← Chapters

သူတို့အတွက် စာရင်းပေးသွင်းခြင်း

Vol. 43 Ch. 642

သူတို့အတွက် စာရင်းပေးသွင်းခြင်း

Vol. 43 Ch. 642

#ဘာသာပြန် = စနိုးဝှိုက်

"လူငယ်..တရုတ်အနုပညာ ဖလား.."

"အသက် ၁၄ နှစ် နှင့် အောက် ကလေးများသား.."

ပြိုင်ပွဲ အဓိက စီစဥ္ကျင်းပတာက..နိုင်ငံ တရုတ်အနုပညာ..အဖွဲ့အစည်းကပါ..။ပထမဆု အတွက် က ဒေါ်လာ ၁ သိန်း ရရှိယုံတင်မကပဲ..ဆရာ တစ်ယောက် ရဲ့ ကိုယ်တိုင် လမ်းညွှန်ပြသမူကိုလည်း ရရှိဦးမှာပါ..။

ဒုတိယ နဲ့ တတိယ ရရှိသူတွေလည်း ဆူတံဆိပ် အသီးသီး ရရှိကြမှာပါ..။

နှစ်သိမ့်ဆု အတွက်ကတော့.. တရုတ်အနုပညာ အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ပေးအပ်သွားမှာပါ..။

ဆုတွေကတော့ အ့့ံဩစရာပါပဲ..။

လင်းဖန် ပြောလိုက်တယ်..။

"အစ်မကြီး ကျွန်တော်ကို ဒီပိုစတာလေး ပေးလို့ ရမလား.."

"သေချာတာပေါ့..ပြသနာ မရှိပါဘူး..။သူဌေးလေး..အဲ့မှာ ပြိုင်ချင်တဲ့ ကလေး ရှိလို့လား.."

သက်လတ်ပိုင်း အရွယ် အမျိုးသမီးကြီးက မေးလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ကျွန်တော် သူ့ကို အတွေ့အကြုံရပြီး

မျက်စိကျယ်စေချင်လို့.."

ယင်းနောက် သူ ဘာမှ ထပ်မပြောခဲ့ပါဘူး..။သူ လုပ်စရာ ရှိတာကို ထပ်လုပ်ပြီး ..ပိုစတာကို သိမ်းဆည်းထားခဲ့ပါတယ်..။သူ ဒါပြီးရင် တစ်ချက် သွားကြည့်ဦးမှာပါ.။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ကလေးတွေကို ဒီပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ပါတယ်..။

သူတို့က ဥာဏ်ကောင်းစေသော ဆေးလုံးကို သောက်ပြီး..တရုတ်အနုပညာကို ကြိုးစားပမ်းစား လေ့လာနေကြတဲ့လူတွေပါ..။ဒါကြောင့် လင်းဖန် သူတို့ကို သက်သေပြဖို့ အခွင့်အရေး ပေးချင်ပါတယ်..။

အချိန်ခန ကြာပြီးသွားတဲ့နောက်မှာ..သူ ပန်ကိတ် ဆယ်လုံး ရောင်းလို့ ပြီးသွားခဲ့တယ်..။ပန်ကိတ် မရရတဲ့ လူတွေကတော့ စိတ်မကောင်း ဖြစ်သွားခဲ့ကြပါတယ်..။သို့ပေမယ့် သူတို့ ကိုယ့်ကိုကို နှစ်သိမ့်လိုက်ကြပြီး..နောက်တစ်ရက်..မှ ပြန်လာခဲ့ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်..။သူတို့ နောက်နေ့တွေလည်း အခွင့်အရေး မရဘူးလို့ မယုံကြည်ကြပါဘူး..။

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ် အပြင်သွားလိုက်ဦးမယ်.."

လူလိမ် ထျန်ဟာ ဆေးလိပ်သောက် နေခဲ့့ပြီး..

"ဘာဖြစ်လို့လဲ..။တစ်ခုခု ဖြစ်ပြန်ပြီလား..."

လင်းဖန် ပိုစတာကို ဝေ့ယမ်းပြလိုက်ပြီး..

"ဘာမှ မဟုတ်ဘူး..ကျုပ် လူငယ် အနုပညာ ဖလား ပြိုင်ပွဲမှာ စာရင်းသွားပေးမလို့..။အခြေအနေ ဘယ်လိုရှိလဲ ဆိုတာလဲ ကြည့်ရဦးမယ်လေ.."

ယင်းနောက် လူလိမ်ထျန် လေးနက်သွားခဲ့တယ်..။

"ဒါအမှန်ပဲ..ကလေးတွေက တကယ်ကို ပုံကောင်းကောင်း ဆွဲနိုင်ကြတယ်..။သူတို့သာ ဝင်ပြိုင် ရင် ကျိန်းသေ ဆုရကြမှာပဲ.."

လင်းဖန် ပြုံးလိုက်ပြီး

"ကျွန်တော်တော့ တစ်ခြားကလေးတွေကိုလည်း အထင်မသေးစေချင်ဘူး..။သူတို့လည်း တော်ကြမှာပါ..။ကျုပ် သွားကြည့်လိုက်ဦးမယ်.."

ယင်းနောက် သူ ဆိုင်ထဲကနေ ထွက်သွားခဲ့တယ်..။

လူလိမ် ထျန် ခေါင်းခါယမ်းလိုက်ပြီး..

"ငါ ထင်တာတော့..သူ ကလေးဂေဟာရဲ့ တာဝန်ကို အချိန်အကြာကြီး ယူရတော့မယ် ထင်တယ်.."

ဝူယူလန် သန့်ရှင်းရေး လုပ်နေရင်းကနေ မေးလိုက်တယ်..။

"ဒါက ကောင်းတဲ့ အလုပ်ပဲ မဟုတ်ဘူးလား.."

လူလိမ် ထျန် ပြန်ပြောလိုက်တယ်..။

"ဒါက မကောင်းဘူးလို့ ငါ မပြောမိပါဘူး..။ဒါက တကယ်ကို အဓိပ္ပါယ် ရှိတယ်.."

…

လမ်းတွင်..။

လင်းဖန် ဦးတည်ရာကို ကားမောင်းပြီး သွားနေခဲ့တယ်..။မှတ်ပုံတင်ရမယ့်..ရောက ချွန်းမြောင်အဆောက် အဦးရဲ့ ၁၃ ထပ် မြောက်မှာပါ."

သူ ရောက်တာနဲ့..ကားပါကင်ထိုးလိုက်တယ်..။

သူ ဓာတ်လှေကား ထဲကို ဝင်လိုက်တဲ့ အချိန်မှာ ကလေးတွေကို ခေါ်လာတဲ့ မိဘတွေကို တွေ့လိုက်ရပါတယ်..။မိဘတွေဟာ စကားပြောဆိုနေခဲ့ကြတယ်...။

"လူငယ် တရုတ်အနုပညာ ဖလား ရဲ့ ဆုတွေက တကယ်ကို အံ့ဩစရာပဲ..။အကောင်းဆုံး ပြိုင်ပွဲဝင်က..နိုင်ငံရဲ့ အနုပညာအဖွဲ့အစည်းက..တစ်ယောက်ယောက်ရဲ့ လမ်းညွှန်မူကို ရဦးမှာ.."

"ဟုတ်တယ်..ငါတို့ ပိုက်ဆံကို ဒီလောက် ဂရုမစို်က်ဘူး..။ကလေးတွေကို အကောင်းဆုံးဖြစ်ပြီး ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မူ လိုချင်တဲ့ လူတွေချည်းပဲ.."

"ဒါအမှန်ပဲ.."

သူတို့က အချင်းချင်း ဆွေးနွေးနေကြတာ ဖြစ်ပြိီး လင်းဖန်ကတော့ ဒီတိုင်း နားထောင်နေခဲ့ပါတယ်..။

နိုင်ငံရဲ့ တရုတ်အနုပညာ အဖွဲ့အစည်းက အတော်ကို ပုံရိပ်ကြီးမားတာပါ..။အဖွဲ့အစည်းမှာ ရှိတဲ့ လူတွေက လူကြိုက်များပြီး လေးစားခံရတဲ့ ပုဂ္ဂိုလ်တွေ ချည်းပါပဲ..။အထူးသဖြင့် သူတို့ ပန်ချီလက်ရာတွေ ရောင်းချပြီဆိုရင် ဒေါ်လာ သန်းချီပြီး ရတာပါ..။ဒါက ရူးသွပ်စရာပါပဲ..။

ထပ်ပြောရရင် သူတို့ရဲ့ ကလေးကို ဒီလိုအဆင့် မာစတာက လမ်းညွှန်ပေးသွားဦးမှာပါ..။သူတို့ရဲ့အနာဂတ်က တကယ်ကို အနှိုင်းအဆ မဲ့ပါပဲ..။

၁၃ ထပ်တွင်..။

ဒီမှာ လူတွေ အများကြီး ရှိနေခဲ့တယ်..။သူတို့ထဲက တစ်ချို့ မိဘတွေဟာ ဒီအခမ်းအနား အကြောင်း လာစုံစမ်းကြတာဖြစ်ပြီး တစ်ချို့ မိဘတွေကတော့ ကလေးတွေကို ကိုယ်တိုင် ခေါ်လာကြပါတယ်..။

အခန်းထဲမှာ စားပွဲအရှည်ကြီးတစ်ခု ရှိနေပြီး..မှတ်ပုံတင်မူအတွက် တာဝန်ရှိတဲ့လူဟာ..မိဘတွေကို ရှင်းပြနေခဲ့ပါတယ်..။

လင်းဖန် ရှေ့ကို တက်သွားခဲ့့ပြီး..

"ကလေးတွေ အတွက်လိုအပ်ချက်က အသက် ၁၄ နှစ်အောက်ဖြစ်ဖို့ တစ်ခုတည်းလား ဗျ."

သက်လတ်ပိုင်း အရွယ်လူကြီးဟာ လင်းဖန်ကို ပြန်ဖြေလိုက်တယ်..။

"ဟုတ်တယ် သူတို့ အသက် ၁၄ နှစ်အောက်ဖြစ်နေသ၍ ဝင်ပြိုင်လို့ရတယ်..။ဒီတစ်ကြိမ်ပြိုင်ပွဲက နိုင်ငံရဲ့ တရုတ် အနုပညာအဖွဲ့အစည်း ကိုယ်တိုင် ဦးစီးကျင်းပတာလေ..။လူကြီးမင်းရဲ့ ကလေး ဝင်ပြိုင်ခွင့်ရတာဆိုရင်..မှတ်ပုံတင်ကြေး ဒေါ်လာ ၅၀ ပေးသွင်းဖု့ိ လိုအပ်တယ်.."

"ဒါဆို ကျွန်တော် ဘယ်လို မှတ်ပုံတင်ရမလဲ.."

လင်းဖန် မေးလိုက်တာပါ..။

"ဒါက ကျွန်တော်တို့ ဝက်ဆိုဒ် ပါ..။ဒီကနေ တစ်ဆင့်မှတ်ပံူတင်လို့ရပါတယ်..။လူကြီးမင်းက ကလေးရဲ့ အသေးစိတ် အချက်အလက်ကို ဖြည့်သွင်းဖို့ လိုအပ်တယ်လေ..။ဒါမှမဟုတ် ကလေးကို ဒီကို ခေါ်လာပြီး စာရင်းသွင်းဖို့ လိုအပ်ပါတယ်.."

လူကြီးက ပြန်ပြောလိုက်တာပါ..။

လင်းဖန် ပြောစရာ စကားကင်းမဲ့သွားခဲ့ပါတယ်..။အင်တာနက်က စာရင်းသွင်းမယ်ဆို အသေးစိတ်အချက်အလက် ဖြည့်သွင်းရမှာပါ..။သူတို့ ဂေဟာ ရဲ့ ကလေးအများစုက ကိုယ်ရေး အချက်အလက် ပြည့်စုံကြတာ မဟုတ်ပါဘူး..။ဒါက ခက်ခဲတဲ့ အခြေအနေပါ..။ပြီးတော့ အဲ့မှာက ကလေးပေါင်း ၃၆၅ ယောက်ရှိပါတယ်..။သူတို့အကုန်လုံးကို ဒီခေါ်လာမယ် ဆိုရင်လည်း သိပ်အဆင်ပြေမယ့်ပုံ မရှိပါဘူး..။

အလုပ်သမားဟာ ထပ်ပြောလိုက်တယ်..။

"တကယ်လို့ လူကြီးမင်း မှတ်ပုံတင်မယ် ဆိုရင် ..မြန်မြန်လုပ်မှ ရမယ်နော်..။ဒီနေ့က စာရင်းသွင်းဖို့ နောက်ဆုံးနေ့လေ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"တောင်းပန်ပါတယ် ကျုပ်အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်..။ကျုပ်က ကလေးဂေဟာ တစ်ခုကကလေးတွေအတွက် စာရင်းလာသွင်းတာ..။ဒါပေမဲ့ ကလေးအများစု ရဲ့ ကိုယ်ရေးအချက်အလက်တွေက မပြည့်စုံဘူးလေ..။ထပ်ပြောရရင် သူတို့ အကုန်လုံးကိုဒီခေါ်လာဖို့ ကလည်း လွယ်မှာ မဟုတ်ဘူး..။တစ်ခြားနည်းလမ်း လေးများ ရှိနိုင်ဦးမလား.."

အလုပ်သမားဟာ ကြောင်အသွားခဲ့တယ်..။

"ဒါက..ခနလေး..။ကျွန်တော် အထက်လူကြီးကို သွားမေးပေးမယ်..။အရင်ကတော့ ဒီလို အခြေအနေမျိုး မကြုံဖူးဘူး.."

လင်းဖန် ပြောလိုက်တယ်..။

"ကျေးဇူးပါ.."

"ရပါတယ်.."

အလုပ်သမားဟာ ရုံးခန်းထဲကို ဝင်သွားလိုက်ပါတယ်..။သူ ဂေဟာက ကလေးတွေ စာရင်းသွင်းခွင့်ရဖို့ ကူညီပေးချင် နေခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့အရာပါပဲ.။ကလေးတွေက စည်းမျဥ္းနဲ့ ကိုက်ညီနေသ၍ စာရင်းသွင်းလို့ရပါတယ်..။ဒီမှာ ဘာ လျို့ဝှက်ချက် မှ ထပ်မရှိပါဘူး..။

လင်းဖန် ကလေးဂေဟာ လို့ ပြောလိုက်တဲ့ အချိန်မှာ တစ်ချို့ မိဘတွေဟာ လှည့်ကြည့်လာကြပြီး အံ့ဩသင့်သွားခဲ့ကြတယ်..။

"မာစတာလင်း..မင်းက မာစတာလင်း လား.."

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်ပါတယ်..။အားလုံးပဲ..ဟဲလို.."

"မာစတာလင်းလည်း ကလေးတွေ အတွက် စာရင်း လာပေးတာလား.."

လင်းဖန် ​ပြန်ပြောလိုက်တယ်..။

"ဟုတ်တယ် ကျွန်တော့် ဂေဟာက ကလေးတွေကို ဝင်ပြိုင်ခိုင်း မလို့လေ..။သူတို့ မနိုင်ဘူးဆိုရင်တောင် အတွေ့အကြုံတော့ ရကြမှာပေါ့.."

မိဘတွေဟာ ခေါင်းညိမ့်ပြီး လင်းဖန်နဲ့ စကားဆက​်ပြောနေခဲ့ကြတယ်..။ရှန်ဟိုင်းကလူတိုင်း မာစတာလင်း ဘယ်သူလဲ သိကြပါတယ်..။

အင်တာနက်မှာလည်း လင်းဖန် အကြောင်းလတ်တလော သတင်းတွေ တက်နေခဲ့တာပါ..။ဒါကြောင့် လူတိုင်းက သူ့အကြောင်း သိကြပါတယ်..။

ထပ်ပြောရရင် မာစတာလင်း ချင်ကျိုးမှာ လုပ်ခဲ့တာက တကယ်လေးစား စရာပါပဲ..။တစ်ချိန်တည်းမှာပဲ သူတို့ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်..။ဘာပဲဖြစ်ဖြစ်မာစတာလင်းက သူတို့ ရှန်ဟိုင်းကပါ..။

"မာစတာ လင်း တကယ်လေးစားပါတယ်.."

လင်ဖန် တည်ငြိမ်စွာ ပြုံးပြီး တုန့်ပြန်နေခဲ့ပါတယ်..။ပုံမှန်အားဖြင့်တော့ သူ ဒီကိစ္စကို စိတ်ထဲမထားတော့ပါဘူး..။

မကြာခင်မှာပဲ..တာဝန်ရှိ ပုဂ္ဂိုလ် ရောက်လာခဲ့တယ်..။သူ အခြေအနေကို သိတဲ့ အချိန်မှာ ​ဖြေရှင်းဖို့ နည်းလမ်းကို ကူစဥ္းစားပေးခဲ့ပါတယ်..။ဒါက မာစတာလင်း မှန်း သိသွားတဲ့ အချိန်မှာ သူ ပိုတောင် အားထုတ်ပေးခဲ့ပါသေးတယ်..။

မာစတာ လင်းက ကျော်ကြားပါတယ်..။ဒီ တာဝန်ရှိပုဂ္ဂိုလ်က တရုတ်အနုပညာ အဖွဲ့အစည်းက မဟုတ်တော့ လင်းဖန်ကို အဖွဲ့ဝင်တစ်ယောက် မှန်း မသိခဲ့ပါဘူး..။

တကယ်လို့ သူသာ သိရင် ဒီထက်ပိုပြီးတောင် ကြိုးစားပေးဦးမှာပါ..။

သို့ပေမယ့် သူ လေးလေးနက်နက် အဖြေထုတ်နေခဲ့ပါတယ်..။

ယင်းနောက် တာဝန်ရှိတဲ့သူဟည သူ လင်းဖန် နဲ့ လူတွေ ထည့်လိုက်ပြီး ကလေးတွေ စာရင်းသွင်းတာ လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်..။ဝန်ဆောင်မူကတော့ ထိပ်တန်းပါပဲ..။လင်းဖန်တောင်မှ ဒီအတွက် အနည်းငယ် ရှက်ရွ့့မိပါတယ်..။

ဒါက သူတို့ ခွေးတိုးပေါက်ကနေ ခိုးဝင်သလိုပါပဲ..။

သို့ပေမယ့်..သူ ဒီလူတွေကို ကျေးဇူးတင်ရမှာပါ..။

ဘာပဲဖြစ်ဖြစ် သူ့အတွက် ဖြစ်နေတဲ့ ပြသနာ က ဖြေရှင်းပြီးသွားပါပြီ..။

တာဝန်ရှ်ိ ပုဂ္ဂိုလ်ဟာ မှတ်ပုံတင်ကြေးတွေကိုပါ..ဖြေလျော့ပေးချင်ပေမယ့် သူ့ဒီလို လုပ်ဖို့ လုပ်ပိုင်ခွင့် မရှိပါဘူး..။သူ သက်ပြင်းချပြီးသာ ခေါင်းခါယမ်းလိုက်ပါတယ်..။

ယင်းနောက် လင်းဖန် လူအနည်းငယ်ကို နန်းရှမ်း ဂေဟာ ဆီ ခေါ်သွားခဲ့တယ်..။

ကလေးတွေ အဆင့်သင့် ဖြစ်ရဲ့လား သူမသိပေမယ့် ရလာဒ်ကောင်းဖို့ကိုတော့ မျှော်လင့်မိပါတယ်..။

ဆရာတစ်ယောက် အနေနဲ့ သူ့ရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ဆိုတာ ကလေးတွေရဲ့ ရလာဒ်ကိုကြည့်ဖို့ပဲ လိုအပ်ပါတယ်..။

All Chapters