ကံကောင်းပါစေ စစ်သည်တော်လေး တို့..
Vol. 43 Ch. 643
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် နန်ရှမ်းဂေဟာကို ရောက်လာတဲ့ အချိန်မှာကလေးတွေက ပုံဆွဲနေခဲ့ကြတယ်..။ဥာဏ်ကောင်းစေသော ဆေးကို သောက်ပြီးတဲ့နောက်မှာ ကလေးတွေရဲ့ စွမ်းဆောင်ရည်က အတော်ကို တိုးတက်လာခဲ့ကြတာပါ..။
လက်ရှိ ပညာရေး အခြေအနေကတော့ အသက်သွင်းနေတုန်းပါပဲ..။အဓိကကတော့ ကလေးတွေဟာ ပုံဆွဲတာကို သင်ယူကြပြီး..အဖိုး ကျိုးရဲ့ တရုတ်ဆေးပညာ အကြောင်း ပုံပြင်တွေကိုလည်း နားထောင်ကြပါတယ်..။ကလေးတွေက ဒီလို ပုံပြင်တွေ နားထောင်ရတာကို အတော် သဘောကျကြတာပါ..။
ဒါရိုက်တာ ဟောင် ပြောလိုက်တယ်..။
"မာစတာ လင်း..ဘာတွေ လုပ်နေတာလဲ.."
လင်းဖန် ဒါရိုက်တာ ဟောင်ကို စာရွက်တစ်ရွက်ကို လှမ်းပေးလိုက်တယ်..။
"ကျုပိ လူငယ် အနုပညာ ဖလား ပြိုင်ပွဲတစ်ခုကို တွေ့ခဲ့တယ်..။ကျုပ် ဒီကလေးတွေကို ပါဝင်ပြီး တိုးတက်စေချင်တာလေ.."
ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..
"ဒါဆို ကောင်းတာပေါ့.."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"ဒါပေါ့..မဟုတ်ရင်..ကျုပ်သူတို့ကို စာရင်းသွင်းခိုင်းမှာ မဟုတ်ဘူး.."
ယင်းနောက် လီဖက်တီးဟာ ပြေးလာပြီး လင်းဖန်ရဲ့ လက်ကို ဆွဲလိုက်တယ်..။
"အန်ကယ်လင်း..သား ဆွဲထားတဲ့ ပုံကို လာကြည့်ပါဦး..။သူ ဒီနေ့ တကယ် လေးလေးနက်နက် ဆွဲထားတာ.."
လင်းဖန် လီဖက်တီးရဲ့ ခေါင်းကို ပုတ်ပြီး စားပွဲဆီကို လိုက်သွားလိုက်တယ်..။သူ စားပွဲပေါ်က ပန်ချီကားကို မြင်တဲ့ အချိန်မှာ..အံ့ဩသင့်သွားခဲ့ပါတယ်..။
"ဝိုး..လီဖက်တီး..သား..ရဲ့ အနုပညာ ကျွမ်းကျင်မူက အတော်ကို တိုးတက်လာတာပဲ.."
လင်းဖန် လီဖက်တီးကို ဒီတိုင်း စိတ်ကျေနပ်အောင် ပြောလိုက်တာ မဟုတ်ပါဘူး..။သူဆွဲထားတာက တကယ်ကို ကောင်းမွန်တာပါ..။ဒါက သူ ပန်ချီဆွဲတာကို နှစ်အနည်းငယ် ကြာအောင် လေ့ကျင့်ထားတဲ့ အတိုင်းပါပဲ..။
လီဖက်တီးက အချိန်ခနလောက်သာ လေ့ကျင့်ထားရသေးပေမယ့် ဒီလို ပန်ချီကားမျိုး ဆွဲနိုင်တယ် ဆိုတာ ကောင်းတဲ့ အရာပါ..။ဒါက ကြောက်စရာပါပဲ..။
ဥာဏ်ကောင်းစေသော ဆေးလုံးက တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့်..လီဖက်တီးက..ပန်ချီဆွဲတဲ့ နေရာမှာ အတော်ကို ပါရမီ ပါတာပါ..။
ဒါရိုက်တာ ဟောင် ပြုံးလိုက်ပြီး..
"မာစတာလင်း..လီဖက်တီးက ပန်ချီဆွဲတာ တကယ်ကို ကောင်းမွန်တယ်..။ကျွန်မတို့ မြင်တုန်းကလည်း အတော် အံ့ဩရသေးတယ်လေ.."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်..လီဖက်တီးက တကယ်ကို တော်တာ..။သူ ပိုပြီး တိုးတက်လာဦးမှာ အသေအချာပဲ.."
လီဖက်တီး ရယ်မောလိုက်တယ်..။ချီးကျူးခံရတာက အတော်ကို ခံစားလို့ကောင်းတာပါ..။ယသ်းနောက် ..သူ မိန်းကလေး သူငယ်ချင်း တစ်ယောက် ဆီကို သွားပြီး ကစားနေခဲ့တယ်..။
ကလေးတွေ အတွက်..မှတ်ပံူတင်ပေးဖို့ လာကြတဲ့ အလုပ်သမားတွေလည်း ပန်ချီကားတွေကို မြင်ပြီး အံ့ဩသင့်သွားခဲ့ကြပါတယ်..။
ကလေးတွေက ငါးနှစ် ခြောက်နှစ်လောက်သာ ရှိကြပြီး..အသက်အကြီးဆုံးမှ ..ရှစ်နှစ်သာ ရှိကြပါသေးတယ်..။သို့ပေမယ့် သူတို့ရဲ့ ပန်ချီလက်ရာက အံ့ဩစရာပါပဲ..။ဒါက မယုံနိုင်စရာတောင် ကောင်းပါတယ်..။
တစ်ချို့မိဘတွေက ကလေးတွေကို မှတ်ပုံလာတင်ပေးရင် ကလေးတွေ ဆွဲထားတဲ့..ပန်ချီတွေကို ယူလာလေ့ရှိကြပါတယ်...။သို့ပေမယ့် သူတို့ ဒီလို အရည်အသွေးမျိုး အထိတော့ မမြင်ဖူးသေးပါဘူး..။
ပြောရမယ်ဆိုရင် လက်တစ်ဆုပ်စာလောက် ကလေးတွေပဲ..ဒီလို အနုပညာ လက်ရာမျိုးကို ဆွဲနိုင်ကြမှာပါ..။
သူတို့အကုန်လုံးကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ....
လင်းဖန် ပြောလိုက်တယ်..။
"အနှောက်အယှက် ဖြစ်စေလို့ စိတ်မကောင်းပါဘူး..။ဒီမှာ ကလေးတွေ အကုန်လုံးရှိကြတယ်..။ခင်ဗျားတို့..အချိန်တော် ယူရမယ် ထင်တယ်..။ကျသင့်စရိတ်ကိုတော့ ကျွန်တော် အခုပဲ ပေးချေသွားမှာပါ.."
ယင်းနောက် သူတို့ ညအချိန် အထိ ဆက်ပြီး လူပ်ဆောင်ခဲ့ကြပါတယ်..။မှတ်ပုံတင်ခြင်းက နောက်ဆုံးတော့ ပြီးမြောက်သွားခဲ့တယ်..။
အဆုံးမှာတော့..လင်းဖန် မှတ်ပုံတင်ကြေး..ဒေါ်လာ သောင်းရှစ်ထောင် ပေးလိုက်ရပါတယ်..။
အလုပ်သမား တစ်ယောက်ဟာ ပြောလိုက်တယ်..။
"မာစတာလင်း.. ပြိုင်ပွဲက နောက်သုံးရက် နေရင် စမှာပါ..။မြို့သားများ ပန်းခြံ ကို မနက် ၉ နာရီ အရောက်လာခဲ့ပါ..။ကျွန်တော်တို့ ပြိုင်ပွဲ အချက်အလက်တွေကို မနက်ဖြန် ပို့လိုက်ပါ့မယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"အားလုံးကို ပြသနာ တက်စေမိလို့ တောင်းပန်ပါတယ်.."
"ရပါတယ် ရပါတယ်.."
အပြက်လက်..။
အလုပ်သမားတွေဟာ..သူတို့ အလုပ်ဆီကို ပြန်မောင်းသွားကြပါတယ်..။
"ချီးပဲ ဒါက မယုံနိုင်စရာပဲ..။နန်ရှမ်းဂေဟာက ကလေးတွေက တကယ်ကောင်းကောင်း ဆွဲနိုင်ကြတယ်.."
"ဟုတ်တယ် သူတို့က ငယ်ရွယ်သေးပေမယ့်..ပုံဆွဲတာတော့ တကယ်တော်ကြတယ်..။ငါ့ မျက်လုံးနဲ့သာ မမြင်ရရင် ယုံနိုင်မှာတောင် မဟုတ်ဘူး."
"ငါတို့ ပြန်ရောက်ရင်တော့..အချက်အလက်တွေကို ပြန်ဖြည့်သွင်းဖို့ အချိန်ပိုဆင်းရတော့မယ် ထင်တယ်.."
…
နန်ရှမ်း ဂေဟာတွင်..။
လီဖက်တီး ပြောလိုက်တယ်..။
"အန်ကယ်လင်း ဘာလို့ ကျွန်တော်တို့ နာမည်တွေယူသွားကြတာလဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"အန်ကယ်က သားတို့ အကုန်လုံးကို ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ခိုင်းမလို့..။နောက်သုံးရက် နေရင် ပြိုင်ကြရတော့မှာ..။အားလံူးပဲ..လေးလေးနက်နက်ပြိုင်ပြီး ရလာဒ်ကောင်းရအောင် လုပ်ရမယ်နော်.."
လီဖက်တီး ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်ကဲ့ပါ ..ကျွန်တော် ထိပ်ဆုံးရောက်အောင် ကြိုးစားပါ့မယ်.."
လသ်းဖန် ပြုံးလိုက်ပြီး..
"ဟားဟား..ဒါကောင်းတယ်..။ငါတော့ မင်းရဲ့ စွမ်းဆောင်ရည်ကို ယုံကြည်မူ အရှိဆုံးပဲ..။အရမ်းမကြောက်နဲ့ ဆုမရလည်း ဘာမှ မဖြစ်ဘူး..။အကုန်ပျော်ရွှင်ရတယ် ဆိုရင် ပြီးတာပဲ.."
လီဖက်တီး ပြန်ပြောလိုက်တယ်..။
"သားက ပျော်ပါတယ်..ဒါပေမဲ့ ပထမဆု ရအောင် လုပ်မှာ.။သားရဲ့ ပုံတွေက တစ်ခြားလူတွေကို..ရှုံးမှာမဟုတ်ဘူး.."
လင်ဖန် ဂေဟာက ပြန်လာတဲ့ အချိန်မှာတော့ အတော်တောင် နောက်ကျနေခဲ့ပါပြီ..။
…
သုံးရက်ကြာပြီးနောက်..။
မြို့သားများ ပန်းခြံ..။
ဘတ်စ်ကား တွေဟာ အပြင်ဘက်မှာ ပါကင်ထိုးထားခဲ့ပါတယ်..။
ဒီတစ်ကြိမ်မှာတော့..နန်ရှမ်း ဂေဟာ တစ်ခုလုံး အလုပ်များခဲ့ကြတာပါ..။ဂေဟာမှာက ကလေးတွေ အများကြီး ရှိနေတာကြောင့် သူတို့ အကုန်လုံးကို..ဂရုစိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး..။ဒါကြောင့်လင်းဖန် တိမ်ဖြူလမ်းက ဆိုင်ပိုင်ရှင်တွေကို နေ့တစ်ဝက်လောက် လာပြီး ကူညီပေးကြဖို့ တောင်းဆိုခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ်..ဒီမှာက လူစိမ်းတွေ အများကြီး ရှိတာကြောင့် ကလေးတွေကို ထိန်းဖို့ လူလိုပါတယိ..။
ဒီမှာ ရဲအရာရှိတွေပါ ရှိနေကြပြီး အရာရာတိုင်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြတယ်..။
ဘတ်စ်ကားတွေ ရပ်သွားတဲ့ အချိန်မှာ လူတစ်ချို့ဟာ လှမ်းကြည့်လိုက်ကြပါတယ်..။
"ဟေး..ဒီကလေးတွေက ဘယ်ကလာကြတာလဲ..။ဘာလို့ အရမ်းများနေတာလဲ..။သူတို့လည်း ပုံဆွဲဖို့လာကြတာလား.."
"ဒီကလေးတွေက မသန်စွမ်းဂေဟာကလေ.."
"ဟားဟား.မသန်စွမ်းဂေဟာက ကလေးတွေကလည်း လာပြိုင်ကြတာလား..။သူတို့က သူတို့အတွက် စားစရာတောင် လောက်ငှအောင် ရှ်ိကြတာ မဟုတ်ဘူး.။ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာကြတာလဲ..။ဟိုတစ်ယောက်ကို ကြည့်လိုက်ဦး..ဝီးချဲပေါ်မှာပဲ ထိုင်နေရတယ်..။ဒါက ဟာသလုပ်နေတာ မဟုတ်ဘူးလား.."
ရုတ်တရက် သက်လတ်ပိုင်းအရွယ် လူကြီးဟာ ဆယ်ကျော်သက် အမျိုးသမီးကို စိုက်ကြည့်လိုက်တယ်..။
"မင်း ဘာပြောတာလဲ.။ဒီ ကလေးတွေက နန်ရှမ်းဂေဟာက ကလေးတွေပဲ..။သူတို့ကို လူကုန်ကူးသမားတွေ ဆီကနေ..ကယ်တင်ထားရတာ..။ဘာလို့ ဒီလောက်တောင် အသိတရား မရှိရတာလဲ..။သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလို့ မရဘူးလား.."
"ဘာဖြစ်လဲ..။ကျွန်မက ဒီတိုင်း ပြောလိုက်တာလေ.."
"နင် အဲလို ထပ်ပြောရင် ငါ ရိုက်မိလိမ့်မယ်.."
အမျိုးသမီး..ဟာ သက်လတ်ပိုင်း အရွယ် လူကြီးရဲ့..အကြောက်အလန့်ကင်းတဲ့ မျက်နှာကို မြင်ပြီး ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ပါတယ်..။
ကလေးတွေဟာ..အနီရောင် ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြပြီး သူတို့ကို ဆိုင်ပိုင်ရှင်တွေက ကြည့်ရူ ပေးနေခဲ့ပါတယ်..။လင်းဖန် ကလေးတွေ အတွက်..ဒီ ဝတ်စုံတွေကို သေချာ ပြင်ဆင်ပေးထားခဲ့တာပါ..။
လီဖက်တီးကတော့ လင်းဖန် ရဲ့ အနားမှာ ကပ်နေခဲ့ပါတယ်. ။
"အန်ကယ်လင်း..သား အကောင်းဆုံး ကြိူးစားပြမယ်.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဟုတ်တယ် ကံကောင်းပါစေ..။အကောင်းဆံူးသာ ကြိုးစားပြလိုက်..။အရမး် မကြောက်လန့်နဲ့.."
လီဖန်တီး ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"သိပါပြီ.."
ဝူယူလန် ပြောလိုက်တယ်..။
"အစ်ကိုလင်း..ဒီနေ့ ကလေးတွေ အရမ်းများနေပအလား.."
လင်းဖန် ပြောလိုက်တယ်..။
"ဟုတ်တယ် မိဘတွေက သူတို့ ကလေးတေ ဖွံ့ဖြိုးတိုးတက် ဖို့ အတွက်ကို အလေးပေးလာကြပြီလေ..။ထပ်ပြောရရင် တရုတ်အနုပညာ ဆိုတာက တိုင်းပြည်ရဲ့ ရတနာပဲ..။ကလေးတွေ အများကြီးက သင်ယူထားကြတာ..။ဒါပေမဲ့ လက်တစ်ဆုပ်စာလောက်ကပဲ..အမှန်တကယ် ရူးသွပ်ကြတာလေ..။နန်ရှန်းဂေဟာက ကလေးတွေလည်း ဘယ်လိုလာဦးမလဲ မသိဘူး.."
ဝူယူလန် လင်းဖန်ရဲ့ ဘေးနားကို သွားပြီး တီးတိုး ပြောလိုက်တယ်..။
"အစ်ကို လင်းက သူတို့ ဆုမရလည်း ဘာမှ မဖြစ်ဘူးလို့..ပြောပေမယ့် တကယ့်စိတ်ထဲမှာတော့ သူတို့ကို ဆု ရစေချင်တာမလား..။ဘာပဲဖြစ်ဖြစ် တစ်ချို့လူတွေက..မသန်စွမ်းဂေဟာက ကလေးတွေကို ဆိုရင် အထင်သေးကြတယ်လေ..။သူတို့ရဲ့ အမြင်တွေကို ပြောင်းလဲသွားစေချင်တယ် မလား..."
လင်းဖန် ဝူယူလန်ရဲ့ ခေါင်းကို သိမ်မွေ့စွာ ပုတ်လိုက်တယ်..။
"မင်းက ဥာဏ်ကောင်းတာပဲ..။ဒါက အဲလိုရှိတယ် ဆိုရင်တောင် ငါတို့ကအများကြီး ကြိုးစားဖို့ လိုအပ်သေးတယ်လေ.."
ယင်းနောက် လင်းဖန် လော်စပီကာ ကနေ တဆင့်အော်လိုက်တယ်..။
"နန်ရှမ်းဂေဟာက..စစ်သည်တော် လေးတို့..အကောင်းဆုံး ကြိုးစား လိုက်ရအောင်.။ကံကောင်းပါစေ.."
အနီရောင် တူညီဝတ်စုံကို ဝတ်ထားတဲ့ ကလေးတွေဟာ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ပြီး ပြန်ဖြေလိုက်ကြတယ်..။
"အန်ကယ်လင်း..ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်.."
ယင်းနောက် လင်းဖန် ပြုံးလိုက်တယ်..။တစ်ချိန်တည်းမှာပဲ..သူ ဒီကလေးတွေကို ပိုပြီး ယုံကြည်မူ ရှိစေချင်ပါတယ်..။
သတင်းထောက်တွေဟာ လင်းဖန်တို့ လုပ်နေတာကို မြင်သွားခဲ့ကြတယ်..။
ယင်းနောက် သူတို့ ပြေးလာခဲ့ပြီး အင်တာဗျူးဖို့ လုပ်လိုက်ကြပါတယ်..။
"ဟေး..မာစတာလင်း.."
"မာစတာ လင်း..ကလေးတွေကို လူငယ်အနုပညာ ဖလား ဝင်ပြိုင်ဖို့ အတွက်..ဖိတ်ခေါ်ခဲ့တာလား.."
…
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ်..ကျွန်တော် ဒီပြိုင်ပွဲ အတွက် ကလေး ၃၆၅ ယောက်ကို ခေါ်လာခဲ့ပါတယ်.."
သတင်းထောက်တွေဟာ..ထပ်မေးလိုက်ကြတယ်..။
"သူတို့ ဆုရလိမ့်မယ်လို့ မာစတာလင်း ထင်လား.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကျွန်တော် သူတို့ကို ယုံကြည်ပါတယ်..။သူတို့ အကောင်းဆုံး ကြိုးစားသွားကြမှာပါ..။တကယ်လို့ သူတို့ ဆုမရဘူးဆိုရင်တောင် ကျွန်တော့် မျက်လုံးထဲမှာတော့ တကယ်တော်တဲ့ ကလေးတွေပါပဲ.."
သတင်းထောက်တွေဟာ...လင်းဖန်ရဲ့ ကလေးတွေအပေါ် ထားရှိတဲ့ ယုံကြည်မူကို အံ့ဩသင့်နေခဲ့ကြပါတယ်..။
ဒီပြိုင်ပွဲမှာ ကလေးတွေ ဘယ်လို စွမ်းဆောင် ပြနိုင်မလဲ ဆိုတာ သူတို့လဲ စိတ်ဝင်စားမိပါတယ်..။