ဒါက လူသားတစ်ယောက် တောင်ဟုတ်ရဲ့လား..
Vol. 43 Ch. 632
#ဘာသာပြန် = စနိုးဝှိုက်
လူတိုင်းဟာ အပြင်ကို ထွက်လိုက်ကြပြီး..စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ကြပါတယ်..။
"ချီးပဲ..ဒီငနဲက အံ့ဩစရာပဲ..။သူက ဂေါ့ဖားသား မာ နဲ့ ရန်သူတွေ ဖြစ်ချင်နေတာဖြစ်မယ်.."
"အခုနက ဘာတွေ ဖြစ်သွားတာလဲ..။ဘော်ဒိီဂတ်တွေက သေချာလေ့ကျင့်ထားတဲ့ လူတွေ မဟုတ်ဘူးလား..။သူတို့အဖွဲ့ရဲ့ေခါင်းဆောင် ဆိုရင်..ကိုယ်ခံပညာ ပြိုင်ပွဲမှာ ချန်ပီယံတောင် ဖြစ်သွားတာလေ..။သူက တစ်ချက်ပဲ အရိုက်ခံလိုက်ရသေးတယ်..ဒီလောက် လွယ်လွယ်နဲ့ ရှုံးနိမ့်သွားတာလား.."
"ကြောက်စရာပဲ..တကယ်ကြောက်စရာအပဲ..။ဒီလူ ဘယ်လိုလုပ်သွားလဲဆိုတာတောင် မမြင်လိုက်ရဘူး..။အရမ်းမြန်လွန်းတယ်.."
"ဒီနတ်ဆေးဆရာလေးမှာ တကယ်နောက်ခံကောင်းကောင်းရှိတယ်..။အဲတာက ဘယ်သူမှ မဟုတ်ဘူး သူကိုယ်တိုင်ပဲ..။ဒီတစ်ကြိမ်တော့ ဂေါ့ဖားသား မာ အဆုံးသတ်ပြီ.."
"ဟားဟား..တိုက်ခိုက်တာ အပြင်သူက ဘာလုပ်နိုင်လို့လဲ..။ဂေါ့ဖားသား မာက ဘယ်သူလဲဆိုတာ မသိဘူးလား..။ဒီငနဲက သူ့ကို ဘာမှ လုပ်နိင်မှာ မဟုတ်ဘူး.."
"ဒါအမှန်ပဲ.တကယ်လို့..ဂေါ့ဖားသား မာသာ တစ်ခုခု ဖြစ်ခဲ့ရင်..ဒီငနဲ ဘယ်မှာမှ ပုန်းလို့ရမှာ မဟုတ်ဘူး.."
လူအုပ်ကြီးဟာ ဆွေးနွေးနေခဲ့ကြပါတယ်..။သူတို့ ဒီလို လူမျိုးကို အရင်တုန်းက မမြင်ဖူးပါဘူး..။
ဒါက ကိုယ့်ဒုက္ခကိုယ်ရှာ သလိုဖြစ်နေတာ မဟုတ်ဘူးလား..
အခန်းထဲတွင်...။
လင်းဖန် ပြုံးပြီး မာချင်ကျိုးကို ကြည့်လိုက်တယ်..။
"ဂေါ့ဖားသား မာ..ဘယ်လိုလဲ..။ခင်ဗျား ဘာဆက်လုပ်ဖို့ တွေးထားလဲ.."
မာချင်ကျိုး လင်းဖန်ကို လေးလေးနက်နက် ကြည့်လာခဲ့တယ်..။ဒီကောင်လေးရဲ့ တိုက်ခိုက်ရေး စွမ်းရည်က အရမ်းမြန်လွန်းပါတယ်..။ဘယ်လိုလုပ်ပြီး ဒီလောက် ကျွမ်းကျင်နေရတာလဲ..။
ဒါက မဖြစ်နိုင်တာ..။ဒီအသက်အရွယ်နဲ့ ဘယ်သူကမှ..ဒီလောက်အထိ မကျွမ်းကျင်နိုင်ပါဘူး..။
မာချင်ကျိုး တိတ်ဆိတ်နေခဲ့တယ်..။သူ လင်းဖန်ကို အံ့ဩသင့်စွာ ကြည့်နေခဲ့ပါတယ်..။သူ့ကြည့်ရတာ လင်းဖန်ရဲ့ လျို့ဝှက်ချက်ကို ရှာဖွေနေတဲ့ ပုံပါပဲ..။သိုပေမယ့် ဘာမှားနေတာလဲ ဆိုတာကိုတော့ မပြောနိုင်ခဲ့ပေ..။
လင်းဖန် ပြောလိုက်တယ်..။
"ဂေါ့ဖားသား မာ..ဘာဖြစ်တာလဲ..။စကားတောင် မပြောနိင်တော့ဘူးလား.."
လီရန်ဟာ ဘေးနားမှာ ရပ်နေခဲ့တယ်..။အခြေအနေက ဒီလို ပြောင်းလဲသွားလိမ့်မယ်လိူ့ သူမထင်ထားခဲ့ပါဘူး..။ဒီအခြေအနေက သူတို့ ထိန်းချုပ်မူအောက်မှာ ရှိမနေတော့ပါဘူး..။နတ်ဆေးဆရာလေးက တကယ်ကို..သန်မာနေခဲ့တာပါ..။အခုဆိုရင် သူနဲ့ မာချင်ကျိုးပဲ ကျန်ပါတော့တယ်..။သူတို့နှစ်ယောက်ထဲနဲ့ ဆက်ပြီး တိုက်ခိုက်ဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိင်တော့ပေ..။
"နတ်ဆေးဆရာလေး..ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့..။ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်..။တကယ်လို့ တောင်းဆိုစရာ တစ်ခုခု ရှိရင် ကျွန်တော်တို့ကို ပြောပါ..။ကျွန်တော်တို့ ကျေနပ်အောင် ဖြည့်ဆည်းပေးပါ့မယ်.."
လီရန် အဆင်ပြေအောင် ပြောလိုက်တယ်..။သူ နတ်ဆေးဆရာလေးနဲ့ ညှိနှိုင်းဖို့ပဲ တတ်နိုင်ပါတော့တယ်..။မဟုတ်ရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာဘယ်သူမှ မပြောနိုင်ပေ..။
မာချင်ကျိုး အသက်ပြင်းပြင်းရူပြီး လင်းဖန်ကို လေးနက်စွာ ကြည့်လိုက်တယ်..။
"မင်းငါ့ကို တစ်ခုခု လုပ်နိုင်မယ်လို့တော့ ငါမယုံဘူး.."
"ဟားဟား.."
လင်းဖန် ရယ်လိုက်တယ်.."
"ပိုပြီး ဆန်းကြယ်တဲ့အရာတွေ ရှိတယ်လို့ ခင်ဗျားကို ကျုပ်မပြောဘူးလား..။အခု ခံစားကြည့်လိုက်.."
"မလှုပ်နဲ့.."
ရုတ်တရက် မာချင်ကျိုး သူ့ အိတ်ထဲက ပစ္စတိုကို ထုတ်လိုက်ပါတယ်..။
"မင်း တစ်လှမ်းရွေ့တာနဲ့ ငါ မင်းကို သတ်မယ်.."
မာချင်ကျိုးက ချင်ကျိုးက နယ်ခံလူမိုက်တစ်ယောက်ပါ..။သူ သွားတဲ့နေရာတိုင်းကို လက်နက်ယူသွားလေ့ရှိပါတယ်..။ဒီနိုင်ငံမှာ လက်နပ်ပိုင်ဆောင်ထားနိုင်တယ် ဆိုတာက ပုံမှန်ပါပဲ..။သို့ပေမယ့် အများစုက လေသေနတ်နဲ့ အမဲလိုက်သေနတ်ကိုပဲ ဆောင်ထားကြလေ့ရှိပါတယ်..။
ပစ္စတိုကို မြင်တဲ့ အချိန်မှ လီရန် စိတ်သက်သာရာ ရသွားခဲ့တယ်..။အခြေအနေက ထိန်းချုပ်မူအောက်ရောက်သွားသလို သူခံစားလိုက်ရပါတယ်..။
ဒီ ငနဲက လျင်မြန်တယ် ဆိုရင်တောင် ကျည်ဆန် ကိုတော့ ရှောင်နိုင်မှာ မဟုတ်ပါဘူး..။
"ငါမင်းကို ကျည်တစ်တောင့်ထဲနဲ့ တင်သတ်နိုင်တယ် ဆိုတာ ယုံလား.."
မာချင်ကျိုး လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။
"မင်းက ငါနဲ့ မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရပေမယ့် မဆုပ်ကိုင်နိုင်ခဲ့ဘူး..။အခု ငါ့ရှေ့မှာ ဒူးထောက်လိုက်တော့.."
"ဒူးထောက်လိုက်.."
မာချင်ကျိုးကတော့..သူ့လက်ထဲက သေနတ်နဲ့ဆိုရင် ကမ္ဘာကြီးကိုတောင် စိုးမိုးနိုင်တယ်လို့ ခံစားနေရပါတယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျားက ခြောက်လုံးပြူး ကိုင်ထားတာနဲ့ မကောင်းမူတွေ လုပ်လို့ရမယ် ထင်နေတာပဲ..။တကယ် ေ
မျှော်လင့်ချက်မဲ့နေပြီ.."
"ဟားဟား.."
မာချင်ကျိုး စတင်ပြီး ရယ်မောလို်က်တယ်..။သူ လင်းဖန်ကို အရူးတစ်ယောက်လို ကြည့်လိုက်ပါတယ်..။
"ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ် ..အခုဒူးထောက်လိုက်.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ခင်ဗျားက ဘယ်အခြေအနေ ရောက်နေလဲ ဆိုတာကို မသိသေးဘူးထင်တယ်..။သေနတ်ရှ်ိတာနဲ့ ကျုပ်ကို ထိန်းချုပ်နိုင်ပြီ ထင်နေတာလား.."
ဒိုင်း..
မာချင်ကျိုး ချက်ချင်း ကြမ်းပြင်ကို ပစ်လိုက်တယ်..။ပစ္စတို အသေးလေးက နေ ယမ်းငွေ့တွေ ထွက်ပေါ်လာခဲ့ပါတယ်..။
"ငါ ထပ်မပြောတော့ဘူး..။မင်း အခုဒူးမထောက်ရင်..သေရလိမ့်မယ်..။ချင်ကျိုးမှာ လူတစ်ယောက် သတ်ဖို့က ငါ့အတွက် ခက်ခဲတဲ့ အရာမဟုတ်ဘူး.."
အပြင်ဘက်က လူတွေဟာ တုန်လှုပ်သွားခဲ့ကြတယ်.."
"အထဲကနေ သေနတ်သံထွက်လာတာပဲ.."
"ဘာတွေဖြစ်နေတာလဲ..။ဘယ်သူ ပစ်လိုက်တာဖြစ်နိုင်မလဲ.."
"မင်း စောက်ရေးမပါတာတွေ ပြောနေတာပဲ..။ဒါက ကျိန်းသေ ဂေါ့ဖားသား မာ ပဲပေါ့..။သူက လွဲပြီး ဘယ့်သူ့ဆီမှာ သေနတ်ရှိနိုင်ဦးမှာလဲ.."
"ဟိုငနဲ သေသွားပြီလား တစ်ယောက်ယောက် ကြည့်လိုက်စမ်းပါ..
"မင်းသွားခိုးကြည့်ရင် နောက်ထပ်သေမယ့်လူက မင်းဖြစ်သွားလိမ့်မယ်.."
သူတို့ အကုန်လုံးက ချင်ကျိုးက သူဌေးတွေပါ..။သူတို့က တစ်ခြားလူတွေ ရှေ့မှာဆိုရင် အမြဲတမ်း မောက်မာပြီး ဂုဏ်ယူလေ့ရှိကြပါတယ်..။သို့ပေမယ့် ဂေါ့ဖားသား မာရဲ့ ရှေ့မှာ ဆိုရင်တော့ သူတို့က ကလေးတွေ လိုပါပဲ..။
သူတို့ သာ သွားချောင်းကြည့်လိုက်ရင် ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက် မသိပဲနဲ့ တောင် သေ သွားနိုင်ပါတယ်..။ထပ်ပြောရရင် ဒီည ဖြစ်ပျက်တဲ့ အရာရာတိုင်းကိုလဲ သူတို့ အပြင်မှာ လျောက်ပြောရဲကြမှာ မဟုတ်ပေ..။
…
အခန်းထဲတွင်..။
ဂေါ့ဖားသား မာ ဟာ သူ လင်းဖန်ကို ထိန်းချုပ်ထားနိုင်ပြီ ထင်ပြီး ပြုံးလိုက်တယ်..။
"ဒူးထောက်ပြီး ငါ့ရောဂါကို ကုသပေး..။ငါ မင်းကို အသက် ရှင်ခွင့်လည်းပေးမယ် နောက်ထပ် ဒေါ်လာ ၁၀သန်းလည်း ပေးမယ်..။မင်းဘယ်သူနဲ့ အပေးအယူ လုပ်နေလဲဆိုတာကို သတိရပါ..။မဟုတ်ရင် မင်း ဆိုးဆိုးရွားရွား သေရလိမ့်မယ်.."
လင်းဖန်သူ ဝူရှ ကိုယ်ခံပညာ အသိပညာကို မရထားရင် သေနတ်တစ်လက်ကို ကြောက်မိမှာပါ..။သို့ပေမယ့် အခုချိန်မှာ သူ မာချင်ကျိုးကို သတ်ဖို့ နည်းလမ်း တစ်ရာလောက်ရှ်ိပါတယ်..။
သို့ပေမယ့် သူ လူသတ်မှာ မဟုတ်ပေ..။
သူ ဥပဒေကို လိုက်နာဖို့လိုပါတယ်..။
ယင်းနောက် သူလက်မြောက်လိုက်ပြီး..
"ခင်ဗျား ပစ်လိုက်တဲ့ ကျည်ဆန်ကို ကျုပ် ရိုက်ထုတ်နိုင်တယ် ဆိုတာယုံလား.."
"အခု ဒူးထောက်"
ဂေါ့ဖားသား မာ အော်လိုက်တယ်..။
လီရန်ကတော့ ဒီနတ်ဆေးဆရာလေးက ရူးသွပ်နေတာလား လို့တောင် တွေးလိုက်မိပါတယ်..။ဘယ်လိုဖြစ်ပြီး တစ်စုံတစ်ယောက်က ကျည်ဆန်ကို ရိုက်ချနိုင်မှာလဲ..။
ဂေါ့ဖားသား မာ လင်းဖန် ရှေ့ကို တစ်လှမ်းချင်းတိုးလာတာကို ကြည့်ပြီး အော်ပြောလိုက်တယ်..။
"အံမှာ ရပ်နေလိုက်..။ အဲမှာရပ်နေလိုက်လို့ ငါ ပြောတယ်နော်.."
"အင်း..မေ့လိုက်တော့..။ကျုပ်ခင်ဗျားကို ပျော်စရာလေးတွေ ဖန်တီးပေးမယ်.."
"မင်းက သေချင်နေတာလား..။ငါ မင်းကို မပစ်ရဲဘူးလို့ ထင်နေတာလား..။အခု ဒူးထောက်လိုက်.."
ယင်းနောက် သူ လင်းဖန် ရဲ့ ဒူးကို ချိန်လိုက်ပြီး..ဒူးထောက်သွားအောင် ပစ်ဖို့လုပ်လိုက်ပါတယ်..။
ဒိုင်း
ကျည်ဆန်ထွက်သွားခဲ့တယ်..။
လင်းဖန် မပျော်မရွှင်ဖြစ်သွားခဲ့တယ်..။သူခြေထောက်ကို မြောက်လိုက်ပြီး ကျည်ဆန်ကို ပြန်ကန်လိုက်ပါတယ်..။
ဘန်း..
အသံတစ်ခု မြည်လာပြီး အလင်းဖန်ရဲ့ ခြေထောက်မှာ အလင်းအကာအကွယ် တစ်ခု ဖြစ်ပေါ်လာခဲ့တယ်..။ကျည်ဆန်က လင်းဖန်ရဲ့ခြေထောက်ကို ထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။လင်းဖန် ကျည်ဆန်ကို ချက်ချင်း ပြန်ကန်ထုတ်လိုက်ပါတယ်..။
ဘယ်လိုဖြစ်နိုင်မှာလဲ.."
မာချင်ကျိုး နဲ့ လီရန်တို့ ကြောင်အနေခဲ့တယ်..။
သူက ကျည်ဆန်ကို ခြေထောက်နဲ့ ကန်လိုက်တာလား...
လင်းဖန် သူ့ခေါင်းကို လက်နဲ့ ထောက်လိုက်ပြီး..
"ဂေါ့ဖားသား မာ ကျုပ်ခင်ဗျားကို နောက်ထပ်အခွင့်အရေးထပ်ပေးမယ်..။ဒီကို ပစ်..ခင်ဗျားသာ ကျုပ်ကို သတ်နိုင်ရင်..ခင်ဗျားက တကယ်ကို ကျွမ်းကျင်အဆင့်ပဲ.."
ဂေါ့ဖားသား မာရဲ့ အသံဟာ တုန်ရီလာခဲ့တယ်..။
"မင်းက လူလား..သရဲလား...."
"မင်းက လူလား.သရဲလား..."
ဒိုင်း...
ဂေါ့ဖားသား မာ ရဲ့ စိတ်ခံစားချက်တွေဟာ မတည်ငြိမ်နိုင်တော့ပဲ..ခလုတ်ကို ထပ်ဆွဲလိုက်ပါတယ်..။
လင်းဖန် လက်ကို မြောက်လိုက်ပြီး လေထဲကို ဝေ့ယမ်းလိုက်တယ်..။ကျည်ဆန်က သူ့ခန္တာကိုယ်နားတောင် မရောက်ပဲ ချက်ချင်း ပြန်ထွက်သွားခဲ့တယ်..။
လီရန် နဲ့ ဂေါ့ဖားသား မာတို့ လှုပ်တောင် မလှုပ်နိုင်ကြတော့ပါဘူး..။သေနတ်ကိုင်ထားတဲ့ လက်တောင်မှ တုန်ရီနေခဲ့ကြပါပြီ..။
ဒါက လူရော ဟုတ်သေးရဲ့လား...