← Chapters

ဒီ ပြသနာက ကြီးတယ်..

Vol. 43 Ch. 645

ဒီ ပြသနာက ကြီးတယ်..

Vol. 43 Ch. 645

#ဘာသာပြန် = စနိုးဝှိုက်

ဒိုင်လူကြီးတွေဟာ..အကောင်းဆုံး ပန်ချီလက်ရာတွေကို ရွေးထုတ်နေခဲ့တယ်..။သို့ပေမယ့် သူတို့ကို သိချင်စိတ် ဖြစ်စေတာက..ဒီနှစ်ရဲ့ ပန်ချီလက်ရာတွေက အရည်အသွေးကောင်းမွန်နေခဲ့တာပါ..။ဒါက အရင်နှစ်ကထက် စာရင် အတော်ကို ကွာခြားပါတယ်..။

"ဟေး..ဒီ ပန်ချီကားကို ကြည့်လိုက်ဦး.."

ဒိုင်တစ်ယောက်ဟာ ဝေ့ယမ်းပြလိုက်တယ်..။

"ဒီ ပန်ချီကားက တကယ်ကို အဓိပ္ပါယ် ရှိတယ်..။အသက် ၁၄ နှစ်အောက်ကလေး တစ်ယောက် အနေနဲ့ ဒီလို ပန်ချီကား ကို ဆွဲနိုင်တာက မယုံနိုင်စရာပဲ..။လွန်ခဲ့တဲ့ သုံးနှစ်က ဆုရသွားတဲ့..ပန်ချီကားတောင် ဒီလောက် မကောင်းခဲ့ဘူး.."

တစိခြား ဒိုင်တွေဟာ လျောက်လာပြီး ပြောလိုက်တယ်..။

"အကြီးအကဲ ကျန်းကတော့ ချဲ့ကားနေတာပဲ ဖြစ်ရမယ်..။ဘယ် ပန်ချီကားက အဲလောက်တောင် ကောင်းနေတာလဲ.."

ကျန်းချင်ရှန်း ပြောလိုက်တယ်..။

"လာကြည့်လိုက်ဦး.."

တစ်ခြားလူတွေဟာ လျောက်လာကြပြီး..ပန်ချီကားကို မြင်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့ကြတယ်..။သူတို့ အတွက်ကတော့ ပန်ချီလက်ရာက..ပုံမှန်ပါပဲ..။သို့ပေမယ့်..ဒီပန်ချီကားကို ..အသက် ၁၄ နှစ်အောက်ကလေး တစ်ယောက်က ဆွဲထားတာပါ..။ဒီကလေးတွေကတော့..စနစ်တကျ လေ့ကျင့်ထားတဲ့ လူတွေကို ယှဥ္နိုင်ဦးမှာ မဟုတ်သေးပါဘူး..။

မျက်မှန်တပ်ထားတဲ့ ခပ်ဝဝ အရွယ် လူကြီးတစ်ယောက်ဟာ ကြည့်ပြီး ပြောလိုက်တယ်..။

"စုတ်ချက် တွေက နည်းနည်း နူးညံ့နေပြီး..အသေးစိတ်တွေက..အရမ်းမတိကျဘူး..။ဒါပေမဲ့ ..ခြုံကြည့်လိုက်ရင်.ကောင်းနေပြီး.ခံစားရတာ လွယ်ကူစေတယ်..။တောင်းတန်းတွေ နဲ့ ရေပြင်တွေကို ကြည့်ကြည့်လိုက်..။သူတို့ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တာပဲ..။ငါက တော့ ဒီပန်ချီကားရဲ့ အငွေ့အသက်တွေကို ခံစားနေရပြီး..တမူ ထူးခြားတယ် လို့ ထင်မိတယ်.."

ကျန်းချင်ရှန်း ပြောလိုက်တယ်..။

"မင်းက အမှန်တွေ ပြောနေတာပဲ..။ငါကတော့..ဒီပန်ချီကက..ပြိုင်ပွဲရဲ့ အကောင်းဆုံး ပန်ချီကား ဖြစ်လိမ့်မယ်လို့ ပြောရဲတယ်..။တစ်ခြား ပန်ချီလက်ရာတွေက ဒီတစ်ခုကို ဘယ်လိုမှ မယှဥ္နိုင်ဘူး.."

"ဟင်..။ဒီပန်ချီကားကို ဆွဲခဲ့တဲ့ ကလေးက..အသက် ၆ နှစ်ပဲ ရှိသေးတာလေ..။ဘယ်လို ဖြစ်နိုင်မှာလဲ.."

ဒိုင်တစ်ယောက်ဟာ ဆွဲခဲ့တဲ့ ကလေးရဲ့ အသက်ကို စစ်ဆေးရင်းကနေ ပြောလိုက်တာပါ..။သူ ကြောင်အသွားခဲ့တယ်..။

တစ်ခြားလူတွေဟာ လည်း အံ့ဩသွားကြပြီး အမြန်ကြည့်လိုက်ကြပါတယ်..။

"မင်း မှားမြင်တာ များလား..။၆ နှစ်အရွယ်ကလေးက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဆွဲနိုင်မှာလဲ.."

"ဂျီးနီးယပ် တစ်ယောက်ပဲ..။သူက တကယ်ကို ပါရမီရှင်ပဲ.."

ကျန်းချင်ရှန်း အံ့ဩသွားခဲ့တယ်..။

"သူက ၁၄ နှစ် ဆိုရင် ဒါက ဘာမှ အံ့ဩစရာကောင်းမှာ မဟုတိဘူး..။ဒါပေမဲ့ အသက် ၆ နှစ် အရွယ် ကလေးက ဒီပန်ချီကားကို ဆွဲခဲ့တာလား..။ဘယ်လိုဖြစ်နိုင်မှာလဲ..။ဟုတ်သားပဲ..သူက ငယ်ရွယ်သေးလို့ စုတ်တံကို မနိုင်သေးပဲ..စုတ်ချက်တွေက အားနည်းနေတာ..။သူသာ အသက်နည်းနည်း ကြီးလာရင် စုတ်ချက်တွေကို ပိုင်နိုင်လာပြီး ပိုကောင်းလာမှာပဲ.."

"ဒါက တကယ် အံ့ဩသင့်စရာပဲ..။ဒီနှစ် လူငယ် အနုပညာ ဖလား ပွဲမှာ ပုန်းကွယ်နေတဲ့ ပါရမီရှင်လေးတွေ အများကြီး ထွက်ပေါ်လာတယ်..။ဒါက အရင်နှစ်တွေကနဲ့ စာရင် ဘာမှ မဆိုင်ဘူး.."

"ဟုတ်တယိ.ဒီပန်ချီကားက..နောက်ဆုံး စကာတင်တွေထဲက တစ်ခုပဲ..။အခု ဘယ်နှစ်ခု ရှိပြီလဲ.."

ပန်ချီကားတွေကို သယ်ထားရတဲ့ အလုပ်သမားကတော့ ချွေးတွေပျံနေခဲ့တယ်..။သူ ပြန်ဖြေလိုက်တယ်..

"စုစုပေါင်း..၃၈၀ ရှိပါပြီ.."

ကျန်းချင်ရှန်း အံ့ဩသွားခဲ့တယ်..။

"ဘာ..အဲလောက်တောငိ ရှိသွားတာလား.."

သူတကယ် အံ့ဩသွားခဲ့တာပါ..။သူ အစောက ဘယ်လောက်တောင် ရွေးခဲ့တာလဲ ဆိုတာ သတိမထား မိခဲ့ပါဘူး..။ဘာပဲဖြစ်ဖြစ် ဒီပန်ချီကားတွေက..အတော်ကို..ကောင်းမွန်ကြတာပါ..။တကယ်လို့ သူတို့တွေသာ..အရင်နှစ်က လာပြိုင်ကြရင်..ပထမဆု..ဒုတိယဆုကတော့ အသာလေး..အနိုင်ရကြမှာပါ..။

အလုပ်သမားပြောတဲ့ ပန်ချီကားပေါင်း ၃၈၀ ဆိုတာက များပြားလွန်းလှပါတယ်..။

ဒိုင်တွေဟာ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်ကြတယ်..။

"ငါတို့ အဲတာကို နောက်တစ်ခေါက် ပြန်ကြည့်ကြမလား..။အဲမှာ အရမ်းကို များတယ်..။ငါတို့က ပန်ချီကား အခု ၂၀ လောက်ကိုပဲ ဇကာတင် ရွေးဖို့ စီစဥ္ထားကြတာလေ.."

ကျန်းချင်ရှန်း ခေါင်းညိမ့်လိုက်တယ်..။

"ကောငိးပြီ ပြန်ကြည့်ကြမယ်လေ..။ဒီတစ်ကြိမ် ငါတို့ နည်းနည်း တင်းကြပ်မှ ရတော့မယ် ထင်တယ်.."

ယင်းနောက် အလုပ်သမားတွေဟာ..ပန်ချီကားတွေကို တစ်ခုပြီး တစ်ခု ပြန်ခင်းလိုက်တယ်..။ဇကာတင်ထဲ အရွေးမခံရတဲ့ ပန်ချီကားတွေကိုတော့..စားပွဲပေါ်ကနေ ဖယ်ထုတ်လိုက်ကြပါတယ်..။

လက်ရှိ ဇကာတင် ထဲက ပန်ချီကားတွေက အတော်လေး ကောင်းမွန်ကြပါတယ်..။ဒီထဲက ရွေးထုတ်ရတာက..သူတို့ အတွက်တော့ ခေါင်းကိုက်စရာပါပဲ..။

"ဒီပန်ချီကားတွေက အနည်းဆုံးတော့ နှစ်သိမ့်ဆု နဲ့ ထိုက်တန်ကြတယ်..။ငါတို့ ဘယ်လိုလုပ်ပြီး ထပ်ရွေးကြရမလဲ.."

"အကောင်းဆုံးဆိုတဲ့ ပန်ချီကားတွေ အရင်ရွေးထုတ်လိုက်ရအောင်..။ငါတို့..အရေအတွက်ကို လျော့ချဖို့ လိုအပ်တယ်လေ.."

"ငါတော့ နည်းလမ်းတစ်ခုပဲ စဥ္းစားမိတယ်.."

တစ်နာရီ ကြာပြီးနောက်..။

ကျန်းချင်ရှန်း သူတို့ကို ကြည့်ပြီး မေးလိုက်ပါတယ်..။

"ဘယ်လိုလဲ..မင်းတို့ ရွေးထားပြီးပြီလား.."

"ငါကတော့ ဖယ်ထုတ်ရမယ့် ပန်ချီကား ၁၀ ခုကို ရွေးထားတယ်.."

"အရမ်းနည်းတယ်..။ဒါက မလုံလောက်ဘူး.."

"ငါတို့ ထပ်ဖယ်လို့ မရတော့ဘူး..။ဒီကလေးတွေက တကယ်ကို ကောင်းကောင်း ဆွဲထားကြတာ..။ဒီပန်ချီကားတွေက လွှဲရင် သူတိူ့က တကယ်ကောင်းမွန်တဲ့ အဆင့်ကို ရောက်နေကြပြှီ..။တကယ်လို့ သူတို့ကို ဖယ်ထုတ်လိုက်ရင် မမျှမတ ဆက်ဆံသလို ဖြစ်သွားလိမ့်မယ်လေ..။ထပ်ပြောရရင် ဒီမှာ အငယ်ဆုံး က အသက် ၅ နှစ်အရွယ် ကလေး နဲ့ အကြီးဆံူးက ၁၄ နှစ်ရှိတယ်လေ..။တကယ်လို့ ဒီကလေတွေသာကြီးလာရင် တကယ့် ပါရမီရှင်တွေ ဖြစ်လာမှာ.."

"မဖြစ်နိုင်တာ.."

"မငိးဘာပြောချင်တာလဲ..။သူတို့ကို ကြည့်လိုက်..အကုန် ဒီမှာ ရှိတယ်လေ.."

လူတိုင်းဟာ အံ့ဩသွားခဲ့ကြတယ်..။သူတိူ့က ဖယ်ထုတ်ဖို့ ပြောနေပေမယ့် အသက်အရွယ်ကိုတော့ မကြည့်မိခဲ့ကြပါဘူး..။အငယ်ဆုံးကလေးကငါးနှစ်အရွယ်လို့ ကြားတဲ့ အချိန်မှာ သူတို့ ပြောစရာ တောင် ကင်းမဲ့သွားခဲ့ပါတယ်..။

သူတို့လို ဒိုင်လူကြီးတွေတောင် အသက် ၅ နှစ်အရွယ်တုန်းက တရုတ်အနုပညာဆိုတာ ဘာမှန်း မသိကြသေးပါဘူး..။သူတို့ အဲ့အရွယ်တုန်းက နို့ဗူး နဲ့ ကစားနေတုန်းပါ..။

ထပ်ပြောရရင် သူတို့ကိုယ်တိုင် အသက် နှစ်နှစ် သုံးနှစ်လောက်ကတည်းက လေ့လာခဲ့ရင်တောင် ၅ နှစ်အရွယ် မှာ ဒီအဆင့်အထိ မရောက်နို်င်ဘူးဆိုတာ သိကြပါတယ်..။

"မေ့လိုက်တော့..။အကုန် ဒီတိုင်းပဲ ထားလိုက်..။ဒီ ပန်ချီကား ၃၇၀ လုံးကို ပို့ပေးလိုက်..။သူတို့ဟာ သူတို့ပဲ ရွေးကြပါစေ..။ငါတို့တော့ လုပ်နိုင်သလောက် လုပ်ပြီးပြီပဲ.."

သူတို့ထဲက တစ်ချို့ဟာ ခေါင်းခါယမ်း လိုက်ကြတယ်..။

"ကြည့့်ရတာ ငါတို့ ဒီလိုမျိုး ကြုံတာ ဒါ ပထမဆုံး အကြိမ်ဖြစ်မယ် ထင်တယ်.."

နောက်တစ်ရက်..။

လင်းဖန် တိမ်ဖြူလမ်းကို အစောကြီး ထွက်လာထဲ့တယ်..။

လူလိမ် ထျန် မေးလိုက်ပါတယ်..။

"ပြိုင်ပွဲ ရလာဒ်တွေက ဘယ်တော့ ထွက်လာမှာလဲ.."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်ထင်တာတော့ အချိန်အနည်းငယ် ယူရမယ် ထင်တယ်..။ဝက်ဆိုဒ်မှာ တင်ထားတာတော့ ခြောက်ရက်လောက် ကြာမယ်တဲ့..။ဟေး..ခင်ဗျားက ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေတာလဲ.."

လူလိမ် ထျန် ပြုံးလိုက်ပြီး ..

"ငါက ဒီတိုင်းပဲ မေးလိုက်တာပါ.."

လင်းဖန် ကတော့ မနေ့က ဒိုင်တွေ ဘယ်လောက်တောင် ခေါင်းစားသွားလဲ မသိခဲ့ပါဘူး..။သူတို့

နှစ်နာရီလောက်နဲ့ ပြီးရမယ့် အလုပ်က ညအချိန် အထိတောင် ရောက်သွားခဲ့တာပါ..။

ဒီတစ်ကြိမ် လူငယ် အနုပညာ ဖလားက နိုင်ငံအဆင့်ဖြစ်ပြီး..မြို့ကြီးတွေမှာပဲ ကျင်းပတာပါ..။သာမန် ကျေးလက် မြို့တွေမှာ မကျင်းပပါဘူး..။

ထပ်ပြောရရင် တရုတ် အနုပညာက နိုင်ငံရတနာ ဖြစ်ပေမယ့်..အရှက်ရစရာလည်း ရှိနေပါတယ်..။ဒီဘက်ခေတ်မိဘတွေက..သူတို့ကလေးတွေကို ပန်ချီပညာ သင်ခိုင်းမယ့်အစား အက..ပီယာနို..နဲ့ ဂုကျန်းတို့ကိုပဲ သင်စေချင်ကြပါတယ်..။တရုတ်အနုပညာကို သင်ကြတဲ့လူတွေ ရှိပေမယ့်လည်း သိပ်မရှိကြတော့ပါဘူး..။လက်တစ်ဆုပ်စာ လူတစ်စုလောက်ကပဲ စိတ်ပါဝင်စားစွာ သင်ကြတာပါ..။

ယင်းနောက် ဝူယူလန် လင်းဖန် ဆီကို လျောက်လာခဲ့တယိ..။

"အစ်ကိုလင်း ညီမကို ကတိပေးထားတာ မေ့နေပြီလား.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။

"ဘာကြီးတုန်း.."

ဝူယူလန် ဝမ်းနည်းတဲ့ ပုံစံ ​ဖော်ပြလိုက်ပြီး..

"မေ့နေမယ်လို့ ထင်သားပဲ.."

"ဟားဟား.."

လင်းဖန် ရယ်လိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..ငါက ကျန်တာတွေသာ မေ့ချင်မေ့မယ် ..မင်းနဲ့ သဘောတူညီချက်ကိုတော့ မမေ့ပါဘူး..။ဘယ်သွားချင်သလဲ ဆိုတာသာ ပြောလိုက်.."

ဝူယူလန် ပြုံးလိုက်ပြီး..

"အစ်ကိုလင်း မမေ့ဘူးဆိုတာကို သိသားပဲ..။ညီမ အွန်လိုင်းကနေ လက်မှတ်ဝယ်ထားတယ်..။အကြီးဆုံး ပန်ဒါကြီး တွန်တွန်က တိရစ္ဆာန်ရုံမှာ ရောက်နေပြီတဲ့..။အဲတာ သွားကြည့်ကြရအောင်.."

"တိရစ္ဆာန်ရုံလား..။ကောင်းပြီလေ သွားကြတာပေါ့..ဘယ်တော့သွားမလဲ.."

"မနက်ဖြန်..ညီမ မနက်ဖြန်အတွက် လက်မှတ် မှာထားတာ.."

ဝူယူလန် ပြောလိုက်တာပါ..။

"ကောင်းပြီလေ..သေချာအောင် လည်း လုပ်ထားဦး.."

…

All Chapters