← Chapters

အဖွဲ့အစည်းဆိုတာ? အာနိသင်က အံ့ဩစရာ! ၃

Vol. 50 Ch. 750

အဖွဲ့အစည်းဆိုတာ? အာနိသင်က အံ့ဩစရာ! ၃

Vol. 50 Ch. 750

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်း၏ကျိုးတိုးကျဲတဲဆံပင်က အုံထူလာသည်။

အထူးသဖြင့် ထွက်လာသောဆံပင်အားလုံးက အမည်းချည်း။ အဖြူမဟုတ်။

နည်းနည်းတော့ လန့်စရာ။

…

တစ်ပတ်ကုန်လွန်သွားသည်။

ချင်လင်ကပစ္စည်းများပို့ပြီး စံအိမ်ထဲအစောကြီးရောက်နေသည်။ အပန်းဖြေစံအိမ်ပြန်ရောက်သောအခါ တော်ဝင်ပညာရှင်သုံးဦးကိုတွေ့သည်။

တော်ဝင်ပညာရှင်ဟောင်၏မူလခေါင်းပြောင်ပြောင်က ကတုံးဆံတောက်ကေဖြစ်နေပြီ။ အရင်လို ကန္တာရမဟုတ်တော့။

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်း၏ဆံပင်လည်း နည်းနည်းထူလာသည်။

ဒီလိုဆံပင်အုံမျိုးက စီနီယာများကြီးများ၏အသက်အရွယ်တွင်ရှိနိုင်တာမျိုးမဟုတ်။

အထူးသဖြင့် တော်ဝင်ပညာရှင်ဟောင်၏ဆံပင်ကမည်းနက်နေသည်ကိုလည်းသတိထားမိသည်။ တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်း၏ဆံပင်တောင် မည်းနက်သွားသည်။

ဒီအာနိသင်က ပိုလန့်စရာ။ ဦးရေပြားကောင်းပြီး ဆံပင်ပြန်ပေါက်တာ ဒီလိုထင်မထားတဲ့အာနိသင်မျိုးလား? ဒါမှမဟုတ် ကျန်းမာရေးကောင်းစေတဲ့အရည်အသွေးကြောင့် ဒီလိုအာနိသင်မျိုးရှိတာလား?

"သူဌေးချင်... လွန်ခဲ့တဲ့ဆယ်နှစ်က မင်းနဲ့ဘာလို့မတွေ့တာပါလိမ့်?''

တော်ဝင်ပညာရှင်ဟောင်က ချင်လင်ကိုမြင်လျှင် မပြောဘဲမနေနိုင်တော့။ အခုသူ့ဆံပင်ကပြန်ပေါက်လာပြီး ဆယ်စုနှစ်ကြာပူဆွေးမှုကို အနည်းနှင့်အများသက်သာရာရစေသည်။

"တော်ဝင်ပညာရှင်ဟောင်... ဆယ်စုနှစ်ချီကြာဆို ကျွန်တော်တောင်မမွေးသေးဘူး''

ချင်လင်ကပြုံးပြီးပြောလိုက်သည်။ အဲဒီအပြင် စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ဂိမ်းမရှိ၊ သူ့မှာလည်းစနစ်မရှိသေး။

ဒီတော့ အဲဒီအချိန်ကတွေ့လည်း တော်ဝင်ပညာရှင်ဟောင် ပြောင်နေဦးမည်။

"သူဌေးချင်... ဆံပင်ညှပ်ပေးလို့ရမလား? အသစ်ပေါက်တဲ့ဆံပင်နဲ့အရင်ဆံပင်ကမညီဘူး''

တော်ဝင်ပညာရှင်ဟောင်ကပြောရင်းဆိုရင်း သူ့ခေါင်းကိုကိုင်လိုက်သည်။

သူအသားကျနေသောအကျင့်ကြောင့် နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်သွား၏။

ဒီအကျင့်ကိုဖျောက်ရမည်။ မဟုတ်ရင် အသစ်ပေါက်လာတဲ့ဆံပင်လေးတွေပြောင်သွားမှာစိုးသည်။

တော်ဝင်ပညာရှင်ဟောင်ရဲ့တောင်းဆိုချက်ကို ချင်လင်ကဖြည့်ဆည်းပေးရမည်ပင်။ သို့ရာတွင် တော်ဝင်ပညာရှင်တစ်ဦး အပြင်ထွက်ဆံပင်ညှပ်ဖို့ကဒုက္ခများသည်။ သူကချန်တပေကိုဖုန်းဆက်ပြီး အပန်းဖြေစံအိမ်သို့လာညှပ်ပေးမည့်ဆံပင်ညှပ်ဆရာတစ်ယောက်ရှာခိုင်းသည်။

သူဌေးကညွှန်ကြားထား၍ ချန်တပေကရုံးခန်းအပြင်ထွက်ပြီး ကားပါကင်သွားလိုက်သည်!

ကားပါကင်ရောက်ရောက်ချင်း တာဝန်ကျလုံခြုံရေးအစောင့်က သူ့ကိုရိိုရိုသေသေနှင့်_

"မန်နေဂျာချန်!''

"အင်း!''

ချန်တပေကခေါင်းညိမ့်ပြီး သူ့ကားဆီလျှောက်လာသည်။

နောက်တစ်နှစ်ကုန်ပြီး သူလည်းသူ့ကားကို Audi ပြောင်းထားသည်။ အရင်ကားကိုသူ့မိန်းမဆီပေးလိုက်သည်။

ချင်းလင်စံအိမ်ဌာနမန်နေဂျာတစ်ဦးအနေနှင့် သူ့အခြေခံလစာကအလွန်ကောင်းသည်။ စံအိမ်ဝန်ထမ်းများ၏ကော်မရှင်ခပါပေါင်းလျှင် Audi ကားအသာလေးစီးနိုင်သည်။

ချန်တပေက စံအိမ်မှထွက်ပြီး သူမကြာခဏသွားသောဆံပင်ညှပ်ဆိုင်တန်းသွားလိုက်သည်။

သူရောက်လာလျှင် ဆိုင်ရှင်ကချက်ချင်းချိုချိုသာသာနှင့်_

"မန်နေဂျာချန်... ဒီနေ့ ဘယ်လိုပုံညှပ်ချင်လဲ?''

ဆိုင်ရှင်ချိုလည်းချိုချင်စရာ။ ဘာပဲဖြစ်ဖြစ် ချန်တပေကို ချင်းလင်စံအိမ်လုံခြုံရေးဌာနမန်နေဂျာအဖြစ်သူသိထားသည်။ သာမန်လူများအဖို့ ချန်တပေကအရေးကြီးပုဂ္ဂိုလ်ဖြစ်နေသည်။

နောက်ပြီး သူ့ဝန်ထမ်းများက မကြာခဏဆံပင်လာညှပ်တတ်သည်။

"လက်ရာကောင်းတဲ့သူကို ကျွန်တော်နဲ့စံအိမ်လိုက်ဖို့ထည့်ပေးပါ''

ချန်တပေကပြောသည်_

"လူကြီးသုံးယောက်ကိုညှပ်ပေးချင်လို့''

"မန်နေဂျာချန်... ၅ မိနစ်ပဲစောင့်... ကျုပ်ပြီးရင်လိုက်ခဲ့မယ်''

ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကအချိန်မဆိုင်းရဲ။ သူကိုယ်တိုင်လိုက်ဖို့ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် မန်နေဂျာချန်ကတောင် လူကြီးလို့ပြောမှတော့ ထူးကဲသာလွန်သူပဲ​ဖြစ်ရမည်။



ချန်တပေခေါင်းညိမ့်လိုက်သည်။ ခဏအကြာ ဆိုင်ရှင်ကို ချင်းလင်အပန်းဖြေစံအိမ်ခေါ်လာခဲ့သည်။

ချင်းလင်အပန်းဖြေစံအိမ်အပြင်ရောက်လျှင် ဆိုင်ရှင်လည်းအံ့အားသင့်သွားသည်။

ရုံချန်းသားတိုင်း ချင်းလင်အပန်းဖြေစံအိမ်ကိုအဆင့်မြင့်မှန်းသိသော်လည်း တစ်ယောက်မှအထဲမဝင်ဖူး။ အင်တာနက်ပေါ်မှဗီဒီယိုများကြည့်ပြီး လှပသောနေရာမှန်းသာသိသည်။

ဒီနေ့ကံကောင်းပြီးရောက်လာမည်ဟုမထင်မိပေ။

နောက်ပြီး အတွင်းရှုခင်းက ကမ္ဘာပေါ်မှသုခဘုံအလား အလွန်လှသည်။ ဝင်ဝင်ချင်း သူလုံးဝနစ်မျောသွားသည်။

သူကမနေနိုင်ဘဲဖုန်းထုတ်ပြီး အပန်းဖြေတဝိုက်လှပသောရှုခင်းများကိုဓာတ်ပုံလိုက်ရိုက်သည်။ ပြီးလျှင် သူ့အခိုက်အတန့်များတွင်တင်သည်။

လမ်းလျှောက်ဝင်လာရင်း သူ့အခိုက်အတန့်များတွင် ကြွားဖြစ်အောင်ကြွားသေးသည်။

သူ့ကိုမြင်ပြီး ချန်တပေလည်းသတိပေးလိုက်သည်_

"ရှုခင်းကိုရိုက်တာကိစ္စမရှိဘူး... လူကိုမရိုက်နဲ့နော်... အချိန်လည်းမမေးနဲ့... ခဏနေရင် ဆံပင်ညှပ်ဖို့ပဲအာရုံစိုက်ပါ''

"ကျုပ်နားလည်ပါတယ်!''

ဆိုင်ရှင်ကအမြန်ခေါင်းညိမ့်လိုက်သည်။ သူငတုံးမဟုတ်။ တစ်ကြိမ်တစ်ခါလာနိုင်တာပဲ ကံကောင်းလှပြီ။ ဒီအပန်းဖြေစံအိမ်အဆင့်မြင့်ကြောင်း၊ အရေးပါအရာရောက်သောပုဂ္ဂိုလ်များသာနေ​ထိုင်ကြောင်း အားလုံးသိကြသည်။ သူသေဒဏ်မကျချင်။

ချန်တပေလည်း ဆိုင်ရှင်ကိုကောင်းယောင်ယောင်ဆီခေါ်သွားပြီး တော်ဝင်ပညာရှင်ဟောင်တို့သုံးဦးအတွက်ဆံသရန်ပြင်ဆင်ခိုင်းသည်။

အချိန်အကြာကြီးကြာပြီးနောက် ဆိုင်ရှင်ကတော်ဝင်ပညာရှင်သုံးဦးကိုဆံပင်ညှပ်ပြီးသွားသည်။ ထို့နောက် ချန်တပေကသူ့ကိုအပြင်ပြန်ခေါ်သွားသည်။

ချန်တပေကကောင်းကောင်းမွန်မွန်ပြုမူတတ်သူပင်။ ဆိုင်ရှင်ကိုဆိုင်ပြန်ပို့ပြီးမှ စံအိမ်ပြန်မောင်းလာသည်။

ဆိုင်ရှင်ဆိုင်ပြန်ရောက်သောအခါ ဆံသဆရာ၊ အလုပ်သင်နှင့် ခေါင်းလျှော်သူများက ဝိုင်းမေးကြသည်_

"သူဌေး... ချင်းလင်အပန်းဖြေစံအိမ်ကို တကယ်ရောက်ခဲ့တာလား?''



"သူဌေး... ဒီနေ့ကျွန်တော်တို့ကိုဒကာခံ''

"အွန်း... ကံကောင်းလိုက်တာ''

“……”

သူတို့အားလုံးက သူအခိုက်အတန့်များတွင်တင်ထားသောဗီဒီယိုကိုမြင်ထားသည်။ ချင်းလင်အပန်းဖြေစံအိမ်ကိုသွားနိုင်တာ ရုံချန်းမှာလုံးဝအားကျစရာပင်။

……

ချင်းလင်အပန်းဖြေစံအိမ်_

ဆံသဆရာ၏လက်ရာကို သုံးယောက်သားအတော်လေးကျေနပ်နေကြသည်။ အသစ်ပေါက်လာသောဆံပင်ကြောင့် ကတုံးဆံတောက်ကေသာညှပ်ရသော်လည်း သပ်သပ်ရပ်ရပ်၊လတ်လတ်ဆတ်ဆတ်နှင့် ငယ်ပုံပေါက်သွားသည်။

ဟာသမဟုတ်။ ဆံပင်ထူလာသောကြောင့် ပြောင်းလဲမှုပင်။

"ဒီတစ်ယောက်လက်ရာက သေသေသပ်သပ်ပဲ''

တော်ဝင်ပညာရှင်ဟောင်က သူ့ကိုယ်သူမှန်ထဲစိုက်ကြည့်နေသည်။ ကန္တာရထဲကြာရှည်နေခဲ့ရသောသူအဖို့ စိမ်းစိမ်းစိုစိုတောအုပ်က ထူးထူးခြားခြားအဓိပ္ပါယ်ရှိနေသည်။

ထို့နောက် မနေနိုင်ဘဲ သူ့ဖုန်းနှင့်ဆဲလ်ဖီဆွဲကာ အဖွဲ့ထဲပို့လိုက်သည်။

ထိုအဖွဲ့စကားပြောဆော့ဖ်ဝဲမှာ Wechat လိုပြင်ပဆော့ဖ်ဝဲမဟုတ်ဘဲ တရုတ်သိပ္ပံအကယ်ဒမီကလုပ်ထားသောအတွင်းရေးဆော့ဖ်ဝဲဖြစ်သည်။

တရုတ်သိပ္ပံအကယ်ဒမီဝန်ထမ်းများက ဆက်သွယ်ပြောဆိုရန် ထိုဆော့ဖ်ဝဲကိုသာသုံးလေ့ရှိပြီး Wechat မှာ နေ့စဉ်အထောက်အကူလောက်သာဖြစ်သည်။

သူပို့သောအဖွဲ့မှာ တရုတ်သိပ္ပံအကယ်ဒမီတော်ဝင်ပညာရှင်များအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ထဲတွင် တော်ဝင်ပညာရှင်များနှင့်ဝန်ကြီးလုလိုခေါင်းဆောင်များသာပါသည်။

သူပို့ပြီးနောက် တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းတို့လည်း ဓာတ်ပုံပို့ထားမှန်းသိလိုက်ရသည်။

သူတို့သုံးယောက်သား ဆံပင်ထူထူနှင့်ပုံများက အဖွဲ့ထဲဂယက်ထသွားလေသည်။

အထူးသဖြင့် တော်ဝင်ပညာရှင်ဟောင်၏ဆံပင်အုံမည်းမည်းကိုမြင်လိုက်ရသောအခါ_

“????” ဝန်ကြီးလု။

“????” တော်ဝင်ပညာရှင် ၁။

“????” တော်ဝင်ပညာရှင် ၂။

……



All Chapters