← Chapters

မာစတာလင်းရဲ့ သင်ပြမူကို မင်းနားထောင်ရမယ်..

Vol. 43 Ch. 637

မာစတာလင်းရဲ့ သင်ပြမူကို မင်းနားထောင်ရမယ်..

Vol. 43 Ch. 637

#ဘာသာပြန် = စနိုးဝှိုက်

အပြင်ဘက်..။

ချင်ကျိုးက အကောင်ကြီးတွေဟာ ရင်တမမ ဖြစ်နေခဲ့ကြတယ်..။

"ငါ့ နှလုံးခုန်သံတွေ မြန်နေသလိုပဲ.."

သူဌေးတွေထဲက တစ်ယောက်က ပြောလိုက်တာပါ..။သူ ဘေးပတ်ဝန်းကျင် ကို ကြည့်နေခဲ့ပြီး သက်သောင့်သက်သာ မရှိသလို ခံစားနေခဲ့ရတယ်..။

"ငါရောပဲ..။ဂေါ့ဖားသား မာ ဘာတွေ လုပ်နေတယ်လို့ မင်းထင်လဲ.."

"တစ်ခုခု ကြီးမာတာ ဖြစ်မှာကိုပဲ ငါကြောက်ရွံ့မိတယ်..။ဂေါ့ဖားသား မာ သတင်းထောက်တွေနဲ့ စကားပြောနေတာ အချိန်အတော်ကြာပြီ..။ငါတို့ အခြေအနေ သွားကြည့်ခိုင်းထားတဲ့ ကောင်လေး ပြန် ရောက်မလာသေးဘူးလား.."

"အာ သူတို့.."

လူငယ်လေး တစ်ယောက်ဟာ ထိပ်လန့်နေတဲ့ မျက်နှာနဲ့ ရဲစခန်းထဲကနေ ့ပြန်ထွက်လာခဲ့တယ်..။

"မကောင်းတော့ဘူး..ဂေါ့ဖားသား မာက..သူ့အပြစ်တွေ ဝန်ခံနေပြီး ပြစ်မူတွေ အကုန်လုံးကို ထုတ်ပြောနေတယ်..။ဥက္ကဌ လီ..သူ့ကို လာဘ်ထိုးပြီး ..ကိစ္စတစ်ခု လုပ်ပေးဖို့ ပြောခဲ့ဖူးတာ မှတ်မိလား..။ဂေါ့ဖားသား မာက အဲတာကိုပါ ပြန်ပြောပြနေတယ်..။ကျွန်တော်တို့ အကုန်လုံးတော့ သွားပြီ.."

"ဘာ.."

လူတိုင်း ကြောင်အသွားခဲ့ပြတယ်..။ဒါက ဗုန်းတစ်လုံး သူတို့ အပေါ်ကို ကျလာသလိုပါပဲ..။ဒီ လူငယ်လေး..က ဘာတွေ ပြောနေတာလဲ..။ဂေါ့ဖားသား မာက တကယ်ပဲ အကုန်လုံးကို ဖော်ကောင် လုပ်နေတာလား..။

ဒါ ဒါက...

အဲ့အချိန်မှာပဲ..သူတို့အကုန်လုံး ပျာယာ ခတ်သွားခဲ့တယ်..။

"မကောင်းတော့ဘူး အမြန်သွားလိုက်ကြရအောင်..။တကယ်လို့ ဂေါ့ဖားသား မာ သာ အကုန်ဖော်ထုတ်လိုက်ရင် ငါတို့ ဒီ အရှုပ်အထွေးထဲက လွှတ်မြောက်ဖို့ မျှော်လင့်ချက် ရှိတောပမှာ မဟုတ်ဘူး.."

"ခနလေး..ငါတိုက ပြသနာ ရှိမှာ မဟုတ်ဘူး..။ငါတိုက စီးပွားရေး လုပ်ငန်းရှင်တွေလေ..ပြီးတော့ ဘယ်သူ့ကိုမှလည်း ပေါ်တင် ထိခိုက်အောင် လူပ်ဖူးတာ မဟုတ်ဘူး..။ငါတို့ အများစုက လာဒ်ထိုးတာ လောက်ပဲ..လုပ်ဖူးတာလေ..ဒါကို မေးခွန်းထုတ်ရင်လည်း စီးပွားရေး ထိခိုက်တာလောက်ပဲ ကြံရမှာပဲ.."

"အမှန်ပဲ..ဒါအဓိပ္ပါယ်ရှိတယ်..။အခု စိတ်ပူရမှာက ငါတို့ မဟုတ်ဘူး..။စိတ်ပူရမယ့်လူတွေက ဂေါ့ဖားသား မာနဲ့ တိုက်ရိုက်ဆက်ဆံပြီး အလုပ်တူတူ လုပ်တဲ့ လူတွေပဲ..။ဂေါ့ဖားသား မာ လျို့ဝှက်ချက်တွေ အကုန်ဖော်ထုတ်လိုက်ရင် သူတို့တော့ အဆုံးသတ်ပြီ.."

…

ဂေါ့ဖားသား မာ နဲ့ အနီးဆုံး လူတစ်ယောက် နေသည့်နေရာတွင်..။

ကလင် ကလင်..

ငါ အနားယူနေတာကို ဘယ်သူက ဖုန်းလာခေါ်တာလဲ..

ဒီလူရဲ့ ဆံပင်က ဖြူနေပြီး အသက်က ၆၀ နီးပါးလောက် ရှိနေခဲ့ပါပြီ..။သူက လူကြီးလူကောင်းဆန်တဲ့ ပုံစံရှိပြီး ကောင်းမွန်တဲ့..ကိုယ်ဟန်အမူအရာ ရှိပါတယ်..။

သူ ညဝတ်အင်္ကျီကို သေချာပြင်ဝတ်လိုက်ပြီး ဖုန်းကိုင်လိုက်တယ်..။

"ဟဲလို..ချန်းနီယန်လိန် ပြောနေပါတယ်.."

အစက တည်ငြိမ်ပြီး အေးချမ်းနေတဲ့..သူ့ရဲ့ မျက်နှာဟာ ဖုန်းထဲက ပြောတဲ့ အသံကို ကြားပြီး..အသက်ဓာတ်တွေ ပျောက်ကွယ်သွားသလို ဖြူဖျော့သွားခဲ့တယ်..။သူ ဖုန်းချလိုက်တဲ့ အချိန်မှာ ဖုန်းဟာ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။

"မာမူဖန်း.."

ချန်းနီယန်လိန်..အသက်ကို ပြင်းပြင်းရူပြီး ရေရွတ်လိုက်တာပါ..။သူ ဖုန်းကို ပြန်ကောက်လိုက်ပြီး နောက်ထပ် ဖုန်းတစ်ခုကို ခေါ်လိုက်တယ်..။

"ဟဲလို..ဒါက အမိန့်ပဲ..။ရဲဌာနကို သွားပြီး မာမူဖန်းကို ပြန်ခေါ်လာခဲ့..။ဘယ်ရဲမှ သူ့အနားကို မကပ်စေနဲ့.."

ဒီညမှာ ဘယ်သူမှ အိပ်မပျော်ခဲ့ပေ..။

ရဲဌာနတွင်..။

ဂျာနယ်လစ်တွေဟာ မာမူဖန်းကို အံ့ဩသင့်စွာ ကြည့်နေခဲ့ကြတယ်..။မာမူဖန်း ပြောသွားတဲ့ ပြစ်မူတွေက အရမ်းများလွန်းလို့ သူတို့ မှတ်တောင် မမှတ်မိတော့ပါဘူး..။

အရမ်းများတယ်..ဒါက အရမ်းများတယ်..။

ကလင် ကလင်..

ချန်းချန်ပင်း ရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။သူ ဖုန်းကိုင်ပြီး နောက်မှာ မျက်မှောင်ကျုတ်လိုက်ပါတယ်..။

"မရဘူး..မာမူဖန်းက ကျုပ်တို့ရဲ့ ဌာနကို လာပြီး အပြစ်ဝန်ခံတာလေ..။ခင်ဗျားတို့ ရှန်းတန် က လူတွေ ဝင်ပါလို့ မရဘူး.."

"ခေါင်းဆောင် ချန်း..ဘာဖြစ်လို့လဲ.."

လင်းဖန် မေးလိုက်တာပါ..။

ချန်းချန်ပင်း သူ့ကို ကြည့်လိုက်တယ်..။

"မာမူဖန်း ဒီမှာ ဝန်ခံနေတဲ့ သတင်းက ပေါက်ကြားသွားပြီး.အခု ရှန်းတန် က လူတွေက ဝင်ပတ်သက်ချင်နေကြတာ.."

"မဟုတ်ဘူး..ကျုပ်တို့ သူတို့ကို ပေးလိုက်လို့ မရဘူး..။ဒီ ရှန်းတန် က လူတွေက ပြသနာ ရှာချင်နေကြတယ်လို့ ကျုပ်ခံစားနေရတယ်.."

"အင်း.."

ချန်းချန်ပင်း ခေါင်းညိမ့်လိုက်တယ်..။

"ငါ သိတယ်..ဒါကြောင့် သူတို့ကို ငြင်းလိုက်တာ..။ဒီကိစ္စက ကိုင်တွယ်ဖို့ လွယ်ကူမှာ မဟုတ်ဘူး.."

ကလင် ကလင်..

အဲ့အချိန်မှာပဲ ခေါင်းဆောင် ချန်းရဲ့ ဖုန်းဟာ ထပ်မြည်လာခဲ့ပါတယ်..။

ဖုန်းခေါ်ဆိုတဲ့ လူရဲ့ နံပါတ်ကို မြင်တဲ့ အချိန်မှာ ချန်းချန်ပင်း မျက်နှာ အမူအရာ ပျက်သွားခဲ့ပါတယ်..။

ချန်းနီယန်လိန်...

သူ ဖုန်းကို ကိုင်လိုက်တယ်..။

"ခေါင်းဆောင် ချန်း..ကျုပ် ညဘက်ကြီး ခေါ်လိုက်တာ ခင်ဗျားကို နှောက်ယှက်သလို ဖြစ်သွားသလား မသိဘူး.."

"မဖြစ်ပါဘူး.."

ချန်းချန်ပင်းဟာ..ရှန်းတန်ကလူတွေကို ရောက်မလာစေချင်ပဲ..ဒီအခြေအနေကို ဖြစ်နိုင်သမျှ မြန်မြန် ဖြေရှင်းချင်နေခဲ့ပါတယ်..။

"ဒါဆို ကောင်းတာပေါ့..။ဘာတွေ ဖြစ်နေလဲ ဆိုတာကို ငါသိထားတယ်..ဒါကြောင့် ငါ ရှန်းတန်က လူတွေကို လွှတ်လိုက်ပြီ..။ခနကြာရင် သူတို့ မင်းဆီကို ရောက်လာလိမ့်မယ်..။စိတ်မပူနဲ့ ဒီတစ်ကြိမ်မင်းရဲ့ ကြိုးစားပေးမူကို အသိအမှတ်ပြုတဲ့ အနေနဲ့ ငါ မှတ်ထားပေးပါ့မယ်.."

"မဟုတ်ဘူး..ဒါရိုက်တာ..ကျွန်တော် ဖြေရှင်းလို့ ပြီးတော့မှာပါ..။ရှန်းတန်က လူတွေကို လွှတ်ဖို့ မလိုတော့ပါဘူး.."

"အာ..မင်းက အမိန့်ကို မနာခံတာလား.."

"ကျွန်တော်.."

ချန်းချန်ပင်း ကျဥ္းထဲကျပ်ထဲ ရောက်သွားခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ..မာမူဖန်း ချန်းချန်ပင်းကို ကြည့်လိုက်ပြီး..

"ခေါင်းဆောင်ချန်း..အဲတာ ချန်းနီယန်လိန် လား.."

ချန်းချန်ပင်း ခေါင်းညိမ့်လိုက်တယ်..။

ဂျာနယ်လစ်တွေဟာ ချန်းနီယန်လိန် ဆိုတဲ့ စကားကို ကြားတဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြပါတယ်..။သူတို့ ချန်းနီယန်လိန် ဘယ်သူလဲ ဆိုတာ ကျိန်းသေ သိကြပါတယ်..။

မာမူဖန်း ဖုန်းကို လှမ်းယူလိုက်ပြီး စကားပြောလိုက်တယ်..။

"ချန်းနီယန်လိန် ..ငါ မာမူဖန်း ပါ..။ငါ အခု အပြစ်တွေကို ဝန်ခံနေတာ..။မင်းက ငါနဲ့ အရင်းအနှီးဆုံး လူတစ်ယောက်ဖြစ်ပြီး အချိန်တွေ အတော်ကြာအောင် ကျော်ဖြတ်ခဲ့ကြတယ်..။ဒါပေမဲ့ အခုတော့ အချိန်ကျပြီ...။ငါလည်း မင်းကို အပြစ်တွေ ဝန်ခံစေချင်မိတယ်..။မင်းက ငါနဲ့ မတူဘူးလေ..။ငါက အသနားခံလို့ မရတော့ဘူး..ဒါပေမဲ့ မင်းက ခေါင်းဆောင်ကြီး တစ်ယောက် ဆိုတော့ ခွင့်လွှတ်မူတောင်းခံလို့ရဦးမှာပါ.."

ဂျာနယ်လစ် တွေဟာ..မာမူဖန်း ချန်းနီယန်လိန် ကို ဖုန်းထဲက တဆင့်ပြောနေတာတွေ ကြားပြီး အံ့ဩသင့်သွားခဲ့ကြတယ်.။ချန်းချန်ပင်းတောင်မှ ကြောင်အသွားခဲ့ပါတယ်..။

မာမူဖန်းရဲ့ အနီးဆုံး မိတ်ဆွေက..သူလား...

"မင်ဘာတွေ ပြောနေတာလဲ..။ငါ မင်းကို သိလို့လား..။ငါ့ကို အရှက်လာမခွဲနဲ့.."

ချန်းနီယန်လိန် ကြောင်အသွားခဲ့တယ်..။မာမူဖန်းက ဒီလို တိုက်ရိုက်ကြီး သူတို့ ဆက်ဆံရေး အကြောင်း ပြောမယ်လို့ မထင်ထားခဲ့ပါဘူး..။

မာမူဖန်း သက်ပြင်းချလိုက်တယ်..။

"ဟင်း..ဒါက အချိန်ကျပြီ..။မင်းဘာလို့ ပြန်ပြီး မသန့်ရှင်း ချင်ရတာလဲ..။ငါ တစ်ခြားလူတွေကိုလည်းထပ်ပြီး မနာကျင်စေချင်တော့ဘူး..။ငါက မင်းအတွက် အကြံဥာဏ်ပေးနေတာပါ..။ငါတို့က နှစ်တွေ ကြာအောင် ရင်းနှီးခဲ့တာ ဆိုတော့ မင်းကို ဆက်ပြီး မမိုက်စေချင် တော့ဘူးလေ.."

"ချန်းချန်ပင်း မင်းဘာတွေ လုပ်နေတာလဲ..။ဘာလို့ သူ့ဆီ ဖုန်းပေးလိုက်တာလဲ..။ဒီလူက ငါ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြောနေတာ နားမလည်ဘူးလား"

ချန်းနီယန်လိန် တုန်လှုပ်နေတဲ့ အမူအရာနဲ့ အော်ဟစ်လိုကိတယ်..။တကယ်လိူ့ သူ့ နှလုံးသား အားနည်းမယ် ဆိုရင် ရှော့ရပြီး မေ့လဲနေလောက်ပါပြီ..။

မာမူဖန်း ခေါင်းခါယမ်းလိုက်တယ်..။

"ဂျာနယ်လစ်တွေ ဒီမှာရှိနေကြတယ်..မင်းလည်း ဆက်ပြီး ရှောင်ပုန်းမနေနဲ့တော့..။ငါ့မှာ သက်သေတွေ အကုန်ရှိတယ်..။လွန်ခဲ့တဲ့ နှစ်တွေမှာ ငါတို့ လုပ်ခဲ့တဲ့ မကောင်းမူတွေပေါ့..။ရာထူးကြီးတဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ မင်းလည်း လူတွေကို ဒုက္ခရောက်အောင် မလုပ်သင့်တော့ဘူးလေ..။ဒီတော့..ငါ အမှန်တရားတွေ အကုန်လုံးကို ဖော်ထုတ်လိုက်တော့မယ်.."

ဂျာနယ်လစ်တွေ ရဲ့ မျက်နှာတွေဟာ ကြောက်လန့်နေခဲ့ကြတယ်..။ပြသနာက ပိုပိုပြီး ကြီးလာနေခဲ့တာပါ..။

သူတို့က ကျားတစ်ကောင်ကို သွားနှိုးလိုက်သလိုပါပဲ..။

"မာမူဖန်း မင်း စိတ်လွတ်သွားတာလား.."

ချန်းနီယန်လိန် ..ဒေါသထွက်နေတဲ့ မျက်နှာနဲ့ အော်ဟစ်လိုက်တယ်..။

မာမူဖန်း ဂျာနယ်လစ်တွေရှေ့မှာ ဒီစကားတွေ ပြောနေလိမ့်မယ်လိူ့ သူ မထင်ထားခဲ့ပါဘူး..။

ဒါက...

ဒါက တကယ်ကို အဆုံးသတ်တစ်ခုပါပဲ..။

"ငါ စိတ်မလွတ်ဘူး..။တကယ်တော့ ငါ့ရဲ့ ဆိုးယုတ်မူတွေကနေ နိုးထလာခဲ့တာ..။မင်းလည်း မာစတာ လင်းကို တွေ့နိုင်မယ်လိူ့ မျှော်လင့်တယ်..။မင်းသာ သူ့ဆီက သင်ပြမူတွေကို ရခဲ့ရင် ဘဝအသစ်စနိုင်မှာပဲ.."

တီ..

မာမူဖန်း ဆက်မပြောနိုင်ခင်မှာပဲ ဖုန်ကျသွားခဲ့ပါတယ်..။

လင်းဖန် ရယ်မောလိုက်တယ်..။ဒီပြသနာက ပိုပိုပြီး ပျော်ဖို့ ကောင်းလာခဲ့ပါပြီ..။ယင်းနောက် သူ ချန်းချန်ပင်းရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်ပါတယ်..။

"ခေါင်းဆောင်း ချန်း..ဒီကိစ္စက ကျွန်တော်ရဲ့ ထိန်းချုပ်မူအောက်မှာ မရှိတော့ဘူး..။ခင်ဗျားကိုပဲ လက်လွဲခဲ့တော့မယ်.."

သူ မသွားခင်မှာ သတင်းထောက်တွေ ဘက်ကို လှည့်လိုက်ပြီး..

"ချစ်လှစွာသော သတင်းထောက်တို့ ခင်ဗျားတို့ အခြေအနေမှန်ကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..။ဒီသတင်းကို တင်ဖို့အတွက် ခင်ဗျားတို့ကိုပဲ အားကိုးတော့မယ်..။သတင်းထောက်တွေဆိုတာ အမှန်တရားနောက်ကိုပဲ လိုက်ရမယ်လေ..။ခင်ဗျားတို့သာ ဒီသတင်းကို တင်နိုင်ခဲ့ရင်..ချင်ကျိုးက သူရဲကောင်းတွေ ဖြစ်သွားပြီ.."

ဂျာနယ်လစ်တွေဟာ လင်းဖန်ရဲ့ စကားကိုကြားပြီး ယုံကြည်မူ ရှိသွားခဲ့ကြတယ်..။

"ဟုတ်တာ် ငါတို့ သတင်းထောက်တွေက တရားမျှတမူကို ရပ်တည်ပေးရမယ်.."

"အစိုးရတဲ့ တရားဥပဒေက အမှန်တရားကို ဆောင်ကျဥ္းပေးလိမ့်မယ်လို့ ငါတို့ မျှော်လင့်ပါတယ်.."

လင်းဖန် အကုန်လုံးကို နှုတ်ဆက်ပြီး နောက်မှာ ထွက်လာခဲ့လိုက်ပါတယ်..။

ချန်းချန်ပင်းကို လင်းဖန်ကို ဆက်ရှိနေစေချင်ပေမယ့်လည်း မဆွဲထားတော့ပါဘူး..။ဘာပဲဖြစ်ဖြစ် လင်းဖန်က ရဲအရာရှိတစ်ယောက် မဟုတ်ပေ..။အခုဆိုရင် အမူက ပိုရှုပ်ထွေးလာပြီး..သူ့ပုခုံးပေါ်မှာ ရှိနေတဲ့ တာဝန်ကလည်း ပိုကြီးမားလာခဲ့ပါပြီ..။

ဒီအမူကို စတင်ခဲ့တဲ့လူက ..အကုန်လုံးကို သူ့ခေါင်းပေါ်မှာပဲ ..တင်ပေးသွားခဲ့တာပါ..။

သူ လုပ်နိုင်ပါ့မလား....

All Chapters