← Chapters

ဂျာနယ်လစ်တွေ တကယ်ရောက်လာကြတယ်..

Vol. 43 Ch. 635

ဂျာနယ်လစ်တွေ တကယ်ရောက်လာကြတယ်..

Vol. 43 Ch. 635

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ .သူတကယ် အထဲကို ဝင်သွားတယ်.."

"ဂေါ့ဖားသား မာ..နဲ့ ဒီငနဲက အမှန်တကယ်ပဲ..ရဲဌာနထဲကို ဝင်သွားကြတယ်..။သူက တကယ် အပြစ်ကို ဝန်ခံတော့မှာလား.."

…

အဲ့အချိန်မှာပဲ လူတိုင်းဟာ ဂေါ့ဖားသား မာ ..ကားပေါ်က ဆင်းပြီး ဟိုငနဲ နဲ့ အတူ ရဲစခန်းထဲ ဝင်သွားကြတာ တွေ့လိုက်ကြရပါတယ်..။သူတို့ မြင်နေရတာက တကယ်ကို မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုပါပဲ..။

ရဲစခန်း အပြင်ဘက်မှာတော့..ဂေ့ါဖားသား မာ ရဲ့ လူတွေဟာ စိတ်ပူစွာ ဖုန်းတွေ ခေါ်နေခဲ့ကြတယ်..။

"ဥက္ကဌဟောင်..တစ်ခုခုကြီးမားတာ ဖြစ်တော့မယ်..။ကျွန်တော်တို့တော့ အဆုံးသတ်တော့မယ် ထင်တယ်.."

"ဟုတ်တယ် ကျွန်တော် လိမ်နေတာ မဟုတ်ဘူး..။ကျွန်တော့် မျက်လုံးတွေနဲ့ ကို မြင်ခဲ့တာ.."

…

အခုက ညအချိန်ဖြစ်နေပေမယ့်လည်း ရဲစခန်းထဲမှာ ညဆိုင်း အလုပ်လုပ်နေတဲ့ ရဲသားတွေ ရှိနေပါသေးတယ်..။

ရဲစခန်းကို စောင့်ကြပ်နေတဲ့ ရဲတွေဟာ..လူကြီးတစ်ယောက် နောက်လိုက်တစ်ချ်ို့ လျောက်လာတာကို မြင်ပြီး တိုင်ကြားဖို့လာတယ် လို့ တွေးလိုက်မိကြပေမယ့် အနီးကပ်မြင်လိုက်ကြတဲ့ အချိန်မှာ ကြောက်အသွားခဲ့ပါတယ်..။

ဒီလူက ဂေါ့ဖားသား မာ ရဲ့လူပါ..။

သာမန်လူတွေ ဆိုရင် ရဲတွေကို ကြောက်လန့်မိကြမှာပါ..။

သို့ပေမယ့် ဂေါ့ဖားသား မာ ရဲ့ လူတွေ အတွက်ကတော့ မတူညီပါဘူး..။ရဲအရာရှိတွေကသာ သူတို့ကို ကြောက်ရွံ့ကြရမှာပါ..။

ဂေါ့ဖားသား မာကို မြင်လိုက်တဲ့ အချိန်မှာ..စောင့်ကြပ်နေတဲ့ ရဲသားတွေရဲ့ မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်..။

စောက်ကျိုုးနဲ ဂေါ့ဖားသား မာက ဒီကို ဘာလာလုပ်တာလဲ..

တစ်ခုခု ဖြစ်လို့များ ဖြစ်နိုင်မလား...

"မင်းတို့ရဲ့ ခေါင်းဆောင် ဘယ်မှာလဲ.."

မာမူဖန်း မေးလိုက်တာပါ..။

"အပေါ်ထပ်မှာ.."

ရဲသားတစ်ယောက်က တုန်ရီစွာ ပြန်ဖြေလိုက်တာပါ..။

"လာ..ငါ့ကို လက်ထိပ်ခတ်လိုက်.."

မာမူဖန်း သူ့လက်နှစ်ဖက်ကို မြောက်ပြီး ရဲသားရဲ့ ရှေ့ကို ထိုးပေးလိုက်တယ်..။

"လက်ထိပ်ခတ်ရမှာလား.."

ရဲသားလေးဟာ ပဟေဠိဖြစ်သွားခဲ့တယ်..။

"လက်ထိပ်ခတ်လိုက်..ငါတို့က ဒီကို အပြစ်တွေ ဝန်ခံဖို့ လာခဲ့ကြတာ.."

မာမူဖန်း ပြောလိုက်တယ်..။

ဘေးနားမှာ ရပ်နေတဲ့ ရဲသားဟာလည်း ကြောင်အသွားခဲ့ပါတယ်..။စောက်ကျိုးနဲ သူ ဘာတွေ ပြောနေတာလဲ..။

အပြစ်ဝန်ခံဖို့လား..

အပေါ်ထပ်ရှိ ရုံးခန်းတွင်..။

"ခေါင်းဆောင် ချန်း မကောင်းတော့ဘူး..။မာမူဖန်း ဒီမှာ ရောက်နေတယ်.."

ချန်းချန်ပင်းက အစောကလာတဲ့ ဖုန်းကိစ္စကို စဥ္းစားနေခဲ့တာပါ..။သူလူပြောတဲ့ စကားကို ကြားတဲ့ အချိန်မှာ သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့တယ်..။ဒီလူက သူ့ရဲ့ စခန်းကို ဘာလာလုပ်တာလဲ..။သူက မလိုအပ်ပဲ ပြသနာ လာရှာချင်နေတာလား..။

"အောက်ဆင်းပြီး မေးကြည့်ရအောင်."

ချန်းချန်ပင်း ယုံကြည်မူ ရှိတဲ့ လေသံနဲ့ ပြောလိုက်တယ်.။ရဲဌာနတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့..သူ ဘယ်လို ပြသနာကောင်ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး..။

တစ်ခြားလူတွေသာ ကြောက်ရင် ကြောက်မယ် သူကတော့ လုံးဝ မကြောက်ရွံ့ပေ..။

ချန်းချန်ပင်း ကိုယ့်ကိုကို အကောင်းဆုံး ပြင်ဆင်လိုက်ပြီး အောက်ထပ်ကို ဆင်းသွားခဲ့တယ်..။သို့ပေမယ့် အောက်ကို ရောက်သွားတဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩသင့်သွားခဲ့ပါတယ်..။

မာမူဖန်း နဲ့ လီရန် တို့ နှစ်ယောက်စလုံးက လက်ထိပ်တွေနဲ့ပါ..။

မာမူဖန်း ကို လက်ထိပ်ခဲ့တဲ့ ရဲအရာရှိဟာ ကြောက်လွန်းလို့ တုန်လှုပ်နေခဲ့တယ်..။ဒီ မာချင်ကျိုးကို လက်ထိပ်ခတ်ရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး..။

အကြီးအကဲ ချင် ထောက်ခံပေးထားတဲ့ ခေါင်းဆောင် ချန်းက ဘယ်လိုပုံစံရှိမလဲ ဆိုတာကို လင်းဖန် စောင့်ကြည့်နေခဲ့တယ်..။သူ သေချာမြင်လိုက်တဲ့ အချိန်မှာတော့ အကြီးအကဲ ချင် မှန်တယ်လို့ ခံစားလိုက်ရပါတယ်..။

သူက တရားမျှတတဲ့ စစ်သည်တော် တစ်ယောက်လို အရှိန်အဝါ ရှိနေခဲ့တာပါ..။

"နေကောင်းရဲ့လား ခေါင်းဆောင် ချန်း..။ကျွန်တော်က အစောက ဖုန်းဆက်ခဲ့တဲ့ တစ်ယောက်ပါ.."

လင်းဖန် မိတ်ဆက်လိုက်တာပါ..။

"လင်းဖန် လား.."

"ဒါအမှန်ပဲ..ကျွန်တော် အခြေအနေကို ရှင်းပြမယ်..။ဒါက ချင်ကျိုးမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မာချင်ကျိုးပဲ..။ဂေါ့ဖားသား မာ လို့လဲ ခေါ်ကြတယ်..။ဒါက သူ့ရဲ့ ညာလက်ရုံး လီရန်..။သူတို့နှစ်ယောက်လုံးက တရားဥပဒေဆီမှာ ပြစ်မူတွေကို ဝန်ခံချင်ပါတယ် ဆိုလို့ ကျွန်တော် ခေါ်လာခဲ့တာလေ..။သူတို့က မကောင်းမူတွေ လုပ်တာလာကြာပြီးနောက်မှာ အမြန်မှန်ရလာတော့..ချက်ချင်း အပြစ်တွေ အတွက် နောင်တရနေခဲ့တာ.."

"ဘာ.."

ချန်းချန်ပင်း အိမ်မက်မက်နေသလို ခံစားနေရပါတယ်..။

"ဘာဖြစ်လို့လဲ ခေါင်းဆောင် ချန်း..။ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

မာမူဖန်း ရဲ့ မျက်နှာကလည်း လေးနက်နေခဲ့ပါတယ်..

"ငါ့ဘဝမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးတောင် ခွင့်လွှတ်မပေးနိုင်လောက်တဲ့ အမှားတွေ လုပ်ခဲ့မိတယ်..။မာစတာလင်း ရဲ့ လမ်းညွှန်မူတွေ ကြောင့်သာ ဒီလို မြင်နိုင်ခဲ့တာလေ..။ငါအခု ဒီီလို လာတယ် ဆိုတာက အပြစ်ကို ဝန်ခံတောင်းပန် ချင်လို့..ခွင့်လွှတ်မူကို လိုချင်လို့ မဟုတ်ဘူး.."

"အာ.."

ချန်ချန်ပင်း သူကြားရတာကိုတောင် မယုံကြည်နိုင်တော့ပါဘူး..။သူ့ဦးနှောက်က တိုဟူး တစ်တုံးလိုဖြစ်နေ့ပြီး..ဘယ်လို တုန့်ပြန်ရမလဲ တောင် မသိတော့ပါဘူး..။တစ်ခြား ရဲအရာရှိတွေလည်း ကြောင်အနေခဲ့ကြတယ်..။သူတို့ ဖြစ်ပျက်နေတာတွေကို ယုံတောင် မယုံကြည်ရဲကြပါဘူး..။

မာမူဖန်းက သူတို့ကို ဟာသ လာလုပ်နေတာ ဖြစ်နိုင်မလား...

ဒါမှမဟုတ် ရဲတွေက သူ့ကို ဘာလုပ်မလဲဆိုတာကို သိချင်လို့ မာမူဖန်းက စမ်းသပ်နေတာလား..

လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး.

"ခေါင်းဆောင် ချန်း..ဘာဆက်လုပ်မယ် စဥ္းစားထားလဲ..။ခင်ဗျားက အကြီးအကဲ ချင်နဲ့ သိတာမို့လို့ခင်ဗျားဆီကို ခေါ်လာခဲ့တာ..။တကယ်လို့ ခင်ဗျား မလုပ်ရဲဘူးဆိုရင် သူတို့ အပြစ်တွေ ဝန်ခံဖို့ အတွက် ကျုပ်တစ်ခြား တစ်နေရာကို ခေါ်သွားရလိမ့်မယ်.."

အဲ့အချိန်မှာပဲ..ချန်းချန်ပင်း အသိစိတ်ပြန်ဝင်လာခဲ့ပါတယ်..။သူ ဒီနှစ်ယောက်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ နောက်နေတဲ့ ပုံစံမရှိပါဘူး..။

"စစ်ဆေးမူကို စတင်လိုက်.."

"ရက် ဆာ.."

ရဲအရာရှိတွေဟာ စိတ်လှုပ်ရှားစွာ တုန့်ပြန်လိုက်ကြတာပါ..။

သူတို့ အဖြစ်အပျက် အပြည့်အစုံကို မသိကြပေမယ့်လည်း တကယ် ကျေနပ်ရပါတယ်..။သူတို့ ဒီလို အခြေအနေကို စောင့်နေရတာ တကယ်ကို ကြာပါပြီ..။

"ဟဲလို..ဘယ်လိုဖြစ်တာလဲ အတိအကျမေးလို့ရမလား..။ဒါက အိပ်မက်မက် နေတာတော့မဟုတ်ပါဘူးနော်.."

ခေါင်းဆောင် ချန်း လင်းဖန်ကို မေးလိုက်တာပါ..။

"မဟုတ်ဘူး ဒါက အမှန်ပါ..။မာချင်ကျိုးက ဒီမှာ အရမ်းအမှားကြီးပြီး..မကောင်းမူတွေ လုပ်နေတာကိုကြားလို့ ကျုပ် ရှန်ဟိုင်းကနေ လာခဲ့တာ..။ကျုပ်သူနဲ့ စကား နည်းနည်း ပြောလိုက်တော့ သူ့ရဲ့ အမှားတွေကို မြင်သွားခဲ့တယ်လေ..။နောက်ဆုံးတော့ သူ အတော်ကို နောင်တရပြီး ..သူ့အမှားအတွက် ပြန်ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ.."

ချန်းချန်ပင်း လင်းဖန်ကို ကြည့်လိုက်ပြီး..ဒါက အပြည့်အစုံ မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရပါတယ်..။ယင်းနောက် သူ ခေါင်းညိမ့်ပြလိုက်ပြီး စစ်မေးတဲ့ အခနထဲကို လျောက်သွားခဲ့တယ်..။

မာမူဖန်းကတော့ အေးဆေး ထိုင်နေခဲ့ပြီး..ဘာမှ မဆန့်ကျင်ခဲ့ပါဘူး..။

"ငါက လူတစ်ချို့ကို လွှတ်ပြီး သတ်ခိုင်းမိခဲ့တယ်..။အလောင်းတွေက တော့ တောင်ကုန်တစ်ခု နားမှာ မြုပ်ခိုင်းထားတယ်..။ဒီနေရာမှာပဲ..သွားကြည့်လိုက်ရင် မင်းတို့ အလောင်းတွေ ရှာတွေ့မှာပါ.."

"အစိမ်းရောင် ရွှေငွေ ကုန်းမြေကတော့ အဲ့နေရာကို ရဖို့ မသမာတဲ့ နည်းလမ်းကို သုံးထားတာ..။ငါ အဲ့မြေပိုင်ရှင်ရဲ့ သမီးကို ပြန်ပေးဆွဲပြီး..မြေကို ရောင်းအောင် ဖိအားပေးခဲ့တာလေ.."

"ပြီးတော့..ပြီးတော့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကလည်း အိမ်ပိုင်ရှင် တစ်ခုက ငါ့ရဲ့ စီမံကိန်းနဲ့ မလွတ်တာကြောင့် ဖယ်ခိုင်းတာကို နားမထောင်းခဲ့ဘူး..။ဒါကြောင့် ငါ ညတွင်းချင်း လူလွှတ်ပြီး သူ့ရဲ့ အိမ်ရော ခြံရောကို ဖျက်ဆီးခိုင်းပြီး ချင်ကျိုးကပါ မောင်းထုတ်ပစ်ခဲ့တယ်.."

"..ပြီးတော့..."

မာမူဖန်းဟာ မရပ်မနားပဲ ..သူ့ရဲ့ ပြစ်မူတွေကို ပြောနေခဲ့ပါတယ်..။သူ့ရဲ့ လေသံကတော့ တကယ်ကို ပုံမှန်အတိုင်းပါပဲ..။

စစ်မေးတာကို နားထောင်နေတဲ့ ရဲအရာရှိတွေဟာ..ကျောချမ်းသွားခဲ့ကြတယ်..။တစ်စုံတစ်ယောက်က ဒါတွေ လုပ်နိုင်တဲ့ အထိ စွမ်းဆောင်နိုင်စွမ်းတွေ ရှိနေတာလား..။

လူတစ်ယောက်က ဒီလို ဆိုးရွားတဲ့အရာတွေ လုပ်ပြီးတာတောင် ဘယ်သူ့ကိုမှ မကြောက်ပဲ အေးအေးဆေးဆေး နေနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။

ချန်းချန်ပင်း ကတော့ ဘေးနားမှာ ရပ်ပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားခှုံတယ်..။မာချင်ကျိူးက လူဆိုးတစ်ယောက်မှန်း သိပေမယ့် ဒီလောက်အထိ ဆိုးရွားနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။သူက အကြင်နားတရား မရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့လက်ထဲမှာ အပြစ်မဲ့ တဲ့ လူပေါင်းများစွာ ဒုက္ခခံပြီး သေဆုံးခဲ့ရတာပါ..။

လင်းဖန် လည်း မသက်မသာ ခံစားနေခဲ့ရပါတယ်..။မာမူဖန်းကတော့ ဘာမှ မဖြစ်သလို သူလုပ်ခဲ့တဲ့ အရာတွေကို ပြောနေခဲ့ပေမယ့် နားထောင် ရတဲ့လူကတော့ ခံပြင်းလွန်းလို့ သွေးတွေတောင် ဆူပွက်လာခဲ့ပါတယ်..။

သူ့ရဲ့ အပြစ်တွေ အတွက်က သေဒဏ် ဆယ်ကြိမ်ပေးရင်တောင် လုံလောက်ဦးမှာ မဟုတ်ပါဘူး..။လူမူအဖွဲ့အစည်းထဲမှာ ဒီလောက်အထိ ဆိုးရွားတဲ့ လူတွေ တည်ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

အစ ကနေ အဆုံးအထိ...

နာရီဝက်လောက် ကြာသွားခဲ့တယ်..။

မာမူဖန်းကတော့..ရပ်တန့်မယ့်ပုံတောင် မရှိပဲ..ဆက်တိုက်ပြောနေခဲ့တာပါ..။

"ခင်ဗျား ပြောတာတွေက အမှန်တွေပဲလား.."

ချန်းချန်ပင်း ​မေးလိုက်တာပါ..။သူ့ရဲ့ လေသံကတော့ အတော်ကို လေးနက်နေခဲ့တယ်..။မာမူဖန်းဟာသ လာလုပ်နေတယ်လို့ သူ လုံးဝ မခံစားရပါဘူး..။

"အကုန်အမှန်တွေချည်းပဲ..ဘာအလိမ်အညာတစ်ခုမှ မပါဘူး.."

မာမူဖန်း ခေါင်းညိမ့်ပြီး ပြောလိုက်တာပါ..။

…

အပြင်ဘက်.။

မာမူဖန်းရဲ့ လူတွေကတော့ အပြင်မှာ ဖုန်းဆက်ရင်း အလုပ်ရှုပ်နေခဲ့တယ်..။သူတို့ အပြင်ဘက်မှာ အတော်ကြာအောင် စောင့်နေပေမယ့် ဂေါ့ဖားသား မာကတော့ ထွက်မလာသေးပါဘူး..။ဖြစ်နိုင်တာ တစ်ခုကတော့ ဂေါ့ဖားသား မာက သူ့​ြ့ပစ်မူတွေကို ဝန်ခံနေတယ် ဆိုတာပါပဲ..။

သူတို့ ဂေါ့ဖားသား မာ မလုပ်လောက်ပါဘူးဆိုတဲ့ နောက်ဆုံး မျှော်လင့်ချက်ကိုတော့ ဆုပ်ကိုင်ထားကြဆဲပါ..။

ရုတ်တရက်..။

သတင်းဌာနတွေရဲ့ ကားတွေဟာ တန်းစီရောက်လာကြပြီး ရဲဌာနရဲ့ ကားပါကင်မှာ ရပ်လိုက်ကြတယ်..။

"ချီးပဲ ဂျာနယ်လစ်တွေ ရောက်လာပါလား.။ဘာတွေ ဖြစ်နေတာလဲ.."

"မဖြစ်နိုင်တာ..."

အဲ့အချိန်မှာပဲ ဂျာနယ်လစ်တွေဟာ..ကင်မရာ တွေ မိုက်တွေ အသံဖမ်းစက် တွေ အပြည့်အစုံနဲ့ ကားတွေပေါ်က ဆင်းလာကြပြီး ရဲစခန်းအရှေ့မှာ ပြည့်နှက်သွားခဲ့ပါတယ်..။

"ဂေါ့ဖားသား မာက ဒီမှာ အပြစ်တွေကို ဝန်ခံနေတာပဲ..

"ဒါက အမှန်ဖြစ်နိုင်ပါ့မလား.."

"ဒါ မှန်လား မမှန်လား ငါတော့ ဂရုမစိုက်ဘူး..။ဒါက သတင်းကြီး ဖြစ်တော့မယ် ဆိုတာတော့ အသေအချာပဲ.."

All Chapters