တစ်မြို့လုံးက လိုက်ပို့တယ်...
Vol. 43 Ch. 638
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
မနက် ၆ နာရီ အချိန်တွင်..။လူတိုင်းဟာ အိပ်ပျော်နေကြတုန်းဖြစ်ပြီး..အင်တာနက်ပေါ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ..မသိကြသေးပါဘူး..။
အင်တာနက်ပေါ်မှာတော့..ဗုန်းတစ်လုံး ပေါက်ကွဲကျနေသလိုပါပဲ..။
"အံ့ဩစရာ..ချင်ကျိုးမှ မာမူဖန်း..ဂေါ့ဖားသား မာ..ကိုယ့်ကိုကို ဝန်ခံခဲ့ခြင်း.."
သတင်းခေါင်းကြီးပိုင်းမှာ ဒီလို သတင်းတွေချည်းပဲ တက်နေခဲ့ပါတယ်..။
"မာချင်ကျိုးဟာ မနေ့ညက ကိုယ့်ကိုကို..ဝန်ခံခဲ့ပြီး အံ့ဩစရာ လျို့ဝှက်ချက်များ ထွက်ပေါ်လာခဲ့သည်.."
"ချင်ကျိုး၏ တုန်လှုပ်မူ..လူအများ ဒုက္ခရောက်နေကြပြီ.."
"မာစတာလင်း က စကားအနည်းငယ်နဲ့..မာချင်ကျိုးကို ဘယ်လို..နားချခဲ့သလဲ.."
"ချင်ကျိုးရဲ့ နယ်ခံမြွေကြီးဟာ..ကိုယ့်ကိုကို ဝန်ခံသွားခဲ့ခြင်း.."
"မာချင်ကျိူးဟာ လျို့ဝှက်ချက်တွေ ဖော်ထုတ်ပြီး တစ်နိုင်ငံလံူးကို အံ့ဩသင့်စေခဲ့သည်.."
…
မြို့သားများ..။
"ချီးပဲ ဒါအမှန်ပဲလား..။ဒါက နောက်ထပ် သတင်းအတုတွေပဲ ဖြစ်နိုင်မလား.."
"ချင်ကျိုးမှာ ဒီလိုလူတွေ အများကြီး ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး..။ဘယ်လိုတောင် ဥပဒေ ကင်းမဲ့နေတဲ့ နေရာလဲ.."
"ဒီမှာ မာစတာလင်း ဆိုတဲ့ လူ ပါဝင်နေတာကို သတိထားမိကြလား..။ဒါက ငါတို့ သိထားတဲ့ မာစတာ လင်းပဲလား.."
"ငါ သတိထားမိတယ်..။ဒါက ဝိုက်ဘိုမှာ ကျော်ကြားနေတဲ့ မာစတာလင်းပဲ.."
"ငါ သူ့ကို ဖော်လိုထားသေးတယ်..။ငါထင်တာတော့မာချင်ကျိုးက ရောဂါဖြစ်လို့ မာစတာလင်းကို ကုသဖို့တောင်းဆိုခဲ့တာ..။မာစတာလင်းက..မာချင်ကျိုးက လူကောင်းမဟုတ်ဘူးဆိုပြီး ကုဖို့ ငြင်းဆန်ခဲ့တယ်လေ..။အဲဲဒီအစား သူက ချင်ကျိုးကို..ကိုယ်တိုင်သွားခဲ့တယ်..။အခုတော့ မာချင်ကျိုးက အပြစ်တွေကို ဝန်ခံခဲ့ပြီလေ..။ဒါက ဘာကို ဆိုလိုတာလဲ..တစ်ယောက်ယောက် ခွဲခြမ်းပြလို့ ရနိုင်မလား.."
"အရာရာတိုင်းက ရှင်းလင်းနေတာပဲကို..။ဒါက မာစတာလင်း ရဲ့ တရားမျှတမူ ကြောင့်ဖြစ်ပြီး..ဒီငနဲကို ကောင်းကောင်း သင်ခန်းစာ ပေးလိုက်တာ ဖြစ်မှာပေါ့.."
"ဒါအဓိပ္ပါယ်ရှိတယ်.."
ချင်ကျိုးရှိ မြို့သားများ..
"ငါ အရမ်းပျော်တာပဲ..။ဒီလို ကျေနပ်စရာကောင်းတဲ့ သတင်းနဲ့ နိုးထ လာရတယ်..။ဒီလိုနေ့မှာ ငါ အောင်ပွဲခံဖို့ ပြင်ဆင်တော့မယ်.."
"ဟားဟား..ချင်ကျိူးကလူတွေ အကုန်လုံး..ဒီလိုနေ့မှာ အချိန်ယူပြီး..အောင်ပွဲခံသင့်တယ်နော်.."
"မာစတာလင်းကို ကျေးဇူးတင်ပါတယ်..။ဘယ်လို ကျေးဇူးတင်ရမလဲ တောင် မသိတော့ဘူး.."
"တကယ်တော့ မာချင်ကျိုးက ဘာလို့ ဒီလိုမျိုး ဝန်ခံလိုက်တာလဲ ဆိုတာကို ငါစဥ္းစားလို့ မရသေးဘူး..။ဒါက မာစတာလင်း နဲ့..တစ်ခုခု ပတ်သက်နေရမယ်..။ကျေးဇူးအများကြီး တင်ပါတယ် မာစတာလင်းရေ.."
"ချင်ကျိူးက မာဖီးယား ကြီးတော့ ချုပ်ငြိမ်းသွားပြီ..။နောက်ထပ် မာဖီးယားတွေ ပေါ်မလာ ဖို့ပဲ လိုတော့တယ်.."
"ဒီကိစ္စက ချင်ကျိုးကို အများကြီး အကျိုးသက်ရောက် စေလိမ့်မယ်..။လူတွေ အကုန်လံူး အပြင်ကို ထွက်ပြီး အောင်ပွဲခံကြရအောင်.."
ဒီကိစ္စက အတော်ကို လွှမ်းမိုးမူ ကြီးမားခဲ့ပါတယ်..။ပုံမှန် လုပ်ရိုးလုပ်စဥ္ အတိုင်းဆိုရင် ဒီကိစ္စက
တစ်လလောက် စစ်ဆေးဖော်ထုတ်ရမှာပါ..။သို့ပေမယ့် ဒီတစ်ကြိမ်ကတော့ မတူညီပါဘူး..။မာချင်ကျိုးက တက်တက်ကြွကြွ ပူးပေါင်းပေးနေတော့ အမူဖော်ထုတ်ရတာက အတော်ကို လွယ်ကူခဲ့ပါတယ်..။သူက မမေးပဲနဲ့တောင် သူသိတာတွေ အကုန်လုံး ပြောပြနေခဲ့တာပါ..။
သူက..သူ့ရဲ့ ဘဏ်အကောင့်တွေ ပိုက်ဆံတွေ ဘယ်မှာထားတယ် ဆိုတာတွေပါ ပြောပြနေခဲ့တာပါ..။
ရဲဌာနက အထက်ကြီးပိုင်းတွေဟာ ဒီကိစ္စအပေါ် အနီးကပ် စောင့်ကြည့်နေခဲ့ပါတယ်..။သူတို့က အထက်က ရာထူးကြီးတဲ့ အရာရှိတစ်ယောက်ကိုတောငိ ဒီကိစ္စကိုင်တွယ်ဖို့..ပို့လိုက်ပါသေးတယ်..။
အထက်ပိူင်းက..ဖြောင့်မတ်တဲ့ အရာရှိကြီးတွေကလည်း ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး မကောင်းတဲ့ လူတွေ အကုန်လုံးကို ရှင်းလင်းပစ်ချင်ခဲ့တာပါ..။
တစ်ချိန်တည်းမှာပဲ..သူတို့ ဂေါ့ဖားသား မာနဲ့ ပတ်သက် ဆက်နွယ်နေတဲ့..လူပေါင်း နှစ်ရာ့ သုံးဆယ် လောက်ကို စတင်စုံစမ်းစစ်ဆေး နေခဲ့ပါတယ်..။
ဂေါ့ဖားသား ပိုပိုပြီး အမှန်တရားတွေ ထုတ်ဖော်လေလေ ပါဝင်တဲ့ လူတွေ ပိုများလာလေပါပဲ..။
တစ်ချို့လူတွေကတော့..ဂေါ့ဖားသားမာကို အားကျပြီး သူတို့ အပြစ်တွေကို စတင်ဝန်ခံ လာခဲ့ကြပါတယ်..။
…
အဲ့အချိန်မှာတော့ လင်းဖန်က တက္ကစီပေါ်မှာ ရောက်နေခဲ့ပါပြီ..။သူ လေယာဥ္လက်မှတ်ကို ဝယ်ပြီးသွားပြီ ဖြစ်ပြီး..ရှန်ဟိုင်းကို ပြန်သွားတော့မှာပါ..။
သူ ဝိုက်ဘိုကို ဖွင့်လိုက်တယ်..။
မှတ်ချက်တွေက လင်းဖန်ကို ပြုံးစေခဲ့ပါတယ်..။
"ကျေးဇူးပါ မာစတာလင်း ချင်ကျိုးက အမြဲတမ်း ကျေးဇူးတင်နေမှာပါ.."
"ကျေးဇူးပါ မာစတာလင်း.. ချင်ကျိူးက အမြဲတမ်း ကျေးဇူးတင်နေပါ့မယ်.."
….
မှတ်ချက်တွေဟာ. အတော်ကို များပြားနေပြီး ချင်ကျိုး ပြည်သူတွေ ဘယ်လောက်တောင် လင်းဖန်ရဲပ ဝိုက်ဘိုကိုလာပြီး ရေးသားထားကြလဲ ဆိုတာ ပြောဖို့ ခက်ခဲပါတယ်..။
တက္ကစီထဲမှာ လင်းဖန် သဘောကျစွာ ရယ်မောလိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်တယ်..။
"ဆာ..ကျုပ်ကို ဘာလို့ကြည့်နေတာလဲ.."
လင်းဖန် ပြုံးပြီး သူ့ကိုကြည့်နေတဲ့ တက္ကစီ ဒါရိုက်ဘာကို မေးလိုက်တာပါ..။
"မာစတာလင်း လား.."
ဒါရိုက်ဘာဟာ မေးလိုက်တယ်..။
"ဟုတ်တယ်.ကျွန်တော် မာစတာလင်းပါ.."
လင်းဖန် ပြန်ဖြေလိုက်တာပါ..။
ဒါရိုက်ဘာဟာ လင်းဖန် ဆီက ရှင်းလင်းတဲ့ အဖြေကို ကြားလိုက်ရတဲ့ အချိန်မှာ ဝမ်းသာ သွားခဲ့တယ်..။
"မာစတာလင်း တကယ်ပဲလား..။ကျွန်တော်ဘယ်လိုကျေးဇူးတင်ရမလဲ တောင် မသိဘူး..။မာစတာလင်းက ချင်ကျိုးရဲ့ သူရဲကောင်း တစ်ယောက်ပဲ..။ဒီ မာမူဖန်းက ချင်ကျိုးမှာ ဒုက္ခပေးနေခဲ့တာလေ..မင်းရောက် လာပြီးနောက်မှာ..ချင်ကျိုးက ငြိမ်းချမ်းတဲ့ နေရာတစ်ခုဖြစ်သွားပြီ.."
လင်းဖန် သူ့လက်ကို တည်ငြိမ်စွာ ဝေ့ယမ်းလိုက်ပြီး..
"ဘာမှ မဟုတ်ပါဘူး..။ကျွန်တော် ဒီလောက်ကြီး လည်း ထွေထွေထူးထူး မလုပ်ခဲ့ပါဘူးဗျာ.."
လင်းဖန် အတွက်ကတော့ သူလုပ်ခဲ့တာက အရမ်းမပင်ပန်းပါဘူး..။သို့ပေမယ့် ချင်ကျိုး ပြည်သူတွေအတွက်ကတော့..ဒါက လွတ်လပ်ရေး ရသွားသလိုပါပဲ..။
ဒါရိုက်ဘာဟာ စကားပြောစက်ကို ထုတ်ယူလိုက်ပြီး ..
"ညီအစ်ကို တို့..ငါ ဘယ်သူ့ကို တင်ပြီး မောင်းနေတာလဲ ဆိုတာကို ခန့်မှန်းကြည့်လိုက်..။အဲတာက မာစတာလင်းပဲ..သူအခု ငါ့ကားထဲမှာ ထိုင်နေတယ်..။သူက အခု လေဆိပ်ကို သွားနေတာ..။မင်းတို့ သူ့ကို ပြောစရာ တစ်ခုခု ရှိလား.."
"ချီးပဲ.."
သိပ်မကြာခင်မှာပဲ..စကားပြောစက်မှာ ဆူညံလာခဲ့တယိ..။
"တကယ် မာစတာလင်း လား..။မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်.."
"ကျေးဇူးပါ မာစတာလင်း.။ငါတို့ တက္ကစီ မောင်းတဲ့ လူတွေကို မာချင်ကျိူးက ထိန်းချုပ်ပြီး ခေါင်းပုံဖြတ်နေတာ..။အခု ငါတို့ လွတ်လပ်သွားပြီ.."
"ငါ့အလှည့်ပဲ..ငါ တစ်ခုခု ပြောပါရစေ..။ငါ့မိသားစုကို အဲ့ခွေးသားက..ဖျက်ဆီးခဲ့တာ..ပြီးတော့ ငါ့အစ်ကိုကိုလည်း သူ့လူတွေက ဆေးရုံရောက်အောင် ရိုက်နှက်ခဲ့တာလေ..။အခု သူထောင်ကျတော့မှာ ဆိုတော့ ကျွန်တော် မာစတာလင်းကို အရမ်းကျေးဇူးတင်ပါတယ်.."
စကားပြောစက်ထဲကနေ အဆုံးမရှ်ိအောင် ကျေးဇူးတင်တဲ့ စကားတွေကို လင်းဖန် ကြားနေခဲ့ရပါတယ်..။
သူလို နိမ့်ချတတ်တဲ့ လူတစိယောက်က ဒီလောက် လူတွေ အများကြီးက ကျေးဇူးတင်တာ ခံနေရတဲ့ အချိန်မှာ ဘယ်လို တုန့်ပြန်ရမလဲ တောင် မသိတော့ပါဘူး..။
"ရပါတယ် ..အားလံူးပဲ..။ဒါက ဒီလောက်ကြီးလဲ မဟုတ်ပါဘူး..။တရားမျှတမူ ရှိနေသ၍ ကျွန်တော် မဟုတ်ရင်တောင် တစ်ခြား တစ်ယောက်က လုပ်ပေးမှာပါ.."
"ဟုတ်တယ်..တရားမျှတမူက ငါတို့နဲ့ အမြဲရှိနေရမယ်..။တကယ်လို့ ခရီးသည်က ကားထဲမှာ တစ်ခုခု ကျန်ခဲ့ရင် ငါ ကျိန်းသေပြန်ပေးမှာပဲ..။ငါ သူတို့ကို ရှာမတွေ့ရင်တောင် ကျိန်းသေ နည်းလမ်းတစ်ခု ရအောင် ရှာမယ်.."
"မာစတာလင်းက အရမ်းနိမ့်ချတာပဲ..။ညီအစ်ကိုတို့ လေဆိပ်ကို သွားပြီး မာစတာလင်းကို လိုက်ပို့လိုက်ရအောင်.."
"ဟုတ်တယ် သွားကြရအောင်.."
လင်းဖန် အံ့ဩသင့်သွားခဲ့တယ်..။
"အာ..ခင်ဗျားတို့ အဲလောက်အထိ လုပ်ဖို့ မလိုပါဘူး.."
"မဟုတ်ဘူး..။ကျုပ် တို့ ချင်ကျိူး ပြည်သူတွေက မာစတာလင်း လုပ်ပေးခဲ့တာတွေ အတွက် အရမ်းကျေးဇူးတင်နေတာ.."
"ကောင်းပြီလေ..မာစတာလင်း ငါ့ကားထဲမှာ ထိုင်နေတာက ငါ့အတွက်ကံကောင်းမူကြီးပဲ..။ငါ အဲ့ထိုင်ခုံကို တစ်လလောက် သန့်ရှင်းရေး မလုပ်တော့ဘူး..။ဒါမှ မာစတာလင်းရဲ့ ကံတရားတွေ ငါ့ကားပေါ်မှာ ကျန်နေခဲ့မှာ.."
ဟင်..
လင်းဖန် ဆွံ့အနေခဲ့တယ်..။ချင်ကျိုးက လူတွေက အတော်ကို ယဥ္ကျေးပြီး ပျူငှာကြတာပါ..။
လမ်းပေါ်တွင်..။
သက်လတ်ပိုင်း အရွယ်လူကြီးတစ်ယောက်ဟာ တက္ကစီ စောင့်နေတုန်းမှာပဲ..ကားအလွှတ်တစ်စီးဟာ သူ့အနားမှာ ရပ်သွားပြီး ဒါရိုက်ဘာဟာ..ကားမှန်ကို ချလိုက်တယ်..။
"ညီအစ်ကို ငါ မင်းကို ဒုက္ခပေးရတော့မယ်..။ငါ လေဆိပ်ကို အမြန်သွားချင်လို့..။မာစတာလင်းက ချင်ကျိုးက ထွက်ခွာတော့မှာ သူ့ကို လိုက်ပို့ချင်လို့..။ငါ မင်းကို တစ်နေ့စာအတွက် ပိုက်ဆံပေးပါ့မယ့် ငါ့ကိုလေဆိပ်ကိုလိုက်ပို့ပေးပါ.. "
ဒါရိုက်ဘာဟာ လူကြီး ပြောတာကို ကြားပြီး အံဩသွားခဲ့တယ်..။
"ဘာ..မာစတာလင်းက လေဆိပ်ကို သွားနေတာလား..။ချီးပဲ..ဒါက ကိစ္စကြီးပဲ.ကျုပ်သိတောင် မသိပါလား..။သူရဲကောင်းက ချင်ကျိုးက ပြန်တော့မှာလေ..ဘယ်လိုလုပ် လိူက်မပို့လို့ရမလဲ..။လာ..တက်..ဘာမှ ပိုက်ဆံပေးစရာ မလိုဘူး..။အလကားပဲ.."
"ကောင်းပြီ.."
ကားပေါ်မှာတော့ သူတို့နှစ်ယောက်ဟာ စကားပြောနေခဲ့တယ်..။
"မင်းသိလား ဒီမနက် ငါ သတင်းကြည့်တော့ အတော် အံ့ဩသွားခဲ့တာ..။ငါအိပ်မက်မက် နေတယ်တောင်ထင်နေတာ..တကယ်ဆိုတာကို မယုံနိုင်ဘူး..။အစိုးရကလည်း မာမူဖန်းအရင်က မတရားယူထားတဲ့ ငွေတွေကို ပြန်ပေးမယ်လို့ ကြေညာခဲ့တ
ယ်လေ..။တကယ်လို့ ပေးလို့မရတော့ရင်..ငွေသားနဲ့ လက်ရှိပေါက်စျေးအတိုင်း ရှင်းပေးမယ်တဲ့..။နောက်ဆုံးတော့ ငါ့ရဲ့ အရင်အိမ်အဟောင်း လေးရှိတဲ့ နေရာကို ပြန်ရတော့မယ်.."
သက်လတ်ပိုင်းအရွယ်လူကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်တာပါ..။
ဒါရိုက်ဘာဟာ ကျေနပ်စွာ ရယ်မောလိုက်တယ်..။
"အတူတူပဲ..ကျုပ်တို့ တက္ကစီ ဒါရိုက်ဘာတွေ ဘဝက အတော်ကို ဆိုးရွားတယ်..။မာချင်ကျိုးက တစ်ခြား မြို့တွေထက် အခွန်ကို နှစ်ဆကောက်ထားတာလေ..။တစ်နေ့တစ်နေ့ဆိုရင် ကျုပ်တို့ ဝင်ငွေက ဘယ်လောက်မှတောင် မရှိဘူး..။အခုတော့ အရာရာတိုင်းက ပုံမှန်အတိုင်း ပြန်ဖြစ်တော့မယ်.."
"ဂရုစိုက်ဦး..အရမ်းမြန်မြန် မမောင်းနဲ့..။ငါတို့က လေဆိပ်ကို အမြန်ရောက်ချင်နေပေမယ့် အန္တရာယ် မဖြစ်အောင် ဂရုစိုက်ရမယ်လေ.."
"ဟုတ်တယ် ဟုတ်တယ် အရမ်းစိတ်လှုပ်ရှားလို့ မဖြစ်ဘူး.."
ဒီအခြေအနေက ချင်ကျိုး တစ်ခုလုံးမှာ ဖြစ်နေခဲ့တာပါ..။
ပြီးတော့ လူတွေ အများကြီးဟာ မာစတာလင်း ချင်ကျိုးက ထွက်ခွာတော့မယ် ဆိုတာကို ပိုပိုပြီး သိလာခဲ့ကြတယ်..။
မြို့သားတွေဟာ..သူတို့ရဲ့ကားတွေနဲ့ လေဆိပ်ဆီကို အရောက်သွားနေကြပြီး..မာစတာလင်းကို အမှီလေး နှုတ်ဆက်ချင်နေခဲ့ကြပါတယ်..။