← Chapters

ငါ့ဖုန်းကို ပိတ်ထားရမယ်..

Vol. 43 Ch. 639

ငါ့ဖုန်းကို ပိတ်ထားရမယ်..

Vol. 43 Ch. 639

#ဘာသာပြန် = စနိုးဝှိုက်

ယာဥ္ထိန်းရဲဌာန တွင်..။

"ခေါင်းဆောင် မကောင်းတော့ဘူး..။လေဆိပ်ကို သွားတဲ့ လမ်းကြောမှာ ကားတွေ အရမ်းများပြီး ပိတ်နေတယ်.."

"မဖြစ်နိုင်တာ..။ဒီနေ့ ဘာ အခမ်းအနားမှလည်း မရှိပါဘူး..။ဘာလို့..လမ်းပိတ်နေရတာလဲ.."

"ကျွန်တော် သတင်းကြားတာတော့ မာစတာလင်းက ချင်ကျိုးကနေ ထွက်ခွာဖို့ လုပ်နေတာကြောင့် ချင်ကျိုးက ပြည်သူတွေက လိုက်ပို့ချင်နေကြတာ..။လေဆိပ်ကို သွားတဲ့ လမ်းမှာ ကိုယ်ပိုင်ကား ..၅ ထောင်လောက် ရှိပြီး..တက္ကစီ တွေဆိုရင် မရေမတွက်နိုင်အောင်ပဲ.."

ခေါင်းဆောင်ဟာ သူ့လူတွေကို..လေဆိပ်သွားတဲ့ လမ်းကြောင်းမှာ ယာဥ်ကြောပိတ်ဆို့မူ မဖြစ်အောင် ထိန်းချုပ်ဖို့ အမိန့်ပေးလိုက်တယ်..။ဒိီလို ယာဥ္ တွေ အများကြီး ဦးတည်ချက် တစ်ခုတည်းကို သွားတာက ကောင်းမွန်တဲ့ အရာတော့ မဟုတ်ပါဘူး..။

လေဆိပ်ကို သွားသည့် လမ်းတွင်..။

ဘန်း..

ကားနှစ်စီးဟာ တစ်စီးနဲ့ တစ်စီး တိုက်မိသွားခဲ့တယ်..။

"ချီးပဲ..မင်းဘယ်လိုမောင်းနေတာလဲ..။ငါ ဒီကားကို ဝယ်ထားတာ မကြာသေးဘူးဟ.."

"တောင်းပန် ပါတယ် ညီအစ်ကို..။ငါ ဖုန်းနံပါတ် ချန်ထားပေးခဲ့လို့ ရမလား..။မာစတာလင်းကို လိုက်ပို့ဖို့ လေဆိပ်ကို သွားတာ အလျင်လိုနေလို့လေ..။ငါ ပြန်လာပြီး ဖြေရှင်းပေးမှာပါ..။စိတ်မပူနဲ့ ကုန်ကျစရိတ် အကုန်လုံးကို ပေးပါ့မယ်.."

"ခင်ဗျားလာ်း မာစတာလင်းကို သွား ပို့ မလို့လား..။ထားလိုက်တော့..။သွား ကားဆီကို ပြန်သွားချေ..။ဒါက ပြသနာ အကြီးကြီး မဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ် ကျုပ်အာမခံထားထားတာပဲ.."

"ဒါပေမဲ့..ငါ့ကြောင့် ကား ထိခိုက်သွားတာလေ.."

"ပြသနာ မရှိဘူး..။ဒါက နည်းနည်းပါးပါးပဲ ထိသွားတာလေ.."

လမ်းကြောတစ်လျောက်လုံးမှာ ဒိီလို မတော်တဆမူတွေက မကြာခန ဆိုသလို ဖြစ်နေခဲ့တာပါ..။သူတို့တွေ အကုန်လုံးက မာစတာလင်း ဆီကိုသွားနေတယ်ဆိုတာ သိသွားတဲ့ အချိန်မှာ သူတို့ အကုန်လုံး..ရင်းနှီးပြီး..ဆက်ဆံရေး ပြေလည်သွားခဲ့ကြပါတယ်.။

လင်းဖန် ကြောင့်..တစိမ်းတွေဟာ ရင်းနှီးသွားကြတယ်..တစ်ချို့ဆိုရင် ..အနာဂတ်မှာ သူငယ်ချင်းကောင်းတွေတောင် ဖြစ်သွားနိုင်ပါတယ်..။

ယာဥ္ထိန်းရဲအရာရှိ..။

"ဒါက ထူးဆန်းတယ်..။ဒီမှာ ကား မတော်တဆ မူတွေ အများကြီး ဖြစ်နေတာတောင် ဘယ်သူမှ ငါတို့ဆီကို မလာကြဘူး..။အဲ့အစား သူတို့က လမ်းကြောအတိုင်းကိုပဲ ဆက်သွားနေကြတယ်.."

"ဘယ်သူ သိမှာလဲ..။ချင်ကျိုး..ရဲ့ မိစ္ဆာကြီး မရှိတော့ဘူးဆိုတော့ အကုန်လုံးက ပျော်ရွှင်နေကြတာ ဖြစ်သင့်တယ်လေ.."

လေဆိပ်တွင်..။

"မဟုတ်ဘူး..အခကြေးငွေ ပေးစရာ မလိုပါဘူး မာစတာလင်း..။တကယ်လို့ အဲလိုလုပ်လိုက်ရင် ကျွန်တော် အသက်ရှင်နိုင်မှာတောင ်မဟုတ်တော့ဘူး..။တကယ်လို့ ကျန်တဲ့လူတွေသာ ကျွန်တော် မာစတာလင်းကို လိုက်ပို့ပြီး..ပိုက်ဆံတောင်းတာကို သိသွားရင် အရှက်ရလို့ သေရလိမ့်မယ်.."

ဒါရိုက်ဘာပြောလိုက်တာပါ..။

"ဒါက.."

လင်းဖန် အနည်းငယ် တွေးပြီး မှ ဒါရိုက်ဘာကို ပြောလိုက်တယ်..။

"ဒီလိုဆို ဘယ်လိုလဲ..ခင်ဗျားက ကားပေါ်မှာပဲ အချိန်တွေ အကြာကြီးထိုင်ပြီး အလုပ်လုပ်ရတာကြောင့် တင်ပါး တွေ နာကျင်နေမှာပဲလေ..။ကျုပ်ခင်ဗျားကို သက်သာအောင် လုပ်ပေးမယ် ခင်ဗျားအဲတာကို တက္ကစီအတွက် လို့ သဘောထားလိုက်ပေါ့.."

"ကျွန်တော့်မှာ ဒီပြသနာ ရှိနေတာ အချိန်ကြာပြီ..ကျွန်တော် နည်းလမ််းများစွာ နဲ့ကြိုးစားပေမယ့် အလုပ်မဖြစ်ဘူးလေ.."

လင်းဖန် လက်ကို ဆန့်တန်းလိုက်ပြီး..ဒါရိုက်ဘာရဲ့ တင်ပါးကို နိပ်နယ်လိုက်တယ်..။

"အာ..နည်းနည်းသက်သာသွားသလိုပဲ..။ထပ်ပြီး မနာတော့ဘူး..။

"ကောငိးပြီလေ..ကံမကုန်ရင် ပြန်ဆုံကြတာပေါ့.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

"ခနလေး..မာစတာလင်း..ကျွန်တော် မာစတာလင်းနဲ့ ဆယ်ဖီ ရိုက်လို့ရမလား.."

ဒါရိုက်ဘာက သူ့ဖုန်းကိုကိုင်ပြီး ပြောလိုက်တာပါ..။

လင်းဖန် ဒီလို တောင်းဆိုမူ သေးသေးလေးကို လျစ်လျူမရူ နိုင်ပါဘူး..။ဒါကြောင့် သူ ခေါင်းညိမ့်လိုကိတယ်..။

ဓာတ်ပုံရိုက်ပြီး နောက်မှာ ဒါရိုက်ဘာဟာ ပြုံးလိုက်တယ်..။သူက ကောင်းကင်ဘုံရောက်နေသလိုတောငိ ခံစားလိုက်ရပါတယ်..။

လင်းဖန် လေဆိပ်ထဲကို ဝင်သွားတဲ့ အချိန်မှာအံ့ဩစရာ မြင်ကွင်းကို တွေ့လိုက်ရတယ်..။ဒီမှာက လူတွေ အများကြီး ရှိနေပြီး..လူတွေဟာ တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေသလို ဖြစ်နေခဲ့ကြပါတယ်..။အပြင်ဘက်မှာ ရှိနေတဲ့ ဒါရိုက်ဘာဟာ လှမ်းအော်လိုက်တယ်..။

"မာစတာလင်း..လျောက်သွားလိုက်ပါ..။သူတို့..လိုက်ပို့ကြလိမ့်မယ်.."

လင်းဖန်ကတော့ ဒီလူတွေ သူ့အတွက်ရောက်လာကြတာမှန်း မသိသေးပါဘူး..။တကယ်လို့ သူသာ သိရင် ပြောစရာ စကားတောင် ကင််းမဲ့သွားတော့မှာပါ..။

ရေမွှေးနံ့တစ်ခု နှာခေါင်းထဲဝင်လာတဲ့ အချိန်မှာ လင်းဖန် သူ့ဘေးနားမှာ မိန်ကလေးတစ်ယောက် ရှိနေတာကို သတိထားမိလိုက်ပါတယ်..။သူမက ဦးထုတ်တစ်လုံး.နဲ့ mask ကို ဝတ်ဆင်ထားခဲ့တာပါ..။

လင်းဖန် မိန်းကလေးနဲ့ အကြည့်ချင်းဆုံသွာတဲ့ အချိန်မှာ မိနး်ကလေးဟာ ဥိီးထုတ်ကို အောက်ဘက်ကို ဆက်ဆွဲချလိုက်ပါတယ်..။သူမကြည့်ရတာ သူမကို လူတွေ မှတ်မိသွားမှာ ကြောက်နေတဲ့ ပုံပါပဲ..။

လင်းဖန် တစ်ခြားနေရာကို ကြည့်လိုက်ပြီး ဘာတွေဖြစ်​ေနတာလဲ လေ့လာကြည့်လိုက်တယ်..။သူ လုံခြုံရေးတွေ ဆီကို ဆက်ပြီး လျောက်သွားလိုက်ပါတယိ..။

ဦးထုတ်အဝိုင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ သူမရဲ့ မန်နေဂျာကို တီးတိုး ပြောလိုက်တယ်..။

"အတော် နီးစပ်သွားတယ်..။ဟိုငနဲက ငါ့ကို မှတ်မိတော့မလို့..။မဟုတ်ရင် ပရိတ်သတ်တွေ စုဝေးလာပြီး ဒီနေရာကနေ ထွက်လို့ ရမှာတောင် မဟုတ်တော့ဘူး.."

"စိတ်မပူပါနဲ့..လက်ရှိပုံစံနဲ့ ဆိုရင် ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါဘူး..။ဒါက တစ်ရာရာခိုင်နှုန်း လုံခြုံပါတယ်..။ဘယ်ပရိတ်သတ်မှ သိကြမှာ မဟုတ်ဘူး.."

"ဒါကောင်းတယ်.."

ရုတ်တရက်..။

"ခနလေး.."

လေဆိပ်ထဲကနေ..အသံလှိုင်းတွေကို ကြားနေကြရတယ်..။

ဦးထုတ်နဲ့ မျက်နှာဖျက်ထားတဲ့..မိန်းကလေးဟာ အကူညီမဲ့သွားခဲ့ပြီး..

"ဘယ်လိုဖြစ်နိုင်မှာလဲ..။ငါကိုယ့်ကိုကို သေချာဖုံးကွယ်ထားတာလေ..။ဘယ်လိုလုပ်ပြီး ပရိတ်သတ်တွေက ငါဘယ်သူမှန်း သိသွားကြတာလဲ..။ငါ အေးအေးဆေးဆေးနဲ့ ခနလေးတောင် နေလို့ မရဘူးထင်တယ်.."

"အာ..ပေါ်ပြူလာ ဖြစ်တာကလည်း မဆိုးပါဘူး..။သူတို့ သိနေပြီဆိုမှတော့..ပရိတ်သတ်တွေကို ယဥ္ယဥ္ကျေးကျေးပဲ နှုတ်ဆက်လိုက်ရအောင်.."

သူတို့နှစ်ယောက်က ဘာတွေဖြစ်နေတာလဲ ဆိုတာကို မသိပဲ..ဘေးပတ်ပတ်လည်ကို ကြည့်ပြီး ပြောနေကြတာပါ..။

ရုပ်ဖျက်ထားတဲ့..အမျိုးသမီးဟာ သူမရဲ့ mask ကို ချွတ်လိုက်တယ်..။တကယ်လို့ လူတွေသာ သူမကို တွေ့ရင် သူမက ဖျော်ဖြေရေးလောကရဲ့ ဘုရင်မ တစ်ပါး ဆိုတာကို သိကြမှာပါ..။သူမ ပရိတ်သတ်တွေကို ကြည့်လိုက်တဲ့ အချိန်မှာတော့ အံဩသင့်သွားခဲ့ကြတယ်..။

ဘာလို့ ဒီလောက် တောင် များနေရတာလဲ..

သူမ ရဲ့ ပရိတ်သတ်တွေက ချင်ကျိုးမှာ ဒီလောက်တောင် များတာလား..

လူတွေ အုပ်စုလိုက်ကြီး အမြန်ပြေးလာတဲ့ အချိန်မှာ..အမျိုးသမီးဟာ ကြောက်ရွံ့သွားခဲ့တယ်..။သူမနဲ့ အတူ ဘော်ဒီဂတ်တွေ ပါမလာတာကြောင့် ဒီအခြေအနေမှာ သူမကို ပရိတ်သတ်တွေ ဆီက

ကာကွယ်ပေးမယ့်လူ မရှိပါဘူး..။

သို့ပေမယ့် ပိုပြီး အံ့ဩစရာ အဖြစ်အပျက်က ရောက်လာခဲ့ပါတယ်..။လူအုပ်စုကြီးဟာ..သူတို့ကို တစ်ချက်မှတောင် လှည့်မကြည့်ပဲ ကျော်သွားခဲ့ကြတာပါ..။

"မာစတာလင်း..ခနလေး.."

လင်းဖန်က လုံခြုံရေး ဝင်ပေါက်နား ရောက်နေပြီဖြစ်ပြီး ဒီအသံကို ကြားလိုက်တဲ့ အချိန်မှာ နောက်ပြန်လှည့်ကြည့်လိုက်တယ်..။

စောက်ကျိုးနဲ ဘာတွေ ဖြစ်နေတာလဲ..

မြို့သားတွေဟာ စိတ်သက်သာရာ ရသွားခဲ့တယ်..။နောက်ဆုံးတော့ သူတို့ မာစတာလင်းကို မှီသွားခဲ့ကြပါပြီ..။

"!မာစတာလင်း..ကျွန်တော်တို့က မာစတာလင်းကို လိုက်ပို့ဖို့ အတွက်လာကြတာပါ..။ကျွန်ျတာ်တို့ အတွက် လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်.."

"ဟုတ်တယ်..ကျေးဇူးပြုပြီး ချင်ကျိုးကို မကြာခန လာခဲ့ပါ..။ကျွန်တော်တို့ အမြဲတမ်း ကြိုဆိုနေပါ့မယ်.."

"မာစတာလင်း..အရမ်းချစ်တယ်.."

"လုံခြုံတဲ့ ခရီးလေး ဖြစ်ပါစေ မာစတာလင်း.."

လုံခြုံရေး တွေဟာ အံ့ဩသင့်နေခဲ့ကြပါတယ်..။သူတို့ ဒီလို ဇာတ်လမ်းမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးပါဘူး..။

"အနှောက်အယှက်ဖြစ်မိလို့ တောင်းပန်ပါတယ်..။ဒါပေမဲ့..သူတို့ကို စကားအနည်းငယ်လောက် ပြောမှ ဖြစ်မယ်.."

လင်းဖန် လုံခြုံးရေးတွေကို ပြောပြီး လူအုပ်ကြီး ဘက်ကို လှည့်လိုက်တယ်..။

"အားလုံးကို ကျေးဇူးတင်ပါတယ်..ဒီကိစ္စက အသေးအမွှာလေးပါ..။ကျွန်တော် လေယာဥ္ပေါ်တက်တော့မယ်..။အခွင့်အရေးရှိရင်တော့ ကျွန်တော် ချင်ကျိုးဆီကို ကျိန်းသေ ပြန်လာခဲ့မှာပါ.."

"အဲ့လူက ဘယ်သူလဲ.."

ဦးထုပ်အဝိုင်းကို ဝတ်ဆင်ထားတဲ့..အမျိုးသမီးဟာ သူမရဲ့ မန်နေဂျာကို မေးလိုက်တာပါ..။

မန်နေဂျာဟာ ခေါင်းခါယမ်းလိုက်တယ်..။

"သိပ်တော့ မသေချာဘူး..။ခနလေး..သူတို့ ခုနက မာစတာလင်း လို့ အော်ခေါ်လိုက်တာလား..။သူများ ဖြစ်​ေနမလား.."

"ဘယ်သူလဲ.."

ဆယ်လီ အမျိုးသမီးက မေးလိုက်တာပါ..။

"ဝိုက်ဘိုမှာ ကျော်ကြားနေတဲ့ မာစတာလင်းလေ.."

မန်နေဂျာဟာ ပြန်ပြောလိုက်တယ်..။

…

ချင်ကျိုးက လူတွေ အများကြီးက သူ့ကို လိုက်ပို့ လိမ့်မယ်လို့ လင်းဖန် မထင်ထားခဲ့ပါဘူး..။

သူက ကိုယ့်ကိုကို..သာမန်လူတစ်ယောက်လို သတ်မှတ်ထားတာဖြစ်ပြီး..အခု သူ့ကို လူတွေက လိုက်ပို့တာကြောင့်..ဆယ်လီတစ်ယောက်လို ခံစားလိုက်ရပါတယ်..။

ကောင်းပြီ ..ကျုပ်ခင်ဗျားတို့ နဲ့ မကြာခင်ပြန်တွေ့မှာပါ..။ကောင်းပြီ..ကျုပ်ရဲ့ ဝိုက်ဘိုကို စောင့့်ကြည့်ထားကြပါ.."

လငိးဖန် လက်ဝေ့ယမ်း နှုတ်ဆက်ပြီး ပြောလိုက်တာပါ.."

"စိတ်မပူပါနဲ့ မာစတာလင်း..ကျွန်တော်တို့ ကျိန်းသေ စောင့်ကြည့်နေမှာပါ.."

"ဟုတ်တာ်..ကျွန်တော်တို့ ချင်ကျိုး အတွက်တော့ မာစတာလင်းက သူရဲကောင်းပဲ..။ကျွန်တော်တို့ မာစတာလင်းရဲ့ ဝိုက်ဘိုကို စောင့်ကြည့်နေပါ့မယ်.."

လင်းဖန် လက်မထောင်လိုက်တယ်..။

"ကျေးဇူးတင်ပါတယ်.."

ယင်းနောက် သူ လှည့်လိုက်ပြီး လုံခြုံရေး ဂိတ်ကို ဖြတ်သန်းသွားခဲ့ပါတယ်..။

…

လမ်းလျောက်နေရင်း ဖုန်းမြည်လာခဲ့တယ်..။

ကလင် ကလင်..

ဒါက အမည်မသိ နံပါတ်ပါ..။

"ဟဲလို ဘယ်သူပါလဲ."

လင်းဖန် ပြန်ဖြေလိုက်တယ်..။

ဖုန်းထဲကနေ. စိတ်မကြည်လင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

"မာစတာလင်း. မင်းက ငါ့လူကိုတောင် လာပြီး အကွက်တွေ ရွေ့ရဲတာပဲ..။အဆုံးအထိ ရယ်နိုင်ဖို့ပဲ..ငါမျှော်လင့်ပါတယ်.."

လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။

"ခင်ဗျားက ဘယ်သူလဲ..။ကျုပ်ကို လာပြီး..ခြိမ်းခြောက်ချင်နေတာလား..။ခင်ဗျားသာ ကျုပ်ရှေ့မှာ လာပြောရဲရင် သေအောင် ရိုက်နှက်လိုက်မိမှာ..။ခင်ဗျားရဲ့..."

တီ..

ဖုန်းက ရုတ်တရက် ကျသွားခဲ့တယ်..။

လင်းဖန် ပဟေဠိဖြစ်စွာ ကြည့်လိုက်ပြီး..နံပါတ်ကို ပြန်ခေါ်လိုက်ပါတယ်..။

"ခင်ဗျား ဘာလိုချင်တာလဲ..။ကျုပ်ကို ခြိမ်းခြောက်ပြီး ထွကိပြေးချင်နေတာလား..။ဒါက ပျော်စရာကောင်းလား..။ခင်ဗျား အခုဘယ်မှာလဲ..။ကျုပ် အခုလေဆိပ်မှာ..။ခင်ဗျား သတ္တိရှိရက် ဘယ်မှာလဲ ပြောလိုက် ကျုပ်လေယာဥ္ချိန်ကို ပြောင်းပြီး ခင်ဗျားကို သင်ခန်းစာ လာပေးမယ်.."

တီ...

ဖုန်းထပ်ကျသွားခဲ့တယ်..။

လင်းဖန် စိတ်ရှုတ်သွားပြီး ဖုန်းထပ်ခေါ်လိုက်ပေမယ့် တစ်ခြားတစ်ဖက်က ဘာမှ ထပ်မပြောခဲ့ပါဘူး..။

"ခင်ဗျား ဘာလို့ မပြောတော့တာလဲ..။ခင်ဗျားမှာ သတ္တိ မရှိဘူးလား..။ဖုန်းချမယ့်အစား ..ကျုပ်နဲ့ တိုက်ရိုက် ပြောပါလား..။ကျုပ်မှာ အပေါဆုံးက အချိန်ပဲ.."

တစ်ခြားတစ်ဖက်က ခံစားချက်မဲ့စွာ ပြောသံကို ကြားလိုက်ရပါတယ်..။

"ငါ ဖုန်း စက်ပိတ်ထားတော့မယ်.."

…

All Chapters