← Chapters

အဖွဲ့အစည်းဆိုတာ? အာနိသင်က အံ့ဩစရာ! ၂

Vol. 50 Ch. 749

အဖွဲ့အစည်းဆိုတာ? အာနိသင်က အံ့ဩစရာ! ၂

Vol. 50 Ch. 749

ဒါပေမဲ့ ယားကျိကျိခံစားချက်ကမဟုတ်သေး။ အရင်ကဒါမျိုးမဖြစ်ဖူးပေ။

ဆေးအာနိသင်ပြသည်ဟု တော်ဝင်ပညာရှင်ဟောင်ခံစားရသည်။ ဦးရေပြားပြန်ကောင်းပြီး အာရုံကြောများလှုပ်ရှားလာ၍ တမျိုးတမည်ခံစားရခြင်းပင်။

သူဝမ်းသာအားရဖြစ်သွားပြီး မျှော်လင့်စောင့်စားမိသည်။

ထို့နောက် တော်ဝင်ပညာရှင်လီ၊တော်ဝင်ပညာရှင်လင်းတို့နှင့် မနက်စာထွက်စားသည်။

တော်ဝင်ပညာရှင်လီကမြင်မြင်ချင်းမေးသည်_

"တော်ဝင်ပညာရှင်ဟောင်... ဘယ်လိုလဲ? ဆေးကထိရောက်လား?''

တော်ဝင်ပညာရှင်ဟောင်ကချက်ချင်းပြန်ဖြေသည်_

"အလုပ်ဖြစ်တယ်ထင်တယ်... ဒီမနက်ခေါင်းနည်းနည်းယားတယ်... အာရုံကြောထိပုံပဲ... အထဲကမွေးညှင်းပေါက်ပြန်ကောင်းလာတာလား''

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းက နည်းနည်းသိချင်သွားသည်။

ဆေးအာနိသင်က ဒီလောက်မြန်လား?

တော်ဝင်ပညာရှင်ဟောင်က သိပ်မသေချာ။ သုံးလေးကြိမ်စမ်းကြည့်ပြီး သိရလိမ့်မည်။

ထို့ကြောင့် ဒီနေ့ရေပူစမ်းတွင်လိုလိုလားလားနှင့် ဆေးဖြည့်ပေးမည့်သူကိုစောင့်နေသည်။

တစ်ဖက်တွင် တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းကလည်း ဆေးစိမ်ပေးရန်တောင်းဆိုကြ၏။

ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လောက်အသက်ကြီးကြီး စူးစမ်းချင်သည်။

တော်ဝင်ပညာရှင်ဟောင်စကားနားထောင်ပြီး မစမ်းကြည့်ချင်ရင် ထူးဆန်းနေမှာပေါ့။

နောက်နှစ်ရက်တွင် တော်ဝင်ပညာရှင်ဟောင်က ရေပူစမ်းမှာတစ်နေ့နှစ်ကြိမ်စိမ်ပေးဖို့တောင်းဆိုသည်။

…

နေ့သစ်ရောက်လာသည်။

တော်ဝင်ပညာရှင်ဟောင်ကအိပ်ရာနိုးလာပြီး ခါတိုင်းလိုခေါင်းကိုစမ်းမိသည်။ ရုတ်တရက် သူကြောင်သွားပြီး_

"ယေ့!''

ခံစားချက်က ထူးဆန်းနေသောကြောင့်ပင်။

သူကအိပ်ရာထပြီး အမှတ်တမဲ့မှန်ရှေ့ရောက်သွားသည်။ သူ့ခေါင်းပေါ်တွင် မဲမဲအစက်လေးများမြင်၍ အံ့အားသင့်သွား၏။

ဆံပင်ပေါက်လာပြီ။

နည်းနည်းနောနောမဟုတ်။ အတော်ပေါက်များများနေသည်ကို သေချာမြင်ရသည်။

ကန္တာရတွင် စိမ်းစိမ်းစိုစိုများထွက်လာသလို သိသာသည်။

တော်ဝင်ပညာရှင်ဟောင် လုံးဝအံ့အားသင့်သွားသည်။

သူဌေးချင်ရဲ့ဆေးမှုန့်က တကယ်ထိရောက်တယ်။ ထူးထူးခြားခြားကောင်းတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်က ဒီလိုဖြစ်ရင်ဘယ်လိုနေမလဲ? အရင်ကပြန်ကုသဖို့မတွေးမိခြင်းမဟုတ်။ အသုံးမဝင်သောကြောင့်ပင်။

အရင်ကဒီလိုဆေးမှုန့်မျိုးရှိရင် ပိုက်ဆံဘယ်လောက်ကုန်ကုန် ခဏခဏသုံးပစ်မည်။

မျက်နှာသစ်ပြီးနောက် တော်ဝင်ပညာရှင်ဟောင်ကအပြင်ထွက်ပြီး တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းအား အဖိုးတန်ရတနာသွားပြသလို သူ့ခေါင်းငုံ့ပြသည်။

"တကယ်?''

"အရိုးကထွက်လာတယ်''

တော်ဝင်ပညာရှင်နှစ်ယောက်လည်း အံ့ဩသွားသည်။

အရှိန်ကမြန်လွန်းပြီး အာနိသင်ကမယုံနိုင်စရာ။

တော်ဝင်ပညာရှင်လီကမပြောဘဲမနေနိုင်တော့_

"သူဌေးချင်ရဲ့ပစ္စည်းတွေက တကယ်ကောင်းတာ''



"အမှန်ပဲ''

တော်ဝင်ပညာရှင်လင်းကထောက်ခံသည်။

ထို့ကြောင့် တော်ဝင်ပညာရှင်သုံးဦးက ရေပူစမ်းတွင်ဆေးမှုန့်ဆက်ထည့်ပေးရန်တောင်းဆိုကြသည်။

အနမ်းငါးကကောင်းသော်လည်း လက်ရှိအဖွဲ့လေးပိုကောင်းဖို့ကအရေးကြီးသည်။

…

ချင်းလင်အပန်းဖြေစံအိမ်_

ရုံးခန်းထဲတွင် ချင်လင်ကသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်နေသည်။

လူပုလေးများကအလုပ်ကြိုးစားပြီး အပါးခိုခြင်းမရှိ။ ရံဖန်ရံခါ သီးနှံရိတ်သိမ်းပြီး အစားအသောက်နည်းနည်းခိုးခြင်းသာရှိသည်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်ခိုင်းနေစဉ် ကောင်းယောင်ယောင်ရုံးခန်းထဲရောက်လာသည်။

နောက်တစ်နှစ်ကူးပြီး ဒီကောင်မလေးပိုရင့်ကျက်လာသလိုပင်။ ယုံကြည်မှုပိုရှိပြီး ပိုသဘောကျစရာကောင်းလာသည်။

မန်နေဂျာရာထူးက သူမကိုအတော်ပြောင်းလဲပေးလိုက်ပုံရသည်။

အမျိုးသမီးတစ်ယောက်ကယုံကြည်မှုရှိလျှင် ပိုလှလာတတ်သည်။

မန်နေဂျာတစ်ဦးနှင့်စားပွဲထိုးတစ်ဦး တစ်ပုံစံတည်းအတူတူရပ်နေလျှင် ယုံကြည်မှုနှင့်စိတ်နေသဘောထားမတူသောကြောင့် ဘယ်သူကဉာဏ်ထက်သည်၊ ဘယ်သူကထုံထိုင်းသည် ခွဲခြားဖို့လွယ်သည်။

"​ယောင်ယောင်... ဘာဖြစ်လို့လဲ?''

ချင်လင်ကမေးသည်။

"သူဌေး''

ကောင်းယောင်ယောင်ကအစီရင်ခံသည်_

"ကျွန်မပေးထားတဲ့ဆေးမှုန့်ကုန်သွားပြီ''

ချင်လင်အံ့ဩသွားပြီး_

"ငါပေးတဲ့ဆေးမှုန့်က တော်ဝင်ပညာရှင်ဟောင်သုံးဖို့လောက်ပါတယ်... ဘာလို့ကုန်သွားတာလဲ?''

"ဒီနှစ်ရက်မှာလေ''

ကောင်းယောင်ယောင်ကရှင်းပြသည်_

"တော်ဝင်ပညာရှင်လီနဲ့တော်ဝင်ပညာရှင်လင်းကလည်း ရေပူစမ်းလာရင်ဆေးမှုန့်သုံးပေးဖို့တောင်းကြတယ်''

ချင်လင်ကအကြောင်းရင်းကိုခန့်မှန်းမိပြီး မေးလိုက်သည်_

"တော်ဝင်ပညာရှင်ဟောင်ရဲ့အခြေအနေဘယ်လိုလဲ?''

"သူဌေး''

ကောင်းယောင်ယောင်က တအံ့တဩနှင့်ပြောပြသည်_

"ဆေးမှုန့်က အရမ်းစွမ်းတာပဲ... တော်ဝင်ပညာရှင်ဟောင်ရဲ့ဆံပင်တွေအများကြီးပေါက်လာတယ်''

ထိုစကားကြားပြီး ချင်လင်မအံ့ဩဘဲမနေနိုင်တော့။

အချိန်ကဘယ်လောက်မှမကြာသေး။

"အလုပ်ပြန်သွားလုပ်လိုက်ပါဦး... နောက်မှပေးမယ်''

ချင်လင်ကကောင်းယောင်ယောင်ကိုမှာပြီး တစ်ချက်သွားကြည့်သည်။ ခပ်ဝေးဝေးမှကြည့်ပြီး တော်ဝင်ပညာရှင်ရဲ့ခေါင်းက အခြေအနေပြောင်းနေမှန်းမြင်ရသည်။

တစ်ချက်ကြည့်ရုံနှင့် ခေါင်းမည်းမည်းကိုလှမ်းတွေ့ရသည်။

ဦးရေပြားပြန်ကောင်းခြင်း +၂၊ ဆံပင်ပြန်ပေါက်ခြင်း +၂ အရည်အသွေးက ကောင်းလှချည်လား?

ဒီလိုဆိုရင် အရည်အသွေး ၁ ရေပူစမ်းဆေးမှုန့်က လဝက်လောက်ကြာရင်သိသာနိုင်တယ်မလား?

လဝက်နဲ့မရလို့ တစ်လလောက်ကြာလည်း ကိစ္စမရှိ!

ဒီပြဿနာတက်နေသူတွေကဖြေရှင်းဖို့ အချိန်မယူ၊ အားမစိုက်ဘဲနေမလား?

ထိရောက်နေသရွေ့တော့ အချိန်ကဘာအရေးလဲ?

ဒီစျေးကွက်က တော်တော်ကြီးလိမ့်မည်။

ထိပ်မပြောင်ဘူးဆိုရင်တောင် ဆံစပ်ကျချင်တဲ့သူရှိပါ့မလား?

ဆံပင်ကိုကောင်းကောင်းထိန်းသိမ်းဖို့ပဲဖြစ်ဖြစ် အတော်အသုံးဝင်သည်။

အထူးသဖြင့် ပရိုဂရမ်မာများက နေ့စဉ်လိုအပ်ချက်တစ်ခုလို အသုံးပြုကြလိမ့်မည်။

ထို့နောက် ချင်လင်က အပန်းဖြေစံအိမ်စမ်းသပ်ခန်းထဲသွားပြီး အရည်အသွေး ၂ ဆေးပင်များနှင့် ရေပူစမ်းဆေးမှုန့်ထပ်လုပ်သည်။ ထို့နောက် ကောင်းယောင်ယောင်ဆီပေးလိုက်သည်။

နောက်ရက်များ၌ တော်ဝင်ပညာရှင်ဟောင်၊ တော်ဝင်ပညာရှင်လီနှင့် တော်ဝင်ပညာရှင်လင်းတို့က ရေပူစမ်းတွင်တစ်နေ့နှစ်ကြိမ်စိမ်ပြီး ဆေးမှုန့်သုံးပေးရန်တောင်းဆိုကြသည်။

စီနီယာကြီးသုံးဦးက နေ့တိုင်းနေ့တိုင်း မနက်အိပ်ရာထလာပြီးနောက် ထူးထူးခြားခြားခံစားမိကြသည်။

တော်ဝင်ပညာရှင်ဟောင်ခေါင်းတွင် ဆံပင်များပိုပေါက်ပြီး ဆံပင်အုံပိုကောင်းလာသည်။



All Chapters