← Chapters

ငါ့ဘဝရဲ့ အပြစ်တွေ

Vol. 43 Ch. 634

ငါ့ဘဝရဲ့ အပြစ်တွေ

Vol. 43 Ch. 634

#ဘာသာပြန် = စနိုးဝှိုက်

ဒါက တကယ်ကို သရဲတစ်ကောင်ကို မြင်နေရ သလိုပါပဲ..။ဂေါ့ဖားသား မာက သူလုပ်ခဲ့ဲတဲ့ မကောင်းမူတွေကို တာဝန်ရှိသူတွေဆီမှာ ဝန်ခံမယ်လို့ ပြောနေခဲ့တာပါ..။ဒါက သာမန် သရဲတစ်ကောင်ကို မြင်နေရတာတောင် မဖြစ်နိုင်တော့ပေ..။

လူအုပ်ကြီးဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး တကယ်ကို မယုံကြည်နိုင်ကြတော့ပါဘူး..။ဒီငနဲ နဲ့ ဂေါ့ဖားသား မာတို့ ပူးပေါင်းပြီး သူတို့ကို အရူးလုပ်နေတာလား လို့တောင် တွေးလိုက်မိပါတယ်..။

"သူတို့ ကားပေါ်တက်သွားပြီ..။ငါတို့ လိုက်ကြည့်မှရမယ်..။တကယ်လို့ သူသာ အကုန်ဝန်ခံလိုက်ရင် ဒါက ကိစ္စအကြီးကြီးပဲ.."

"ခနနေ ငါ ပါတီ ပွဲတစ်ခုကျင်းပ ဖို့ရှိလို့..ဂေါ့ဖားသား မာကို ဧည့်သည်အဖြစ်ဖိတ်ထားတာ..။အခု ဘာတွေ ဖြစ်ကုန်တာလဲ.."

အဲ့အချိန်မှာပဲ..ကျန်တဲ့ လူတွေအကုန်လုံးဟာ ..သူတို့ ကားတွေဆီကို အလျင်အမြန်သွားလိုက်ကြပြီး ဂေါ့ဖားသား မာ နောက်ကို လိုက်သွားလိုက်ကြပါတယ်..။စောက်ကျိုနဲ ဂေါ့ဖားသား မာက ဘယ်ကို သွားနေတာလဲ..။

သူ ရဲဌာနကို သွားနေတာတော့ မဟုတ်ဘူး မလား..။

တကယ်လို့ဒါသာ အမှန်ဆိုရင်..အကျိုးဆက်က သာမန် ဖြစ်လာမှာ မဟုတ်ပါဘူး..။

ချင်ကျိုးက..ကမောက်ကမ တွေ ဖြစ်ဖို့ နီးကပ် လာနေခဲ့ပါပြီ..။

…

ကားထဲတွင်..။

လင်းဖန် ကမောင်းနေရင်းက နေ ချန်းချန်ပင်း ကို ဖုန်းခေါ်လိုက်တယ်..။

ဒါရိုက်တာ ချင်က သူ့ကို ဒီဖုန်းနံပါတ် ပေးထားခဲ့တာပါ..။ဒီ နံပါတ်က ချင်ကျိုး ရဲဌာန ရဲ့ ခေါင်းဆောင် ချန်း ရဲ့ ဖုန်းနံပါတ်ပါပဲ..။

ညအချိန် ၈ နာရီခန့်..။

ရဲဌာနတွင်..။

ချန်းချန်ပင်း ဟာ..စာရွက်စာတန်း ဖိုင်တွေကို ကြည့်ရူနေခဲ့တယ်..။ယင်းနောက် သူ ထိုင်ခုံကို နောက်ပြန်မှီလိုက်ပြီး သက်ပြင်းချလိုက်ပါတယ်..။

လက်ရှိ ချင်ကျိုးရဲ့ အခြေအနေက သူ့ကို အတော်လေး စိတ်ပျက်စေပါတယ်..။ဒီနေရာက လူဆိုး ဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး သူ ရဲအကယ်ဒမီကနေ ဘွဲ့ရပြီးကတည်းက..ဆိုရင် အလုပ်လုပ်လာတာ နှစ် ၃၀ လောက်ရှိပါပြီ..။သူ ခေါင်းဆောင် အဆင့်ကို ရောက်လို့ရှိရင် ချင်ကျိုး ကို အေးချမ်းပြီး တရားဥပဒေရဲ့ ထိန်းချုပ်မူ ရှိတဲ့ နေရာတစ်ခုဖြစ်ရောင် ကြိုးစားမယ်လို့ အမြဲတမ်းစိတ်ကူးခဲ့တာပါ..။

သူ ဒီနေရာကို အမှန်တကယ် ရောက်တဲ့ အချိန်ကျမှ ချင်ကျိုး ဆိုတာ ဘယ်လိုနေရာလဲ ဆိုတာကို အစစ်အမှန် မြင်နိုင်ခဲ့ပါတယ်..။ဇ

ရဲဌာနတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက် ဆိုတဲ့ ရာထူးကတောင် အသုံးမဝင်ပါဘူး..။

မာချင်ကျိုး ဆိုတာ ဘယ်သူလဲ..။သူ့ လက်အောင်မှာ လူပေါင်းများစွာ ရှိနေပြီး ချင်ကျိုးကို သူပဲ ထိန်းချုပ်ပြီး စည်းမျဥ္းတွေကိုတောင် သူပဲ ထိန်းထားခဲ့တာပါ..။

"ဒါရိုက်တာ ချန်း..အတော်နောက်ကျနေပြီ..။အိမ်ပြန်ပြီး အနားမယူသေးဘူးလား.."

ရဲအရာရှိတစ်ယောက်က ပြောလိုက်တာပါ..။

သူ ဒါရိုက်တာ ချန်းကို အရမ်းလေးစားပြီး သူရဲကောင်းတစ်ယောက် အဖြစ်တောင် မြင်မိပါတယ်..။

ချန်းချန်ပင်း လက်ဝေ့ယမ်းလိုက်တယ်..။

"ပြသနာ မရှိဘူး..ငါ လုပ်စရာလေးတွေ ရှိနေသေးလို့..။ဟုတ်သားပဲ..မြို့တောင်ဘက်ပိုင်းက အမူက ဘယ်လိုဖြစ်သွားပြီလဲ..။လူသတ် တရားခံကို ဖမ်းမိပြီလား.."

ရဲအရာရှ်ိလေးဟာ..ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်တယ်..။

"တရားခံကို ဖမ်းမမိသေးဘူးလား.."

ချန်းချန်ပင်း အကူညီမဲ့စွာ ပြောလိုက်တာပါ..။

"မ..မဟုတ်ပါဘူး.."

ရဲအရာရှိလေးဟာ ခနလောက် တွေဝေနေပြီးမှ ဆက်ပြောလိုက်တယ်..။

"တကယ်တော့ ကျွန်တော်တို့ သဲလွန်စရခဲ့တယ်..။ဒါပေမဲ့ သဲလွန်စတွေ အကုန်လုံးက မာချင်ကျိုး ဆီကိုပဲ ပြနေခဲ့တယ်လေ..။ဒါရိုက်တာ လည်း ချင်ကျိုးမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သိနေတာပဲ...."

ရဲအရာရှိလေး ပြောတာကို ကြားတဲ့ အချိိန်မှာ ချန်းချန်ပင်း စိတ်ပျက်စွာ ခေါင်းကိုငုံ့လိုက်တယ်..။သူက မာချင်ကျိုးကို ဆန့်ကျင်ပြီး အလုပ်လုပ်တဲ့ အရာရှိတစ်ယောက်ပါ..။

သူ ဒီရာထူးကို စရတုန်းက ဆိုရင် ဘယ်လိုကိစ္စပဲ ရှိရှိ အမူကို ဆက်လိုက်စေခဲ့ပါတယ်..။သဲလွန်စ ရတာနဲ့ တရားခံနောက်ကို အမြဲတမ်းလိုက်ခဲ့တာပါ..။

တစ်ခါမှာတော့..သူ မာချင်ကျ်ိုး ရဲ့ လူသုံးယောက်ကို ဖမ်းဆီးလိုက်ပါတယ်..။

သို့ပေမယ့် အဆုံးသတ်ကတော့ တကယ် မယုံနိုင်စရာပါပဲ..။

မာချင်ကျိူးက လူတိုင်းရဲ့ မျက်ရှ်ိရှေ့မှာပဲ ..ရဲစခန်းကို ဒေါသတကြီး ရောက်ရှိလာပြီး ကျိန်ဆဲနေခဲ့တာပါ..။

"မင်းတို့က ငါ့လူကို ဘယ်လိုဖမ်းရဲတာလဲ..။မင်းတို့မှာ စိတ်ပိုင်းဆိုင်ရာ ပြသနာ ရှိနေပြတာလား."

မာချင်ကျိုးရဲ့ လူသုံးယောက်ကတော့ ဒါကို မြင်ပြီး တိတ်တဆိုး ရယ်မောနေခဲ့ကြပါတယ်..။

အဲဒါပြီတဲ့ နောက်မှာ ဒီသုံးယောက်ကို လွှတ်ပေးလိုက်ဖို့ အထက်က..ညွှန်ကြားချက် ရလာခဲ့ပါတယ်..။

"အရင် အောက်ဆင်းနှင့်.."

ချန်းချန်ပင်း လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

သူ ဒီရာထူးနဲ့ ဆယ်နှစ်လောက် လုပ်လာပြီးပြီ ဆိုမှတော့ အလုပ်မထွက်ချင်တော့ပါဘူး..။ချင်ကျိုးမှာ မာချင်ကျိုးကပဲ အရာရာတိုင်းကို စီစဥ္နေတယ် ဆိုတာကို သူသိထားပါတယ်..။

ရဲအရာရှိဟာ ခေါင်းညိမ့်လိုက်တယ်..။ဒါရိုက်တာ ချန်းက ဒီအမူကို ဆက်လိုက်စေချင်ပေမယ့် သူ့ရဲ့ အင်အားက အကန့်အသတ်ရှိတယ် ဆိုတာကို သူ နားလည်ပါတယ်..။

အဲ့့အချိန်မှာပဲ ချန်းချန်ပင်းရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။

ဒီဖုန်းက ရှန်ဟိုင်းက ခေါ်လာခဲ့တာပါ..။ဘယ်သူဖြစ်နိုင်မလဲ..။ဒါက ငါ့ရဲ့ အခန်းဖော်ဖြစ်နေမလား..။

တီ..

"ဟဲလို..ဒါရိုက်တာ ချန်းလား..။ကျွန်တော် က

လင်းဖန် ပါ..။ရှန်ဟိုင်းရဲဌာနက ဒါရိုက်တာ ချင်က ခင်ဗျား ဖုန်းနံပါတ်ကို ပေးထားခဲ့တာ..။ကျွန်တော် ဘာထပ်ပြောရမလဲတော့ မသိဘူး..ဒါပေမဲ့ လိုရင်းပဲ ပြောတော့မယ်..။ခနကြာရင် ..ကျုပ် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ကို အပြစ်တွေ ဝန်ခံဖို့ ရဲဌာနကို ခေါ်လာခဲ့မယ်..။ခင်ဗျားတို့ အဆင်သင့်ပြင်ထားလိုက်..။ဒီညတော့ တစ်ခုခု ကြီးမားတာ ဖြစ်တော့မယ်.."

လင်းဖန် ပြောလိုက်တာပါ..။

"မင်း ဘာပြောတာလဲ..။ငါ နားမလည်ဘူး.."

"ပြသနာ မရှိဘူး..။ခင်ဗျား နားလည်ဖို့ မလိုပါဘူး..။ကျုပ် ရောက်လာရင် အကုန်ရှင်းလင်းသွားလိမ့်မယ်..။ကျုပ် ပြောနိုင်တာကတော့..ခင်ဗျား အတွက် ကြီးမားတဲ့ အခွင့်အရေး ရောက်လာပြီ ဆိုတာပဲ.."

ချန်းချန်ပင်း ပဟေဠိ ဖြစ်သွားခဲ့တယ်..။ဘာလို့ ဒီလူက အခွင့်အ​ရေးကြီးလို့ ပြောနေတာလဲ..။သို့ပေမယ့် သူ ဘာမှ ထပ်မပြောနိုင်ခင်မှာပဲ..တစ်ဖက်က ဖုန်းချသွားခဲ့ပါတယ်..။

…

အပြင်ဘက်တွင်..။

ကားတစ်စီးဟာ ရပ်သွားခဲ့တယ်..။လမ်းလျောက်နေတဲ့ လူတွေဟာ ကားနံပါတ်ကို မြင်တဲ့ အချိန်မှာ ကြောက်လန့်ပြီး ဝေးဝေးကို ထွက်သွားခဲ့ကြပါတယ်..။

Wing q 00000 . ဒီနံပါတ်က မာချင်ကျိုးရဲ့ နံပါတ်ဖြစ်ပြီး ဘယ်သူမှ မရှုပ်ရဲပါဘူး..။

"ကျုပ်တို့..ပန်တိုင် ကိုတော့ဘရောက်လာပြီ..။ခင်ဗျား ကားပေါ်က ဆင်းဖို့ အဆင်သင့်ဖြစ်ပြီလား.."

လင်းဖန် မေးလိုက်တာပါ..။

"အင်း တကယ်လို့ ငါ ရဲစခန်းထဲ ဝင်ရင် သူတို့ ကြောက်နေပြီး အလေးအနက်ထားမှာ မဟုတ်ဘူး..။ဒီတော့ ငါတို့ သတင်းထောက်တွေ ခေါ်လိုက်ရင် ဘယ်လိုလဲ..။ဒါဆိုရင် ငါက ချင်ကျိုး ပြည်သူတွေကို တောင်းပန်တယ် ဆိုတာ အကုန်လုံး သိသွားကြမှာလေ.."

လင်းဖန် လက်ခုပ်တီးလို်က်တယ်..။

"ဒါကောင်းတယ် ဒါကောင်းတယ်.။ကျုပ် ခင်ဗျားကို ဂေါ့ဖားသား မာ လို့ပဲ ခေါ်မယ်..။အခုဆိုရင် ခင်ဗျားက..ကောင်းမွန်တဲ့ စိတ်ထားနဲ့ နေထိုင်နေတဲ့ လူတစ်ယောက်ပဲ.."

အဲ့အချိန်မှာပဲ..လင်းဖန် သူ့ရဲ့ ဝူရှ အသိပညာ အခန်းရဲ့ အစွမ်းထက်မူကို အံ့ဩသွားခဲ့တယ်..။

ညို့ယူမူ စွမ်းအားက လူတစ်ယောက်ရဲ့ စိတ်ထားကိုပါ ပြောင်းလဲသွားမယ်လို့ မထင်ထားခဲ့ပါဘူး..။

အခု ဆိုရင် မာချင်ကျိုးက အပြစ်တွေကို ဝန်ခံချင်ယုံသာမက..စိတ်ထားပါ ကောင်းမွန်သွားခဲ့တာပါ..။

…

ဂေါ့ဖားသား မာ ရဲ့ လူတွေကတော့ နောက်ကလိုက်လာနေခဲ့ကြတယ်..။ဂေါ့ထားသား မာ ရဲ့ ကားက ရဲဌာန ရှေ့မှာ ရပ်သွားတာ တွေ့တဲ့အချိန်မှာ သူတို့ ကြောက်လန့်သွားခဲ့ကြပါတယ်..။

"မဖြစ်နိုင်တာ..သူ တကယ်ပဲ..အပြစ်တွေ ဝန်ခံဖို့ လာခဲ့တာလား.."

"မ..မဖြစ်နိုင်တာ..။မင်းတို့ ဂေါ့ဖားသား မာ ကာူပေါ်က ဆင်းလာတာမြင်လို့လား..။တစ်ခုခု ဖြစ်နေနေတာ ဖြစ်ရမယ်..။သူတို့ ညှိနှိုင်းနေကြတာ ဖြစ်နိုင်တယ်.."

"တစ်ခုခု ဆိုးရွားတာ ဖြစ်တော့မယ်လို့ ငါဘာလို့ ခံစားနေရတာလဲ..။ငါ့နှလုံး ခုန်သံတွေ မြန်နေတယ်.."

"ကျန်တဲ့ လူတွေကိုပါ အမြန်ခေါ်လိုက်..။တကယ်လို့ ဂေါ့ဖားသား မာ သာ အပြစ်တွေ ဝန်ခံလိုက်ရင်..ပြသနာက ကြီးမားသွားလိမ့်မယ်.."

…

လီရန် ကားထဲကနေ ဖုန်းခေါ်လိုက်တယ်..။

"ဟဲလို ချင်ကျိုးက သတင်းဌာန လား..။ကျုပ်က လီရန်ပါ..။ခင်ဗျားတို့ ရဲဌာနကို လာပေးလို့ရမလား..။ကျုပ် နဲ့ ဂေါ့ဖားသား မာ က အပြစ်ကို ဝန်ခံပြီး ချင်ကျိုး ပြည်သူတွေကို တောင်းပန်ချင်လို့ပါ..။ခင်ဗျားတို့ သတင်းအမှန် တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.."

"ရူးနေတဲ့ ငမိုက်သား.."

တစ်ဖက်က လူဟာ ဖုန်းချသွားပြီးနောက်မှာ ကျိန်ဆဲလိုက်တယ်..။ဂေါ့ဖားသား မာကို ဘယ်သူက မသိလိူ့လဲ..။သူက အပြစ်တွေ ဝန်ခံမယ်တဲ့လား..။ငါ့ကို စောက်ရူးများ ထင်နေတာလား..။

လီရန် နောက်ထပ် နံပါတ်တစ်ခုကို ခေါ်လိုက်တယ်..။

"ဒါက ချင်ကျိုး ဥပဒေ သတင်းဌာနကလား..။ကျုပ်က လီရန်ပါ..။ကျုပ်နဲ့ ဂေါ့ဖားသား မာတို့ အပြစ်ကို ဝန်ခံချင်လို့..။ကျုပ်တို့က အရင်တုန်းက မကောင်းမူတွေ အများကြီး လုပ်ထားရာကနေ နိုးထပြီး အမြင်မှန် ပြန်ရနေကြပြီလေ..။ခင်ဗျားတို့လည်း ကျွန်တော်တို့ တောင်းပန်တာကို ချင်ကျ်ိုး တစ်ခုလုံး သိအောင် လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်.."

“…”

"ဒါက လူထု သတင်းဌာနလား..။ကျွန်တော်တို့ အခု ရဲစခန်းမှာပါ..."

လီရန် ဒီနယ်က သတင်းဌာန တိုင်းကို ဖုန်ခေါ်လိုက်တယ်..။သိူ့ပေမယ့် ဘယ်သူမှ ဘာမှ မလုပ်ရဲခဲ့ပါဘူး..။

လင်းဖန် သူတို့နှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်ကြပါတယ်..။

သူတို့ အပြစ်ဝန်ခံမယ် ဆိုတာကို ဘယ်သူမှ မယုံကြည်ကြပါဘူး..။

တစ်ခြားလူတွေရဲ့ စိတ်ထဲမှာတော့..ဒီလို အာဏာ ပါဝါ ပိုင်ဆိုင်ထားတဲ့ လူက..လွယ်လွယ် လက်လွှတ်စရာ အကြောင်းမရှိပါဘူး..။စိတ်ချွတ်ယွင်း နေတဲ့ အရူးတွေပဲ ဒီလိုမျိုး လုပ်ကြမှာပါ..။

အခုက ဂေါ့ဖားသား မာ ဆိုတော့ ပိုဆိုးပါတယ်..။

ချင်ကျိူးမှာ ဘယ်သူကမှ ဂေါ့ဖားသားမာ နဲ့ ဆန့်ကျင်ဘက် မရပ်ရဲကြပေ..။

"လာ..ကားပေါ်က ဆင်းကြရအောင်..။သတင်းထောက်တွေ လာလာ မလာလာ ပြသနာ မရှိဘူး..။အနည်းဆုံးတော့ ခင်ဗျား ရဲအရာရှိတွေကို တွေ့ရမယ်လေ.."

"ဟုတ်တယ် ..ငါ ကျုးလွန်ခဲ့တဲ့ အမှားတွေကို တစ်ခုမကျန် ရဲအရာရှိတွေ ဆီမှာ ဝန်ခံလိုက်တော့မယ်..။ငါ့ဘဝကို အပြစ်တွေ ပေးဆပ်ရင်းပဲ သေဆုံးချင်တော့တယ်.."

လင်းဖန် သူ့ကို လက်မထောင်ပြလိုက်ပါတယ်..။

"ဒီလူရဲ့ စိတ်ထားက အမှန်တကယ်ကို ပြောင်းလဲသွားခဲ့တာပါ.."

All Chapters