← Chapters

အလုပ်ကို ကြိုးစားလုပ်ပါ

Vol. 16 Ch. 228

အလုပ်ကို ကြိုးစားလုပ်ပါ

Vol. 16 Ch. 228

လင်းဖန်သည် သူ့စိတ်ထဲရှိအချက်ပေးအသံကို နားထောင်ရင်း ခဏတာ ထိတ်လန့်သွားခဲ့သည်။

ဒီဒီ အထူးအော်ဒါ ၅ ခုပြီးရင်ရွှေရောင်စာအိတ် ၅ လုံးကို ဆုချမှာလား။

ရွှေရောင်စာအိတ်။

လင်းဖန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားခဲ့သည်။သူသည်ရွှေရောင်စာအိတ်ကို တစ်ခါမျှ မရရှိခဲ့ဖူးပေ။

ဒါက သူ့ကို စိတ်ဝင်စားအောင် လုပ်ပေးနေလေသည်။

လင်းဖန်သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “အခုကျောင်းတက်ဖို့ နောက်ကျနေပြီဆိုတော့ဒီနေ့တော့မသွားတော့ဘူး...”

ထို့နောက် လင်းဖန်သည် ၎င်း၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဒီနေ့ကျောင်းမတက်လို့ရလားဟုစုရမ်ဒေါင်ထံစာတိုတစ်စောင် ပေးပို့လိုက်သည်။

တစ်ခြားလူတွေငါဒီလိုတောင်းဆိုရင်ဂုဏ်ကနေဆွဲပီးကျောင်းလာတက်ခိုင်းမည်ဖြစ်သည်။

သို့သော် လင်းဖန်ကတော့ခြားနားသည်။

လင်းဖန်လုပ်ချင်တာကိုလုပ်ရန် ကျောင်းခေါင်းဆောင်များက ဟိုးအရင်ကတည်းက သတိထားခဲ့သည်။

ထို့ကြောင့် စုရန်ဒေါင်က သဘောတူကြောင်းကို တိုက်ရိုက်ဖြေကြားခဲ့သည်။

ဒါကိုကြည့်ပြီးလင်းဖန်သည် ၎င်းဘေးရှိ Santana(ကား)ကိုဖွင့်ပြီးထိုင်ကာဒီဒီအပ်ကိုဒေါင်းပြီး အမြန်စာရင်းသွင်းလိုက်သည်။

ထို့နောက် အရှိန်မြှင့်စက်ကိုနင်းကာအပြင်သို့မောင်းသွားခဲ့သည်။

Santana(ကား)သည် စူပါကားများနှင့် မတူဘဲ မြင်းကောင်ရေ 119 သာရှိသည်။

ထို့ကြောင့်လင်းဖန်သည် နှေးကွေးပြီး ပေါ့ပေါ့ပါးပါးသောခံစားချက်မျိုးရှိသည်။

“ဒင်ဒေါင်!”

မကြာခင်မှာပဲ လင်းဖန်ဟာ သူ့နဲ့ 2 ကီလိုမီတာလောက်သာဝေးတဲ့ နေရာကနေဒီဒီ(တိုင်စီလိုမျိုး)ကို လက်ခံရရှိခဲ့သည်။

ရှပ်အင်္ကျီနဲ့ ရွှေမျက်မှန် ၀တ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည်

ကားပေါ်တက်ပြီးနောက် လင်းဖန်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ထို့နောက် အနည်းငယ် မာနကြီးသော လေသံဖြင့် “မင်း ဒီကားကို ဝယ်ခဲ့တာလား။”ဟုမေးလိုက်သည်။

“မဟုတ်ဘူး... ငါကားမဝယ်ခဲ့ဘူး” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

လူလတ်ပိုင်း၏ မျက်နှာပေါ်တွင် မောက်မာသော အကြည့်များက ပိုမိုဆိုးလာသည်။

ဒီကားကိုတောင်ကိုယ်တိုင်မဝယ်နိုင်ဘူး။

ဒီတော့သူ့ မိဘတွေက ဒီကကိုဝယ်ပေးထားတာနေမယ်။

အသက်နှစ်ဆယ်ကျော် အမျိုးသားတစ်ဦးသည် Santana(ကား)ကိုပင် ဝယ်ဖို့မတတ်နိုင်ပေ။ဒီကားကိုဝယ်ဖို့တောင် သူ့မိဘတွေကို အားကိုးရတယ်။ဒီလူငယ်ကအသုံးမကျဘူးပဲ။သို့သော်သူသည်အကြောင်းအရင်းမှန်ကိုမသိပေ။သိရင်ကြောက်လန့်လို့သတိမေ့သွားမှာတောင်ကြောရသည်။

ဒီ Santana(ကား)ကို လင်းဖန် က မဝယ်ခဲ့ပေမယ့် ဗစ်ဂရု ရဲ့ ဥက္ကဌက ပေးခဲ့တာဖြစ်သည်။

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားက “လူငယ်၊ ဒီဒီ မောင်းတာ အရမ်းလွယ်တယ် မဟုတ်လား”

လင်းဖန်သည် စတီယာရင်ကိုကိုင်ပြီးမောင်းနေရင်းဖြင့်”ဟုတ်တယ်၊ အရမ်းလွယ်တယ်။”

ရုတ်တရက် လူလတ်ပိုင်းအရွယ် အမျိုးသားက လင်းဖန်ကိုအထင်သေးတဲ့အးကြည့်ကို ပြသကာသက်ပြင်းချလိုက်ပြီး “မင်းသိလား? မင်းအရွယ်တုန်းကဆိုရင်ငါ့မှာ ဘာမှမရှိတော့ဘူး အရမ်းဆင်းရဲခဲ့တယ်။.”

“ဒါပေမယ့် ငါ့မိဘတွေကို ဘယ်တော့မှ အဆက်အသွယ်မလုပ်ခဲ့ဘူး၊ လွယ်တဲ့အလုပ်တွေကို ငါမရှာခဲ့ဘူး။ အဲဒီအစားခက်ခဲပင်ပန်းတဲ့အလုပ် အံကြိတ်ပြီး ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်ခဲ့တယ်”

“ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးတဲ့ နောက်ငါမှာ ကိုယ်ပိုင် Porsche(ကား)၊ ကိုယ်ပိုင် vဗီလာနဲ့ အိမ်တွေရှိတယ်... ဒါ့အပြင်၊ စျေးကွက်တန်ဖိုး သန်းဆယ်ဂဏန်းရှိတဲ့ ကုမ္ပဏီတစ်ခုလည်း ရှိတယ်။”

“ဂျေရီ အဆောက်အဦးကို မင်းသိလား? အဲဒါက ငါတို့ ကျန်ပေ့မြို့ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အဆင့်မြင့် ရုံးခန်းအဆောက်အဦးလေ။ ငါ့ကုမ္ပဏီက ဂျေရီအဆောက်အဦးမှာရှိတယ်!”

လူလတ်ပိုင်းအရွယ်က ဒီလိုပြောတဲ့အခါ သူ့မျက်နှာမှာ ဖုံးကွယ်လို့မရတဲ့ မာနတရားတွေပေါ်လာခဲ့သည်။

လင်းဖန်သည် သူ၏အသွင်အပြင်ကိုကြည့်ကာအလွန်ထူးဆန်းသွားခဲ့သည်။

သူ့ရှေ့မှာ အတင်းအကြပ် ဟန်ဆောင်နေတာလား?

သို့သော် ဂျေရီ အဆောက်အဦ။ ဒါ ငါ့ကိုယ်ပိုင် အဆောက်အဦး မဟုတ်ဘူးလား?

တကယ်တော့ လင်းဖန် ပြောတာ မှန်ပါသည်။

လူလတ်ပိုင်း အမျိုးသားသည် ရိုးသားသော လူငယ်အချို့ကို မြင်သောအခါတွင် အောင်မြင်သူ၏ အသွင်အပြင်ကို အသုံးပြုကာ ၎င်းတို့ရှေ့တွင် အတင်းအကြပ် ဟန်ဆောင်လေ့ရှိသည်။

အဲဒီအခါမှာ အဲဒီလူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်ကို တောင့်တလ်ုကြောင်းကို ပြသပြီး သူကိုယ်အလွန်ချီးကျူးကြပေလိမ့်မည်။

သက်လတ်ပိုင်းအမျိုးသားသည် ဤခံစားချက်ကို အလွန်နှစ်သက်သည်။

“အဟမ်း!” လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ စွမ်းဆောင်နိုင်မှုမှာ အနည်းငယ် ထင်ရှားလွန်းသည်ဟု ခံစားရသောကြောင့် ချောင်းဆိုးကာ “လူငယ်လေး၊ အလုပ်ကြိုးစားပါ နောင်အနာဂတ်မှာ မင်းလည်း ငါလိုဖြစ်နိုင်တယ်” လို့ စိတ်ထက်သန်စွာ ပြောလိုက်သည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။

လင်းဖန်သည် ကားဖုန်း(ကားနဲ့ဖုန်းကိုချိတ်ထားတာကိုပြောတာပါ။)ကို တိုက်ရိုက် နှိပ်လိုက်သည်။

ရုတ်တရက် ကားစတီရီယိုတွင် အလွန်လေးစားဖွယ်ကောင်းသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

“မင်္ဂလာပါမစ္စတာလင်း၊ ကျတော်က ကျူကေအဆောက်အဦးရဲ့ အိမ်ခြံမြေမန်နေဂျာ ရှောင်ဝမ် ပါ။ အဆောက်အဦးအတွက် ငှားရမ်းခကို ဒီနှစ်မှာ စုဆောင်းပြီးပါပြီ။ စုစုပေါင်း ပမာဏက ယွမ် 76 သန်းရှိပါတယ်... မင်းဘဏ်ကတ်ထဲကိုအခုတိုက်ရိုက်လွှဲပေးလိုက်ပါ့မယ်”

လူအများစုသည် ယွမ် 76 သန်းရရှိတော့မည်ဟု ရုတ်တရက်ကြားသိရပါက ဝမ်းသာစရာဖြစ်မည်မှာ သေချာပါသည်။

သို့သော် လင်းဖန်အတွက်ကတော့ဘာမှမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လင်းဖန် သည် အသက်ရှူခြင်း၊ လမ်းလျှောက်ခြင်းနှင့် အိပ်ခြင်းတို့အတွက် နေ့စဉ် ယွမ် 13 သန်းကျော် ရရှိနေသောကြောင့်ဖြစ်သည်။

ဒီအတိုင်းနေရင်း၆ ရက်အကြာတွင် ယွမ် ၇၆ သန်း ရရှိနိုင်သည်။

ဒါကြောင့်လင်းဖန်က ဂရုမစိုက်ပေ။

သို့သော် Santana(ကား)ကားပေါ်တွင်ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သူ့မျက်နှာတစ်ခုလုံးမှာ မယုံနိုင်လောက်အောင်ပုံစွများဖြင့် ပြည့်နှက်နေသည်။

ယွမ် ၇၆ သန်း။

သူ့ပိုင်ဆိုင်မှုတွေ အားလုံးကို ပေါင်းထည့်လိုက်တာတောင်မပြည့်မှာကြောက်တယ်။

ဒီဒီကိုမောင်းတဲ့ ဒီလူငယ်ဟာ ငှားရမ်းခ ယွမ် ၇၆ သန်း ရခဲ့တယ်။

သူသည် ကျူကေ အဆောက်အဦးတစ်ခုလုံးကိုသူပိုင်ဆိုင်သည်။

ဒါက လုံးဝမဖြစ်နိုင်ပေ။

သူ့ကိုယ်နောက်ပြောင်သူပဲ ဖြစ်ရမယ်။

မှန်တယ်!

မဟုတ်ရင် ဒီလူငယ်လေးကဒီဒီဖွင့်ပြီးမောင်းမှာမဟုတ်ပေ။

ဒါကိုတွေးပြီး သက်လတ်ပိုင်းလူရဲ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွားသည်။

“ ဒါဆို မစ္စတာလ်းကို မနှောင့်ယှက်တော့ပါဘူးနှုတ်ဆက်ပါတယ့်” ရှောင်ဝမ်က ပြောလိုက်သည်။

လင်းဖန်က ဖုန်းချလိုက်ပေမယ့် သိပ်မကြာခင်မှာပဲ ဖုန်းက နောက်ထပ် အသံမြည်လာခဲ့သည်။

“မင်္ဂလာပါ မစ္စတာလင်း၊ ကျတော်ကကျန်ပေ့အဆောက်အဦးရဲ့ အိမ်ခြံမြေမန်နေဂျာ ရှောင်ကျူ ပါ။ အဆောက်အဦးအတွက် ငှားရမ်းခကို ဒီနှစ် စာချုပ်နဲ့အညီ ကောက်ခံပြီး ပါပြီးစုစုပေါင်း ပမာဏက ယွမ် ၈၅ သန်းဖြစ်ပါတယ်... မင်းရဲ့ ဘဏ်ကတ်ထဲကိုမကြာခင်လွှဲပေးလိုက်ပါ့မယ် “ ရှောင်ကျူ က ပြောလိုက့သည်။

“ဟုတ်” လင်းဖန်က ပြောလိုက်သည်။

“ဒါဆို မစ္စတာလင်းကို မနှောင့်ယှက်တော့ပါဘူး နှုတ်ဆက်ပါတယ်” ရှောင်ကျူက ပြောသည်။

ယွမ် ၈၅ သန်း?

ဂျေရီအဆောက်အဦကိုလည်း ဒီလူငယ်က ပိုင်တယ်။

ဘယ်လိုဖြစ်နိုင်မှာလဲ!

ပထမဖုန်းခေါ်သံကို ကြားလိုက်သောအခါ လူလတ်ပိုင်းအရွယ်က သူ့နှလုံးသားထဲတွင် သံသယစိတ်များ ရှိနေသေးသည်။

အကယ်၍ ကျူကေအဆောက်အဦးသည် ဤလူငယ်၏ အမှန်တကယ်ပိုင်ဆိုင်ပါက......

ထိုအချိန်တွင် သူသည် ဤသံသယကို လုံးဝ မေ့လိုက်သည်။

အဆောက်အဦးတစ်ခုရှိတာကတောင်အရမ်းထူးခြားနေပြီဖြစ်သည်။

အဆောက်အဦးနှစ်ခုဆိုတာကလုံးဝမဖြစ်နိုင်ပေ။

ဒီလူငယ်ကသူ့အကြောင်း ကြွားလုံးထုတ်ဖို့ အတွက်တစ်ယောက်ယောက်ဆီ တိတ်တဆိတ် မက်ဆေ့ချ်ပို့ခဲ့တာဖြစ်မယ်။

ဒါကိုတွေးပြီး လူလတ်ပိုင်းအရွယ်က လင်းဖန်ကို လှောင်ပြောင်တဲ့အမူအရာနဲ့ ကြည့်လိုက်သည်။

“ကလင် ကလင် ကလင်!”

ထိုအချိန်တွင် လင်းဖန်၏ လက်ကိုင်ဖုန်း သည်အသံထပ်မြည်လာပြန်သည်။

“မင်္ဂလာပါ မစ္စတာလင်း၊ကျတော်သည် မှော်မြို့ ဂိုဘယ်အဆောက်အဦး၏ အိမ်ခြံမြေမန်နေဂျာ လူဝီလီ ဖြစ်သည်။ အဆောက်အဦးအတွက် ငှားရမ်းခကို ယခုနှစ်အတွင်း ကောက်ခံပြီးပါပြီ။ စုစုပေါင်း ပမာဏမှာ ယွမ် ၁.၅၉၁ ဘီလီယံဖြစ်သည်... ယခု ၎င်းကို သင်၏ဘဏ်ကပ်ထဲကိုလွှပြောင်းပေးလိုက်ပါမယ်” ဟု လူဝီလီက ပြောလိုက်သည်။

၁.၅၉၁ ဘီလီယံ?

လင်းဖန်၏လေသံသည်လည်း ရွှင်မြူးသော ကာ “ဟုတ်ကဲ့ပါ”

“ကောင်းပြီ ဒါဆို မစ္စတာလင်းကို လောလောဆယ် မနှောင့်ယှက်တော့ပါဘူး” လူဝီလီက ပြောလိုက်သည်။

ဘေးတွင်ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် မရယ်ဘဲမနေနိုင်ပေ။

ယွမ် ၁.၅၉၁ ဘီလီယံ လည်း ရှိ တယ်ပေါ့။

လင်းဖန်၏ စကားများကို မုသားအဖြစ် သူကလုံးဝ မှတ်ယူလိုက်သည်။

“ကလင် ကလင် ကလင်!”

ထိုအချိန်တွင် လင်းဖန်၏ လက်ကိုင်ဖုန်းသည်အသဲထပ် မြည်လာပြန်သည်။

“မစ္စတာလင်း၊ မင်္ဂလာပါ၊ ငါက ဂျေရီအဆောက်အဦရဲ့ အိမ်ခြံမြေမန်နေဂျာ ရှောင်ကျောက် ပါ...”

ထိုအသံကိုကြားပြီးနောက် လူလတ်ပိုင်း၏မျက်နှာပေါ်ရှိ အပြုံးသည်ရပ်တန့်သွားသည်။

ဒီအသံကို သူအရမ်းရင်းနှီးလို့နေသည်။

ဒီအသံပိုင်ရှင်ဟာ မနေ့က သူကိုယ်တိုင်သွားရောက်လည်ပတ်ပြီး လက်ဆောင်ပေးခဲ့တဲ့ ဂျေရီအဆောက်အဦးရဲ့ အိမ်ခြံမြေမန်နေဂျာကျောက်ဝမ်ဇောင်ပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters