ့သွားကာ_

"ရွာက ဘိုးဘေးခန်းမဆောက်ချင်တာလား? ဘယ်လိုစီစဉ်ထားလဲ?''



"အင်း!''

ချင်ဟွေ့ကမြန်မြန်ခေါင်းညိမ့်ပြီး_

"ဘိုးဘေးခန်းမကိုပြင်ဆင်ဖို့ မိသားစုတိုင်းနည်းနည်းစီပါဝင်လှူဒါန်းရမယ်ဆိုပြီး ရွာကဆုံးဖြတ်ထားတာပါ... မင်းအမြင်ကို သိချင်ပါတယ်''

ပြောချင်တာက မင်းဖြစ်စေချင်သလိုပြန်ပြင်ဆင်မယ်။ မင်းစကားနားထောင်မယ်။

ခါတိုင်း ဒီလိုအခွင့်အရေးမျိုးအတွက် ရွာထဲတွင်အရေးပါအရာရောက်သူကိုနေရာပေးပြီး တခြားရွာသားများက တောက်တိုမယ်ရလုပ်ကြသည်။

လက်ရှိသူတို့ရွာထဲတွင် ချင်လင်ကလုံးဝအရေးပါအရာရောက်သူပင်။

ချင်ဟွေ့ပြောချင်တာ ချင်လင်သဘောပေါက်သည်။

ဒီလိုအခြေအနေမျိုးတွင် လုပ်နိုင်စွမ်းရှိသူက သူတို့စိတ်ကူးကိုပြောပြတတ်မှန်းလည်း သူသိသည်။

ရွာသားများကိုဂရုမစိုက်ချင်သော်လည်း ဒီဘိုးဘေးခန်းမတွင်ဝေပုံကျပါနေသောကြောင့် လျစ်လျူရှုမထားနိုင်၍_

"ဒီလိုလုပ်ရင်ရော... ဘိုးဘေးခန်းမကိုအတတ်နိုင်ဆုံးခမ်းခမ်းနားနားဆောက်မယ်... ရွာသားတွေကစီစဉ်ထားတဲ့အတိုင်းလှူကြ... ကျွန်တော်က မတည်မယ်... ဦးလေးရွှေ့ကန်းကို ဒီကိစ္စစောင့်ကြည့်ခိုင်းထားမယ်''

ဘိုးဘေးခန်းမပြင်ဆင်ရန်မတွန့်တိုသော်လည်း ရွာသားများပေးသင့်ပေးထိုက်သောငွေကိုဖယ်ထားရလောက်အောင် သူမရက်ရောနိုင်။

သူတို့မှာ ဒီလိုဆက်ဆံရေးမျိုးမရှိ။

"သိပြီ.. သိပြီ... အချိန်တန်ရင် ဘိုးဘေးခန်းမပြင်ဆင်စရိတ်ကို ရွှေ့ကန်းဆီလွှဲထားပေးပါမယ်''

ချင်လင်စကားနားထောင်ပြီး ချင်ဟွေ့ကချက်ချင်းပြန်ပြောသည်။

ချင်လင်က ဘိုးဘေးခန်းမပြင်ဆင်ဖို့ငွေသုံးချင်မှတော့ သူတို့ကချင်လင်ရဲ့ဆန္ဒအတိုင်း ခမ်းခမ်းနားနားလုပ်ပေးရမှာပေါ့။

ဒီလိုဆိုရင် ဘိုးဘေးခန်းမဆောက်ပြီး တစ်ရွာလုံးမျက်နှာပွင့်နိုင်သည်။

ချင်ရွှေ့ကန်းအား ရံပုံငွေထိန်းသိမ်းခွင့်ပေးရမည်ဆိုသည်ကို ဘာမှမပြောရဲ။ ဘာပဲဖြစ်ဖြစ် ချင်လင်၏ပိုက်ဆံဖြစ်ပြီး ချင်ရွှေ့ကန်းနှင့်ချင်လင်၏ဆက်ဆံရေးကိုအားလုံးသိကြသည်။

ချင်လင်က ဒီလိုလုပ်ခွင့်လည်းရှိသည်။

ချင်ဟွေ့ကချက်ချင်းပင်_

"ချင်လင်... ဘိုးဘေးခန်းမပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ပြီ... နှစ်ကူးပြီးရင်အလုပ်စမယ်... ဒီတော့ နှစ်သစ်တတိယမြောက်နေ့မှာ တစ်ရွာလုံးအတူတူ ဘိုးဘေးတွေကိုအရိုအသေပေးပြီးဆုတောင်းဖို့လိုတယ်''

ချင်လင်ကခေါင်းညိမ့်ပြီး_

"သိပြီ... ကျွန်တော်လာခဲ့မယ်... ခင်ဗျားတို့ပြောစရာမရှိတော့ရင် သွားလို့ရပါပြီ!''

ချင်လင်ဆီမှအဖြေရပြီး ချင်ဟွေ့တို့ကသက်ပြင်းချ၍ထွက်သွားကြသည်။

ကိစ္စက နောက်ဆုံးကျေနပ်စရာအခြေအနေဖြစ်လာသည်။

နောက်ပြီး ဒီဘိုးဘေးခန်းမကိစ္စကြောင့် ချင်လင်နှင့်ရွာကြားဆက်ဆံရေးက နည်းနည်းပြေလျော့သွားနိုင်သည်။

မကြာမီ နှစ်သစ်တတိယမြောက်နေ့ရောက်လာသည်။

ချင်လင်နှင့်ချင်ရန်မိသားစုက မနက်စာစားပြီး ရွာလယ်ရှိဘိုးဘေးခန်းမဆီသွားကြသည်။

ဒီနေ့ဘယ်လိုဖြစ်မလဲ ရွာသားတိုင်းသိထားသောကြောင့် ရွာထဲမှပျိုပျိုအိုအိုအားလုံးရောက်နှင့်နေပြီး ခန်းမပြည့်နေသည်။

ချင်လင်နှင့်ချင်ရန်ရောက်သောအခါ အားလုံးအာရုံစိုက်လိုက်ကြသည်။

လူတစ်ယောက်အဆင့်အတန်းတစ်ခုရောက်သောအခါ သူ့ဂုဏ်ပုဒ်ကိုအာရုံစိုက်ခံရပြီး လူတိုင်းအားကျလေးစားကြလိမ့်မည်။

ချင်လင်က ဒီလိုအနေအထားမျိုးဖြစ်နေသည်။ သူကချင်းလင်ကုမ္ပဏီသူဌေး။ အင်တာနက်ပေါ်တွင် သူကသူဌေးကြီးမာ၊သူဌေးကြီးရန်တို့လိုအရေးပါအရာရောက်သူဖြစ်လာလိမ့်မည်ဟုဆိုကြသည်။

အခုတစ်ရွာလုံးက ချင်းလင်ဓာတ်ခွဲခန်းမှဖရဲသီးစိုက်ပြီးဝင်ငွေရနေသည်။

ချင်းလင်ဖရဲသီးချိုမချိုမြည်းကြည့်ပြီးနောက် ချင်လင်စကားအရ သူတို့အကျိုးအမြတ်ပျောက်မှာမကြောက်တော့။

ရွာသားတချို့က ချင်လင်မိသားစုကိုဆိုးဆိုးရွားရွားအနှောင့်အယှက်ပေးဖူးသည်။ အခုအချိန်တွင် ထိုလူများလည်းအမြီးကုပ်နေပြီး ချင်လင်မြင်မှာစိုးနေသည်။

ချင်လင်၏လက်ရှိဂုဏ်ပုဒ်အရ သူတို့ကိုသိသွားပြီး ဘာမှမပြော၊ဘာမှမလုပ်ရင်တောင် ရွာသားများကစိတ်ဖိစီးရလိမ့်မည်။



All Chapters