ဟုတ်တယ် ငါ ကိုယ့်အမှားကို..သိနေပြီ
Vol. 43 Ch. 633
#ဘာသာပြန် = စနိုးဝှိုက်
ခွန်အား ရှိတာက တကယ်ကို ကောင်းတာပဲ..
ဒါက လင်းဖန် တွေးနေခဲ့တာပါ..။အခုချိန်မှာ သူက စူပါမန်း တစ်ယောက်လိုပါပဲ..။ဒီလူသား တွေက သူ့ရဲ့ တစ်ချက် တိုက်ခိုက်မူကိုတောင် တောင့်ခံနိုင်ကြမှာ မဟုတ်ပေ..။
ကံကောင်းချင်တော့ သူက အခုထိ လူသားတစ်ယောက်ဖြစ်နေသေးတာပါပဲ..။
တကယ်လို့ သူသာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူ မဟုတ်ရင်..ကမ္ဘာကြီးတော့..ကမောက်ကမ တွေ ဖြစ်ကုန်တော့မှာပါ..။
ဒုန်းကျည်တွေနဲ့ သူ့ကို ပစ်ရင်တောင် သူ လွှတ်အောင် ရှောင်နိုင်လောက်ပါတယ်..။ဒါပေါ့..ဒါက သူ့ရဲ့ ယုံကြည်ချက်တစ်ခုဖြစ်ပြီး အတိအကျတော့ သူလည်း သေချာ မသိသေးပါဘူး..။
…
"မင်း ဘယ်သူလဲ.."
ဂေါ့ဖားသား မာ ကိုယ့်ကိုကို မထိန်းချုပ်နိုင်တော့ပဲ.လင်းဖန်ကို ကြည့်ပြီး မေးလိုက်တာပါ..။သူ ဒါကို ကို်ယ့်မျက်လုံးနဲ့ကို မြင်ရတာ မဟုတ်ရင် ယုံနိုင်မှာတောင် မဟုတ်ပါဘူး..။
"နားထောင်..ကျုပ်က အမှန်တရား ဖန်ပဲ..။ခင်ဗျားက လူတွေ အပေါ် ဆိုးရွားတာ လုပ်တဲ့ အပြင် ကျုပ်ညီအစ်ကို ကိုတောင် အနိုင်ကျင့်ရဲသေးတယ်..။ကျုပ် ခင်ဗျားတို့ကို လာမရိုက်နှက်တာနဲ့ပဲ..အနိုင်ကျင့်ရတာ လွယ်ကူတယ်လို့ ထင်နေတာလား.."
လင်းဖန် ပြောလိုက်တာပါ..။
"ဟုတ်သားပဲ..ခင်ဗျားတို့ အရင်က နတ်ဘုရားကို မြင်ဖူးလား.."
မာချင်ကျိုးနဲ့ လီရန်ဟာ အံ့ဩသင့်သွားခဲ့တယ်..။
"မင်း ဘာကို ပြောချင်တာလဲ.."
လင်းဖန် ခေါင်းခါယမ်းလိုက်ပြီး..
"ဘာမှမဟုတ်ဘူး..ကျုပ်ကိုသေချာကြည့်ထား..။ခင်ဗျားတို့ မြင်ဖူးချင်နေတဲ့ နတ်ဘုရား ဆိုတာ ကျုပ်ပဲ.."
အဲ့အချိန်မှာပဲ..လင်းဖန် လက်အမူအရာ တစ်ချျို့ လုပ်လိုက်တဲ့ အချိန်မှာ..မာချင်ကျိုး ရဲ့ လက်ထဲက ပစ္စတိုဟာ..လင်းဖန်ရဲ့ လက်ထဲကို ဝဲပျံသွားခဲ့တယ်..။
"ခင်ဗျားတို့ သေနတ်တွေနဲ့ မကစား သင့်ဘူးလေ..။နတ်ဘုရားတွေ သေနတ်ပစ်ရင် ဘယ်လို ပစ်လဲ ဆိုတာကို သိချင်လား..။ဒါက တကယ်ကို မှော်ဆန်တယ်.."
လင်းဖန် ပြောလိုက်ပြီး..ကျည်တစ်ထောင့်ကို ပစ်လိုက်ပါတယ်..။
ဒိုင်း..
ကျည့်ထောင့်ဟာ ပစ္စတို ထဲကနေ အရှိန်ပြင်းထန်စွာ ထွက်သွားခဲ့တယ်..။မာချင်ကျိုးရော လီရန် ရော ကျည်ဆန်ကို မမြင်ကြရပါဘူး..။သို့ပေမယ့် စက္ကန့်ပိုင်းအတွင်းမှာပဲ..လင်းဖန် ရဲ့ လက်တစ်ဖက်ဟာ ကျည်ဆန်ကို ဖမ်းထားတာ တွေ့လိုက်ကြရပါတယ်..။
"တွေ့တယ်မလား..။သေနတ်နဲ့ ကစားချင်ရင် အဲလိုမျိုး ကစားရတယ်.."
ဒီအရာတွေက သာမန် ဖြစ်စဥ္ တွေ ဖြစ်ပျက်နေသလိုမျိုးလင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
ဒုတ်..
ပထမ ဆုံး ဒူးထောက်လိုက်တဲ့ လူက လီရန်ပါ..။
သူ့ရှေ့မှာ ရှိနေတဲ့လူက လူသားတစ်ယောက် မဟုတ်ဘူး ဆိုတာကို သူနားလည်လိုက်ပါပြီ..။
အမှန်တကယ်ပဲ ဂေါ့ဖားသား မာ ဘာလုပ်ခဲ့တာလဲ..
တကယ်လို့..ရာထူးကြီးမားပြီး အဆင့်အတန်းကြီးမားတဲ့ လူကို အပြစ်ပြုမိတယ် ဆိုရင်တော့ ဂေါ့ဖားသား မာ ရဲ့နောက်ခံနဲ့ ဘာမှ ဖြစ်ဦးမှာ မဟုတ်သေးပါဘူး..။သို့ပေမယ့် သူ့တို့ရှေ့မှာ ရှိနေတဲ့ ပုဂ္ဂိုလ်က တကယ်ကို နတ်ဘုရားပါ..။
အစကတော့ ဂေါ့ဖားသား မာ ရဲ့ လက်တွေဟာ တုန်ရီနေခဲ့တယ်..။မကြာခင်မှာတော့ တစ်ကိုယ်လုံး တုန်ရီလာခဲ့ပါတယ်..။
"မင်း..အမှန်တကယ်ပဲ..ဘာလုပ်ဖို့ ကြံစည်နေတာလဲ.."
ဂေါ့ဖားသား မာ တစ်သက်လုံး ဒီလို အခြေအနေမျိုး မမြင်ဖူးခဲ့ပါဘူး..။ဒါကြောင့် သူ ကြောက်ရွံ့နေတယ် ဆိုတာက ပုံမှန်ပါပဲ..။
လင်းဖန် အမှန်တရားကို ချစ်မြတ်နိုးတဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။
"ငါက မင်းတို့ကို ထောင်ထဲကို ပို့မလို့..။မင်းတို့ရဲ့ အပြုအမူတွေအတွက် အကျိုးဆက်ကို ပြန်ပေးရမယ်လေ.."
"ကောင်းပြီ ပို့လိုက်..ငါတို့သွားမယ်.."
ဂေါ့ဖားသား မာ သတိလွတ်နေတဲ့ လူတစ်ယောက်လိုမျိုး ပြန်ဖြေလိုက်တာပါ..။လက်ရှိအချိန်မှာ ထောင်ထဲက သူ့အတွက် အလုံခြုံဆုံး နိဗ္ဗာန်ဘုံပါပဲ..။အခုချိန်မှာ သူ ဒီကြောက်စရာကောင်းတဲ့ လူရဲ့ အဝေးဆုံးကို ထွက်သွားချင်နေပါပြီ..။ဒီငနဲ စိတ်ပြောင်းပြီး သူ့ကို ချက်ချင်း သတ်ပစ်လိုက်မှာကို သူကြောက်ရွံ့နေခဲ့တာပါ..။
"ငါ့ မျက်လုံးကိုကြည့်ကြ.."
လင်းဖန် ပြောလိုက်တယ်..။
လီရန် နဲ့ မာချင်ကျိုးတို့ဟာ မကြည့်ရဲကြပေ..။သူတို့စိတ်ထဲမှာတော့ လင်းဖန်ကို ကြောက်လန့်စရာ နတ်ဘုရား တစ်ပါး အဖြစ်ပဲ မြင်နေကြတာပါ..။
"ငါ့မျက်လုံးကို ကြည့်.."
လင်းဖန် ပိုပြီး ကျယ်လောင်တဲ့ အသံနဲ့..အတွင်းအား ထည့်ပြီး ထပ်ပြောလိုက်တယ်..။
လီရန် နဲ့ မာချင်ကျိုးတို့ နှစ်ယောက်စလုံး..သူတို့ရဲ့ ခေါင်းတွေကို ဖြည်းဖြည်းချင်းမော့ပြီး လင်းဖန်ကို ကြည့်လိုက်ကြပါတယ်..။
အဲ့အချိန်မှာပဲ..လင်းဖန်ရဲ့ မျက်လုံးဟာ အရောင်တောက်လာခဲ့ပြီး ပြောလိုက်တယ်..။
"ညှို့ယူလိုက်.."
ကျိုးမင်ချင်း နဲ့ လီရန်တို့ရဲ့ ကြောက်လန့်နေတဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်..။သူတို့တွေဟာ ချက်ချင်းပဲ ထုံထိုင်းပြီး လေးလံသွားခဲ့ကြပါတယ်..။
"မင်းတို့က လူကောင်းတွေ ဆိုတာကို မှတ်ထားပါ..။အရင်တုန်းက မင်းတို့လုပ်ခဲ့တဲ့ မကောင်းမူတွေက မင်းတို့ကို အချိန်အကြာကြီး စိတ်ဆင်းရဲ စေလိမ့်မယ်..။ခနနေရင် ငါတို့..ရဲစခန်းကို သွားကြမယ်..မင်းတို့ လုပ်ထားတဲ့ အရာတွေကို ဝင်ခံလိုက်ကြ.."
လင်းဖန် ပြောလိုက်တာပါ..။
ယင်းနောက် မာချင်ကျိုးနဲ့ လီရန် တို့ရဲ့ မျက်နှာဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်..။
…
အပြင်ဘက်..။
"အထဲမှာ ဘာတွေဖြစ်နေကြတာလဲ..။ဘာလို့ သေနတ်သံတွေ အများကြီး ကြားနေရတာလဲ..။ဂေါ့ဖားသား မာ လူသတ်လိုက်တာတော့ မဟုတ်ပါဘူးနော်.."
"ဒါက ပြောဖို့ခက်တယ်..။သူက ဥပဒေတွေကိုလည်း ဂရုစိုက်နေမယ့် လူမဟုတ်ဘူးလေ.."
"အာ..နတ်ဆေးဆရာလေး သေသွားပြီ ဖြစ်နိုင်မလား..။ဘာလို့ များ ငါတို့ ဂေါဖားသား မာကို မလေးမစား အတွေးတွေ ဝင်လာတာလဲ..။သူ့ရှေ့မှာ မလေးမစား မလုပ်မိစေနဲ့ နော်..။မဟုတ်ရင်..နောက်တစ်ခါက ငါတို့ဖြစ်သွားမယ်.."
"ဟုတ်တယ် ဟုတ်တယ်..ဒါအမှန်ပဲ.."
ကျွီ..
တံခါးပွင့် သွားခဲ့တယ်..။
တံခါးအနီးမှာ နားေထာင်နေကြတဲ့ လူတွေဟာ အံ့ဩသွားကြပြီး ခပ်ဝေးဝေးမှာ နေကြတဲ့ လူတွေကတော့ ဘာတွေဖြစ်နေမှန်း မသိကြပါဘူး..။
လင်းဖန် ကျေနပ်နေတဲ့ အမူအရာနဲ့ လမ်းလျောက်ထွက်လာခဲ့တယ်..။
"ချီးပဲ..ဒီငနဲက ဘယ်လိုဖြစ်ပြီး ဒီတိုင်းထွက်လာရတာလဲ..။ဂေါ့ဖားသား မာ ကရော..."
"ဒီငနဲ ဂေါ့ဖားသား မာကို သတ်လိုက်တာ ဖြစ်နိုင်မလား.."
"တကယ်ကြီးလား...မဖြစ်နိုင်တာ.."
"ဟိုမှာ..ဂေါ့ဖားသား မာ ထွက်လာပြီ.."
မာချင်ကျိုးနဲ့ လီရန် တို့ဟာ အသက်မဲ့ပြီး ခံစားချက်မဲ့တဲ့ ပုံစံနဲ့ ထွက်လာခဲ့ကြပါတယ်..။
ဘေးနားမှာ ရပ်နေကြတဲ့လူတွေကတော့ ဘာတွေဖြစ်နေမှန်း မသိကြပါဘူး..။သူတို့ သိတာကတော့ အထဲက သေနတ်သံတွေ ကြားလိုက်ရတာဖြစ်ပြီး အခုတော့ ဒီလူတွေက ဘာမှ မဖြစ်သလို ထွက်လာနေကြပါတယ်..။
လင်းဖန် လက်ဟန်ခြေဟန်ပြလိုက်ပြီး.
"ခင်ဗျားတို့ လမ်းနည်းနည်း ဖယ်ပေးပါလား..။ကျုပ် ဂေါ့ဖားသား မာ နဲ့ စကားပြောပြီးသွားပြီ..။သူက ဘဝမှာ ဘယ်လောက်ဆိုးရွားတာတွေ လုပ်ခဲ့လဲ ဆိုတာ အမြင်မှန် ရသွားပြီ..။သူက အခုဆိုရင် ပြောင်းလဲသွားပြီး..ဘဝအသစ်စချင် နေပြီလေ.."
"အာ.."
လူအုပ်ကြီးဟာ ကြောင်အသွားခဲ့ကြတယ်..။ဒီငနဲကဘာတွေ ပြောနေတာလဲ..
အခုချိန်မှာ လူတိုင်းရဲ့ စိတ်ထဲမှာ တွေးနိုင်တာ တစ်ခုပဲ ရှိပါတယ်..။အဲဒါက ဒီငနဲ ဂေါ့ဖားသား မာရဲ့ ကစားတာကို ခံနေရတယ် ဆိုတာပါပဲ..။
ဂေါ့ဖားသား မာက လွှမ်းမိုးနိုင်စွမ်းရှိပြီး ချင်ကျိုးမှာ နေတဲ့ လူတိုင်း သူဘယ်လိုလူလဲ သိကြပါတယ်..။တကယ်လို့ သူ့လို လူမျိုးသာ ..ကိုယ့်အမှားကို ဝန်ခံမယ် ဆိုရင် ကမ္ဘာကြီးတောင် ဇောက်ထိုးတွေ ဖြစ်ကုန်တော့မှာပါ..။
အဲ့အချိန်မှာပဲ ဂေါ့ဖားသား မာ ပြောလိုက်တဲ့ စကားေကြာင့် အကုန်လုံး အံ့ဩသင့်သွားခဲ့တယ်..။
"ဟုတ်တယ်..မာစတာလင်း ပြောတာ အမှန်ပဲ..။ငါ အရင်တုန်းက လုပ်ခဲ့တာတွေ အတွက် နောင်တရနေပြီ..။အခု ငါ့ကိုငါ ပြောင်းလဲပြီး..မကောင်းမူတွေ အတွက် ပြန်ပေးဆပ်ရမယ်.."
ဟင်...
ဘေးနားမှာ ရပ်နေကြတဲ့ လူတွေ အကုန်လုံး မျက်လုံးတွေ ပြူးကျယ်ပြီး ဆွံ့အသွားခဲ့ကြပါတယ်..။သူတို့ ဂေါ့ဖားသား မာ ပြောနေတာတွေကို ယုံတောင် မယုံနိုင်ကြပါဘူး..။
အခုချိန် လူတိုင်းတွေးနေတာက ဘယ်လိုစောက်ကျိုးနဲတွေ ဖြစ်နေလဲ ဆိုတာပါပဲ..။ဂေါ့ဖားသား မာ ဒီလိုဖြစ်သွားအောင် ဘယ်လိုလုပ်ခံလိုက်ရတာလဲ..။
သူတို့ သရဲကို မြင်နေရတဲ့ အတိုင်းပါပဲ..။
"ဂေါ့ဖားသား မာ..ကိုယ့်ကိုကို ဝန်ခံရအောင် စိတ်လွှတ်သွားတာလား..။အဲလိုဆိုရင်ရင် ချင်ကျိုးက ကောင်းကင်ကြီး ပြိုကျလာသလို ဖြစ်နေလိမ့်မယ်နော်.."
ဒီလူပြောလိုက်တာကလည်း မမှားပါဘူး..။တကယ်လို့ မာချင်ကျိုးသာ သူလုပ်ခဲ့တဲ့ ပြစ်မူတွေကို ဝန်ခံလိုက်ရင် ဒီမှာ ပါဝင်တဲ့ လူတွေ အများကြီးပါ စစ်ဆေးခံရတော့မှာပါ.."
မာချင်ကျိုး လူအုပ်ကြီးကို ကြည့်လိုက်တယ်..။
"အင်း..မင်းတို့ အကုန်လုံးက စီးပွားရေး လုပ်ငန်းရှင်တွေ ဆိုတော့ မကောင်းတဲ့အရာတွေလည်း လူပ်ခဲ့ဖူးမှာပဲ..။ငါ ပြောချင်တာကတော့ တရားဥပဒေက မင်းတို့ကို စောပြီးတော့ပဲဖြစ်ဖြစ် နောက်ကျပြီးမှပဲဖြစ်ဖြစ် အပြစ်ပေးလိမ့်မယ်..။နောက်ဆက်တွဲတွေကတော့ ကျိန်းသေရှိလာမှာပဲ..။ဒါကြောင့် မင်းတို့ အမြင်မှန်ကို မြန်မြန်ရကြဖို့ မျှော်လင့်မိတယ်..။ငါလည်း မာစတာလင်း နဲ့ တွေ့ပြီးတဲ့နောက်မှာ အမြင်မှန်ရပြီး ချင်ကျိူးအတွက် ပြန်ပေးဆပ်ချင်နေပြီ.."
ချီးပဲ..
ဒီစကားတွေက ဂေါ့ဖားသား မာ ရဲ့ ပါးစပ်ကနေထွက်လာတာလား..
စောက်ကျိုးနဲ သူက ဥပဒေ အကြောင်းတွေ ပြောနေတယ်...
တကယ်လို့ မာချင်ကျိုးသာ အပြစ်တွေကို ဝန်ခံလိုက်ရင် အတိတ်က သူလုပ်ခဲ့တဲ့ မကောင်းမူတွေ အတွက် ..သူ့ကို ဆယ်ကြိမ်လောက် သေဒဏ်ပေးရင်တောင် လုံလောက်ဦးမှာ မဟုတ်ပါဘူး..။
လင်းဖန် မာချင်ကျိုးကို ကြည့်လိုက်တယ်..။
"ဂေါ့ဖားသား မာ သွားကြရအောင်.."
"အင်း..သွားကြရအောင်.."
မာချင်ကျိူးရဲ့ အသံက ယုံကြည်မူ ရှိနေခဲ့ပါတယ်..။
"မာစတာလင်း..ကျေးဇူးပြုပြီး ကျွန်တော်ကို ဂေါ့ဖားသား မာ..မာချင်ကျိုး လို့မခေါ်ပါနဲ့..။ကျွန်တော်က ဒီ နာမည်တွေနဲ့ မကောင်းမူတွေ အများကြီး လုပ်ထားတာလေ.."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ခင်ဗျား မကောင်းမူတွေကို လုပ်ထားပြီးမှတော့ ဒါကို ရင်ဆိုင်ရဲရမယ်လေ..။ဒါပေမဲ့ အရေးကြီးတာက..ခင်ဗျားသေရမယ်ဆိုရင်တောင် ဒီမကောင်းမူတွေ အတွက် သတ္တိရှိရှိပြန်ပေးဆပ်နိုင်ရမယ်..."
"ဟုတ်တယ် ဒါအမှန်ပဲ..။တကယ်လို့ သေရမယ် ဆိုရင်တောင် ဘာမှ နောင်တရနေစရာ မလိုဘူး.."
မာချင်ကျိုး ပြောလိုက်တာပါ..။
လင်းဖန် ဂေါ့ဖားသား မာကို သူနဲ့ အတူခေါ်သွားခဲ့တယ်..။
လူအုပ်ကြီးကတော့ သူတို့ကို ပါးစပ် အဟောင်းသား နဲ့ ကြည့်ပြီးသာ ကျန်နေခဲ့ပါတယ်..။
ငါတို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား...