← Chapters

ထူးထူးခြားခြားအာနိသင်: ဆံပင်ပေါက်၊ ဦးရေအားဖြည့်! ၃

Vol. 50 Ch. 747

ထူးထူးခြားခြားအာနိသင်: ဆံပင်ပေါက်၊ ဦးရေအားဖြည့်! ၃

Vol. 50 Ch. 747

ချင်ဟွေ့က အစောကြီးကတည်းကစောင့်နေသည်။ သူကလူအုပ်ကိုတိုးပြီး ချင်လင်ကိုကြိုဆိုသည်။ ရွာသားများက မဟန့်တားရဲ၍ လမ်းဖယ်ပေးကြသည်။

ရှေးက ဘိုးဘေးဝတ်ပြုရန် တရားသေဓလေ့ထုံးတမ်းများရှိသည်။ ဓလေ့တစ်ခုတစ်ခုကို အချိန်အကြာကြီးယူရသည်။ သို့သော် မော်ဒန်ခေတ်တွင်မူ ဓလေ့ထုံးတမ်းများကရိုးရှင်းသည်။ သာမန်အခမ်းအနားနှင့် ပွဲဖြစ်ဖို့သာလိုသည်။

ချင်လင်၏ရွာက ဒီအတိုင်းပင်။ အခမ်းအနားက အလွန်ရိုးရှင်းသည်။ ရွာထဲမှလူကြီးတစ်ယောက်ဝတ်ပြုလျှင် တခြားသူများက အရိုအသေပေးသည့်အနေနှင့် အမွှေးနံ့သာထွန်းကြသည်။

ရွာထဲမှသက်ကြီးဝါကြီးများက အရင်ဆုံးအမွှေးနံ့သာထွန်းလေ့ရှိသော်လည်း ဒီနှစ်တွင်မူ ထိုသက်ကြီးဝါကြီးများအားလုံးနောက်တွင်ရပ်ပြီး ချင်လင်၏ဂုဏ်ပုဒ်ကိုထင်ရှားစေရန် ရှေ့တန်းတင်ထားသည်။

ဘာပဲဖြစ်ဖြစ် သူ့လက်ရှိဂုဏ်ပုဒ်အရ ဒီနေရာဖြစ်နေသည်။

မော်ဒန်ခေတ်တွင် ဂုဏ်သတင်းကအရေးကြီးသည်။ လေးစားခံချင်ရင်တောင် သီလရှိရမည်။

အသက်ကြီးသည်မှလွဲ၍ ရွာထဲမှသက်ကြီးဝါကြီးတချို့မှာ လုံးဝသီလမရှိ။

ချင်လင်၏အနေအထားကို ရွာထဲမှလူငယ်မျိုးဆက်သစ်များအားကျကုန်သည်။ သက်တူရွယ်တူချင်း သူတို့ကမိဘနောက်မှာရပ်နေရသည်။

ချင်လင်လိုထင်ထင်ရှားရှားဦးမဆောင်ချင်တဲ့သူရှိမလား?

ဒါပေမဲ့ ချင်လင်ကချင်လင်၊ သူတို့က သူတို့။ အားကျနေရုံသာ။

တစ်ဖက်တွင် လင်းဖန်ကအလွန်ဂုဏ်ယူနေသည်။

သူမယောက်ျားဆုံးပြီးနေ့ရက်များကို ပြန်စဉ်းစားကြည့်သည်။ တစ်ရွာလုံးပိုက်ဆံပတ်ချေးပြီး အေးစက်စက်အကြည့်တွေ၊လှောင်ပြောင်မှုတွေကိုသည်းခံရသည်။ အခုသားဖြစ်သူက လုပ်နိုင်စွမ်းရှိနေ၍ ဂုဏ်ယူမိသည်။

ဘိုးဘေးဝတ်ပြုအခမ်းအနားပြီးလျှက် ချင်ဟွေ့နှင့်ရွာသားများက ချင်လင်နားကပ်ချင်သော်လည်း ချင်လင်ကတန်းပြန်သွားသည်။

ဘိုးဘေးခန်းမကိုကူညီနိုင်သော်လည်း ရွာသားများကိုဂရုစိုက်မည်ဟုမဆိုလို။

ချင်ဟွေ့တို့လည်း တိတ်တိတ်သာသက်ပြင်းချလိုက်ရသည်။

နှစ်သစ်တတိယမြောက်နေ့တွင် ချင်လင်လည်း ကျောက်မိုချင်း၊လင်းဖန်တို့နှင့်အတူ ရွာမှရုံချန်းပြန်လာသည်။

ချင်းလင်စံအိမ်ပြန်ရောက်သောအခါ စံအိမ်ဝန်ထမ်းများကသန့်ရှင်းပြင်ဆင်ထားသည်။ စီမံရေးရာထူးများဖွဲ့စည်းပြီးနောက်ပိုင်း ဒီကိစ္စများကို ချင်လင်နှင့်ကျောက်မိုချင်းစိတ်ပူစရာမလိုတော့။ ဌာနအသီးသီးမန်နေဂျာများက အစစအရာရာပြင်ဆင်ထားသည်။

အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ ချင်လင်က ဂိမ်းဆေးဥယျာဉ်ထဲတွင် ရေပူစမ်းအတွက်လိုအပ်သောဆေးပင်များကိုဆက်စိုက်သည်။ အချိန်ယူလုပ်ကိုင်ပြီးနောက် နောက်ဆုံး ရေပူစမ်းအတွက်လိုအပ်သောဆေးပင်များအားလုံးစုမိသည်။ နောက်ပြီး အားလုံးကအရည်အသွေး ၂ ဖြစ်သည်။

ထို့နောက်ဆေးပင်များကိုအပြင်ထုတ်ပြီး အပန်းဖြေစံအိမ်သီးသန့်နေရာသွားကာ ရေပူစမ်းဆေးမှုန့်ကိုစပြင်ဆင်သည်။

ချင်လင်က ရေပူစမ်းဆေးမှုန့်လုပ်ပြီးနောက် ချက်ချင်းဂိမ်းထဲဝင်လိုက်သည်။ အရည်အသွေး ၂ ဆေးပင်များနှင့်လုပ်ထားသောရေပူစမ်းဆေးမှုန့်၏အာနိသင်များကိုကြည့်လိုက်သည်:

(အထူးရေပူစမ်းဆေးမှုန့်: ၂)

(ရှေးကတော်ဝင်မျိုးနွယ်များကိုဖြည့်ဆည်းပေးသောအထူးဆေးမှုန့်ဖြစ်သည်။ အပူချိန် ၃၀ မှ ၄၀ ဒီဂရီရှိသောရေထဲထည့်လျှင် အထူးအာနိသင်ကိုထုတ်ပေးနိုင်သည်။ ကျန်းမာရေးအာနိသင် +၁၊ ဦးရေပြားကောင်းစေခြင်း +၂၊ ဆံပင်ပြန်ပေါက်ခြင်း +၂!)

အရည်အသွေး ၂ ဆေးပင်များသုံးပြီး ရေပူစမ်းဆေးမှုန့်က ဆေးနည်းမှာဖော်ပြထားသည်ထက် အာနိသင်ပိုမြင့်နေသည်။ +၂ ဖြစ်လာ၏။ သို့သော် အရည်အသွေး ၂ ဆေးပင်များသုံးထားသော တော်ဝင်ဆေးစွပ်ပြုတ်လို +၃ ဖြစ်မလာ။

ဆေးနည်းနှင့်ဆိုင်ပုံရသည်။

ရေပူစမ်းဆေးမှုန့်အာနိသင်များကိုလေ့လာပြီးနောက် ချင်လင်လည်းဂိမ်းထဲမှထွက်လိုက်သည်။ အခု ရေပူစမ်းဆေးမှုန့်၏အာနိသင်ကိုလေ့လာဖို့စောင့်ရုံသာ။

နှစ်ရက်ကြာပြီးနောက်_

တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်ဟောင်နှင့် တော်ဝင်ပညာရှင်လင်းလည်း အပန်းဖြေစံအိမ်ပြန်ရောက်လာသည်။ အလောတကြီးအားဖြည့်စရာမလိုသော်လည်း အပန်းဖြေစံအိမ်တွင်နေရထိုင်ရကောင်းသောကြောင့် အချိန်မဆိုင်းချင်၍ ဝန်ကြီးလုကိုစီစဉ်ခိုင်းသည်။

တော်ဝင်ပညာရှင်ဟောင်ကားပေါ်မှဆင်းလာသောအခါ အမှတ်တမဲ့သူ့ခေါင်းပြောင်ကိုလက်နှင့်ကိုင်မိသည်။

အရင်ကစွဲလာသောအကျင့်ပင်။ သက်လတ်ပိုင်းရောက်ပြီးနောက် လေတိုက်လျှင်နဖူးအေးသလိုခံစားရ၍ လက်နှင့်အုပ်သောအကျင့်ဖြစ်လာသည်။

ထိုအကျင့်က အခုအရွယ်ရသည်အထိပါလာသည်။

"အိုး.. တော်ဝင်ပညာရှင်တို့... ရောက်လာပြီလား''

ချင်လင်ကိုယ်တိုင် စီနီယာသုံးဦးကိုထွက်ကြိုသည်။ တော်ဝင်ပညာရှင်ဟောင်ကိုကြည့်လိုက်သောအခါ မနေနိုင်ဘဲ_

"တော်ဝင်ပညာရှင်ဟောင်... ရောက်လာပြီနော်... ကျွန်တော်သတိရနေတာ''

သို့ရာတွင် တော်ဝင်ပညာရှင်ဟောင်က ချင်လင်အားတက်သရောဖြစ်နေသည်မှာ ပုံမှန်မဟုတ်ကြောင်းခံစားမိလေသည်။

All Chapters