လူလတ်ပိုင်းကြေကွဲခြင်း
Vol. 16 Ch. 229
ဘာလို့ကျောက်ဝမ်ဇောင်ရဲ့အသံနဲ့ ဘာလို့ဒီလောက်တောင်တူနေရတာလဲ?
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သံသယများအပြည့်ဖြင့် Santana(ကား)၏ ကားဖုန်းစနစ်ကို လှမ်းကြည့်လိုက်သည်။
သူမြင်လိုက်တာကကျောက်ဝမ်ဇောင်ဆိုတဲ့စာသုံးသုံးလုံးပင်ဖြစ်သည်။
ဒါကိုကြည့်ပြီးလူလတ်ပိုင်းအရွယ်က တုန်လှုပ်သွားခဲ့သည်။
နာမည်တူတာဖြစ်မယ်။
မှန်တယ်!
ဒါပဲဖြစ်နိုင်မယ်။
ထို့နောက် သူ့လက်ကိုင်ဖုန်းကို အမြန်ထုတ်ကာ သိမ်းဆည်းထားသောကျောက်ဝမ်ဇောင်နံပါတ်ကို ကားဖုန်းစနစ်ရှိ နံပါတ်နှင့် နှိုင်းယှဉ်လိုက်သည်။
151...2345...
အတူတူပဲ။
ဖုန်းခေါ်ဆိုသူမှာ ဂျေရီအဆောက်အဦး ၏ အိမ်ခြံမြေမန်နေဂျာကျောက်ဝမ်ဇောင် ဖြစ်သည်။
ကျောက်ဝမ်ဇောင်သည်မာနကြီးသောကြောင့်ဘယ်သွားသွား၊ လူတော်တော်များများက အမြဲတမ်း လေးစားစွာ ဆက်ဆံကြသည်။
အခုတစ်ခြားသူကိုရိုသေစွာခေါ်နေသည့်အသံကိုသူတစ်ခါမှမကြားဖူးပေ။
ရှောင်ကျောက် လို့တောင်ခေါ်ခိုင်းသေးတယ်။
ရှောင်ကျောက် ?
ဒါ…
ဒါ... ကရိုးရိုးရှင်းရှင်း တွေးလို့ မရတဲ့ကိစ္စဖြစ်ပေသည်!။
ထိုအချိန်တွင် ကားဖုန်းစနစ်တွင် ကျောက်ဝမ်ဇောင်၏ ရိုသေလေးစားသောအသံ ထွက်ပေါ်လာခဲ့သည် “မစ္စတာလင်း၊ ဒီနှစ် ဂျေရီအဆောက်အဦးမှာရှိတဲ့ ရုံးခန်းငှားခအားလုံးကို စုဆောင်းပြီးသွားပါပြီ။ စုစုပေါင်းကယွမ် ၈၃ သန်းပါ။ မင်းရဲ့ တရုတ်ဘဏ်ကတ်ထဲကို ပဲငါလွှဲပေးလိုက်ရမလား။”
ဒီစကားကို ပြောပြီးတာနဲ့ လူလတ်ပိုင်းအရွယ်ကလူကြီးကလုံးဝ အေးခဲသွားတော့သည်။
ဂျေရီအဆောက်အဦး၏ ရုံးခန်းအဆောက် အအုံ၏ ငှားရမ်းခအားလုံးကို သူ့ရှေ့ရှိ လူငယ်၏ ကတ်ထဲသို့ လွှဲပြောင်းပေးတော့မည်ဖြစ်သည်။
ဒါဆို ဂျေရီအဆောက်အဦးကို သူ့ပိုင်တာပေါ့။
ကျူကေ အဆောက်အဦးလဲသူ့ပိုင်တယ်၊ ကျန်ပေ့အဆောက်အဦးကလဲ သူ့ပိုင်တယ်၊မှော်မြို့ရှိ ဂိုဘယ်အဆောက်အဦးလည်း သူ့ပိုင်တယ်။
ကျူကေ အဆောက်အဦး၊ ကျန်ပေ့အဆောက်အဦးနှင့် ဂျေရီ အဆောက်အဦးအားလုံးသည်ကျန်ပေ့ရှိအဆင့်မြင့်ရုံးအဆောက်အဦးများဖြစ်သည်။ အဆောက်အဦးတစ်လုံး၏စျေးကွက်ပေါက်စျေးမှာ ၁ ဘီလီယံကျော်ဖြစ်သည်။သုံးလုံးဆိုတော့စုစုပေါင်း ၃ ဘီလီယံကျော်ဖြစ်သည်။
မှော်မြို့ရှိ ဂိုဘယ်အဆောက်အအုံသည် ဘီလီယံဆယ်ဂဏန်းကျော်တန်ဖိုးရှိသော တရုတ်နိုင်ငံရှိ ထင်ရှားကျော်ကြားသည့် အဆင့်မြင့်ရုံးခန်းအဆောက်အအုံတစ်ခုဖြစ်သည်။
သူ့ရှေ့က လူငယ်လေးကအဲံဒါတွေကိုပိုင်တာဆိုတော့သူကဘယ်လို သတ္တဝါမျိုးလဲ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပါးစပ်ကို ဖွင့်ကာလုံး၀ အံသြသွားရသည်။
လင်းဖန်သည် သူဘာကိုဆိုလိုသည်ကို ဂရုမစိုက်ဘဲ ဖုန်းအား ပေါ့ပေါ့လေးပြောကာ “ရပါတယ် အဲဒါကို ကျွန်တော့်ရဲ့ တရုတ်ဘဏ် ကတ်ထဲကို လွှဲလိုက်ရုံပါပဲ။”
စကားပြောပြီးနောက် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။
ထို့နောက် လင်းဖန်သည် သက်လတ်ပိုင်းအရွယ် အမျိုးသားကိုကြည့်ပြီးသက်ပြင်းတစ်ချက်ချကာ “ဟူး ငါစဉ်းစားကြည့်တော့ မင်းက ငယ်ငယ်တုန်းကလို အလုပ်မကြိုးစားဘူးပဲ”
“ဒါမှမဟုတ်ရင် မင်းဒီလိုအသက်ကြီးတဲ့အချိန်မှာတောင်ပိုင်ဆိုင်မှု သန်းဆယ်ဂဏန်းပဲရှိတယ်ဆိုတာကအရမ်းသနားစရာကောင်းတယ်”
လူလတ်ပိုင်းအရွယ်က ထိုစကားကိုကြားသောအခါ သူ့မျက်နှာတစ်ခုလုံး ချက်ချင်းနီရဲသွားတော့သည်။ ဒီဒီကိုဖွင့်တဲ့လူငယ်လေးဟာ ဒီလောက်ဒဏ္ဍာရီလာစူပါလူချမ်းသာဖြစ်လိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
သူသွားမယ့်နေရာကို ရောက်တာနဲ့ လူလတ်ပိုင်းအရွယ်က ကားထဲကနေ ပြေးထွက်သွားတော့သည်။
လင်းဖန်သည်ဒါကိုကြည့်ပြီးပြုံးကာ စနစ်၏မစ်ရှင်အပေါ်ကို အာရုံစိုက်လိုက်သည်။
[မစ်ရှင်- အထူး ဒီဒီ အမှာစာ ၅ စောင် ပြီးမြောက်ရင် ရွှေရောင်စာအိတ် ၅ စောင်ကို ဆုချမည်ဖြစ်သည်။ တိုးတက်မှု- 1/5 ။ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများသည်အနည်းငယ် တောက်ပလာခဲ့သည်။
ဒါဆိုသူက အထူး ဒီဒီ အော်ဒါတစ်ခုကို ပြီးသွားတာလား။
လက်ခံရရှိသော အမှာစာတိုင်းသည် အထူးအမှာစာများဖြစ်နိုင်ပါသလား။
ဒါကလွယ်လွန်းတယ် မဟုတ်လား။
ဒါကိုတွေးရင်း လင်းဖန်က မပြုံးပြဘဲမနေနိုင်ပေ။
“ဒင်!”
ထိုအချိန်တွင် သူ၏လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။ 1 ကီလိုမီတာသာဝေးသောနေရာမှဒီဒီအော်ဒါအသစ်တစ်ခုပေါ်လာသည်။
လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းကာအရှေ့သို့ အမြန်မောင်းလိုက်သည်။
ဒီ တစ်ခေါက်ကတော့ပို့ရမှာကအမျိုးသမီးတစ်ယောက်ဖြစ်သည်။
လင်းဖန်သည် သူမကို လိုရာခရီးကို ပို့ပေးပြီးနောက် စနစ်မစ်ရှင်ကို လိုက်ကြည့်သော်လည်း တိုးတက်မှုမရှိဘူးဆိုတာကိုတွေ့လိုက်သည်။
ထို့နောက် ချက်ချင်းပင် လင်းဖန်သည် နောက်ထပ် အမှာနှစ်ခုကို လက်ခံရရှိသည်။
သို့သော်လည်း စနစ်မစ်ရှင်သည် မပြောင်းလဲသေးပေ။
လင်းဖန် က “ငါအတွေးလွန်နေတာပဲ၊အထူး ဒီဒီ အမိန့်တွေက ပေါ်လာဖို့ မလွယ်ဘူး!”
လင်းဖန်သည် လမ်းဆုံတစ်ခုရှိ မီးနီရောက်သောအခါတွင်ထိုအချိန်လင်းဖန်၏ ဆဲလ်ဖုန်း သည်အနည်းငယ် တုန်ခါသွားခဲ့သည်။
12:00!
အနီရောင်စာအိတ်တွေ ပေါ်လာလေသည်။
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 333 ယွမ် ရခဲ့သည်။”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 99 ယွမ် ရခဲ့သည်”
......
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိသည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၁၀၀၀ ရရှိသည်။”
ယခုတစ်ကြိမ်အနီရောင်စာအိတ်ဖွင့်ရာတွင်လင်းဖန် သည် စုစုပေါင်း ယွမ်ငွေ 42,312 ရရှိခဲ့သည်။
ဒါကိုမြင်တော့လင်းဖန်က ပုံမှန်မျက်နှာဖြင့် ဖုန်းကို ဘေးသို့ ချလိုက်သည်။
ထို့နောက် မြူချယ်လီ ကြယ်နှစ်ပွင့်ရှိသော အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အမဲသားစွပ်ပြုတ်ယွမ် ၈၈၀၊ အဝါရောင်ငါးတစ်ကောင်အကင်အတွက် ယွမ် ၂၀၀၀၊ အော်ဂဲနစ်ခရမ်းချဉ်သီးနဲ့အမဲသားကျော်အတွက်ယွမ် ၂၀၀၀၊ ဆိတ်စွပ်ပြုတ်တစ်ပွဲအတွက် ယွမ် ၅၀၀တို့ကိုလွယ်ကူရိုးရှင်းစွာဖြင့်နေ့လယ်စာကိုစားခဲ့လေသည်။
လင်းဖန်သည်ဗိုက်ပြည့်ပြီးနောက်အိပ်ငိုက်လာခဲ့သည်။
လင်းဖန်သည် စားပြီးသောအခါတွင် သူသည် သမ်းဝေလာပြီးနောက် ပန်လုံဗီလာသို့ မပြန်ခဲ့ပေ။
သို့သော်အနီးနားရှိ ဟစ်တိုဟိုတယ်မှာ သူဟာ ယွမ်ငွေ 10,000 အသုံးပြုပြီး သမ္မတအခန်းကိုဖွင့်လိုက်လေသည်။
ဒီဒီ မစ်ရှင်အတွက်တော့သူသည် အလျင်လိုနေတာတော့မဟုတ်ပေ။
ပထမကတော့ ရွှေရောင်စာအိတ်တွေအကြောင်း သိချင်စိတ်မရှိပေ။
ဒုတိယအနေနဲ့ သူသည်ဒီဒီ ရဲ့ဘဝကို ခံစားကြည့်ချင်လို့ပင်ဖြစ်သည်။
ထို့ကြောင့်သူသည်ကုတင်ပေါ်သို့လဲကာ အရမ်းသက်တောင့်သက်သာစွာ အိပ်ပျော်သွားခဲ့သည်။
သူနိုးလာတော့ ညနေ ၄ နာရီထိုးနေပြီဖြစ်သည်။
လင်းဖန်သည် စားပွဲထိုးကို တန်ဖိုးကြီး အချိုပွဲနှင့် သစ်သီးများကိုလာပို့ဆောင်ခိုင်းလိုက်သည်။စားပွဲထိုးသည်မကြာမီပင်သူမှာထားသည်များကိုလာပို့ပေးလေသည်။လင်းဖန်သည်မှာထားသောအစားအစာကိုစားပြီးနောက် Santana(ကား)သို့ ပြန်လာပြီး ဒီဒီ ၏ အတွေ့အကြုံကို တစ်ဖန်စတင်ခဲ့သည်။
မကြာမီတွင်လင်းဖန် သည် ဒီဒီ အမှာသုံးခုကို ပြီးမြောက်ခဲ့သော်လည်း၊ မစ်ရှင်တိုးတက်မှုမှာ မပြောင်းလဲဘဲ ရှိနေခဲ့သည်။
ကောင်းကင်ကြီး မှောင်လာတဲ့အခါမှာ။
“ဒင်!”
သူ့ဖုန်းက အနည်းငယ်တုန်သွားပြီး အော်ဒါအသစ်တစ်ခု ပေါ်လာခဲ့သည်။
သို့သော်၊ ဤတစ်ကြိမ်တွင်၊ အမိန့်အောက်တွင် ယွမ် ၃၀၀ တန် စာအိတ်အနီနှင့်အတူစာတိုတစ်စောင်လဲ ပါရှိသည်။ ကျေးဇူးပြုပြီးတော့ငါ့ရဲ့ချစ်သူအဖြစ်ဟန်ဆောင်ပေးပါ။ အနီရောင်စာအိတ်က ကျေးဇူးတင်တဲ့လက်ဆောင်တစ်ခုပါ၊ စကားမစပ်၊ ငါ့နာမည်က ရှင်းရှင်း ပါ။
ဒါက အထူးအမှာစာဖြစ်မလား။
လင်းဖန်သည် သံသယစိတ်ဖြင့် သူသည်ဦးတည်ရာသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။
မလှမ်းမကမ်းတွင် နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်ရှိသည့်အမျိုးသမီးတစ်ဦးသည် အပြင်ဘက်တွင် ရောင်ဖျော့ဖျော့အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်စကတ်ကို ၀တ်ဆင်ထားပြီး သွယ်လျပိန်သွယ်သော ကိုယ်ခန္ဓာအမျိုးအစားရှိသည့်အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမဘေးမှာတော့ အမျိုးသားတစ်ယောက် ရပ်နေပြီး သူမနဲ့ စကားပြောနေလေသည်။
အမျိုးသမီးသည်အမျိုးသားပြောတာကိုမျက်မေီာက်ကြုံပြိးနားထောင်နေလေသည်။
ထိုအချိန်တွင် အမျိုးသမီးသည် Santana (ကား)လာနေတာကိုတွေ့လိုက်ရသည်။
သူမ တိတ်တဆိတ် ဖုန်းကို ထုတ်လိုက်ပြီး ကားနံပါတ်ကို ကြည့်လိုက်သည်။
ထို့နောက်သူမသည် ရှေ့သို့ ခြေနှစ်လှမ်း လှမ်းကာ အထပ်ထပ် လက်ဝှေ့ယမ်းပြလိုက်သည်။
သိသာထင်ရှားတာကတော့ ဤသည်မှာ ဒီဒီ၏မှာယူမှု၏ဖောက်သည်ဖြစ်သော ရှင်းရှင်းပင်ဖြစ်သည်။
လင်းဖန်သည် သူမကို ကြည့်ကာအမှန်တရားမျက်လုံးကို တိတ်တဆိတ် အသုံးပြုလိုက်သည်။
[မျက်နှာတန်ဖိုး- 92]
[အနှစ်သက်ဆုံးဘွဲ့- 50]
လင်းဖန် က “၉၂ လောက်ရုပ်ရည်ရှိသော လူတွေက သူ့မနောက်ကို လိုက်နေတာ အံ့သြစရာတော့ မဟုတ်ပါဘူး”
ထို့နောက် လင်းဖန်သည် သူ့မရှေ့တွင် ကားကို တိုက်ရိုက်ရပ်လိုက်ပြီး ကမှ ထွက်လာပြီး ပြုံးကာ “ရှင်းရှင်း မင်းစောင့်နေတာ ကြာပြီလား”ဟုမေးလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး