ပိုပြီး အင်အားကြီးတာ တစ်ခုခုရှိတယ်..
Vol. 43 Ch. 631
#ဘာသာပြန် = စနိုးဝှိုက်
ယင်းနောက် လူတိုင်းဟာ တိတ်ဆိတ်နေကြပြီး သူတို့ကို ကြည့်နေခဲ့ကြတယ်..။
ဂေါ့ဖားသား မာက..ဒေါ်လာ ၁ ဘီလီယံ ပေးလိုက်တာဖြစ်ပြီး ဒါက နည်းပါးတဲ့ ပမာဏတော့ မဟုတ်ပါဘူး..။သူတို့ အကုန်လုံး ပေါင်းလိုက်ရင်တောင် လက်ရှိ ထုတ်နိုင်တဲ့ ပမာဏက ဒေါ်လာ ၁ ဘီလီယံ ပြည့်ဖို့ မဖြစ်နိုင်လောက်ပေ..။
ဒီငနဲ နောက်ပိုင်းပြသနာ ကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို သူတို့ ကြည့်ချင်မိပါသေးတယ်..။နတ်ဆေးဆရာလေးက မာချင်ကျိုး ဆီက ဒေါ်လာ ၁ ဘီလီယံတောင် ယူပြီးသွားပြီ ဆိုမှတော့ ဒီနေရာကနေ အေးအေးဆေးဆေး ပြန်ထွက်ခွာဖို့ ဆိုတာက မဖြစ်နိုင်တော့ပါဘူး..။
ဝိုင်ခွက်ကို ကိုင်ထားတဲ့ ရုပ်ရည်ခန့်ညာတဲ့ လူတစ်ယောက်ဟာ အခြေအနေတွေကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ဘယ်လောက်သနားစရာကောင်းလဲ..ဒီလို အခွင့်အရေးကောင်းကို..သူက ဘယ်လို အသုံးချရမလဲ ဆိုတာ မသိဘူး..။အခု သူကမာချင်ကျိုးကို ဒီလို ဖိအားပေးထားမှတော့..ချင်ကျိုးမှာ သူ့ရဲ့ ဘဝက ခက်ခဲတော့မယ်.."
နောက်ထပ် ချမ်းသာပုံရတဲ့ အမျိုးသမီးဟာ ခေါင်းညိမ့်လိုက်ပါတယ်..။
"ဟုတ်တယ်..ဒီကမ္ဘာကြီးမှာ အရည်အချင်းဆိုတာက မရှားပါဘူး..။အခွင့်အရေးကို ဆုပ်ကိုင်နိုင်တဲ့ လူက မှ ရှားပါးတယ်..။သူက တကယ်ပဲ ဒေါ်လာ၁ ဘီလီယံ တောင်းခဲ့တာပဲ.."
"ငါတို့လည်း ဒီနေ့ည တိုက်ပွဲကို ကြည့်ဖို့ ကံတရား ပါလာတယ် ထင်တယ်..။ဆက်ပြီး စောင့် ကြည့်ကြတာပေါ့."
သူတို့က ခန်းမထဲမှာ ဆိုပေမယ့်..လင်းဖန်တို့ ပြောနေကြတဲ့ အခန်းက မှန်အကြည်တွေ နဲ့ လုပ်ထားတဲ့ အခန်းဖြစ်တာကြောင့် ဘာတွေ ဖြစ်နေလည်း မြင်နေပါတယ်..။
…
လူအုပ်ကြီးဟာ လင်းဖန် လူပ်နေတာတွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။သူတို့အတွက်ကတော့ တကယ်လို့သူတို့သာ..ဂေါ့ဖားသား မာကို ကယ်တင်ဖို့ အခွင့်အရေးရမယ်ဆိုရင် တွေဝေမနေပဲချက်ချင်း ကယ်တင်လိုက်ကြမှာပါ..။
သက်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက်ဟာ ခေါင်းခါယမ်းလိုက်တယ်..။သူ့ကိုတော့ ချင်ကျိုးက အချမ်းသာဆုံး လူတစ်ယောက်အဖြစ်သိထားကြပါတယ်..။သူက ချင်ကျိုးက စီးပွားရေး လေးပုံ တစ်ပုံလောက်တောင် ထိန်းချုပ်ထားတာပါ..။သူက တကယ် ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ပြီး..တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်း အယောက်တစ်ရာ စာရင်းမှာတောင် ဝင်ပါတယ်..။
သို့ပေမယ့်..သူ့ရဲ့ ပိုင်ဆိုင်မူတွေဟာ..ဖြည်းဖြည်းချင်း လျော့ကျလာခဲ့ပေမယ့်..အများကြီးတော့ ရှိပါသေးတယ်..။
"လူငယ်တွေက ဒီလိုပဲ..။သူတို့က အရည်အချင်းလေး နည်းနည်းလေးရှိတာနဲ့ လူတိုင်းကို ပုခုံးချင်း ယှဥ္နိုင်ပြီလို့ ထင်နေကြတယ်..။သူက နတ်ဆေးဆရာ ဖြစ်တော့ရော ဘာအရေးလဲ..။ငွေကြေးနဲ့ ပါဝါ ရဲ့ ရှေ့မှာတော့ သူက စက္ကူပေါ်က ကျားတစ်ကောင်လိုပဲ.."
"အကြီးအကဲ ကျန်း ပြောတာ မှန်တယ်..။ဒါက တကယ်ကို သနားစရာကောင်းတာပဲ.."
…
မာချင်ကျိုး လင်းဖန်ကို ကြည့်လိုက်တယ်..။
"ငါ ဒေါ်လာ ၁ ဘီလီယံ ပေးပြီးသွားပြီ..။အခု ကျေးဇူးပြုပြီး ငါ့ရောဂါကို ကုပေးလို့ရမလား..."
လင်းဖန် ကျန်တဲ့လူတွေကို ကြည့်ပြီး မတ်တတ်ထရပ်လိုက်တယ်..။နတ်ဆေးဆရာလေးက သူ့ကို ကုသပေးတော့မယ် ထင်ပြီး မာချင်ကျိုး ပြုံးလိုက်ပါတယ်..။
သိူ့ပေမယ့် အခြေအနေက ပုံမှန်မဟုတ်ပါဘူး..။
ဒီငနဲက..ထွက်ပေါက်ကို လျောက်သွားဖို့ လုပ်နေတာ သူ သတိထားမိလိုက်ပါတယ်..။သူ့ကြည့်ရတာ ရောဂါကို ကုသပေးမယ့်ပုံ လုံးဝမပေါ်ပေ..။
"မင်း ဘာလုပ်နေတာလဲ.."
မာချင်ကျိူး လေးနက်စွာ ပြောလိုက်တယ်..။ပြီးတော့ သူ လီရန်ကို အချက်ပြလိုက်ပါတယ်..။
လင်းဖန် ဆက်လျောက်နေခဲ့တယ်..။
"ကျုပ်ဘာမှ မလုပ်ပါဘူး..။ကျုပ်က ပိုက်ဆံကို ပြန်လာတောင်းတာလေ..။အခုရပြီ ဆိုတော့ ပြန်တော့မယ်..။ခင်ဗျားရဲ့ ရောဂါကို ကုပေးဖို့ ဆိုတာကတော့ စိတ်ကူးယဥ္မနေနဲ့..။ဒါက မဖြစ်နိုင်တဲ့ အရာပဲ..။ကျုပ်ခင်ဗျားကို ကယ်တင်လိုက်ရင် တစ်ခြား လူတွေ အတွက်..နာကျင်စရာပဲ ဖြစ်လာလိမ့်မယ်..။ကျုပ်သဘောတူရင်တောင်.ချင်ကျိုးက လူထုက လက်ခံနိုင်ကြမှာမဟုတ်ဘူး.."
ဟင်..
အားလုံး ဆွံ့အသွားခဲ့ကြတယ်..။
ခန်းမထဲက လူတိုင်းက ဝိုင်ခွက်တွေကို ကိုင်ထားပြီးလင်းဖန်ကို အံဩစွာ ကြည့်နေခဲ့ကြပါတယ်..။
ဘာ...
"ဒီငနဲ ဘာပြောလိုက်တာလဲ.."
"သူက ပိုက်ဆံယူပြီး ဂေါ့ဖားသား မာကို မကုပဲ ထွက်သွားဖို့ လုပ်နေတာ ထင်တယ်.."
"ချီးပဲ ငါနားကြားမှားနေတာလား.."
"ချီးပဲ..ရူးသွပ်စရာပဲ..။သူ့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တောပဘူး.."
"သူနဲ့ ဝေးဝေးမှာ နေရအောင်.."
"ဒီီလို လူမျိုးတွေက ဂေါ့ဖားသား မာ အတွက်..
ပုရွတ်ဆိတ် သာသာပဲ..။တစ်ခါတုန်းက ဂေါ့ဖားသားမာက နိုင်ငံကျော် အဆိုတော် တစ်ယောက်ကို ပါတီတစ်ခုအတွက် ဒေါ်လာ ၄ သန်းနဲ့ ငှားခဲ့တယ်လေ..။နောက်တော့ သူ မကြိုက်တော့တာနဲ့ ဒေါ်လာ ၁သောင်းပေးပြီး ထွက်သွားလို့ ပြောခဲ့တယ်..။အဲ့လူက ဂေါ့ဖားသား မာကို ပိုက်ဆံ ထပ်ပေးဖို့ ပြသနာရှာနေခဲ့တာ..။ဂေါ့ဖားသား မာက သူ့ကို စကားတစ်ခွန်းပဲ ပြောခဲ့တယ်.."
"ဒူးထောက် တောင်းပန်ပြီး အခုချက်ချင်း ထွက်သွား..။မဟုတ်ရင် ချင်ကျိုးက ထွက်သွားဖို့ မစဥ္းစားနဲ့တော့တဲ့..။နောက်ဆုံးတော့ တစ်ယောက်ယောက်က ကြားဝင်ပြီး ဖြေရှင်း ပေးခဲ့ရတယ်.."
…
"အဲမှာ ရပ်နေလိုက်.."
ဂေါ့ဖားသား မာ အော်လိုက်တယ်..။
"မင်း ဒီကိုလာပြီးတာနဲ့ ဒီလိုမျိူးထွက်သွားလို့ရမယ် ထင်နေတာလား..။မင်းက ငါ့ကို ဘယ်လို လှည့်စားရဲတာလဲ..။မင်းမှာ အသက်ဘယ်နှစ်ချောင်းပါနေတာလဲ ငါ ကြည့်ချင်သေးတယ်.."
ရုတ်တရက် ဘောဒီဂတ် အုပ်စုလိုက် ထွက်ပေါ်လာခဲ့ကြပါတယ်..။သူတို့အကုန်လုံး ကြွက်သားတောင့်တင်းပြီး အကြောက်အလန့်ကင်းတဲ့ ပုံစံတွေနဲ့ပါ..။သူတို့ရောက်တဲ့ အချိန်မှာ လူတိုင်း ကြောက်လန့်သွားခဲ့ကြတယ်..။
ေဘာ်ဒီဂတ် တစ်ယောက်ချင်းစီတိုင်းက ကျွမ်းကျင်အဆင့်တွေဆိုတာ သူတို့ သိထားကြပါတယ်..။
ဒီငနဲ ဒီနေရာကနေ ထွက်သွားဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။
မာချင်ကျိူး ဒေါသထွက်စွာ မတ်တတ်ထရပ်လိုက်ပြီး..
"မင်း ဒီနေရာကနေ လုံလုံခြုံခြုံ ထွက်သွားလို့ရမယ်များ ထင်နေတာလား.."
လင်ဖန် ရပ်လိုက်ပြီး နောက်ပြန်လှည့်လိုက်တယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ကျုပိ ဒီကို လာရဲတယ် ဆိုမှတော့ ပြန်ထွက်သွားဖို့ ယုံကြည်ချက်ရှိတာပေါ့..။ခင်ဗျား ကျုပ်ကို တားနိုင်မယ်လို့ ထင်နေတာလား.."
"ဟမျ့.."
မာချင်ကျိုး နှာခေါင်းရှုတ်လိုက်တယ်..။
"သူတို့ တားနိုင်မလားတော့ မသိဘူး..ဒါပေမဲ့ မင်း ဒီနေရာကနေ အေးအေးဆေးဆေး ထွက်သွားလို့ မရတာတော့ သေချာတယ်.."
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်..။ငါ့ရောဂါကို ကုပေးပြီး ပိုက်ဆံ ကို အခုချက်ချင်းပြန်လွှဲလိုက်..။ပြီးတော့ ဒူးထောက်ပြီး တောင်းပန်..။ဒါဆိုရင် မင်းကို ချင်ကျိုးက လုံလုံခြုံခြုံ ထွက်သွားခွင့်ပေးမယ်..။မဟုတ်ရင်တောင်..ချင်ကျိူးမှာ ဒီည အလောင်း တစ်လောင်း ပိုလာပြီး လိူ့သာ မှတ်လိူက်တော့.."
လင်းဖန် နှာခေါင်းရှုတ်လိုက်တယ်..။
"ဟားဟား..အိပ်မက်မက်နေတာပဲ.."
ယင်းနောက် လင်းဖန် ဒီနေရာကနေ ထွက်သွားဖို့ ပြင်ဆင်လိုက်တယ်..။သူ ဒီလူနဲ့ ထပ်ပြီး အချိန်မဖြုန်းချင်တော့ပါဘူး..။
"သူက သေချင်နေတာပဲ..။အဲ့ကောင်ကို ဖမ်းထားလိုက်.."
ဒီငနဲက အတော်ကို မောက်မာလွန်းပါတယ်..။မာချင်ကျိုး ထပ်ပြီး သည်းမခံနိုင်တော့ပေ..။သူဒီလို လူမျိုးနဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါဘူး..။
သူက ဘယ်သူလဲ..။
သူက ချင်ကျိုးက မာချင်ကျိုးပါ..။ဘယ်လိုလုပ်ပြီး ယင်ကောင် တစ်ကောင်က သူ့ရှေ့မှာ လာမောက်မာ နေရတာလဲ..။တကယ်လို့ လူ့ရဲ့ အင်အားကို သာ မမြင်ရဘူးဆိုရင် ဒီငနဲက မာချင်ကျိူး ဆိုတာ အလကားလူလို့ ထင်သွားတော့မှာပါ..။
လူအုပ်ပြီးဟာ အလျင်အမြန်ပဲ လင်းဖန် ရဲ့ အဝေးကို ရှောင်လိုက်ကြတယ်..။
"ဒီငနဲတော့ အဆုံးသတ်ပြီ.."
"သူက တကယ်သေချင်နေတာပဲ..။ဂေါ့ဖားသားမာ ဆက်ပြီး သည်းမခံနိုင်တော့ဘူး.."
"သူသာ ဂေါ့ဖားသား မာ လက်ထဲရောက်သွားရင် တစ်စစီ အရေခွံ ဆုတ်ခံရမှာ.."
…
ယင်းနောက် လင်းဖန် ဘောဒီဂတ်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။ကြည့်ရတာ သူ့ရဲ့ အရည်အချင်းတွေကို မဖြစ်မနေ အသုံးချရတော့မယ့်ပုံပါပဲ..။
"မင်းက ဘယ်လိုလုပ်ပြီး ဂေါ့ဖားသား မာကို လာရှုပိရဲတာလဲ..။ဒီညတော့ ထွကိသွားဖို့ မစဥ္းစားနဲ့.."
ဘော္ဒီဂတ် တွေဟာ လင်းဖန်ဆီကို..အလျင်အမြန် ပြေးဝင်လာခဲ့ကြတယ်..။
လင်းဖန် အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်ပါတယ်။သူ့မှာ ဝူရှ ကိုယ်ခံပညာ အဓိက အသိပညာ အခန်း မရှိရင်တောင် ဒီကောင်တွေလောက်ကို အချိန်ခနလေး အတွင်း အမှောက်သိပ်လို့ရပါတယ်..။အခု ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး..။
ဘန်း..
လင်းဖန်စပြီး လှုပ်ရှားလိုက်တယ်..။
လူတိုင်းက သူ့ကို အံ့ဩသင့်စွာ ကြည့်နေကြပါတယ်..။
အာ..
အော်သံတွေ ဆက်တိုက်ကြားလိုက်ကြရပါတယ်..။
ကြောက်လန့်မူ ကင်းပါတယ် ဆိုတဲ့ ဘော်ဒီဂတ်တွေဟာ ရုတ်တရက် ..ကျည်ဆန်တွေလို ဖြစ်သွားခဲ့ကြတယ်..။တစ်ချို့တွေဆိုရင် နံရံတွေ အထိတောင် လွင့်သွားခဲ့ကြပါတယ်..။
သွေးထွက်မူ တွေဟာ စတင်ဖြစ်ပေါ်လာခဲ့တယ်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
လူတိုင်း ကြောင်အနေခဲ့ကြပါပြီ..။
ဘာတွေဖြစ်နေတာလဲ..။
လူသားတစ်ယောက်က ဒီလောက်အထိ စွမ်းဆောင်နိုင်တာလား..။
မာချင်ကျိူး လင်းဖန်ကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။ဘာတွေဖြစ်နေလဲ သူ မသိတော့ပါဘူး..။
ဘယ်လိုဖြစ်နိုင်မှာလဲ..။
သူ့လူတွေ အကုန်လုံး လင်းဖန် ရဲ့ ရိုက်ချက် တစ်ချက်ကိုတောင် မတောင့်ခံနိုင်ကြပေ..။လင်းဖန် တစ်ချက်ရိုက်တာ ခံလိုက်ရတဲ့လူက နောက်တစ်ခါ ပြန်မထလာတော့ပါဘူး..။သူတို့ မထနိုင်တာလား..မထချင်တာလား ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပေ..။
လင်းဖန် လှည့်လိုက်ပြီး မာချင်ကျိူး ကိုကြည့်လိုက်တယ်..။
မာချင်ကျိူး အံဩပြီး တုန်ရီနေခဲ့တယ်..။
"မင်း..."
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်တယ်..။
"ဂေါ့ဖားသား မာ ကျုပ်က ခင်ဗျားနဲ့ အေးဆေး ကစားချင်တာလဲ..။ဒါပေမဲ့ တစ်ချို့အရာတွေကို ကြမ်းတမ်းမှ ဖြစ်မယ် ဆိုတာ ခင်ဗျားက သင်ပြပေးနေတာပဲ.."
ယင်းနောက် သူ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး..
"ချစ်လှစွာသော ကပ်ပါးကောင်တို့..အကုန်လုံး ထွက်သွားပြီး အပြင်က စောင့်နေကြပါ..။ကျုပ် ဂေါ့ဖားသား မာနဲ့ ဆွေးနွေးစရာလေး ရှိသေးတယ်.."
ကပ်ပါးကောင်လား..
ဒီငနဲက သူတို့က တကယ်ပဲ ကပ်ပါးကောင်လို့ ခေါ်လိုက်တာပါ..။
အကုန်လုံး ဒေါသထွက်သွားခဲ့တယ်..။
သို့ပေမယ့် သူတို့ လင်းဖန် ရဲ့ အင်အားကို ပြန်တွေးမိပြီး တိတ်ဆိတ်နေခဲ့ကြပါတယ်..။အစက မာချင်ကျိုး ဒီငနဲကို အေးဆေး အဆုံးသတ်နိုင်တယ်လို့ သူတို့ထင်ထားကြတာပါ..။အခုတော့ အခြေအနေက မတူတော့တဲ့ ပုံပါပဲ..။
သူတို့ထွက်သွားခဲ့တယ်..။
အကုန်လုံး ထွက်သွားခဲ့ကြပါတယ်..။
ွေဂါ့ဖားသားမာ..လီရန်..လင်းဖန်နဲ့ အခန်းထဲက ဘော်ဒီဂတ်တွေသာ ကျန်ကြပါတော့တယ်..။
ဂေါ့ဖားသား မာ အံ့ဩစွာ ပြောလိုက်တယ်..။
"မင်းက ဘာလို့ ဒီလောက် အင်အားကြီးနေရတာလဲ.."
လင်းဖန် ရယ်မောပြီး မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်တယ်..။
"ဒီထက်ပိုပြီး အင်အာကြီးတာက ရှိသေးတယ်.."