ကျောင်းသို့ပြန်ခြင်း
Vol. 16 Ch. 226
ဆရာ ဟီ၊ ဆရာ ဟွမ်နှင့် ညီအစ်မဖိန်တို့သည် စာသားနှင့် ဓာတ်ပုံများကို မြင်ပြီးနောက် အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ညီအစ်မ ဖိန် သည် သူမ၏ လှပသော မျက်လုံးများ အနည်းငယ်ပြူးသွားခဲ့လေသည်။
ဘာလို့ဆိုဓာတ်ပုံထဲတွင်လင်းဖန်၏ကျောကိုဒရုန်းဖြင့်ရိုက်ထားသောကြောင့်ဖြစ်သည်။လင်းဖန်၏ကျောကိုသူတို့အားလုံးကမှတ်မိသောကြောငွဖြစ်သည်။
သူတို့ကပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေ ဖြစ်ဖို့ ထိုက်တန်တယ်လို့ ပြောရမည်ဖြစ်သည်။
ခဏတာအံ့အားသင့်ပြီးနောက်ပုံမှန်အခြေအနေသို့ပြန်ရောက်သွားလေသည်။
ထို့နောက် အားလုံးက OPPOဖုန်းကိုချီးကျူကြတော့သည်။
“ OPPO ဖုန်းရဲ့ကင်မရာက အရမ်းကြည်လင်လို့ရှုခင်းတွေကိုကြည်လင်ပြတ်သားစွာမြင်နိုင်တယ်” ဆရာဟီက ပြောလိုက်သည်။
“OPPO မိုဘိုင်းလ်ဖုန်းသာရှိမယ်ဆိုရင်အနာဂတ်ကင်မရာ မယူလဲရတယ် ။” ဆရာဟွမ်က ပြောသည်။
“ဟုတ်တယ်!” ညီမ ဖိန်ကလဲထောက်ခံလိုက်လေသည်။
ကြော်ငြာများကို ဆက်တိုက်ပြောပြီးနောက် ၎င်းတို့သည် ဒါရိုက်တာ၏ ညွှန်ကြားချက်ကို လိုက်နာပြီး ကော်ဖီပင်စိုက်ပျိုးသော လူချောကို လှည့်ပတ်ရှာဖွေကြတော့သည်။(မနေ့ကတင်တာမှားသွားပါတယ်။လင်းဖန်ကိုမတွေ့သေးပါဘူးဒရုန်းကနေလင်းဖန်ရဲ့ကျော်ကိုရိုက်မိထားတာပါ။အခုမှသူတို့ကလင်းဖန်ကိုသွားရှာမှာပါ😁😁။)
သူတို့သည်လမ်းလျှောက်ရင်း စကားစမြည်ပြောနေလိုက်ကြသည်။
သူတို့သည်စုနမ်၏အိမ်ကိုမကြာမီပင်ရောက်သွားခဲ့သည်။
သူတို့မှတ်မိတာဆိုရင်လင်းဖန်နဲ့ သူ့အတန်းဖော်တွေက လက်တစ်ဖက်မှာ သြစတြေးလျပုဇွန်တွေကို ကိုင်ထားပြီး တစ်ဖက်က အုန်းကဏန်းကိုကိုင်ပြီးစားနေလေသည်။
အဲဒီမြင်ကွင်းကို ပြန်တွေးလိုက်တိုင်း အစ်ကို ချမ် နဲ့ ညီမ ဖိန်တို့က တံတွေးမမျိုချပဲမနေနိုင်ပေ။
ဒီအချိန်မှာ စုရန်ကရောက်လာပြီး “ဘာကိစ္စရှိလို့လဲ”ဟုမေးလိုက်လေသည်။
“ဘယ်လောက်ချစ်စရာကောင်းတဲ့ မိန်းကလေးလဲ!” စုရန်၏ပုံစံကြောင့် ညီအစ်မ ဖိန်က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
ဆရာဟီ ပြုံးပြီး မေးတယ် “ညီမလေး၊ မနေ့က ဒီမှာ လူအများကြီးရှိတယ်မဟုတ်လား၊အခုသူတို့ကရော”
“သူတို့ပြန်သွားပြီ!” စုရန်က ပြောသည်။
“ပြန်...ပြန်တယ်?” ဆရာဟီထိတ်လန့်တကြားအသံဖြင့်ပြောလိုက်လေသည်။
အစ်ကို ချမ်က သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး “ဒီလူက ရောရှိသေးလား”
“အိုး၊ မင်းတို့အစ်ကို ကိုပြောနေတာလား။ သူလည်း ပြန်သွားပြီ” စုရန်က ပြောလိုက်သည်။
တကယ်တော့ ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
လင်းဖန်နဲ့ တခြားသူများသည်တနင်္လာနေ့တွင်အတန်းတက်ရမည်ဖြစ်သောကြောင့်ဒီနေ့ပြန်ခြင်းဖြစ်သည်။
ဆရာဟီ၊ ဆရာ ဟွမ်နှင့် အခြားသူများကဒါကိုကြားသောအခါ အကူအညီမဲ့သွားခဲ့သည်။
ဘာလို့ဆိုဒါရိုက်တာပေးထားတဲ့တာဝန်ကို မပြီးမြောက်နိုင်တော့လို့ပင်ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်အခန်း။
[ကျူဒန်: ပြန်သွားတာလား။ ဒါဆိုသစ်ပင်စိုက်တဲ့ကောင်ချောလေးကို မမြင်ရတော့ဘူးပေါ့။ 】
[တန်အန်- သစ်ပင်စိုက်တဲ့ကောင်ချောလေးကိုမတွေ့ရပေမဲ့ဒီမိန်းကလေးက အလွန်ချစ်စရာကောင်းတယ်။သူမက ချောမောသောကောင်လေးရဲ့၏ညီမလားမသိဘူး။ 】
......
အစ်ကိုချမ်က သူ့ရှေ့မှာ နာရီတစ်လုံးကို ရုတ်တရက်တွေ့လိုက်တဲ့အခါ သူ့ဖုန်းကို ဖယ်လိုက်ပြီးတော့ငုံ့ကြည့်လိုက်သည်။
သူသည် နာရီ၏လန်းသောအသွင်အပြင်ကိုကြည့်ကာ မအံသြပဲမနေနိုင်ပေ။ “ဒီနာရီကြီးကမိုက်လိုက်တာ!”
ဆရာ ဟီ၊ ညီအစ်မ ဖိန်နှင့် ဆရာ ဟွမ် တို့ကလဲနာရီကိုတွေ့တော့ချက်ချင်းချီးကျူလိုက်ကြသည်။
“အရမ်းကြည့်လို့ကောင်းတယ်!” ညီမ ဖိန်က ပြောလိုက်သည်။
ဆရာဟီက ခေါင်းညိတ်ပြလိုက်ပြီး “ကြည့်ရတာ တော့မိုက်တယ်”ဟုပြောလိုက်သည်။
ထိုအချိန်တွင် သူ့ဘေးတွင်ရှိသော မစ္စတာ
ဟွမ်က “ဟေ့ ဒီနာရီ ငါ့ကို ပြပေးလို့ရလား?”
ထို့နောက် လက်ပတ်နာရီကိုယူ၍ သေသေချာချာကြည့်လိုက်သည်။
ခဏအကြာတွင် သူက “ဒီနာရီ... Patek Philippe ရဲ့ Limited Edition 5002P(နာရီရဲ့အမည်ပါ) ပဲ” လို့ ပြောလိုက်သည်။
“Patek Philippe Limited Edition(နာရီ) က ဈေးအရမ်းကြီးလို့လား ။” အစ်ကို ချမိ က ပြောလိုက်သည်။
ဆရာ ဟွမ်က “ဈေးကြီးလားမကြီးလားဆိုရင်မင်းပဲဆုံးဖြတ်တော့။ဒီနာရီတစ်လုံးကို၁၇ သန်းကျော်ပေးရတယ်” ဟုပြောလိုက်သည်။
အစ်ကို ချမ်၊ ညီမ ဖိန်နဲ့ ဆရာဟီတို့အားလုံး အသက်ရှူကျပ်သွားသလိုခံစားလိုက်ရသည်။
သူတို့အားလုံးဟာ နာမည်ကြီးကြယ်ပွင့်တွေဆိုပေမဲ့နာရီနစ်လုံး 17 သန်းကျော်ဆိုနာကသူတို့ကို ထိတ်လန့်စေပါတယ်။
ဒီအချိန်မှာ သူ့ဘေးက ညီမစုရန်က “ဒါက ငါ့အစ်ကိုရဲ့ နာရီပဲ!”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်း။
[ကျောက်ရန်: နာရီတစ်လုံးကို 17 သန်းကျော်တာလား။ 】
[နီယဲ့- ဒီလိုစျေးကြီးတဲ့နာရီကိုပျောက်သွားရင်မကြာခင်မှာပြန်လာရှာမှာမဟုတ်ဘူးလား။ 】
[လီရန်- ငါကPatek Philippe(နာရီ) ၏ ဆိုင်မန်နေဂျာဖြစ်ပါတယ်။ အဲဒါကို ငါသေသေချာချာ လေ့လာလိုက်တော့ ၎င်းသည် အမှန်တကယ်ပင် Patek Philippe 5002P(နာရီ)ဖြစ်သည်။ သူ့ရဲ့ စျေးကွက်ပေါက်ဈေးက ယွမ် ၁၇.၆ သန်းရှိတယ်။ 】
[ယူရို: ဒါဆို ချောမောတဲ့သစ်ပင်စိုက်တဲ့သူဟာ ချောမောရုံသာမက စူပါလူချမ်းသာယောက်လည်း ဖြစ်တယ်လို့ဆိုလိုတာပေါ့။ 】
[ယူနီ- ဒီလိုအရပ်ရှည်၊ ချမ်းသာပြီး ချောမောတဲ့ပုံစံမျိုးနဲ့သာချစ်သူဖြစ်ခွင့်ရရင်သေပျော်ပြီ။ 】
...
“ဟတ်ချို”
လင်းဖန်သည် ရုတ်တရက် နှာချေလိုက်သည်။
သူ့ဘေးရှိမူဇောင် က “အစ်ကို လင်း ၊မင်း အဆင်ပြေရဲ့လား “
လင်းဖန်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး “အဆင်ပြေပါတယ်” ဟု ပြောလိုက်သည်။
ထို့နောက် သူ့မျက်နှာတွင် အပြုံးတစ်ခူပေါ်လာခဲ့သည်။
ဘာလို့ဆိုလင်းဖန်၏စိတ်ထဲမှာ ပြတ်သားသောသတိပေးချက်တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးခြင်း။ ပြီးပြည့်စုံသော နွေဦးရာသီအားလပ်ရက်ကိုဖြတ်သန်းသောကြောင့်ငွေရောင်စာအိတ် ၅ စောင်ကို ရရှိသည်။ 】
နှစ်ရက်လောက် အပန်းဖြေဖို့ ထွက်လာရင်းမစ်ရှင်တစ်ခုပြီးမြောက်ပြီး ငွေရောင်စာအိတ် ၅ အိတ် ရခဲ့သည်။ဒါကသူ့အတွက်ကတော့ အံ့သြစရာပင်ဖြစ်သည်။
နောက်တော့ လင်းဖန်သည်လူတိုင်းကို VIP ဧည့်ခန်း ထဲကို ခေါ်သွားပြီး ခဏလောက် အနားယူလိုက်သည်။
ထို့နောက် အတူတူ လေယာဉ်ပေါ်သို့တက်သွားကြသည်။
လေယာဉ်ပေါ်ရောက်ပြီးခဏအကြာတွင်ကျောင်းသားများစွာသည် လေယာဉ်ထိုင်ခုံပေါ်တွင် လဲလျောင်း အိပ်ပျော်သွားကြသည်။
နှစ်နာရီခန့်အကြာတွက်လေယာဉ်ဆင်းသက်သောအခါမှ သူတို့ဘေးနားရှိ အတန်းဖော်များက လိုက်နိုးလိုက်ပြီး လေဆိပ်တွင် စောင့်ဆိုင်းနေသော ဇိမ်ခံဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြလေသည်။
ဒီအခိုက်အတန့်မှာ အတန်းဖော်တစ်ယောက်က ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီးမေးလိုက်သည်။”ငါတို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သွားတဲ့လေယာဉ်ရော၊ပြန်တဲ့လေယာဉ်ရောမှာတခြားခရီးသည်တွေကို ဘာလို့ မတွေ့ရတာလဲ”
“သူတို့ကိစ္စရှိလို့လား”ဟုမေးလိုက်သည်။
“မင်းအဲ့လိုပြောလိုက်တော့ငါလည်း ဒီအချက်ကိုတွေ့တယ်”
“ထူးဆန်းတာက နွေဦးပွဲတော်ပြီးရင် လေယာဉ်စီးတဲ့ လူတွေ အများကြီး ရှိသင့်တယ်”
“ဒါ့အပြင် ငါခံစားရတာကငါတို့ ဒီနှစ်ရက်မှာလေယာဉ်နဲ့ သွားတာရော၊ပြန်တာရောလုပ်တဲ့အချိန်လေယာဉ်ပေါ်ရှိ လေယာဉ်အမှုထမ်းတွေကလဲအတူတူလို့ထင်တယ်။”
...
လင်းဖန်က လူတိုင်းရဲ့ ဆွေးနွေးမှုကို နားထောင်ပြီးနောက်သူက”ကျွန်တော် ဒီလေယာဉ်ကို ငှားထားလို့ပါ” လို့ ပေါ့ပေါ့ပါးပါး ဖြေကြားလိုက်သည်။
သူ့အသံကပုံမှန်ပင်ဖြစ်သည်။
သို့သော် အတန်းဖော်များ၏ နားထဲတွင် တော့မိုးခြိမ်းသံကဲ့သို့ ကျယ်လှသည်။
အဲဒီလေယာဉ်ကို ငှားတာလား။
ဘယ်လောက်ကုန်ကျမလဲ? !
ဒီလိုမျိုးကိုကျောင်းသား၊ ကျောင်းသူတွေဟာ ရုပ်ရှင်၊ ဝတ္ထုတွေနဲ့ တခြားနေရာတွေမှာသာမြင်ဖူးကြသည်။
သူတို့သည်အပြင်မှာနစ်ခါမှမမြင်ဖူးသလို၊မကြားဖူးပေ။
အခု သူတို့ကိုယ်တိုင့်မင်လိုက်ရောသောကြောင့်သူတို့၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် သူ့တို့သည်လေယာဉ်ပေါ်တက်သွားတဲ့အခါလက်မှတ်မစစ်နာကို ကျောင်းသားအများအပြား သတိရကြလိုက်သည်။
ဒီအခါမှလင်းဖန်သည် လေယာဉ်ကိုငှားလိုက်ကြောင်းနားလည်လိုက်ရသည် ။
ဒီခဏမှာကျောင်းသားအားလုံးက လင်းဖန်ကို ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
အားလုံးကိုပျော်ရွှင်စရာကောင်းတဲ့ နွေဦးရာသီကို ဖြတ်သန်းနိုင်ဖို့အတွက် လင်းဖန်သည် လေယာဉ်တစ်စဉ်းလုံးကို တိုက်ရိုက် ငှားပေးခဲ့သည်။
တကယ်တော့ လူအများစုကဒီလိုလေယာဉ်စင်းလုံးငှားဖို့ဆိုတာကပိုက်ဆံရှိတိုင်းမ့ဖစ်နိုင်သောကိစ္စဖြစ်သည်။
လင်းဖန်ငှားလို့ရသည့်အကြောင်းရင်းမှာ လင်းဖန်သည် ရှဂိုလေကြောင်းလိုင်း၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သောကြောင့်ဖြစ်သည်။
ဒီအကြောင်းကိုလင်းဖန် က မပြောပြခဲ့ပေ။
ကျောင်းသို့ပြန်ရောက်ပြီးနောက်လင်းဖန် သည် အိပ်ဆောင်ကို မသွားဘဲ Pagani Fengshen(ကား) ကိုထုတ်ပြီးပန်းလုံဗီလာသို့ မောင်းနှင်ခဲ့သည်။
အိမ်သို့ရောက်ပြီးမောက်သူသည် ငွေရောင်စာအိတ်ငါးလုံးကို အာရုံစိုက်လိုက်ပြီးသူက”ငါ ဘာရနိုင်လဲ ကြည့်ရအောင်။”
“ဒင်း ဂုဏ်ယူပါတယ် မင်း ယွမ် ၁ သန်းရရှိသည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် 500,000ရရှိသည်။”
“ဒင်း ဗစ်ဂရု၏ရှယ်ယာ 5% ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင်း ဂုဏ်ယူပါတယ် မင်း 200,000 ယွမ်ရသည်။”
“ဒင်း ဂုဏ်ယူပါတယ် မင်းယွမ် 500,000ရရှိသည်။”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး