← Chapters

စစ်ဆေးမူ စတင်လိုက်ရအောင်

Vol. 43 Ch. 644

စစ်ဆေးမူ စတင်လိုက်ရအောင်

Vol. 43 Ch. 644

#ဘာသာပြန် = စနိုးဝှိုက်

လူငယ် အနုပညာ ဖလား ပြိုင်ပွဲ..။

ဒီတစ်ကြိမ် ပြိုင်ပွဲမှာ ပါဝင်တဲ့ ကလေးအရေအတွက်က အတော်ကို များပြား လှပါတယ်..။ဒါက အရင်နှစ်ကထက်စာရင် နှစ်ဆလောက်ကို ပိုမို များပြားတာပါ..။အစကတော့..ပြိုင်ပွဲက ဒီမှာ ကျင်းပဖို့ အစီအစဥ္ မရှိပါဘူး..သိူ့ပေမယ့် ပြိုင်ပွဲရင် အရေအတွက်က ၅၀၀ လောက်ကို ရောက်သွားတာကြောင့်..အရင်နေရာနဲ့ မဆန့်တော့ပါဘူး..။ဒါကြောင့် သူတို့ ဒီနေရာကိုသာ ရွေးချယ်လိုက်ရပါတယ်..။

ဆိုင်ပိုင်ရှင်တွေဟာ အပြင်မှာ စောင့်နေကြပြီး အချင်းချင်း စကားပြောနေခဲ့ကြတယ်..။သူတို့ တစ်ယောက် ချင်းစီတိုင်းက ကလေး လေးငါးယောက် လောက်ကို ထိန်းနေကြရတာပါ..။

"သူဌေးလေး သူတို့ကို ဘယ်လိုများ လေ့ကျင့်ပေးခဲ့တာလဲ..။သူတို့က ငယ်ရွယ်သေးပေမယ့်..ပုံဆွဲတကယ်တော်ကြတယ်လေ..။ဒါက အံ့ဩစရာပဲ.. "

"ဘာဖြစ်နိုင်ဦးမှာလဲ..။သူဌေးလေးက သာမန်လူမှ မဟုတ်တာ..။သူ့အတွက် ကလေးတွေကို သင်ပေးရတာက ဘာမှ ဟုတ်မှာ မဟုတ်ဘူး.."

"သူတို့ ရလာဒ်ကောင်းဖို့ မျှော်လင့်မိတယ်.."

"သူတို့ ကျိန်းသေရလာဒိ ကောင်းလိမ့်မယ်..။သူတို့ ဆွဲတဲ့ ပုံတွေကို တို့လည်း မြင်ဖူးထားတာပဲ..။ပုံတွေက တကယ်ကို လှပတာ.."

"ဟုတ််တယ်..ဒါအမှန်ပဲ.."

…

ဝူယူလန် ပြုံးလိုက်ပြီး..

"အစ်ကိုလင်း..စိတ်လှုပ်ရှားနေလား.."

လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။

"ငါက ဘာလိူ့ စိတ်လှုပ်ရှားရမှာလဲ..။လုံးဝ စိတ်မလှုပ်ရှားပါဘူး.."

သူ တကယ် စိတ်မလှုပ်ရှားပါဘူး..။အထူးသဖြင့် လီဖက်တီး ယုံကြည်မူ မြင့်မားနေတဲ့ အချိန်မှာပါ..။သူက တစ်ခြားလူတွေထက် နှာတစ်ဖျား သာ နေမှာ အသေအချာ ပါပဲ..။

လက်ရှ်ိ လေ့လာတွေ့ရှ်ိချက်တွေအရ..ဂျီနီးယပ် တစ်ယောက် ဆိုတာ..ကြိုးစားမူ..၉၉ ရာခိုင်နှုန်း ရှိပြီး ပါရမီ ..၁ ရာခိုင်နှုန်း ရှိတာ နဲ့ ညီမျှပါတယ်..။

သို့ပေမယ့် အမှန်တရားက..ပါရမီ ၁ ရာခိုင်နှုန်းက..ကြိုးစား အားထုတ်မူ ၉၉ ရာခိုင်နှုန်းထက် ပိုပြီးအရေးပါတယ် ဆိုတာပါပဲ..။

ဒီကလေး ၃၆၅ ယောက်က..ဒုတိယဆု..တတိယ ဆုတွေကို..ရဖို့ ပြသနာ မရှိလောက်ပါဘူး..။လီဖက်တီး ဆိုရင်..ထိပ်ဆုံးနေရာတွေကို ရဖို့တောင် ယုံကြည့်မူ ရှိနေခဲ့ပါသေးတယ်..။

ပြိုင်ပွဲ ကျင်းပ ချိန်ကို ၃ နာရီ အဖြစ်သတ်မှတ်ထားခဲ့ပါတယ်..။

ပြိုင်ပွဲက..၁၁ နာရီမှာ..ပြီးဆုံးသွားပြီး ..ပြိုင်ပွဲဝင် ကလေးတွေဟာ..ထွက်လာခဲ့ကြတယ်..။

"ကလေးတွေကို သွားခေါ်လိုက်ကြရအောင်.."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။

သူတို့ဂေဟာက ကလေးတွေက အများကြီး ရှိပြီး..လင်ဖန် ဝင်ပေါက်မှာရပ်ကာ..ဆိုင်ပိုင်ရှင်တွေ ကလေးတွေ ကို ခေါ်လာတာ ကြည့်နေခဲ့တယ်..။လီဖက်တီးကို မြင်တဲ့ အချိန်မှာ သူ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။လီဖက်တီးက အမြဲတမ်း တက်ကြွနေခဲ့တာပါ..။

တစ်ခြားမိဘတွေဟာ သူတိုကလေး အခြေအနေတွေကို မေးမြန်းနေခဲ့ကြပါတယ်..။

"အဖေ..ဒါက တော်တော်ခက်တယ်..။သားကောင်းကောင်း မဆွဲနိုင်ခဲ့ဘူး.."

"သား..ပြီးတဲ့ အထိတောင် မဆွဲနိုင်ခဲ့ဘူး.."

"အမေ..သား သေချာ ဆွဲခဲ့တယ်..။ပန်းပွင့်တွေ အများကြီး သားဆွဲ့ခဲ့တယ်..။

ကလေးတွေဟာ..သူတို့ မိဘတွေကို ပြန်ရှင်းပြနေခဲ့တယိ..။သို့ပေမယ့် မိဘတွေကတော့ သူတို့ ကလေးတွေ ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာကိုပဲ ပျော်ရွှင်နေခဲ့ကြတာပါ..။

…

လင်းဖန် ပြောလိုက်တယ်..။

"နန်ရှမ်း ဂေဟာကို ပြန်ကြရအောင်.."

လူတိုင်း ပြန်ထွက်လာကြပြီ ဆိုပေမယ့်..အဓိက အစီအစဥ္က..နန်ရှမ်း ဂေဟာမှာပါ..။သူတို့အကုန်လုံး ပင်ပန်းသွားကြပြီ ဆိုတော့ အံ့ဩစရာကောင်းတဲ့ နေ့လည်စာကို စားဖို့ ထိုက်တန်ကြပါတယ်..။

ကလေးတွေကတော့..ကျေနပ်နေခဲ့ကြပါတယ်..။

လီဖက်တီး..လက်ဖန်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်..။

"အန်ကယ်လင်း..သား..ဒီနေ့ လေးလေးနက်နက်ဆွဲခဲ့တယ်..။သား ဆွဲချင်တာကို သေချာ ဆွဲခဲ့တာ.."

လင်းဖန် ပြုံးလိုက်ပြီး..

"တကယ်လား..ဘာပုံဆွဲခဲ့တာလဲ.."

လီဖက်တီး ပြန်ပြောလိုက်တယ်..။

"သား စာအုပ်ထဲမှာ တွေ့ခဲ့တာ..။အဲတာက တောင်းတန်းတွေနဲ့ ရေတွေလေ..။ပြီးတော့ လူတွေက လှေလှော်နေကြပြီး တောင်တန်း တွေလည်း အများကြီးပဲ ရှိတယ်..။သား အဲ့ပုံကို သေသေချာချာ မှတ်မိတယ်.."

ဥာဏ်ကောင်းစေ​ေသော ဆေးလုံးတွေ သောက်ပြီးတဲ့ နောက်မှာ ကလေးတွေ ရဲ့ ဥာဏ်ရည်က အတော်ကို တိုးတက်လာခဲ့တာပါ..။သူတို့ အရာရာတိုင်း မမှတ်မိနိုင်ပေမယ့်.တစ်ခြားလူတွေထက်စာရင်တော့ အများကြီး သာပါတယ်..။

လင်းဖန် ချီးကျူးလိုက်တယ်..။

"မဆိုးဘူး..အံ့ဩစရာပဲ.."

ချီးကျူး ခံရပြီး နောက်မှာ လင်းဖန် ကျေနပ်သွားခဲ့ပါတယ်..။ကလေးတစ်ယောက်အတွက်ကတော့ ကမ္ဘာကြီးပေါ်မှာ အကောင်းဆုံး ခံစားချက်က ချီးကျူးခံရတဲ့ ခံစားချက်ပါပဲ..။

နန်ရှမ်းဂေဟာကို ပြန်ရောက်ပြီး နောက်မှာ ကလေးတွေဟာ စုဝေးနေကြပြီး သူတို့ ဆွဲခဲ့တဲ့ ပုံတွေ အကြောင်းကို ပြန်ပြောနေခဲ့ကြပါတယ်..။

ဆိုင်ပိုင်ရှင်တွေဟာ ပြုံးလိုက်ပြီး..

"သူဌေးလေး ကျွန်တော် တို့လည်း ပြန်ရောက်ပြီ ဆိုတော့ နေ့လည်စာကို သူဌေးလေး ကိုယ်တိုင် ချက်ကျွေးမှာ မလား.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ခင်ဗျားတို့ ဒီနေ့ အစွမ်းကုန် ကြိုးစားကြတာကို ကျွန်တော်တို့ တွေ့ပါတယ်..။ဒါက ကျွန်တော့်ကို နေ့လည်စာ ချက်ကျွေးစေချင်လို့ပေါ့..ဟုတ်တယ်မလား.."

"သူဌေးလေး..မှာ အဖြေရှ်ိနေမှတော့ ဘာလို့ မေးနေသေးတာလဲ..။သူဌေးလေးရဲ့ လက်ရာက တကယ့်ကို အံ့ဩစရာပဲလေ.။တကယ်လို့ ဆိုင်တစ်ဆိုင်ဖွင့်မယ် ဆိုရင် ရှန်ဟိုင်းမှာ ခနလေးနဲ့ ကျော်ကြားလာမှာပဲ.."

"ရှန်ဟိုင်းတင် မကဘူး..တစ်နိုင်ငံလုံးမှာ ကျော်ကြားလာမှာ..။သူ ချက်တဲ့ ဟင်းပွဲတွေကိုစားနေရရင် ရှိနေတဲ့ ပြသနာတွေတောင် မေ့ကုန်တယ်.."

အကြီးအကဲ လိန် ဖြတ်ပြောလိုက်တယ်..။

"မင်းတို့ ယဥ်ကျေးပြီး ပြောလိူ့ မရဘူးလား..။ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ..။၁၉၉၈ က ဆီဟွန်း ငရုတ်သီး ဆော့ ကို မှတ်မိလား..။အဲတာကို တီထွင်ခဲ့တဲ့ နိုင်ငံခြားသား တောင် သူဌေးလေးကို မှီမှာ မဟုတ်ဘူး.."

"ဟားဟား..ဒါက ငရုတ်သီး ဆော့ ကို သကြား အနည်းငယ် ရောထားတာ ပဲလေ..။သူဌေးလေးရဲ့ အရည်အချင်းနဲ့ဆိုရင် နိုင်ငံတကာကိုတောင် ထိုးဖောက်နိုင်မှာ.."

လင်းဖန် သူ့ကို ချီးမြောက်နေကြတဲ့ လူတွေကို အလျင်အမြန်ပဲ တားလိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..ဒါက ဟင်းအနည်းငယ် ချက်ပေးတာပါပဲဗျာ..။ပြသနာ မရှိဘူး..။အဲလောက်ထိ မြှောက်ပြောနေစရာ လိုလို့လား..။ဒါပေမဲ့ ဒီမှာက လူအများကြီး ဆိုတော့ အားလုံး မျှပြီးစားဖို့ လိုအပ်မယ်နော်.."

သူ့မှာ အံဩစရာ ဟင်းချက်နည်းတွေ ရှိပေမယ့်..သူ အကုန်လုံးစားနိုင်အောင် အချိန်အကြာကြီးတော့ မချက်နိုင်ပါဘူး.။

လင်းဖန် ဟင်းသွားချက်တဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်တွေဟာ စကားဆက်ပြောနေခဲ့ကြတယ်..။

"ဘယ်လို မိန်းကလေးကများ သူဌေးလေးကို ယူနိုင်လောက်အောင် ကံကောင်းမလဲ မသိဘူးနော်..

"ဟုတ်တယ် ဘယ်သူကများ သူဌေးလေးကို ထားသွားမှာလဲ..။သူ့မှာက..အံ့ဩစရာ ချက်ပြုတ်တဲ့ ကျွမ်းကျင်မူတွေ ရှိတယိလေ.."

"ငါကတော့ ဝူယူလန် ကံကောင်းမယ်လို့ ထင်တာပဲ.."

ဝူယူလန် ရှက်သွားခဲ့တယ်..။

"မပြောနဲ့..ဒါ အမှန်မဟုတ်ဘူး.."

"ကြည့်ပါဦး သူမ ရှက်နေပြီ..။ဒါပေမဲ့ ယူလန် .သူဌေးလေးက တကယ် အဆင်ပြေတယိနော်..။တကယ်လို့ နင် အခွင့်အရေးကို မယူရင် အနာ

ဂတ်မှာ နောင်တရလိမ့်မယ်.."

လူတိုင်းဟာ ရယ်မောပြီး ပြောနေခဲ့ကြပါတယ်..။

ဝူယူလန်ဟာ ဘာမှ ပြန်မပြောပေမယ့် ဆိုင်ပိုင်ရှင် တွေရဲ့ အကြံဥာဏ်တွေကို သေချာ နားထောင်နေခဲ့တယ်..။သူမ ပိုကြိုးစားမှ ရမှာပါ..။မဟုတ်ရင်..အခွင့်အရေးက လွှတ်ထွက်သွားနိူင်ပါတယ်..။

ဝူတန်ဟီ သက်ပြင်းချလိုက်တယ်..။သူ နောက်ဆုံးတော့ သူ့သမီးရဲ့ ဘဝကို စိတ်ချနိုင်ခဲ့ပါပြီ..။သိူ့ပေမယ့် သူ့သမီးရဲ့ အချစ်ရေးက ကြမ်းတမ်းနိုင်ပါတယ်..။ဒါက ချော့မွေ့မယ့် အခြေအနေ မရှိပါဘူး..။

သို့ပေမယ့် သူ့ ရဲ့ သမီးက အရွယ်ရောက်နေပြီ ဖြစ်တာကြောင့် သူ ဝင်မပါချင်တော့ပေ..။

သိပ်မကြာခင်မှာပဲ လင်းဖန် ဟင်းပွဲတွေကို ယူဆောင်လာခဲ့တယ်..။

"လာပါပြီ လာပါပြီ..။အားလုံးအတွက် ဟင်းပွဲတွေ...။အများကြီးတော့ မချက်နိုင်ဘူး..။ခင်ဗျားတို့က လူ အရမ်းများ မျှပြီး စားကြပေါ့.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။သူ အကုန်လုံးကို ပျော်ရွှင်စေချင်ပါတယ်..။

"သူဌေးလေးက အံ့ဩစရာပဲ.."

"ငါ နောက်ဆုံးတော့ သူဌေးလေးရဲ့ လက်ရာကို ထပ်စားရတော့မယ်..။မစောင့် နိုင်တော့ဘူး.. "

"ဟားဟား.."

နေ့လည်ဘက် ၂ နာရီ အချိန်..။

လူတိုင်းဟာ သိမ်းစရာ ရှိတာကို သိမ်းပြီး တိမ်ဖြူလမ်းကို ပြန်ဖို့ လုပ်လိုက်ကြတယ်..။လင်းဖန်ကတော့ ကလေးတွေကို သင်ပြဖို့ အတွက် တိမ်ဖြူလမ်းမှာပဲ..ကျန်နေခဲ့ပါတယ်..။

ပုံဆွဲတယ် ဆိုတာက သူတို့ဘဝ အတွက် အသေးအမွှားလေး မဟုတ်ပါဘူး..။ဒါက ဘဝအသက်ရှင် ရပ်တည်ဖို့ အတွက်ပါ လုံလောက်ပါတယ်..။ပြိုင်ပွဲဆိုတာကတော့ သူတို့ ကမ္ဘာကြီးကို မြင်ရဖို့ အတွက်ပါပဲ..။

…

လူငယ် အနုပညာ ဖလား..။

ပြိုင်ပွဲပြီးသွားတာနဲ့..ဒိုင်တွေ အလုပ်လုပ်ရမယ့် အလှည့် ရောက်လာခဲ့ပါပြီ..။

ဒီမှာ ဒိုင်ငါးယောက် ရှိပြီး သူတို့က..ပန်ချီတွေကို လျော့ချပြီး နောက်ထပ် ဒိုင်တွေကို..ထပ်စစ်ဆေး ခိုင်းမှာပါ..။

ဒီ ဒိုင်လူကြီးတွေက တရုတ်အနူပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိကြပါတယ်..။သူတို့မှာသာ အတွေ့အကြုံရှိ မနေရင် ဒီလိုမျိုး အကဲဖြတ်ရဲကြမှာ မဟုတ်ပေ..။

တန်းစီချထားတဲ့ စားပွဲခုံတွေပေါ်မှာ .ပန်ချီကားတွေ နဲ့ ပြည့်နေခဲ့တယ်..။

"ဟေး..ကလေးတွေ ရဲ့ ပန်ချီကို ကြည့်ရတာက နိုပ်စက် ခံနေရသလိုပဲ.."

"အဲလို ပြောလို့ မရဘူးလေ..။တရုတ် အနုပညာ ဆိုတာ နိုင်ငံရဲ့ ရတနာပဲ..။သူတို့က နောင်တစ်ချိန် အရည်အချင်း ပြည့်ဝတဲ့ ပန်ချီဆရာတွေ ဖြစ်လာကြမှာ.."

"ဒါအမှန်ပဲ."

"ကြည့်..ဒီပန်ချီကားက ပုံဖော်လို့တောင် မရဘူး..။သူ ဘာပုံဆွဲချင်နေတာလဲ..။ရှုပ်ထွေးနေတာပဲ.."

"ဒီပုံလည်း မကောင်းဘူး..။ဒီပုံတွေက ကလေးတစ်ယောက် ဆွဲထားမှန်း သိသာတယ်.."

"ဟေး..ဒီပုံလေးတကယ် ကောင်းတယ်..။ဒါ အောင်တယ်.."

ဘေးနားက အလုပ်သမားတွေဟာ လိုက်လာနေခဲ့ပြီး ဒိုင်းတွေ ကောင်းတယ် ပြောတဲ့ ပုံတွေကို သိမ်းဆည်းနေခဲ့ပါတယ်..။

"ကျတယ်.."

"ပုံမှန်ပဲ.. ကျတယ်.."

"ဒါလေး ကောင်းတယ်..။ပုံအနည်းငယ် ပြီးတာနဲ့ ဒီလို ကောင်းတဲ့ ပုံလေးတွေ့ရမယ် မထင်ထားဘူး.."

"ဒါလေးလည်း ကောင်းတယ်..။ကြည့်ရတာ ဒီကလေးက..သေချာသင်ယူနေတာပဲ..။သူ့ရဲ့ စုတ်ချက်တွေက အရွယ်ရောက်သူတွေလောက်..တည်ငြိမ်မူ နဲ့ နိုင်နင်းမူ မရှိသေးပေမယ့်..အတော်လေးတော့ ကောင်းနေပြီ..."

All Chapters