ကလေးတွေကို ငါနဲ့အတူ အမြင့်ကိုပျံသန်းခိုင်းရမယ်..
Vol. 43 Ch. 641
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
လင်းဖန် သတင်းခေါင်းစည်းပိုင်းတွေမှာ ထပ်ပြီးပါလာခဲ့ပါတယ်..။
"မာစတာ လင်း ချင်းကျိုးမှာ ထွက်ခွာစဥ္ တွင်..လူပေါင်းထောင်ချီ လိုက်လံ ပို့ဆောင်ခဲ့သည်.."
"မထွက်ခွာခင်တွင်..မာစတာလင်း ချင်ကျိုးပြည်သူများအား သူ့ရဲ့ဝိုက်ဘိုကို စောင့်ကြည့်နေကြရန် ညွှန်ကြားခဲ့သည်..။ချင်ကျိုးရဲ့ ..သတင်း အယ်ဒီတာ တစ်ယောက် အနေဖြင့် ကျုပ်ကိုယ်တိုင်လည်း မာစတာလင်း ၏ ဝိုက်ဘိုကို စောင့်ကြည့်နေမည်ဖြစ်သည်.."
…
ရှန်ဟိုင်းမြို့သားများ..။
"သူက ငါတို့ ရှန်ဟိုင်းကလေ.."
"အပေါ်ကကောင် မင်းမှားနေပြီ..။မာစတာလင်း က ရှန်ဟိုင်းက မဟုတ်ဘူး သူ့ဇာတိ က ကျုံးကျိုးက .."
"သွားစမ်းပါ..မင်းဘာသိလို့လဲ..။ငါ့သမီးက မာစတာလင်း နဲ့ လက်ထပ်နိုင်လောက်အောင် ရုပ်ရည်ချောမောတယ်..။သူသာ ငါ့အိမ်ကို ရွေ့လာရင် သူက ရှန်ဟိုင်းသား ဖြစ်သွားမှာပဲ.."
"ဆုတောင်းလေ..မာစတာလင်း လို့ အံ့ဩစရာ ကောင်း တဲ့လူက ခင်ဗျား တို့ အိမ်နဲ့ ဘာလို့ လက်ထပ်မှာလဲ..။ကျုပ်က အခု ကလေးယူဖို့ ကြိုးစားနေတာ..။သမီးလေး ဖြစ်ရင် သိပ်ကောင်းမှာပဲ..။ဒါဆိုရင် ကျုပ်သမီး ၁၈ နှစ်ပြည့်တာနဲ့..မာစတာလင်းနဲ့ လက်ဆက်ပေးရမယ်.."
"အပေါ်ကလူ ခင်ဗျား ဟာသ လုပ်နေတာလား..။အသက်ကွာခြားမူ ကြီးသွားမှာကို ခင်ဗျား မကြောက်ဘူးလား..။အဲ့အချိန်ဆို မာစတာလင်းက အသက် ၄၀ လောက် ရှိနေလောက်ပြီ.."
"အသက်က ပြသနာ မရှိဘူး..။ငါတို့ အခုပြောနေတာက မာစတာလင်း ဖြစ်နေလို့လေ.."
လင်းဖန် ဒီမှတ်ချက်တွေကို ကြည့်ပြီး အကူညီမဲ့သွားခဲ့တယ်..။လူသိများရတာကလည်း မကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်..။
သူ အင်တာနက်ကို ဆက်ပြီး..ဖတ်နေခဲ့တယ်..။
နေရာတိုင်းက..သူ့ကို ချီးကျူးနေကြပြီး သူရဲကောင်း တစ်ယောက်လိုဆက်ဆံ နေကြပါတယ်..။
အမှန်အတိုင်း ပြောရရင် ချင်ကျိုးက လူတွေက အတော်ကို ကြင်နာကြတာပါ..။သူတို့တွေ အမှန်တကယ်ပဲ လင်းဖန် ရဲ့ ဝိုက်ဘိုကို ရောက်လာခဲ့ကြပါတယ်..။လင်းဖန် ရဲ့ ပရိတ်သတ် အရေအတွက်ဟာ ခြောက်သိန်းလောက် ထိုးတက်သွားခဲ့တယ်..။
ဒီ အကောင့်တွေက..ဇွန်ဘီ အကောင့်တွေ မဟုတ်ပဲ..အကုန်လုံးက အသုံးပြုနေတဲ့ အကောင့်တွေပါ..။
လင်းဖန် သူ့ရဲ့ ဝိုက်ဘို ပေ့ကို ကြည့်ပြီး အတော် ကျေနပ်သွားခဲ့ပါတယ်..။
ရက်အနည်းငယ် ကြာပြီးနောက်..။
ကျော်ကြားမူတွေဟာ..ဖြည်းဖြည်းချင်း တိမ်မြုပ်သွားပြီး ပုံမှန်နေ့တွေ ပြန်ရောက်လာခဲ့တယ်..။ချင်ကျိုးက အခြေအနေ တွေဟာလည်း အရာအားလုံး ချောချောမွေ့မွေ့ပါပဲ..။
ဒီအချိန်အတွင်းမှာ အကြီးအကဲ ချင်ကလည်း ဖုန်းခေါ်လာခဲ့ပါတယ်..။သူ့ပုံစံက အတော်ကို လေးစားနေတဲ့ ပုံပါပဲ..။မာချင်ကျိုး ဆိုတာ ဘယ်လို လူမျိုးလဲ..။သူက ချင်ကျိုးကို ချုပ်ကိုင်ထားတဲ့ လူတစ်ယောက်ပါ..။
အခု လင်းဖန် ချင်ကျိုးကို သွားလိုက်တာကြောင့်..တရားခံတွေဟာ အပြစ်ကို ဝန်ခံခဲ့ကြပြီး..ချန်းချန်ပင်း လည်း အောင်မြင်မူ ကြီးကြီးမားမား ရခဲ့တယ် ဆိုတာကို သိထားပါတယ်..။
ချန်းချန်ပင်းဟာ..လင်းဖန်ကို ဖုန်းဆက်ပြီး နောက်တစ်ကြိမ် ချင်ကျိုးကို ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်..။ချန်းချန်ပင်းရဲ့ အမြင်အရဆိုရင် သူဒီလို အောင်မြင်မူ အကြီးကြီး ရတယ်ဆိုတာက..မာစတာလင်း ကြောင့်ပါပဲ..။
တိမ်ဖြူလမ်း..။
လင်းထန် စောစော ရောက်လာခဲ့တယ်..။သူ ဖုန်းကို ထုတ်ပြီး စစ်ဆေးကြည့်နေခဲ့ပါတယ်..။ဖုန်းစခရင်မှာတော့...မြေပုံတစ်ခု ရှိပြီး..ဒါက အချက်ပြမီး တစ်ခု ကို ဖော်ပြထားတာပါ..။
"အံ့ဩစရာပဲ..။ဒီကျားကြီး က မြို့တော်ကလား.."
လင်းဖန် တစ်ယောက်တည်း ပြောလိုက်တာပါ..။
သူ့ကို ခေါ်ခဲ့တဲ့ ဖုန်းရဲ့ တည်နေရာကို စစ်ဆေးခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ပါဘူး..။ဒီနေ့ခေတ် ဖုန်း တွေကို တင်းကြပ်ထားပြီး မှတ်ပုံတင်ခိုင်းထားပေမယ့်..သူ့ကို ေခါ်ခဲ့တဲ့ ဖုန်းကတော့..တရားမဝင်တဲ့..အမည်မသိ ဖုန်းပါ..။
သူ ဖုန်းခေါ်လိုကိတယ်..။
ဒီဖုန်းက စက်ပိတ်ထားတုန်းပဲလို့ လင်းဖန် ထင်ထားခဲ့တာပါ..။
သို့ပေမယ့်..အံ့ဩစရာပဲ..ဖုန်းဟာ ဝင်သွားခဲ့တယ်..။
သိပ်မကြာခင်မှာပဲ..တစ်ခြားတစ်ဖက်က လူဟာ ဖုန်းကို ကိုင်လိုက်ပေမယ့် ဘာ စကား မှ တော့ မပြောခဲ့ပါဘူး..။
လင်းဖန် ကပဲ အရင် ပြောလိုက်တယ်..။
"ဟေး..ခင်ဗျားက ဘယ်သူလဲ..။ကျုပ်ကို နာမည်လေး ပြောပါလား..။ကျုပ် ခင်ဗျားနဲ့ လာကစားပေးမယ်လေ..။ဘာလို့ ဘာစကား မှ မပြောတာလဲ..။ခင်ဗျားမှာ သတ္တိမရှိဘူးလား..။ကျုပ် ဆိုတဲ့ မာစတာလင်းက အမှန်တရားဘက် မှာပဲ ရပ်တည်တယ်..။ဘယ်သူ့ကိုမှ အကြောင်းပြချက် မရှိပဲ..အနိုင်မကျင့်ဘူး..။ကျုပ် ခင်ဗျားကို တစ်ခုခု လုပ်မှာ ကြောက်နေတာလား.."
"ခင်ဗျား တကယ် ဘာမှ မပြောတော့ဘူးလား..။နားလေး သွားတာလား..။လက်စား ပြန် ချေ မလို့ဆို.."
လင်းဖန် ဆက်တိုက် ပြောနေပေမယ့် တစ်ခြား တစ်ဖက်ကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး..။လင်းဖန် စိတ်ရှုပ်သွားခဲ့့ပြီး..
"ချီးပဲ..ခင်ဗျား ကျုပ်နဲ့ အပြင်မှာ မတွေ့ရတာ ကံကောင်းသွားတယ်လို့ မှတ်လိုက်..။ဒါပေမဲ့ တစ်ခုတော့ မှတ်ထား. ကျုပ်ခင်ဗျားကို ညတိုင်း ဖုန်းဆက်ပြီး အိပ်မရအောင် လုပ်ပြမယ်.."
အဲ့အချိန်မှာပဲ..ယောက်ျားတစ်ယောက်ရဲ့ အသံကို ဖုန်းထဲကနေ ကြားလိုက်ရတယ်..။
"မင်းက ဘယ်သူလဲ.."
လင်းဖန် အံ့ဩသွားခဲ့့တယ်..။
"မင်းက ဘယ်သူလဲ.."
"မင်းက ဘယ်သူလဲ..။မင်းက ငါ့ကိုတောင် မသိပဲ ဘာလို့ ဖုန်းခေါ်တာလဲ..။မင်းက ဘယ်သူလဲ.."
"မင်းကရော ဘယ်သူလဲ.."
…
သူတို့ နှစ်ယောက်ဟာ 'မင်းကဘယ်သူလဲ' ဆိုတဲ့ မေးခွန်းကို အချိန်အတော်ကြာအောင် တစ်ယောက် နဲ့ တစ်ယောက် မေးနေခဲ့ကြပါတယ်..။
ယင်းနောက် လင်းဖန် စိတ်မရှည်တော့ပဲ ဖုန်းချလိုက်တယ်..။
"စောက်ရူးပဲ.."
ဝူယူလန် လင်းဖန်ကို ကြည့်လိုက်ပြီး..
"အစ်ကိုလင်း ဘာဖြစ်လို့လဲ.."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ဘာမှ မဟုတ်ဘူး..ငါ စောက်ရူးတစ်ယောက်နဲ့ ဖုန်းပြောမိနေတာ..။ဒီနေ့ခေတ်လူတွေ ဘာဖြစ်နေတာလဲ..။ငါက အဲ့လူကို ဘယ်သူလဲလို့..မေးနေတာကို..သူက..ပြန်ဖြေဖို့ ခေါင်းမာနေတယ်..။အကုန်လုံးက အဲလိုတွေပဲလား.."
ဝူယူလန် ရယ်မောလိုက်တယ်..။သူမလည်း အစ်ကိုလင်းကို ဘယ်လို ပြန်ဖြေရမလဲ မသိပါဘူး..။ဒီပြသနာက အတော်ကို ရှုပ်ထွေးပါတယ်..။
သူမက အစ်ကိုလင်းနဲ့ အပြင်အတူ မထွက်တာ အချိန်အတော်ကြာနေပြီ ဖြစ်ပေမယ့် သူမမှာ အစီအစဥ္ ရှိပါတယ်..။သူမ လင်းဖန် အနားကို ကပ်သွားပြီး လင်းဖန်ရဲ့ ပုခုံးတွေကို နိပ်နယ်ပေးလိုက်တယ်..။သူမ ဒီလို နိပ်နေရင်းကနေ မေးလိုက်ပါတယ်..။
"အစ်ကိုလင်း..ညီမတို့ အပြင်မထွက်တာ အတော်ကြာပြီလေ..။မကြာခင် အပြင်အတူ ထွက်လည်ကြရင် ဘယ်လိုလဲ.."
အခွင့်အရေး ဆိုတာက လူက ဖန်တီးရတာပါ..။ပြီးတော့ ဝူယူလန် ဒါကို လက်မလွှတ်နိုင်ပါဘူး..။
သူမ လင်းဖန်ကို နေ့တိုင်းတွေ့ရလို့..ပျော်တယ် ဆိုပေမယ့်..အပြင်အတူ လျောက်လည်တာကတော့ ကွာခြားပါတယ်..။
သို့ပေမယ့် ပြသနာက ဆိုင်ထဲမှာ ရှိနေတဲ့ လူလိမ်ထျန်နဲ့ ကျောက်ကျန်းယန် တို့လို တတိယ ဘီး တွေပါပဲ..။
လင်းဖန် သက်သောင့်သက်သာ ရှိလွန်းလု့ိ မျက်လံူး မှိတ်ထားခဲ့တယ်..။
"ကောင်းပြီလေ..အပြင်လည်း မသွားရတာကြာနေပြီပဲ..။အာ..အဲ့နေရာက တကယ်ထိတာပဲ..။မရပ်လိုက်နဲ့.."
ဝူယူလန် ကျေနပ်သွားခဲ့ပြီး လင်းဖန်ကို ဆက်လက်နိုပ်ပေးနေခဲ့တယ်..။
"အင်း.."
"အိူး ဟုတ်သားပဲ..လီရူတို့ အခြေအနေ ဘယ်လိုရှိလဲ.."
လင်းဖန် မေးလိုက်တာပါ..။
"အဆင်ပြေကြတယ်..။ပြီးခဲ့တဲ့ အပတ်ကတောင် သူတို့ဆီ သွားလည်သေးတယ်..။အစ်မ လီရူက တကယ်ကို စွမ်းဆောင် နိုင်စွမ်း ရှိတာပဲ..။သူမက ဟော်တယ်ကို သေချာ ဦးစီးထားနိုင်ပြီး စီးပွားရေးလည်း ကောင်းနေတယ်.."
"အင်း..ဒါပေမဲ့ မင်း သူမ နဲ့..အရမ်းကြီး နီးနီးကပ်ကပ် မနေနဲ့နော်..။သူမက လူကောင်းတစ်ယောက် မဟုတ်ဘူး.."
ဝူယူလန် ရယ်မောလိုက်တယ်..။အစ်ကို လင်း နဲ့ အစ်မ လီရူ တို့က မကျေနပ်မူတွေ ရှိတယ် ဆိုတာ သူမ သိထားပြီးသားပါ..။
သို့ပေမယ့် သူတို့ကြည့်ရတာ တစ်ယောက်ကို တစ်ယောက် မုန်းတဲ့ ပုံစံ တော့ မရှိပါဘူး..။
ဝူယူလန် ရဲ့ နိပ်နယ် ပေးမူကြောင့် လင်းဖန် ပေါ့ပါးပြီး စိတ်ကြည်သွားခဲ့တယ်..။အခုကတော့ မြို့သားတွေ အတွက် ပန်ကိတ်ရောင်းရမယ့် အချိန်တောင် ကျရောက် လာခဲ့ပါပြီ..။
ဆိုင်အပြင်ဘက်မှာ တန်းစီ နေကြတဲ့ လူတွေက အတော်ကို များနေခဲ့တာပါ..။
"ကောင်းပြီ နံပါတ် တွေ ဝေလိုက်တော့..ပန်ကိတ်စလုပ်လိုက်ရအောင်.."
သူက တစ်နေ့ ပန်ကိတ် ၁၀ လုံးရောင်းပြီး ဒါက အားလုံး အတွက်တော့ ရူးသွပ်စရာပါပဲ..။သူရောင်းတဲ့ ပမာဏက နည်းတာကြောင့့် တစ်ချို့ဆိုရင် တစ်လလောက် တန်းစီ ပြီး မစားကြရတာ ရှိပါတယ်..။
သိူ့ပေမယ့် လက်လျော့ဖို့ အတွက်လည်း ပန်ကိတ်က အရမ်း အရသာ ရှိလွန်းနေခဲ့ပါတယ်..။သူတို့ တန်းမစီရင်လည်း တစ်ခြားလူတွေ တန်းစီကြမှာပါပဲ..။
"အာ..အစ်မကြီး လက်က ဘာတွေ ကိုင်ထားတာလဲ.."
လင်းဖန် သူ့ရှေ့မှာ တန်းစီနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး လက်ထဲက..လက်ကမ်းစာစောင်ကို ကြည့်ပြီး သိချင်စွာ မေးလိုက်တာပါ..။
သက်လတ်ပိုင်း အရွယ် အမျိုးသမီးက ပြန်ဖြေလိုက်တယ်..။
"ဒါက နိုင်ငံရဲ့ လူငယ် တရုတ်အနုပညာ ပြိုင်ပွဲရဲ့ လက်ကမ်းစာစောင်ပဲ..။အစ်မ သမီးက အဲဒီမှာ ဝင်ပြိုင်မှာလေ.."
"တရုတ် အနုပညာ.."
လင်းဖန် အစက သိပ်မတွေး မိပေမယ့် ရုတ်တရက် နန်းရှမ်း ဂေဟာက ကလေးတွေလည်း တရုတ်အနုပညာ လေ့လာနေတာ ကို သတိရသွားခဲ့ပါတယ်..။ဒါက သူတို့ အတွက် အခွင့်အရေး ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်..။
သူတို့ ပြိုင်ပွဲ မှာ အနိုင်ရရင် အကောင်းဆုံးပါပဲ..။
သူတို့ အနိုင်မရဘူး ဆိုရင်တောင် အတွေ့အကြုံတော့ ရပါသေးတယ်..။
အဲ့အချိန်မှာပဲ လင်းဖန် ပြုံးလိုက်တယ်..။
"အစ်မကြီး ကျွန်တော် အဲတာလေး ကြည့်လို့ ရမလား.."
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးဟာ တွေဝေချင်း မရှိပဲ လင်းဖန်ကို လက်ကမ်းစာစောင် ကမ်းပေးလိုက်ပါတယ်..။