မစ်ရှင်ရရှိခြင်း
Vol. 16 Ch. 227
လင်းဖန် သည် ရှဂို လေကြောင်းလိုင်း၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်သောကြောင့် စင်းလုံးငှားလေယာဉ်နှင့် ကားအားလုံးကို ရှဂို လေကြောင်းလိုင်းမှ အခမဲ့ပေးဆောင်သည်။
ဒီနွေဦးရာသီမှာ အပြင်ထွက်ဖို့အတွက် ရွက်ဖျင်တဲတွေ၊ ပါဝင်ပစ္စည်းတွေ၊ စားဖိုမှူးတွေကို ကြိုတင်ပြင်ဆင်ထားတာက စုစုပေါင်း ဒေါ်လာ သောင်းကဏန်းလောက်ပဲရှိသည်။
လင်းဖန်သည် လျှို့ဝှက်မစ်ရှင်ကို ပြီးမြောက်ခဲ့သောကြောင့်ငွေရောင်စာအိတ် ၅ အိတ်ကို ရရှိခဲ့ပြီးဖွင့်ရာတွင် ယွမ်ငွေ ၂.၂ သန်းနှင့် ဗစ်ဂရု ၏ ရှယ်ယာ ၅ ရာခိုင်နှုန်း ရရှိခဲ့သည်။
ဒါဟာ သေချာပေါက်အကြီးမားဆုံးရိတ်သိမ်းမှုတစ်ခုလို့ဆိုရမည်ဖြစ်သည်။
သိရန်ဗစ်ဂရု သည် ဗစ်(ကား)တစ်ခုတည်းသာမကဘဲအေဒီ၊ Lamborghini(လက်ဘောဂနီကား)၊ Bentley(ကား)၊ Bugatti(ကား)အစရှိသည့် မော်တော်ကားကုမ္ပဏီများလည်း အများအပြားပါဝင်ပြီး စုစုပေါင်းစျေးကွက်တန်ဖိုး ယွမ် ဘီလီယံ 1,000 ကျော်ရှိသည်။
အစုရှယ်ယာများ၏ ၅ ရာခိုင်နှုန်းသည် ဘီလီယံ ၅၀ ကျော်တန်ဖိုးရှိသည်။
တစ်နည်းအားဖြင့်ဆိုရသော်လင်းဖန်သည် ဤနွေဦးရာသီတွင် သောင်းနှင့်ချီရင်းနှီးမြုပ်နှံခဲ့ပြီး အနည်းဆုံး ယွမ် 50 ဘီလီယံ ရရှိခဲ့သည်။
ထို့နောက် လင်းဖန်သည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“အကောင့်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရရျိသည်။ 】
ယင်းနှင့်ပတ်သက်၍လင်းဖန်က ဂရုမစိုက်ပေ။ ခဏလောက်အကြာ ဖုန်းနဲ့ကစားပြီးနောက် နူးညံ့တဲ့ကုတင်ကြီးပေါ်မှာလဲလိုက်ပြီး နောက်အိပ်ပျော်သွားလေသည်။
လွန်ခဲ့သည့်နှစ်ရက်တွင် သူသည် တောင်ပေါ်သို့တက်ကာ အပင်များကို စိုက်ခဲ့ရသော
ကြောင့် သူသည်အနည်းငယ် ပင်ပန်းနေခဲ့သည်။ထို့ကြောင့်အိပ့်ပျော်သွားခြင်းဖြစ်သည်။
...
နောက်တစ်နေ့တွင်ကောင်းကင်သည် ကြည်လင်လို့နေလေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် ငှက်ငယ်လေးအချို့သည် အသံများထွက်ပေါ်ပြီးနောက် လင်းဖန်သည်သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူသည် ဖုန်းကို အရင်ကြည့်ကာ ပုံမှန်အတိုင်း ဖန်သားပြင်ပေါ်တွင် စာတိုတစ်စောင် ပေါ်နေသည်။
“၀ နာရီ၊ တရုတ်ဘဏ်က ယွမ် ၃,၆၇၀,၀၀၀ ရရှိသည်။”
ယင်းနှင့်ပတ်သက်၍ လင်းဖန်ငည်လုံးဝဂရုမစိုက်ဘဲ အကောင့်ဝင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည်။ 】
“ဘာလို့ 10 သန်းပဲ ရနေတာလဲ” ဟုလင်းဖန်က စောဒကတက်လိုက်လေသည်။
ထို့နောက် သူသည်ထ၍ ရေချိုးပြီးထွက်လာလိုက်သည်။
“ကလင် ကလင် ကလင်’’
ဒီအချိန်မှာ သူ့အိတ်ကပ်ထဲရှိ လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
လင်းဖန်သည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာ သူမရင်းနှီးသောနံပါတ်တစ်ခုဖြစ်သည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ကိုင်ရန် ရွေးချယ်ခဲ့သည်။
“ခွင့်လွှတ်ပါ မစ္စတာလင်းလားမသိဘူး” ဖုန်းထဲကလူကပြောလိုက်သည်။
“ဟုတ်ပါတယ်။ ငါပါ” လင်းဖန်က ပြောသည်။
“မင်္ဂလာပါ မစ္စတာလင်း ၊ ကျွန်တော် ဖူကယ်လိုစီ ရဲ့ မန်နေဂျာ ဟန်ဂျွန်ပါ... ကျွန်တော်မှာ မင်းရဲ့ကားတွေ ရှိပါတယ်၊အဲ့ဒါကို ဘယ်ကို ပို့ပေးရမယ်ဆိုတာ ငါမသိလို့ဖုန်းဆက်လိုက်တာပါ” ဖုန်းထဲကဝန်ဂျွန်ကပြောလိုက်သည်။
ကားလား?
ဒီအချိန်မှာသူ ကားတစ်စီးမှ မမှာယူထားဘူးလို့ထင်တယ် ။
လင်းဖန်က ခဏလောက် အံ့အားသင့်သွားပြီး နောက်သူက”ဒါက ငါ့ပစ္စည်း ဟုတ်လား? ဒါပေမယ့်ငါအခုအချိန်မှာ ငါ ကားတွေမမှာထားဘူး” လို့ ပြောလိုက်သည်။
“ခွင့်လွှတ်ပါ၊ မင်းက လင်းဖန်၊ မစ္စတာလင်းမဟုတ်လား။” ဟန်ဂျွန် က ထပ်မမေးခင် ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။
“ဟုတ်ပါတယ်။ကျွန်တော်ပါ။” လင်းဖန်က ပြောသည်။
“ဒါဆိုမှန်ပါတယ်၊ ဒီကားတွေကို ဗစ်ဂရု က ငါ့ဆီကနေတစ်ဆင့်ပို့ခိုင်းလိုက်တာပါ။” ဟန်ဂျွန် က ပြောလိုက်သည်။
လင်းဖန်သည် ထိုစကားကိုကြားသောအခါ သူ၏မျက်နှာသည် ပုံမှန်ပြန်ဖြစ်သွားသည်။
ဗစ်ဂရုဆိုရင်တော့အဓိပ္ပါယ်ရှိသည်။
လင်းဖန် သည် LV နှင့် ရှယ်ယာများရယူသောအခါ အလားတူကိစ္စမျိုးကိုကြုံတွေ့ခဲ့သည်။
လင်းဖန်က “ဒါဆို မင်း အဲဒါကို ကျန်ပေ့က ပန်းလုံဗီလာ ကို ပို့ပေးလိုက်ပါ၊ တည်နေရာကို မင်းသိတယ်မဟုတ်လား”
“ငါသိပါတယ်၊ မိနစ် 20 လောက်ကြာရင်ရောက်မယ် အဆင်ပြေလား” ဟန်ဂျွန် က မေးလိုက်သည်။
လင်းဖန် က “အဆင်ပြောပါတယ်”
ဖုန်းချပြီးနောက် လင်းဖန်သည် ရေခဲသေတ္တာထဲရှိမုန့်ကိုထုတ်ကာ မုန့်ဖုတ်စက်ထဲတွင် ခဏလောက်ဖုတ်သည်။ ထို့နောက် အဆင့်မြင့် ထောပတ်၊ အမဲသားပြားချပ်များ၊ ဩစတြေးလျ ပုဇွန်အသား၊ အော်ဂဲနစ် ဟင်းသီးဟင်းရွက်များ စသည်တို့နှင့် အဆင့်မြင့် မွေးမြူရေးခြံမှနို့ တစ်ခွက်တို့ကိုထုတ်ယူလိုက်ပြီးမနက်စာလိုပ်လိုက်လေသည်။
ဒီနည်းကရိုးရှင်းပြီးအိမ်လုပ် မနက်စာအဖြစ် မှတ်ယူနိုင်သည်။
“ကလင် ကလင် ကလင်!”
လင်းဖန်က မနက်စာစားပြီးတာနဲ့ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
“မစ္စတာလင်း၊ ငါတို့ရောက်ပြီ...” ဟန်ဂျွန်ကပြောလိုက်သည်။
လင်းဖန်သည် ဒါကိုကြားပြီးနောက် ပြတင်းပေါက်ကနေအပြင်လှမ်းကြည့်လိုက်သည်။
လင်းဖန်တွေ့လိုက်တာကတော့မီတာ ၂၀ မှ ၃၀ အရှည်ရှိတဲ့သုံးထပ်ကားပေါ်တွင်စူပါပြိုင်ကားများကိုပင်ဖြစ်သည်။
အထပ်တစ်ခုစီတွင် ဗစ်(ကား)၊ အေဒီ၊ Bentley(ကား)နှင့် Porsche(ကား) အပါအဝင် ကားများဖြင့် ပြည့်နေလေသည်။
လင်းဖန် သည် ဗစ်ဂရုမှ ပေးပို့သော ကားအရေအတွက်သည် သေးငယ်သည်မဟုတ်ကြောင်း မှန်းဆပြီးသားဖြစ်သည်။
သို့သော် ဤမြင်ကွင်းကိုမြင်ပြီးနောက် သူသည် အံ့သြမိသေးဆဲပင်ဖြစ်သည်။
ဒီကားတွေအားလုံးက သူ့အပိုင်လား။
လင်းဖန်သည် သံသယစိတ်ဖြင့် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
လင်းဖန်ထွက်တာနဲ့မျက်နှာဝိုင်းသော အမျိုးသားသည် လင်းဖန်ထံအမြန်လာပြီး “မစ္စတာလင်း၊ မင်္ဂလာပါ၊ ငါက မင်းကို ခုနက ခေါ်ခဲ့တဲ့ ဟန်ဂျွန်”
“မန်နေဂျာ ဟန် မင်္ဂလာပါ။” လင်းဖန် က “ဒီကားတွေအကုန်လုံးကငါ့ကားတွေလား။”
“ဟုတ်တယ် ဒီကားတွေကို ဘယ်မှာထားမှာလဲ” လို့ဟန်ဂျွန်က မေးလိုက်သည်။
“ရှေ့ကိုနည်းနည်းသွားပြီးတာနဲ့ ရပ်လိုက်ပါ။” လင်းဖန်က ပြောလိုက်သည်။
လင်းဖန်ညွှန်ပြသောလမ်းသည် ပန်လုံအိမ်ရာရှိ အများသူငါလမ်းဖြစ်သည်။
ယေဘုယျအားဖြင့်ပြောရလျှင် ဤလမ်းပေါ်တွင် ကားရပ်ခွင့်မပြုပေ။
သို့သော်လည်း ပန်လုံအိမ်ရာတစ်ခုလုံးသည် လင်းဖန်တစ်ယောက်တည်းသာ သက်ဆိုင်သောကြောင့် ဤစည်းမျဉ်းသည် သဘာဝအတိုင်း မသက်ဆိုင်ပေ။
အလုပ်သမားအနည်းငယ်၏အကူအညီဖြင့် နောက်ဆုံးတွင် ယာဉ်အားလုံးသည် လမ်းပေါ်တွင် ရပ်သွားခဲ့သည်။
“ဒါဆို... မစ္စတာလင်း၊ ဘာမှမဖြစ်ဘူးဆိုရင် ငါတို့ အရင်သွားတော့မယ်။” ဟန်ဂျွန် က ပြောလိုက်သည်။
လင်းဖန်းကို မြင်ချိန်ကနေစပြီးအခုအချိန်အထိဟန်ဂျွန်ဟာ အလွန်လေးစားစရာကောင်းတဲ့ သဘောထားကို အမြဲထိန်းသိမ်းထားခဲ့သည်။
ဘာလို့ဆိုဗစ်ဂရုဥက္ကဋ္ဌကိုယ်နိုင်က ဒီကားတွေ ပို့ပေးဖို့ ကိုယ်တိုင် စီစဉ်ပေးတယ်ဆိုတာ သူသိတာကြောင့်ပင်ဖြစ်သည်။
ဗစ်ဂရု ၏ဥက္ကဌအတွက်ကိုယ်တိုင်လက်ဆောင်ပေးသောကြောင့်လင်းဖန် ၏အထောက်အထားသည် မည်မျှထူးခြားသည်ကို မြင်ယောင်ကြည့်နိုင်သည်။
“ကောင်းပြီ။” လင်းဖန်က ပြန်ပြောလိုက်သည်။
“ကလင် ကလင် ကလင်”
ဟန်ဂျွန်တို့ထွက်ပြီးနောက်တွင် လင်းဖန်၏လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့ပြန်သည်။
ဒီတစ်ခါလဲအမည်မသိဖုန်းနံပါတ်ပင်ဖြစ်သည်။သို့သော်သူသည်ကိုင်လိုက်သည်။
“မစ္စတာလင်း မင်္ဂလာပါ။” အလွန်ဆိုးရွားသော တရုတ်ဘာသာစကားသည် ဖုန်းမှတစ်ဆင့်အပြင်သို့ထွက်လာခဲ့သည်။
“ဟယ်လို။” လင်းဖန်က တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် အခြားလူ၏ လက္ခဏာကို မှန်းဆလိုက်သည်။
ခဏကြာတော့ ဖုန်းထဲကနေနောက်ထပ်ရှင်းလင်းတဲ့ အသံတစ်ခုထွက်ပေါ်လာသည်။
“မစ္စတာလင်း၊ ငါတို့ဗစ်ဂရု ၏ဥက္ကဌက ဝူလီဟော ဖြစ်ပါတယ်။ မစ္စတာ ဝူလီဟာသည် သူ့ကိုယ်စား ကျနော့ကို ပြောပေးရန်တောင်းဆိုခဲ့သည်။ ဗစ်ဂရုကို ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါနယ်။”
“ဒါ့အပြင် မစ္စတာ ဝူလီဟောက မစ္စတာ လင်းကို ဗစ်ဂရု ဆီက မော်တော်ကားတွေ လက်ခံရရှိတယ်မဟုတ်လား။အဲ့ဒါကိုကျေနပ်ရဲ့လားမသိဘူး”
လင်းဖန် က “ဝူလီဟောကိုပြောလိုက်ပါ ငါအရမ်းကျေနပ်တယ်လို့”
ဒါနဲ့ ဖုန်းထဲမှာ အင်္ဂလိပ်လို နောက်ထပ်တစ်ခါအသံထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပဲကိုယ်စားပြောပေးတဲ့သူက “မစ္စတာ ဝူလီဟောက မစ္စတာလင်းကို အနာဂတ်မှာ ဗစ်ဂရု ရဲ့ ကားသစ်တိုင်းကိုမင်းစီပို့ပေးမယ်တဲ့” ဟု ပြောကြားလိုက်သည်။
လင်းဖန်သည် ပရော်ဖက်ရှင်နယ်အဆင့်အင်္ဂလိပ်စာကျွမ်းကျင်မှုရှိသည်။ထို့ကြောင့်ဝူလီဟောပြောတာကိုရှင်းလင်းစွာနားလည်သည်။
အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုမှုပင် ပြုလုပ်နိုင်သည်။
ဒါပေမယ့်သူအင်္ဂလိပ်လို မပြောပေ။ဘာလို့ဆိုသူကဟွာရှကမို့လို့ပင်ဖြစ်သည်။
လင်းဖန်က “သူ့ကို ကျေးဇူးတင်ပါတယ်လို့ငါ့ကိုယ်စားကူညီပြီးပြောပေးပါ”
ခဏကြာ စကားပြောပြီးနောက် လင်းဖန်သည် ဖုန်းချလိုက်သည်။
ထို့နောက် လမ်းမပေါ်တွင် ရှည်လျားသော ဗစ်(ကား)၊အေဒီနှင့်တစ်ခြားကားများ တန်းစီနေသည်ကိုကြည့်ရင်း သူ့မျက်နှာတွင် ထူးဆန်းသော အကြည့်တစ်ခုပေါ်လာခဲ့သည်။
“ကားတွေ အများကြီးနဲ့ဆိုရင်ကားကိုနေ့တိုင်း တစ်စီးပြောင်းစီးလို့ရတယ်ဆိုတော့ ဒီအတိုင်းသာဆိုငါ ဒီဒီ(တိုင်စီလိုမျိုးပါ)မောင်းဖို့သုံးလိုက်ရင် တစ်သက်လုံးမောင်းရမှာကို ကြောက်တယ်။”
ထိုစကားများ ပြောပြိးသည်နှင့် တပြိုင်နက် လင်းဖန်၏ စိတ်ထဲတွင် ကြည်လင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
【ဒင်း! မစ်ရှင်၊ အထူးဒီဒီ မှာယူမှု ၅ ခု ပြီးမြောက်ရင် ရွှေရောင်စာအိတ် ၅ စောင်ကို ဆုချမည်။ 】
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး