ဒါက ဘယ်လို ရှင်းပြချက်မျိုးလဲ..
Vol. 43 Ch. 640
#ဘာသာပြန် = စနိုးဝှိုက်
ဒီ ဖုန်းခေါ်ဆိုမူက လင်းဖန်ကို အနည်းငယ် သိချင်သွားစေခဲ့တယ်..။မာချင်ကျိုးရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံက ချန်းနီယန်လိန် လို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့်..ဒီဖုန်းလက်ခံပြီး နောက်မှာ..နောက်ခံက ဒီထက်ပိုပြီး ကြီးမားတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရပါတယ်..။
ချန်းနီယန်လိန် က ဘယ်သူလဲ..။သူ က ကျားတစ်ကောင်ကို ..သွားနိုးမိတယ် လို့ ထင်ထားပေမယ့် အခုတော့ နောက်ထပ် ကျားတစ်ကောင် ရှိနေခဲ့ပါသေးတယ်..။တစ်ခုခုတော့ လွဲမှားနေခဲ့ပါပြီ..။
မာချင်ကျိုးက သူ့ကို ကူညီနေတဲ့ လူအစစ်အမှန်က ဘယ်သူလဲ ဆိုတာ မသိတာလား..။ချန်းနီယန်လိန် တစ်ယောက်ပဲ သိနေတာလား..။
သူ ချန်းနီယန်လိန်ကို ဖုန်းခေါ်ချင်ပေမယ့် လည်း ဒါက မဖြစ်နိုင်ပေ..။သူက မာစတာလင်းဆိုပေမယ့်လည်း ချင်ကျိုးမှာ သူ့ကို မုန်းတဲ့လူတွေလည်း ရှိဦးမှာပါ..။
မာချင်ကျိုးရဲ့ အထက်က လူက..မာချင်ကျိုးကို..ထိုးကြွေးပြီး..ချန်းနီယန်လိန်ကို ကယ်တင်ချင်နေတာလား..။ဒါက လှည့်ကွက် အကြီးကြီးပါပဲ..။
သို့ပေမယ့် လင်းဖန်ရဲ့ ဖုန်းကို ခေါ်ခဲ့တဲ့ နံပါတ်က လိုက်ရှာဖွေ ဖို့ ထိုက်တန်ပါတယ်..။တကယ်လို့ သူသာ ဒီငနဲ ကို ရှာနိုင်ခဲ့ရင်..အမြစ်က..ဖြိုချနိုင်မှာ အသေအချာပါပဲ..။
လေယာဥ္ပေါ်တွင်.။
.စျေးပေါသည့်..အတန်း။
ပြီးခဲ့တဲ့..တစ်ခေါက်က သူ ဝမ်မင်ယန် နဲ့ ခရီးသွားခဲ့တာကြောင့် တစ်ဆင့်မှတောင် ကုန်ကျစရာ မလိုခဲ့ပါဘူး..။အခု သူ့ရဲ့ ပိုက်ဆံတွေကို ကလေးဂေဟာကို လှူထားတာကြောင့် လင်းဖန် ပိုက်ဆံ ချွေတာတဲ့ အနေနဲ့..ရိုးရိုးတန်းကနေပဲ လိုက်စီးခဲ့ပါတယ်..။
"အာ..မာစတာလင်း.."
"ချီးပဲ..ငါ မာစတာလင်းနဲ့ လေယာဥ္တစ်ခုတည်းမှာ စီးခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။မာစတာလင်း.ကျွန်တော်တို့ ဓာတ်ပုံအတူရိုက်ကြရအောင်.."
"မာစတာလင်းက တကယ် အံ့ဩဖို့ကောင်းတာပဲ..။ဒီကိစ္စကိုတောင် ဖြေရှင်းသွားနိုင်တယ်နော်.."
လင်းဖန် အံဩသွားခဲ့တယ်..။လေယာဥ္ပေါ်မှာတောင် သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ လူတွေနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူ ထိုင်ခုံကို လျောက်သွားနေစဥ္ အတွင်းမှာ သူ လုပ်နိုင်တာ ဆိုလို့..လူတိုင်းကို လက်ဆွဲနှုတ်ဆက်ဖို့ပါပဲ..။
တစ်ချို့လူတွေကတော့ လင်းဖန် ဘယ်သူလဲ ဆိုတာကို မမှတ်မိကြပဲ..လူတွေ ..ဘာလို့ သူ့ကို..ဒီလောက် ယဥ္ကျေးနေကြတာလဲ..ဆိုတာကို..ပဟေဠိဖြစ်နေခဲ့ကြပါတယ်..။
"အားလုံး ကျေးဇုးတင်ပါတယ်..။လေယာဥ္က
ခနနေထွက်တော့ မှာလေ.."
လင်းဖန် ပြောလိုက်တာပါ..။
တစ်ချိန်တည်းမှာပဲ လေယာဥ္မယ် တစ်ချို့ဟာ သူ့ကို ကြည့်နေကြတာကို လင်းဖန် ခံစားမိလိုက်ပါတယ်..။လင်းဖန် အကြည့်ချင်း မဆုံမိအောင် ထိန်းနေခဲ့တယ်..။
သုံးနာရီ လေယာဥ္စီးရတာက အိပ်ဖို့အတွက် သင့်တော်တယ် ဆိုပေမယ့်လည်း..လင်းဖန်အတွက်ကတော့ အိပ်ပျော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။
မကြာခန ဆိုသလိုပဲ..သူ့ကို စကားလှမ်းပြောတဲ့ လူတစ်ချို့လည်း ရှိနေခဲ့ပါတယ်..။
ရှန်ဟိုင်း လေဆိပ်..။
လင်းဖန် အပြင်ကို လမ်လျောက်ပြီး ထွက်လာခဲ့ပါတယ်..။
သိပ်မဝေးတဲ့ နေရာတစ်ခုမှာ ရင်းနှီးတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်..။
"ဟားဟား..ညီအစ်ကို..မင်းဒီတကြိမ် တစ်ကယ်ကောင်းကောင်း လုပ်ခဲ့တာပဲ.."
ဝမ်မင်ယန် ရေရွတ်လိုက်တာပါ..။သူ လင်းဖန်ကို စောင့်နေခဲ့တာ အတော်ကို ကြာနေခဲ့ပါပြီ..။လင်းဖန်ကို တွေ့ပြီးနောက်မှာ..သူ..အလျငိအမြန်သွားပြီ ..ဖက်လိုက်တယ်..။
"ကျုပိ ဘာပြောရမှန်းတောင် မသိတော့ဘူး.."
လင်းဖန် ပြောလိုက်တာပါ..။
"မင်း လုံခြုံနေသ၍ အဆင်ပြေတယ်..။နောက်တစ်ခါ ဆိုရင် အသက်ကို ရင်းပြ မလုပ်နဲ့တော့.."
"အင်း.."
လင်းဖန် ဝမ်မင်ယန် ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။
"ဒါက ဘာကို ဆိုလိုတာလဲ..။ဒါက ကျုပ်အသက်ကို ရင်းပြီး လုပ်တဲ့ ကိစ္စလို့ထင် နေတာလား..။ကျုပ်က မာချင်ကျိုး ဆီကို သွားပြီး အနိုင်ကျင့်ယုံ သက်သက်ပဲ..။ဘာပဲဖြစ်ဖြစ်ပါ..အခု အခြေအနေ ဘယ်လိုရှိလဲ.."
ဝမ်မင်ယန် ရယ်မောလိုက်ပြီး...
"ကောင်းတယ်..အရာရာတိုင်းက အဆင်ပြေတယ်..။မင်း ငါ့ဘဝရဲ့ အတိတ်ဆိုးကိုပါ ချေဖျက်ပေးခဲ့တော့ ပိုပြီး အဆင်ပြေတာပေါ့..။ဒါပေမဲ့ ငါမင်းကို ဒေါ်လာ ၁ ဘီလီယံ..ပြန်ပေးရဦးမယ်..။မင်းက မင်းဘဝကို..တောင် ရင်းပြီး ကြိုးစားထားရတာ ဆိုတော့..ငါလည်း တတ်နိုင်သလောက် ပြန်လုပ်ပေးရမယ်လေ.."
လင်းဖန် ဝမ်မင်ယန်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"ခင်ဗျား ကျုပ်ကို နားမလည်နိုင်သေးဘူးပဲ..။ဒီပိုက်ဆံတွေက ခင်ဗျား မတရားယူထားရတဲ့ အတွက် ပြန်ပြီးရလာတာပဲ..။ဒါကို ဘာလို့ ကျုပ်ကို ပိုက်ဆံပေးမယ်လို့ ပြောနေတာပဲ..။ကျုပ် ပြောလိုက်မယ် ဒီပိုက်ဆံကို ကျုပ်ယူမှာ မဟုတ်ဘူး..။ကျုပ်ရဲ့ နှလုံးသားက ကျောက်တုံး တစ်တုံးလို တည်မြဲနေပြီ..ပိုက်ဆံနဲ့ လာပြီး ဆွဲဆောင်လို့ရမှာ မဟုတ်ဘူး..။ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ပိုက်ဆံပေးချင်တယ် ဆိုရင် တစ်နေရာရာကို..လှူလိုက်ဖို့ပဲ ကျုပ် အကြံဥာဏ်ပေးချင်တယ်.."
"ချီးပဲ..ငါက မင်းနဲ့ ရိုးရိုးသားသား စကားပြောလို့တောင် မရတော့ဘူးလား..။မေ့လိုက်တော့..ငါ မင်းအတွက် ဒီပိုက်ဆံကို သိမ်းပေးထားမယ်..။မင်း ပိုက်ဆံလိုတဲ့ အချိန်ကျရင်သာ ငါ့ကိုပြော.."
ဝမ်မင်ယန် ပြောစရာစကားတောင် ကင်းမဲ့သွားခဲ့ပါတယ်..။သူ့ရဲ့ ညီအစ်ကိုက ပိုက်ဆံကို အမှန်တကယ် ဂရုမစိုက်တဲ့ ပုံပါပဲ..။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။
"ကောင်းပြီ..ခင်ဗျားသဘောပဲ..။ကျုပ်က လက်ရှိပိုက်ဆံလိုဦးမှာ မဟုတ်ဘူး..။ခင်ဗျား ပိုက်ဆံကို သိမ်းပေးထားထား မထားထား ကျုပ်ကတော့ ပိုက်ဆံလိုလာရင် အရှက်မရှိတောင်း မှာပဲ.။ကျုပ်နဲ့ သူငယ်ချင်း ဖြစ်ရတာ တကယ် စိတ်ရှုပ်ဖို့ကောင်းတယ်မလား.."
ဝမ်မင်ယန် ရယ်မောလိုက်ပြီး..
"မင်း ဘယ်လောက်ထိ အရှက်မဲ့လဲ ဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားပြီပေါ့..ဟားဟား.."
လငိးဖန် ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး..
"ကောငိးပြီ တိမ်ဖြူလမ်းကို ပြန်သွားရအောင်..။ကျုပ် ရက်အနည်းငယ်လောက်ပဲ သွားတာဖြစ်ပေမယ့် နောက်ကလူတွေက ကျုပ်ကို လွမ်းနေလောက်ပြီ.."
ယင်းနောက် သူတို့ တစ်ယောက် ပုခုံးတစ်ယောက် ဖက်ပြီး ထွကိခွာလိုက်ကြပါတယ်..။
"မာချင်ကျိုးက..မင်းကို အရှုံးပေးရလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး.."
"ဒါက ဘာမှ မဟုတ်သေးဘူး..။ကျုပ်သူ့ရဲ့.နောက်ကွယ်က လူကို တောင် ဆွဲထုတ်နိုင်ခဲ့သေးတယ်.."
"ဒါက နည်းနည်း လေးနက်တယ်နော်..။မင်းကျားမြီးကို သွားဆွဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.."
"ခင်ဗျားက ဘယ်က ကျား ကို ပြောနေတာလဲ..။ဒီလို လူနောက်ကွယ်မှာ ရှိတဲ့ ကျားက တကယ်ကြီးမားမှာ သိသာနေတာပဲလေ..။ကျုပ် ချင်ကျိုး လေဆိပ်မှာတုန်းက ဖုန်းတစ်ကော ဝင်လာပြီး ကျုပ်ကို ခြိမ်းခြောက်ခဲ့သေးတယ်လေ..။ကျုပ်လည်း ဖုန်းစက်ပိတ်သွားတဲ့ အထိ ကျိန်ဆဲပေးလိုက်တယ်..။ကျုပ် တိမ်ဖြူလမ်းကို ရောက်ရင် ဒီငနဲ ဘယ်သူလဲ စစ်ဆေးကြည့်ရမယ်.."
ဝမ်မင်ယန် လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်တယ်..။ယင်းနောက် သူ လင်းဖန်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"သိပ်လည်း မရဲရင့်နဲ့..ဒါက ငါ့ကို ကြောက်လန့်စေတယ်.."
လင်းဖန် ရယ်မောလိုက်ပါတယ်..။သူ သာ ဖုန်းခေါ်တဲ့ လူကို သိရရင် နောက်ဆက်တွဲက စိတ်ဝင်စားစရာ ပါပဲ..။
တိမ်ဖြူလမ်း..။
လင်းဖန် တိမ်ဖြူလမ်းရဲ့ ဝင်ပေါက်ကို ရောက်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့တယ်..။
သူ တိမ်ဖြူလမ်း ရဲ့ ဝင်ပေါက်မှာ ရှိနေတဲ့ နှာဖူးစည်း စာတန်းတွေကို ကြည့်ပြီး..မရင်းနှီး သလို ခံစားလိုက်ရပါတယ်..။
"အာ..ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ ဝင်ပေါက်လဲ..။ကျုပ် ဒီလိုမျိုး အသားမကျသေးဘူး.."
လင်းဖန် နိမ့်ချချင်ယောင် ဟန်ဆောင်လိုက်တယ်..။
ဝမ်မင်ယန် လင်းဖန်ကို နောက်ပြောင်စွာ ကြည့်လိုက်ပြီး..
"ဟိတ်ဟန် ထုတ်ပြီး သရုပ်ဆောင်မနေနဲ့..မဟုတ်ရင် ငါမင်းကို ရိုက်နှက်မိလိမ့်မယ်.."
"ဟီးဟီး.."
လင်းဖန် ပြုံးလိုက်တယ်..။ယင်းနောက် သူ တိမ်ဖြူလမ်း တစ်ခုလုံး ကြားလောက်တဲ့ အသံနဲ့ အော်လိုကိပါတယိ..။
ရုတ်တရက် တိမ်ဖြူလမ်းဟာ အသက်ဝင်လာခဲ့ပါတယ်..။
"ချီးပဲ..သူဌေးလေး ပြန်လာပြီ.."
"မီးရူး မီးပန်း တွေကို မီးညှိလိုက်တော့ အမြနိ.."
တိမ်ဖြူလမ်း တစိခုလုံးက ဆိုင်ပိုင်ရှင်တွေဟာ စိတ်လှုပ်ရှားသွားခဲ့ပြီး အပြင်ကို ထွက်လာခဲ့ကြပါတယိ..။
"သူဌေးလေးဒီတစ်ကြိမ် တကယ်ကောင်းကောင်း လုပ်ခဲ့တာပါ..။ချင်ကျိုးက လူတွေတော့ ကျေးဇူးတငိနေကြလောက်ပြီ.."
"ဟုတ်တယ် ငါ သတင်းကြည့်လိုက်ရတယ်..။ချင်ကျိုးက ဒီလောက်ထိ ဆိုးရွားနေမယ် မထင်ထားခဲ့ဘူး..။ချင်ကျိုးက လူတွေဆို ဘယ်လောက်တောင် ခံစားနေရလိုက်မလဲ.."
"ဘာမှ မဟုတ်ပါဘူး..။ဒါက အသေးအဖွဲလေး တွေပါ.."
လင်းဖန် လက်ဝေ့ယမ်းပြီး နိမ့်ချစွာ ပြောလိုက်တာပါ..။
သို့ပေမယ့် ကျန်တဲ့ လူတွေ အတွက်ကတော့ လုံးဝကို အသေးအမွှားလေး မဟုတ်ပါဘူး..။
"အာ..ဂျာနယ်လစ်တွေ ရောက်လာကြပြီ.."
ဂျာနယ်လစ်တွေဟာ လင်းဖန် ပြန်လာပြီ ဆိုတဲ့ သတင်းကို ရထားပြီးကြပါပြီ..။လူတိုင်းက မာစတာလင်း..ချင်ကျိုးမှာ ဘာလုပ်ခဲ့လဲ ဆိုတာကို သိထားကြပါတယ်..။
မာချင်ကျိုးက ဒီလောက်အထိ ပူးပေါင်းပြီး ရဲတပ်ဖွဲ့ ဆီမှာ ဝန်ခံခဲ့တာက မာစတာလင်း ကြောင့်ပါ..။ဒါကြောင့် မာစတာလင်းက မာချင်ကျိုးကို
ဘာပြောခဲ့တာလဲ ဆိုတာကို သူတို့ သိချင်နေခဲ့ကြပါတယ်..။
အဆုံးမှာတော့ လင်းဖန် ဂျာနယ်လစ်တွေရဲ့ ဝန်းရံမူကို ခံလိုက်ရတယိ..။
ဒီလို မေးခွန်းနဲ့ တွေ့တဲ့ အချိန်မှာ သူဘယ်လို ပြန်ဖြေရမလဲတောင် မသိပါဘူး..။
"အရာရာတိုင်းက မာချင်ကျိုး ရဲ့ ချင်ကျိုး ပြည်သူတွေ အပေါ်ထားတဲ့ အချစ်ကြောင့် ဖြစ်လာတာပါ.."
ဂျာနယ်လစ် တွေ ဆွံ့အသွားခဲ့တယ်..။
ဒါက ဘယ်လို ဖြေရှင်းမူကြီးတုန်း..
…