← Chapters

အခန်း (၆၃၆)

Vol. 43 Ch. 636

အခန်း (၆၃၆)

Vol. 43 Ch. 636

#ဘာသာပြန် = စနိုးဝှိုက်

ရဲဌာနတွင်..။

ချန်းချန်ပင်း ကျေနပ်နေခဲ့တယ်..။မာမူဖန်းက..သူ့ရှေ့မှာ ထိုင်ပြီး စစ်မေးခံနေရလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး..။သူ ပြောခဲ့တဲ့ အရာတွေက အတော်ကို များပြားလွန်းနေခဲ့ပါတယ်..။

"ခေါင်းဆောင် ချန်း..သူ လုပ်ခဲ့တာတွေနဲ့ ဆိုရင် ဘယ်လို ပြစ်ဒဏ္မျိုး ပေးခံရနိုင်မလဲ.."

လင်းဖန် မေးလိုက်တာပါ..။

"ဒါက တစ်သက်တစ်ကျွန်း မဟုတ်ရင် သေဒဏ်ပဲ..။ဒါပေမဲ့ သေဒဏ်ကျခံရဖို့က ပိုများတယ်လို့ထင်တယ်.."

ချန်းချန်ပင်း ပြန်ဖြေလိုက်တာပါ..။

သို့ပေမယ့် တစ်ခု ထူးခြားတာက..မာချင်ကျိုးက ဘယ်တုန်းကမှ သူကိုယ်တိုင် လူမသတ်ခဲ့ဖူးပါဘူး..။သူက တစ်ခြားလူတွေကိုပဲ စေခိုင်းခဲ့တာပါ..။

မာမူဖန်းမှာက နောက်ခံတွေ အများကြီး နဲ့ ကူညီပေးတဲ့ လူတွေ အများကြီးရှိနေခဲ့တာကြောင့်..ဒီလူတွေက အမူထဲမှာ ပါလာတဲ့ အချိန်ကြရင် ကျိန်းသေ ငြင်းပယ်ကြမှာပါ..။

တကယ်လို့ ဒီလိူ အခြေအနေ ဖြစ်လာရင် တကယ့်ကို အရှုပ်အထွေး အကြီးကြီးပါပဲ..။

အဲ့အချိန်မှာပဲ..ရဲအရာရှိ တစ်ယောက်ဟာ..ထိပ်လန့်နေတဲ့ အမူအရာနဲ့..အခန်းထဲကို ပြေးဝင်လာခဲ့တယ်..။

"ခေါင်းဆောင် ချန်း..အပြင်ဘက်မှာ ..သတင်းထောက်တွေ အများကြီး ရောက်နေကြတယ်..။သူတို့ပြောတာက လီရန်လို့ ခေါ်တဲ့ လူက သူတို့ကို အင်တာဗျုး ဖို့ ခေါ်ထားတာတဲ့.."

ချန်းချန်ပင်း လင်းဖန်ကို လှမ်းကြည့်ပြီး ထင်မြင်ချက် တောင်းလိုက်တယ်..။

သူက ဒီဌာနက ခေါင်းဆောင် တစ်ယောက် ဖြစ်ပေမယ့်လည်း ဒီနေ့ဖြစ်ပျက်နေတာတွေက အတော် ထူးဆန်းတာကြောင့်..ဆုံးဖြတ်ချက်ချဖို့ ခဲယဥ္းနေခဲ့ပါတယ်..။

ချင်ကျိုးရဲ့ အင်အာအကြီးဆုံး မာမူဖန်းက ရဲစခန်းကို သူ့ခြေထောက်နဲ့..သူ ရောက်လာခဲ့ပြီး သူ လုပ်ခဲ့တဲ့ ပြစ်မူတွေကိုဝန်ခံခဲ့တာပါ..။ဒါက ဒီဌာနမှာ ရှိတဲ့ ရဲတွေ အတွက်ကတော့ အိပ်မက်မက် နေသလိုပါပဲ..။လက်ရှိအချိန်မှာတော့ ခေါင်းဆောင် ချန်း တောင် လင်းဖန် ရဲ့ လမ်းညွှန်မူအတိုင်း လိုက်လုပ်နေခဲ့ရပါတယ်..။

"ခေါင်းဆောင် ချန်း လည်း လက်ရှိအခြေအနေကို သိနေတာပဲ .။ဂေါ့ဖားသား မာ မှာက နောက်ခံ နဲ့ ကူညီပေးမယ့်လူတွေ အများကြီး ရှိတယ်လေ..။သူတို့က ဂေါ့့ဖားသား မာကို ဖြစ်နိုင်သမျှ ပြန်ကယ်ထုတ်ဖို့ ကြိုးစားကြမှာပဲ..။ဒီတော့ ခေါင်းဆောင် ချန်း ဒီကိစ္စကို သီးသန့် ဖြေရှင်းရင်..အခြေအနေတွေ ကို ကိုယ်တွယ်ဖို့ လုံလောက်အောင် အင်အား မရှိမှာ ကြောက်ရတယ်..။ဒါဆို ဘာလို့ ဂျာနယ်လစ်တွေကို အခြေအနေ မှန်ကို ပေးမသိခိုင်းတာလဲ..။လူများများ သိလေလေ..အင်အားရှိတဲ့ လူတွေက ခင်ဗျားအပေါ် ဖိအား သိပ်မပေးရဲ လေလေပဲ..။ထပ်ပြောရရင် ချင်ကျိုးက လူတွေက တစ်ဘဝလုံး ကြောက်ရွံ့ပြီး နေလာကြရတာ..။အခု သူတို့..အတွက် ပျော်ရွှင်မူတွေ ပြန်ရောက်လာ သင့်ပြီလေ.."

"သူတို့ကို ဝင်ခိုင်းလိုက်.."

ချန်းချန်ပင်း..ခေါင်းညိမ့်ပြီး ပြောလိုက်တာပါ..။လင်းဖန် ပြောတာတွေက တကယ်ကို အဓိပ္ပါယ် ရှိပါတယ်..။

ရဲအရာရှိဟာ ခေါင်းညိမ့်လိုက်တယ်..။

"ရက်ဆာ.."

…

သတင်းထောက်တွေဟာ..အပြင်မှာစောင့်နေတာ အချိန်အနည်းငယ် ရှိနေခဲ့ပါပြီ..။သို့ပေမယ့် ..ဒီအချိန်အနည်းငယ် အတွင်းမှာပဲ လက်ရှိဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သူတို့ စုံစမ်းနိုင်ခဲ့ပါတယ်..။

မာချင်ကျိုးက အမှန်တကယ်ပဲ သူကိုယ်တိုင် လာပြီး ဝန်ခံခဲ့တာပါ..။ဒါက တကယ်ကို မယုံနိုင်စရာ ပါပဲ..။

အဲ့အချိန်မှာပဲ..သူတို့ ကျေနပ်သွားခဲ့တယ်..။

မာချင်ကျိုးက ချင်ကျိုးမှာ များပြားလှတဲ့..အမူတွေ ကျူးလွန်းထားတာကို ..သတင်း အေဂျင်စီ တွေက သိထားပေမယ့်လည်း သူတို့သတင်းအဖြစ် မတင်ရဲကြပါဘူး..။တကယ်လို့ သူတို့ ဒီနေ့ သတင်းတင်လိုက်ရောက် နောက်နေ့ဆို ပျောက်ကွယ်သွားကြရမှာပါ..။

သိူ့ပေမယ့် အခုတော့ မတူညီတော့ပါဘူး..။မာချင်ကျိုးက သူ့သဘောနဲ့ သူ ဝန်ခံခဲ့ပြီး သတင်းထောက်တွေကိုလည်း သူ့ကိုယ်တိုင် ခေါ်ထားခဲ့တာပါ..။ဒါက တစ်ဘဝလုံးမှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေး ကောင်းပါပဲ..။

ရဲအရာရှိရဲ့ လမ်းညွှန်မူနဲ့ ဂျာနယ်လစ် တွေဟာ အထဲကို လိုက်ဝင်သွားခဲ့ကြတယ်..။

"ဟိုဘက်မှာ မာချင်ကျိုးက ဟိုဘက်မှာ. "

"မင်းတို့ တကယ်သွားမှာလား..။ဂေါ့ဖားသား မာက ဟိုဘက်မှာ ရှိနေတာနော်.."

"သူက ငါတို့ကို ခေါ်ထားတာလေ..ငါတို့က ဂျာနယ်လစ်တွေပဲ.။ဒါပေါ့ ငါတို့ သွားရမှာပေါ့.."

"ဟုတ်တယ် ဒါက ရဲဌာနပဲ..။သူငါတို့ကို တစ်ခုခုတော့ မလုပ်လောက်ပါဘူး.."

သတင်းထောက်တွေ ရောက်လာတာကို ကြည့်ပြီး မာမူဖန်း ပြုံးလိုက်တယ်..။ယင်းနောက် သူ ချန်းချန်ပင်းကို ကြည့်လိုက်ပြီး..

"ခေါင်းဆောင် ချန်း..ကျုပ် သတင်းထောက်တွေနဲ့ စကားပြောလို့ရတယ်မလား.."

ချန်းချန်ပင်း မျက်မှောင်ကျုတ်လိုက်တယ်..။မာချင်ကျိုး ဘာလုပ်ချင်မှန်း မသိပေမယ့်..လင်းဖန် ခေါင်းညိမ့်ပြတာကို မြင်တဲ့ အချိန်မှာ..သူ ခွင့်ပြုလိုက်ပါတယ်..။

"ကောင်းပြီလေ.."

မာချင်ကျိုး မတ်တတ်ရပ်ပြီး ဂျာနယ်လစ်တွေ ဆီကို လျောက်သွားလိုက်ပါတယ်..။

ဂျာနယ်လစ် တွေဟာ အနည်းငယ် စိတ်ပူနေခဲ့ကြတယ်..။တစ်ချို့ လူတွေဆို ဂေါ့ဖားသား မာ လျောက်လာတာ မြင်ပြီး ကြောက်ရွံ့နေခဲ့ကြပါတယ်..။ဒါက ချင်ကျိုး တစ်ခုလုံး ကို ထိန်းချုပ်ထားပြီး အကုန်လုံး ကြောက်ရွံ့ကြရတဲ့ ဂေါ့ဖားသား မာ ပါပဲ..။

တကယ်လို့ ဒီနေ့ အင်တာဗျူး သာ..ဂေါ့ဖားသား မာ ပြစ်မူ တွေကို ကိုယ်တိုင် ဝန်ခံပြီး ဂျာနယ်လစ်တွေကို ကိုယ်တိုင် ခေါ်ထားတာ မဟုတ်ရင် သတ္တိအရှိဆုံး ဂျာနယ်လစ်တောင် လာရဲမှာ မဟုတ်ပါဘူး..။

ရတ်တရက်..။

မာချင်ကျိုးဟာ ဒူးထောက်ချလိုက်ပြီး..ဖြူဖျော့နေတဲ့ မျက်နှာနဲ့ အရိုအသေ ပြုလိုက်တယ်..။

"ဒီနေရာကနေ ချင်ကျိုးက တစ်ယောက် ချင်းစီတိုင်းကို တောင်းပန်ပါရစေ..။ကျွန်တော်က..ဆိုးရွားတဲ့ အရာတွေ အများကြီးကို လုပ်ခဲ့တဲ့..လူမိုက်တစ်ယောက်ပါ..။မိသားစု တွေကို ဖျက်ဆီးတယ်..ခိုးယူတယ်.. လူတွေကို သတ်ခဲ့တယ်..။ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်..။အခုက..ခွင့်လွှတ်မူကို တောင်းခံနေတာ မဟုတ်ပါဘူး..။အပြစ်တွေကိုပဲ ပြန်ပေးဆပ်ချင်တာပါ.."

အကုန် တိတ်ဆိတ်နေခဲ့တယ်..။

ဒီမှာ ရှိနေတဲ့ လူတိုင်း တိတ်ဆိတ်နေခဲ့ပါတယ်..။

ဂျာနယ်လစ် တွေဟာ ဂေါ့ဖားသား မာ သူတို့ရှေ့မှာ ဒူး​ေထာက်နေတာ မြင်ပြီး တိတ်တဆိတ် နောက်ကို ဆုတ်လိုက်ကြပါတယ်..။

သို့ပေမယ့်..မာချင်ကျိုး ဒူးထောက်ပြီး ပြောနေတဲ့ စကားတွေကို မြင်တဲ့အချိန်မှာ အံ့ဩသင့်သွားခဲ့ကြတယ်..။

ကလစ်.

ကင်မရာ တွေဟာ ရှေ့ကို ချိန်ထားခဲ့ကြပါတယ်..။

ဒါက သတင်းကြီးပါ..။တကယ်ကို သတင်းကြီးပါ..။

နှစ်ပေါင်း များစွာ ကြာရင်တောင် ဒီလိုမျိုး ထပ်ဖြစ်လိမ့်မယ်လို့ ပြောလို့ မရပါဘူး..။

ချင်ကျိုးကို ထိန်းချုပ်နေတဲ့လူက..သူတို့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန် နေခဲ့တာပါ..။ဒါက အနောက်ဘက်ကနေ ..နေထွက်လာတဲ့ အတိုင်းပါပဲ..။

မာချင်ကျိုး မတ်တတ်ရပ်လိုက်တယ်..။

"ကျုပိ..ပြစ်မူတွေ အများကြီး ကျူးလွန်ထားခဲ့ပြီး အဲဒီ အပြစ်တိုင်းကို ဝန်ခံထားခဲ့တယ်..။မာစတာလင်းနဲ့ တွေ့ပြီးတဲ့ နောက်မှာ..ဘဝရဲ့ အမှားတွေကို မြင်နိုင်ခဲ့တယ်လေ..။ဒါကြောင့် ဒီနေ့က စပြီး အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်တိုင် လာဝန်ခံခဲ့တာ.."

ဂျာနယ်လစ် တွေဟာ မာချင်ကျိုးကို အံ့ဩသင့်စွာ ကြည့်နေရာကနေ သတိပြန်ဝင်လာပြီး မေးခွန်းတွေ မေးလိုက်ကြပါတယ်..။

"ဂေါ့ဖားသား မာ..မာစတာလင်းက ဘယ်သူလဲ သိလို့ရမလား.."

"ဘာလို့ ကိုယ့်ကိုကို ဝန်ခံချင်တာလဲ ဗျ.."

"အခုလို ချင်ကျိုးတစ်ခုလုံးကို ထိန်းချုပ်ပြီး ဘယ်သူမှ မတွန်းလှန်နိုင်တာက နောက်မှာ တစ်ယောက်ယောက် ရှိနေလို့ လားဗျ.."

…

အဲ့အချိန်မှာတော့ ဂျာနယ်လစ်တွေဟာ မာချင်ကျိူး အမှန်တကယ် ဝန်ခံနေတယ် ဆိုတာကို သဘောပေါက်သွားပြီး မေးခွန်းတွေကို မေးလိုက်ကြပါတယ်..။

မာချင်ကျိုးလို လူမျိုးက သူတို့ရှေ့မှာ ဒူးထောက်တယ် ဆိုတာက အိပ်မက်တစ်ခုလိုပါပဲ..။

"ပြောပြမယ်..မာစတာလင်း ဆိုတာက ဒီမှာ ရပ်နေတဲ့ ..လူကြီးလူကောင်း တစ်ယောက်ပဲ..။သူက ငါနဲ့ တွေ့ဖို့ ရှန်ဟိုင်းကနေတောင် ကိုယ်တိုင် လာခဲ့ရတာ..။ငါက ရောဂါ ခံစားနေရပေမယ့် မာစတာလင်းက မကုသပေးချင်ခဲ့တော့ ငါသူ့ကို သတ်ဖို့ ကြံစည်ခဲ့တယ်လေ..။အဲ့အချိန်မှာ မာစတာလင်းက ..ငါ အသိဥာဏ်ရပြီး အမှန်ကို မြင်နိုင်အောင် လမ်းပြပေးခဲ့တာပဲ..။ငါ လုပ်ခဲ့တာတွေက ခွင့်လွှတ်လို့ မရတဲ့ အရာတွေ ဖြစ်တာကြောင့် ဒီအပြစ်တွေကို ဝန်ခံပြီး ပြစ်ဒဏ်ခံယူဖို့ ဆုံးဖြတ်ခဲ့တာလေ.."

ဂျာနယ်လစ်တွေဟာ လင်းဖန်ကို ကင်မရာတွေ ချိန်လိုက်ကြပေမယ့်..လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ကျုပ်ကို အင်တာဗျူး ဖို့ မလိုအပ်ဘူး..။သူက ဒီနေ့ရဲ့ စတား ဆိုတော့ သူ့ကိုပဲ အင်တာဗျူး ကြပါ.."

ဂျာနယ်လစ်တွေကတော့ လင်းဖန်ကို ဓာတ်ပုံအနည်းငယ်လောက် ရိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..။ဂေါ့ဖားသား မာကို ဒီလိုပြောင်းလဲသွားအောင် လုပ်နိုင်တဲ့လူက အမှန်တကယ်ပဲ လေးစားမူ နဲ့ ထိုက်တန်တာပါ..။

တကယ့် စီနီယာ အဆင့် ဘုန်းတော်ကြီးတွေတောင်မာချင်ကျိုးကို အသိစိတ်ဝင်အောင် ပြောနိုင်မှာ မဟုတ်ပါဘူး..။

မာချင်ကျိုး သူ့ကျူးလွန် တဲ့အရာတွေကို ပြောပြနေတဲ့ အချိန်မှာ သတင်းထောက်တွေဟာ ကျောချမ်းလာခဲ့ကြတယ်..။ဒါတွေက တကယ်ကို ကြောက်ဖို့ ကောင်းတာပါ..။

ဒါက မာချင်ကျိုး ကိုယ်တိုင် ပြောတာသာ မဟုတ်ရင် ဘယ်သူမှ ယုံကြည်ရဲကြမှာ မဟုတ်ပေ..။ထပ်ပြောရရင် ချင်ကျိုးက ဒီလောက်အထိ ရှုပ်ထွေးနေမယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။

အဲ့အချိန်မှာတော့ ဂျာနယ်လစ်တွေနဲ့ ရဲအရာရှိတွေဟာ မာချင်ကျိုး ပြောသမျှတိုင်းကို မှတ်တမ်းယူနေခဲ့ကြတယ်..။

သူ ပြောခဲ့တဲ့ အရာတွေနဲ့..သူ့ရဲ့ ပြစ်မူမှာ ပါဝင်ခဲ့တဲ့ လူတွေက အများကြီးပါပဲ..။

All Chapters